ပါတီ ၂ ခု စတင် မှတ်ပုံတင်

E-mail Print
ရွေးကောက်ပွဲ ၀င်မည်ဟု ကြေညာ ထားသည့် အဖွဲ့ ၂ ခုက နိုင်ငံရေး ပါတီများအဖြစ် မှတ်ပုံတင်ရန် ရွေးကောက်ပွဲ ကော်မရှင်သို့ ယနေ့ လျှောက်လွှာ တင်လိုက် ကြသည်။

ပထမဆုံး လျှောက်ထားသည့် အဖွဲ့သည် “၈၈ မျိုးဆက်ကျောင်းသား လူငယ်များ(ပြည်ထောင်စု မြန်မာနိုင်ငံ)” ဖြစ်ပြီး ဒုတိယ လျှောက်ထားသည့် အဖွဲ့မှာ “အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် (ပြည်ထောင်စု မြန်မာနိုင်ငံ)” ဖြစ်သည်။

နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးက လျှောက်လွှာ လက်ခံရ ရှိကြောင်း စာတစောင် ထုတ်ပေးသည်ဟု အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ခေါင်းဆောင် ကိုအေးလွင်က ဧရာဝတီကို ပြောသည်။

“အစစ အရာရာ ဒီတိုင်းပြည် နောက်ကျ ကျန်ခဲ့တယ်၊ ဒီ လူ့အဖွဲ့ အစည်းက နောက်ကျ ကျန်ခဲ့တယ်လေ၊ အဲဒါအတွက် ကျနော်တို့ နိုင်ငံရေး အရ ဖြည့်ဆည်း စွမ်းဆောင် ပေးနိုင်မယ့် အခွင့် အလမ်းတခု ပေါ်လာပြီလို့ ခံစားမိပါတယ်” ဟု ကိုအေးလွင်က ဆိုသည်။

သူ၏ ညီဖြစ်သူ ကိုရဲထွန်းက ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူထားသည်။ ကိုအေးလွင်သည် စစ်အစိုးရ အာဏာပိုင်များနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း တို့နှင့် လွန်ခဲ့သည့် ၅ လခန့်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသား လူငယ်များ ဟု အမည်ပေးထားသော်လည်း ထိုအဖွဲ့သည် အကျဉ်းကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့၏ အင်အားစုနှင့် သဘောထား တူညီခြင်း မရှိပေ။

ယနေ့ ကော်မရှင်ရုံးသို့ တင်သွင်းသည့် လျှောက်လွှာသည် မှတ်ပုံတင်ရန် ခွင့်ပြုချက် ရရေးအတွက် ဖြစ်သည်ဟု ဆိုသည်။  ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုမပြု အကြောင်းပြန်မည့်ရက်ကို မသိရသေးဟု ကိုအေးလွင်က ပြောသည်။

နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း နည်းဥပဒေ ပုဒ်မ ၇ တွင် “မှတ်ပုံတင်ကြေး ငွေကျပ် သုံးသိန်း ကို ကော်မရှင်က သတ်မှတ်သည့် နည်းလမ်းများ အတိုင်း ပေးသွင်းရမည် ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီ တည်ထောင်ရန် ခွင့်ပြုချက်ရသည့်နေ့မှ စ၍ ရက်ပေါင်း ၃၀ အတွင်း မိမိတို့ ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ကော်မရှင်သို့ လျှောက်ထားရမည်” ဟု ပါရှိသည်။

ဤအတောအတွင်း နိုင်ငံရေး အဖွဲ့ တချို့ကလည်း  အမြန်ဆုံး မှတ်ပုံတင်နိုင်ရေးအတွက် စီစဉ်လျက် ရှိသည်။

ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဦးသုဝေက“မနေ့က အစည်းအဝေးကတော့ မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ ကျနော်တို့က ကိုယ်စားလှယ် တယောက် ရွေးပြီး အခု တရက် နှစ်ရက်အတွင်းမှာ နေပြည်တော်ကို လွှတ်လိုက်ရမယ်” ဟု ပြောသည်။

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) မှ ခွဲထွက်ပြီး နိုင်ငံရေး ပါတီ တည်ထောင်ထားသည့် ဒေါက်တာ မနန်တူးဂျာ ဦးဆောင်သော ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) က မကြာမီ မှတ်ပုံတင်မည်ဟု ဆိုသည်။

ရှမ်းတိုင်းရင်းသား ၀ါရင့်နိုင်ငံရေးသမား  ဦးရွှေအုန်းက“အခုမှ ဆွေးနွေးတုန်း ရှိပါသေးတယ်၊ နောက် ၁၀ ရက်လောက် ဆို တင်ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။
Comments (5)Add Comment
0
...
written by titan, March 23, 2010
ပြည်သူတွေတော့ အလိမ် ခံရဦးမှာပဲ.
0
...
written by ထက်အောင်, March 23, 2010
နိုင်ငံရေးပါတီ မရှိရာက ရှိလာပြီ။ တိုင်းပြည်မှာ ဒါတွေတော့ လိုနေတယ် ဆိုပြီး ပြောမယ့် လူ့အဖွဲ့အစည်း ပေါ်လာပြီမို့ ၀မ်းမြောက်ပါတယ်။
0
မြစ်ရေတွေ ခမ်းတော့မယ်
written by bothakhin, March 22, 2010
ဖွတ် မိကျောင်း ဖြစ်မှတော့ ပါးစပ်ပြဲပြဲ အမြီး ရှည်ရှည်တွေ ဟောင်ဖွာ ဟောင်ဖွာ လုပ်တာ ပြည်မြန်မာရဲ့ ရိုးရာဖြစ်ခဲ့တာ ကြာခဲ့ပြီ ။ ပါးစပ်သာ ဟထားရလို့ ကတော့ မျက်လုံး မှိတ်ပြီး မှိန်းနေမယ့် သူတွေ (ဝင်လာမစဲ တသဲသဲပေါ့ ) ရင်လေးတယ်
0
စပါပြီ
written by ဘိုပြောင်, March 22, 2010
သမိုင်းကို အမည်းရောင် ခြယ်မယ့် အဖွဲ့ အစည်းများ စပါပြီ......
0
Registration of Political Parties
written by Chit Thein Than, March 22, 2010
The least known and pro-SPDC parties are trying to beat the forest (Taw Chauk) for party registration as expected. It's glaringly obvious that two brothers are leading two political parties each taking a name similar to other political groups. I feel they are trying to hoodwink the public, but the people are smarter than they are. Who pay for them and who are their followers? As regards the Democratic party they and U Thu Wai is a spent force. U Thu Wai is an old hand of U Kyaw Nyein, the former Deputy Premier and Rightist Socialist leader.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်