မြန်မာ့အရေးကို ထိုင်းက ဖိအားပေးမည်

E-mail Print
ရွေးကောက်ပွဲတွင် နိုင်ငံရေး အင်အားစု အားလုံး ပါဝင်ခွင့်ပေးရန် လာမည့် ရက်သတ္တပတ်တွင် ဖိအားပေး သွားမည် ဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ကဆစ် ဖိရုမ်းက ကြာသပတေးနေ့က ပြောကြားလိုက်သည်။

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လုပ်ငန်းစဉ် သစ်မှာ အင်အားစု အားလုံး ပါဝင်နိုင်ရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ကျနော်တို့ အလွန်ပဲ စိုးရိမ်ခဲ့ပါတယ်”ဟု ကဆစ် ဖိရုမ်းက အေပီ သတင်းဌာနနှင့် အင်တာဗျူး တခုတွင် ပြောဆိုခဲ့သည်။

လွန်ခဲ့သည့် မတ်လ ၂၉ ရက်နေ့က NLD ခေါင်းဆောင်များနှင့် နိုင်ငံတ၀န်းရှိ ဗဟိုဦးစီး အဖွဲ့ဝင် ၁၁၃ ဦးတို့ ကျင်းပသည့် ဆွေးနွေး ပွဲတွင် ပါတီ ပြန်လည် မှတ်ပုံတင်ခြင်း မပြုရန်နှင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ် ခဲ့ကြသည်။

ကဆစ် ဖိရုမ်းက“သူတို့အရေးကို သူတို့ လွတ်လွတ် လပ်လပ် ဆုံးဖြတ်ချက် ချခွင့် ရှိရပါမယ်၊ အခုလို ဆုံးဖြတ်ချက် ချလိုက်တာကို ကျနော့် အနေနဲ့ လေးစား ဂုဏ်ယူ ပါတယ်”ဟု ဆိုသည်။

စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်လိုက်ပြီးနောက် NLD ပါတီက ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ ရွေးကောက် ပွဲ ဥပဒေသည် စစ်ခေါင်းဆောင်များ လွတ်မြောက်ရေးအတွက် တခုတည်းသော အသုံးချကိရိယာ တခုကဲ့သို့ ဖြစ်နေပြီး အတိုက် အခံ နိုင်ငံရေးအင်အားစုများဘက်တွင် အကျပ်အတည်းဖြစ်စေသော ခွဲခြားဆက်ဆံသည့် ဥပဒေ ဖြစ်ကြောင်းလည်း ကဆစ်က ပြောသည်။

ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝကလည်း လာမည့် အပတ်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည့် အာဆီယံထိပ်သီး အစည်း အဝေးတွင် မြန်မာ ခေါင်းဆောင်များနှင့် မြန်မာ့ အရေးကို မြှင့်တင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဆိုသည်။

အလားတူပင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ မာတီအမ် နာတာ လီဂါဝါက ရွေး ကောက်ပွဲနှင့် ပတ်သက်ပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အပေါ် တားမြစ်မှုများ မပြုလုပ်ရန် တောင်းဆိုထား ကြောင်း သိရသည်။ 

စစ်အစိုးရက ၁၉၉၀ ပြည့်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲရလဒ်အရ အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ကိုအာဏာလွှဲပြောင်းမပေးဘဲ နိုင်ငံတကာမှ အသိအမှတ်ပြုရန် ရွေးကောက်ပွဲ တခုကို ထပ်မံပြုလုပ်ခြင်း ဖြစ်ကြောင်း နိုင်ငံရေး အ ကဲခတ်များက သုံးသပ်သည်။
Comments (5)Add Comment
0
ိထိုင်း နဲ့ မြန်မာ တော်တော် ချစ်ချင်တယ်ပေါ့
written by sawhtoosaw, April 05, 2010
သူတို့တွေက သာပေါင်းညာစား ဗိုလ်သန်းရွှေ နဲု့ အပေါင်း အဖော်တွေပါ။ ဟိုဟာ တစ်မျိုး ပြောလိုက် ဒီလို တစ်မျိုး ပြောလိုက်နဲ့ ဗိုလ်သန်းရွှေက မြှောက်ပေးရင် ထိုင်းမှာရှိတဲ့ နိုင်ငံရေး အဖွဲ့ တွေကို ဖိအား အသကုန် ပေးချင်တဲ့ သူကများ လေလုံးနဲ့  ဟစ်နေသေးတယ်....ထိုင်းတွေကို ပျင်းတောင် ပျင်းသေးတယ် လို့ ဗိုလ်သန်းရွေက ပြောလိုက်အုံးမယ်။ သတိထား ငါ့လိုပဲ အခြေအနေကို ထိန်းထားလို့  ဗိုလ်သန်းရွှေက အကြံ ပေးလိမ့်မယ်
0
Welcome Mr. ကဆစ် ဖိရုမ်း
written by Octopus, April 03, 2010
Your really smart & see reality upon Myanmar.
Great...!
0
don't imagine too much
written by ko Myo chit , April 02, 2010
It is very clear what the Junta want to do. As they don't want to pass the power to NLD especially to Daw Aung San Su Kyi, they didn't recognize 1990 election's result. If they want to let NLD to hold the power, no way to take time almost 20 year to hand over power. Since 1990, our country is democracy nation already.
0
ဟုတ်မှလဲ လုပ်ပါ ထိုင်းရယ်...
written by hugebear, April 02, 2010
မင်းတို့က စကား မာမာ မပြောရဲပါဘူးကွာ...

မြန်မာက ပြန်ပြောလိမ့်မယ်... ငါတို့နိုင်ငံမှ ဆန္ဒပြပွဲတွေ မရှိဘူး....
မင်းတို့သာ မင်းတို့ နိုင်ငံ အတွင်း တည်ငြိမ်အောင် လုပ်လို့ ပြောလိမ့်မယ်....

အဖိစစ် နဲ့ ဦးသန်းရွှေနဲ့ သိပ် မကွာပါဘူး....
နှစ်ယောက်စလုံးက ပြည်သူ အများစု မနှစ်သက်ပဲ ဆင်းပေးရမှာကို ကြောက်လို့ အတင်း နေရာယူ အုပ်ချုပ်နေတဲ့ သူတွေပါပဲ....
0
ယုံ၇မှာလား
written by 1,99, April 02, 2010
အာဆီယံ ကတော. လေအမြောက်ဆံ တွေပဲ ပစ်နေတာ။ ဒီတခါလည်း အင်း...??? ???????

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်