နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်တွင် မြန်မာ့ မိတ်ဆွေ နိုင်ငံများအဖွဲ့ (Group of Friends on Burma) နှင့် မတ်လ ၁၅ ရက်နေ့က တွေ့ဆုံ ဆွေးနွေး ပြီးနောက် မစ္စတာ ဘန်ကီမွန်းက ထိုသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။ဘန်ကီမွန်းက “အားမရဘူး ဖြစ်နေတယ်၊ ကျနော် ပြောခဲ့သလိုပေါ့၊ တိုးတက်မှုတွေ ရှိမလာတာကို စိတ်ပျက် မိတယ်”ဟု သတင်းထောက် များကို ပြောကြားသည်။
ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံစဉ်က ခိုင်မာပြတ်သားစွာ လုပ်ကိုင်ဆောင်ရွက်ရန် တိုက်တွန်းခဲ့စဉ် ကတိများ အကြိမ်ကြိမ် ပေးခဲ့ကြောင်း၊ သို့သော် ကတိကဝတ်အတိုင်း အကောင်အထည်ဖော်ရာတွင်မူ နှေးလွန်းသည် ထင်ကြောင်း ဘန်ကီမွန်းက ဆက်လက်ပြောဆိုသည်။
“ကတိပေးတာ တခုက ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ဖို့ပါပဲ၊ ဒါပေမယ့် ရွေးကောက်ပွဲရက်ကို မကြေညာသေးဘူး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့ကလည်း တိုက်တွန်းနေရတုန်းပဲ”ဟု ဘန်ကီမွန်းက ပြောသည်။
ရွေးကောက်ပွဲကို သပိတ်မှောက်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂလိကအမြင်နှင့် ပတ်သက်၍ “ဒေါ်စုက သူ့ရဲ့ တကယ့် ယုံကြည်ချက်ကို အခြေခံပြီး ပြောတာ၊ လက်ရှိ အခြေအနေကို အခြေခံပြီး ပြောတာဆိုရင် ဒေါ်စုရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ လေးစားရပါမယ်”ဟု ဘန်ကီမွန်းက ဆိုသည်။
မြန်မာ့ မိတ်ဆွေ နိုင်ငံများအဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးရာတွင် အဓိက အချက် နှစ်ချက် ရှိကြောင်း ဘန်ကီမွန်းက မီဒီယာများကို ပြောသည်။
မြန်မာ့ မိတ်ဆွေ နိုင်ငံများအဖွဲ့က အဓိကထား ဆွေးနွေးသည့် ပထမတချက်မှာ မြန်မာပြည်လူထုအတွက် တည်ငြိမ် အေးချမ်း ရေး၊ ဒီမိုကရေစီ ရရှိရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် ရွေးကောက်ပွဲသည် အားလုံးပါဝင်နိုင်ရန်နှင့် ပွင့်လင်း မြင်သာမှု ရှိရန် လိုအပ် သည်ဟူသော အချက် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေး၊ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပါအဝင် အဓိကနိုင်ငံရေး ပါတီများ အကြား အမျိုးသားရင်ကြားစေ့ရေးကို စစ်အစိုးရအနေဖြင့် လုပ်စေလိုကြောင်း၊ မျှော်လင့်ထားသကဲ့သို့ ဤ အချက်များကို မလုပ်ဆောင်သေးကြောင်း ဘန်ကီမွန်းက ထောက်ပြသည်။
နောက်ထပ် အလေးပေး ဆွေးနွေးသည့် အချက်မှာ ပြည်သူလူထု၏ လူနေမှု အဆင့်အတန်း တိုးတက်ကောင်းမွန်လာရေး လုပ်ကိုင်ကြရန် လိုသည်ဟူသော အချက်ဖြစ်သည်။
မြန်မာ့ နိုင်ငံရေး၊ လူမှုကူညီရေးနှင့် ဖွံ့ဖြိုးရေး စိန်ခေါ်မှုများသည် တတန်းတည်း စဉ်းစားရမည့် အချက်များဖြစ်သည်ဟူသော အမြင်အပေါ် ထင်ဟပ်ခြင်းဖြစ်သည်ဟု ဘန်ကီမွန်းက ဆိုသည်။
အဖွဲ့ ၁၅ ဖွဲ့ ပါဝင်သော မြန်မာ့ မိတ်ဆွေနိုင်ငံများ အဖွဲ့ အတွင်း သဘောထားကွဲလွဲမှုများ ရှိနေပြီး ကုလသမဂ္ဂတွင် နောက် တဆင့် တက်ရေးအတွက် တညီတညွတ်တည်း ဆုံးဖြတ်ချက် မချနိုင်ကြောင်း တာဝန်ရှိသူများက ဧရာဝတီသို့ ပြောသည်။
စစ်အစိုးရကို တွန်းအားပေးသည့် အနေဖြင့် ကုလသမဂ္ဂ အဆင့်မြင့် အရာရှိတဦး မြန်မာပြည်သို့ စေလွှတ်ဖွယ်ရှိကြောင်းလည်း သိရသည်။
Comments (7)

written by rookie, March 27, 2010
မင်း ကို လဲ စိတ် ပျက် နေ ပါပြိ ဘန် ကီ မွန်း ၇ယ် ကို ၇ီးယား ပြန် ပြိး အေးအေး နေ ပါတော့
ဘာမှ လဲ လုပ် တာ မ တွေ ဘူး
အိပ် များနေ တော့တာလား
written by Jalaihtaw, March 27, 2010
ဘန်းဘန်းကြီးက စိတ်ပျက်ရုံပဲနော် ဒီမှာ မြန်မာနိုင်ငံသားတွေ ရှေ့ဆက် စစ်ကျွန် ဖြစ်သွားတော့မှာရှင့်။ ရှင်တို့ ပါစပ်နဲ့ တွန်းအား ပေးမနေနဲ့။ ဟို ဘဘဆိုတဲ့ ပုဂ္ဂိုလ်ကြီး ထောင်ထဲ အရင် သွင်းရမှာကိုပဲ အရင် စဉ်းစားပါအုံး ရှင်တို့ရယ်။
written by အောင်နိုင်သူ, March 27, 2010
ငါသာ ကမ္ဘာ့ ခေါင်းဆောင် ဆိုရင်လဲ ဒီလိုလေးတော့ ပြောပေးမှာပါ ။ မပြောဘဲ နေရင် ဘယ်ကောင်းမလဲနော်
written by zayar oo, March 26, 2010
အခါပေါင်း တသိန်းလောက် ကုလ သံကိုယ်စားလှယ်တွေ စေလွှတ်လဲ ဘာမှ ထူးလားမှာ မဟုတ်ဘူး...တခါထဲသာ နိုင်ငံတကာ တပ်တွေ ၀င်သာ တိုက်လိုက်တော့..
written by မျိုးလွင်, March 26, 2010
အမေရိကန်ကလည်း စိတ်ပျက်၊ အင်္ဂလိပ်ကြီးကလည်း စိတ်ပျက်၊ ဟော...လာပြန်ပြီ ဘန်ကီမွန်းကြီး ကလည်း စိတ်ပျက်၊ ဘယ်သူတွေ ဘယ်လောက်ပဲ့ စိတ်ပျက် နေပစေ တပ်ချုပ်ကြီးကတော့ သူ လုပ်စရာ ရှိတာကို လက်တွေ့ လုပ်သွားပြီ။ လက်တွေ့ ကိုင်တွယ်ရမယ့် ကိစ္စကို အလကားနေ စိတ်ပျက် နေကြတယ်.....????
Write comment
| < Prev | Next > |
|---|








လုပ်နေနဲ့တော့ အဲဒီ စားရိတ်တွေကို သူတောင်းစားတွေကို လှုလိုက်တာကမှ ပို ထိရောက်အုံးမယ်။ ဆွေးနွေးပွဲ ကုန်ကျ စားရိတ်တွေကို ရောပေါ့။