အိန္ဒိယTata ကုမ္ပဏီ မြန်မာပြည်၌ ကားထုတ်မည်

E-mail Print
ကုန်တင်ယာဉ်များ ထုတ်လုပ်ရန် အိန္ဒိယနိုင်ငံရှိ ကားထုတ်လုပ်သည့် Tata Motors ကုမ္ပဏီက အမှတ် (၂) စက်မှု ၀န်ကြီးဌာန မြန်မာ့ မော်တော်ယာဉ်နှင့် ဒီဇယ် အင်ဂျင် ထုတ်လုပ်မှု လုပ်ငန်းနှင့် သဘောတူ စာချုပ်ကို လတ်မှတ် ရေးထိုးလိုက်သည်။

Tataကုမ္ပဏီ၏ အင်တာနက်စာမျက်နှာတွင် အိန္ဒိယ အစိုးရက ငွေကြေးဆိုင်ရာ ထောက်ပံ့ပေးခဲ့ကြောင်းနှင့် တနှစ်လျှင် ကား အစီးရေ ၁၀၀၀ ခန့် ထုတ်လုပ်မည်ဖြစ်ပြီး နောင်တွင် ၅၀၀၀ခန့် အထိတိုးချဲ့ထုတ်လုပ်ရန်ရှိကြောင်းလည်း ရေးသားထားသည်။

နေပြည်တော် ဟိုတယ်ဇုန်ရှိ ရွိုင်ရယ် ကုမုဒြာ ဟိုတယ်၌ ယမန်နေ့က လက်မှတ်ရေးထိုးသည့် အခမ်းအနားကို ကျင်းပခဲ့ကြောင်း အစိုးရပိုင် သတင်းစာတွင် ယနေ့ရေးသားထားသည်။

အဆိုပါ စာချုပ်အရ ကုန်တင်ယာဉ်ထုတ်လုပ်မှု စက်ရုံစီမံကိန်းကို မကွေးစက်မှုနယ်မြေ၌ တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၂၀ ဖြစ်ကြောင်းနှင့် တန်(၂၀-၃၀) ကုန်တင်ယာဉ်များကို အမြန် ထုတ်လုပ်မည်ဟု ဆိုသည်။

ယခုလအစောပိုင်းကလည်း Tata ကုမ္ပဏီသည် ဆောဒီအာရေဗျ နိုင်ငံ အခြေစိုက် Hafil သယ်ယူပို့ဆောင်ရေးနှင့် ကျောင်းသူများ စီးနင်းလိုက်ပါသည့်ကားတွင် လေအေးပေးစက် ၁၀၀၀ တပ်ဆင်ရန် သဘောတူညီချက်တခုကို လက်မှတ် ရေးထိုးခဲ့သည်။

Tata ကုမ္ပဏီသည် အိန္ဒိယနိုင်ငံ အကြီးဆုံး ကားကုမ္ပဏီဖြစ်ပြီး ဗြိတိန်၊ တောင်ကိုးရီယား၊ ထိုင်းနှင့် စပိန် နိုင်ငံတို့ တွင်လည်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ဖိယက် ကားကုမ္ပဏီနှင့်လည်း အိန္ဒိယတွင် အကျိုးတူ ပူးပေါင်းလုပ်ကိုင်လျက် ရှိသည်။

မြန်မာနိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကာလရှည်ကြာစွာ နေအိမ် အကျယ်ချုပ် ချထားမှုတို့ကြောင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က ပိတ်ဆို့ အရေးယူမှုများ ချမှတ်ခဲ့သည်။

သို့သော်လည်း ထိုင်း၊ တရုတ်၊ အိန္ဒိယ နိုင်ငံတို့၏ ဒေါ်လာ ဘီလီယံနှင့် ချီ၍ ရင်းနှီးမြှပ်နှံမှုများက ပိတ်ဆို့ အရေးယူမှုများကို  အားနည်း သွားစေကြောင်း လေ့လာသူများက ဆိုသည်။

၂၀၀၈ ခုနှစ်တွင် နာမည်ကြီး ဂျာဂွာနှင့် လန်းရိုဗာ အမှတ်တံဆိပ် ကားထုတ်လုပ်ခွင့်အား ဖို့ဒ် ကားကုမ္ပဏီက Tata သို့ ရောင်းချခဲ့သည်။
Comments (0)Add Comment

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်