မှတ်ပုံတင်ရေး မတင်ရေး NLD တွင် သဘောထား ကွဲလွဲ

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးအောင်ရွှေက ပါတီ မဖျက်သိမ်းရေး အတွက် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်သင့် သည်ဟု တနင်္လာနေ့က ပြုလုပ်သည့် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ အစည်းအဝေး၌ ပြောကြား ခဲ့ကြောင်း ခိုင်လုံသော ပါတီ သတင်း ရပ်ကွက်များမှ သိရသည်။

ဒေါ်အောင်ဆန်း စုကြည်ကို ပါတီမှ ထုတ်ပယ်ရေး သို့မဟုတ် ပါတီကို အဖျက်သိမ်း ခံရေး လမ်းတခုခုကို ရွေးရန် အခက် ကြုံနေရသော NLD အတွင်း ပါတီမှတ်ပုံ တင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေးကိစ္စ များနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ပေါ်ပေါက် နေကြောင်း သိရသည်။ ရွေးကောက်ပွဲ ဥပဒေသည် အထိန်းသိမ်း ခံထားရသည့် ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံရေး ပါတီများ၌ မပါဝင်နိုင်ရန် ကန့်သတ် ထားသည်။

“ဦးအောင်ရွှေက ပါတီ မှတ်ပုံ တင်ချင်တယ်၊ ရွေးကောက်ပွဲ ဝင်ချင်တယ်လို့ ပြောတယ်။ ဒေါ်စုကတော့ ဘာမှ ဆုံးဖြတ်ချက် မပေးသေးဘူး၊ ပါတီက ဆုံးဖြတ်တာကိုပဲ နာခံသွား မယ်လို့ ပြောတယ်” ဟု  ပါတီနှင့် နီးစပ်သည့် အမည် မဖော်လိုသူ ထိပ်တန်း နိုင်ငံရေးသမားတဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရေး မတင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးနှင့်ပတ်သက်၍ မည်သည့် ဆုံးဖြတ်ချက်မျှ ချမှတ်ထားခြင်း မရှိကြောင်း၊ မတရားသည့် ဥပဒေများကို ဥပဒေကြောင်းအရ ပြန်လည် တုံ့ပြန်ရန် နောက်ဆုံး တွေ့ခဲ့စဉ်က မှာကြားခဲ့သည်ဟု သူ၏ ရှေ့နေ ဦးဉာဏ်ဝင်းက အင်္ဂါနေ့တွင် ဧရာဝတီကို ပြောသည်။

တနင်္လာနေ့ NLD အစည်းအဝေးတွင် မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး တို့နှင့် ပတ်သက်၍ သဘောထား ပျော့ပြောင်းသူ အတန်အသင့် ရှိကြောင်း သိရသည်။ မှတ်ပုံ မတင်ရေးအတွက် အပြင်းအထန် ဆန့်ကျင်သူများမှာ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်သည့် ဦးဝင်းတင်၊ ရှေ့နေ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်နှင့် ဦးဟံသာမြင့်တို့ ဖြစ်ကြောင်း သိရသည်။

NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးကမူ ဂုဏ်သိက္ခာရှိသည့် ပါတီတရပ်သည် ဒီမိုကရေစီ ခေါင်းဆောင်များ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ကိုကိုကြီး ကဲ့သို့သောသူများကို ဖယ်ကျဉ်ထားသည့် ဥပဒေကို လက်ခံလိမ့်မည် မဟုတ်သော်လည်း မတ်လ ၂၉ ရက်နေ့တွင် စတင်မည့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှ အများသဘောတူ ဆုံးဖြတ်ချက်များကို လက်ခံသွားမည်ဟု ဧရာဝတီသို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

ထိုအစည်းအဝေးတွင် အဖွဲ့ဝင် ၂၀ ပါ ဗဟိုအလုပ်မှုဆောင် အဖွဲ့၊  တိုင်းနှင့်ပြည်နယ် အနှံ့အပြားမှ လာရောက်မည့် မကြာခင်က ဗဟိုဦးစီးအဖွဲ့ဝင်များအဖြစ် ရွေးချယ် တင်မြှောက်ခံရသည့် အဖွဲ့ဝင် ၉၀ ခန့်တို့ သည် ပါတီ မှတ်ပုံတင်ရေး မတင်ရေးကို မျက်နှာစုံညီ စည်းဝေး ဆုံးဖြတ်သွားမည် ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန် NLDက တောင်းဆိုခဲ့ကြောင်း၊ ပါတီမှတ်ပုံတင်ပါက NLD သည် ထို အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရတော့မည် ဖြစ်ကြောင်း ဦးဝင်းတင်က ထောက်ပြသည်။

“အများစု မှတ်ပုံတင်ရေးအတွက် ထောက်ခံမယ်လို့ ကျနော် ထင်ပါတယ်။ အဲဒီလို ဆိုရင်တော့ ကျနော် နားတော့မယ်။ ကျနော့် ကျန်းမာရေးလည်း သိပ်ကောင်းတော့တာ မဟုတ်ဘူး” ဟု  NLD ထိပ်တန်းခေါင်းဆောင် ဦးဝင်းတင်က ပြောကြားသည်။

ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်ခဲ့ပါက သူ့အနေဖြင့် ပါတီမှ အနားယူဖွယ် ရှိကြောင်း ဦးဝင်းတင်က ပြောသည်။ သီးခြား ပါတီ ထောင်ခြင်း၊ တခြားသော နိုင်ငံရေး အဖွဲ့များနှင့် ပူးပေါင်းခြင်း တို့ကို ပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံရေးနှင့် ပတ်သက်၍  ဝေဖန်သွားမည်ဟု ဆိုသည်။

မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေးကို ထောက်ခံသူ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက “အန်ကယ်တို့ ရပ်တည်ချက်ကတော့ ပါတီ မပျက်အောင် ဆက် ထိန်းသွားမယ်၊ ရွေးကောက်ပွဲ ဝင်တာက စစ်အစိုးရကို ခေါင်းငုံ့ခံတာ မဟုတ်ဘူး၊ မတရားတဲ့ အခြေခံ ဥပဒေကို ပြုပြင် ပြောင်းလဲဖို့ စိုက်လိုက်မတ်တတ် ကြိုးစားဖို့ သန္နိဋ္ဌာန် ချထားပါတယ်” ဟု ပြောကြားသည်။

ဦးခင်မောင်ဆွေသည် ယခင်က မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၌ ဘူမိဗေဒပညာရှင် အဖြစ် ဆောင်ရွက်ခဲ့ဖုးသည်။ ၁၉၉၀ တွင် စမ်းချောင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည်။ ယင်းနောက် ထောင် ၁၄ နှစ် ကျခဲ့ပြီး ဦးဝင်းတင်နှင့် မရှေးမနှောင်း ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

“ပြည်သူလူထုကို မစွန့်လွှတ်ချင်ဘူး၊ နှစ်ပေါင်း ၂၀ လောက် အိုးပစ်အိမ်ပစ်၊ မိသားစု အစွန့်ခံပြီး ပါတီကို ရပ်တည်လာခဲ့ကြတဲ့ အဖွဲ့ဝင်တွေကို တကွဲတပြား မဖြစ်စေချင်ဘူး” ဟု ဦးခင်မောင်ဆွေက ဆက်လက် ပြောကြားသည်။

ဦးခင်မောင်ဆွေက ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ရွေးကောက်ပွဲ၌ အခြေအနေအရ မပါဝင်နိုင်ခဲ့ကြောင်း၊ ထို့အပြင် ၁၉၉၁ တွင် စစ်အစိုးရ ဖိအားပေးမှုကြောင့် ပါတီမှ ထုတ်ပယ်ခံခဲ့ရကြောင်း၊ သို့သော် NLD ပါတီသည် ဆက်လက် တည်ရှိခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်လည်း ခေါင်းဆောင်အဖြစ်ဆက်လက်တည်ရှိနေခဲ့ကြောင်း၊ နိုဝင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာလျှင် ပါတီ၌ ပြန်လည် ပါဝင်နိုင်ကြောင်း ပြောကြားသည်။

ဦးတင်ဦးက NLD သည် ၁၉၉၀ တွင် နုနယ်သည့် ပါတီတခု ဖြစ်ပြီး ယနေ့တွင် ခိုင်မာသည့် အဖွဲ့အစည်းတရပ် ဖြစ်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာလည်း တကမ္ဘာလုံးက သိသည့် ခေါင်းဆောင်တယောက် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားသည်။

ရခိုင်တိုင်းရင်းသား ခေါင်းဆောင် တဦး ဖြစ်သည့် ဦးအေးသာအောင်က NLD ပါတီသည် မှတ်ပုံတင်ရေးကို ဆုံးဖြတ်မည် ဆိုပါက သူ၏ ပါတီဝင်များကို ဆင့်ခေါ်ပြီး ဆွေးနွေးမည် ဖြစ်ကြောင်း ပြောဆိုသည်။

“ကျနော့် တဦးတည်း အနေနဲ့ကတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ မပြောင်းလဲရင် မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေးကို စဉ်းစားမှာ မဟုတ်ဘူး၊ ဒါပေမယ့် NLD ပါတီက ဝင်ဖို့ အတွက် ဆုံးဖြတ်မယ် ဆိုရင်တော့ ကျနော့် ပါတီဝင်တွေကို ရန်ကုန်ကို ဆင့်ခေါ်ပြီး ပါတီ မှတ်ပုံတင်ရေး ဆွေးနွေးသွားမယ်” ဟု ဖျက်သိမ်းခြင်း ခံထားရသော ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။
Comments (48)Add Comment
0
Dare to face.This is the hope and wishes of People.
written by Blue Flower, March 23, 2010
Dear NLD,
Need to think again?
Please do as you should do- REJECT 2010 Election.
Our Myanmar people are waiting for the day to resist DISHONEST military government.
Please lead us to brave fighting.
If you afraid of, we have to die TWICE.
0
လှေကို ဘယ်လို သစ်သားမျိုးနဲ့ဘဲ လုပ်ထားပါစေ လှေလှော်တဲ့သူတွေက မကောင်းရင် ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ဘူး၊
written by ခိုင်လမင်း, March 22, 2010
smilies/wink.gif ကျနော်အနေနဲ့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့တဲ့ အဖြစ် အပျက်လေးတွေကို ခုကြားလိုက်ရတော့ တကယ် စိတ်မကောင်းပါဘူး၊၊ လူငယ် တယောက်အနေနဲ့ ပြောခွင့်ရမည် ဆိုရင် NLD ကို မြန်မာ ပြည်သူ လူထုက ထောက်ခံတာ၊ ကမ္ဘာက ထောက်ခံတာဟာ အမျိုးသား ခေါင်းဆောင် ပီသတဲ့ ဒေါ်အောင်ဆန်းစုကြည် ကြောင့်ဘဲ ဆိုတာဘဲ၊၊ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဥပေက္ခာပြုကာ သမိုင်းကို ဖျက်မည့် ခေါင်းချောင် အချို့ NLD ကို အသုံးချကာ၂၀၁၀ ရွေးကောက်ပွဲ မှာ အမုန်းတော်ခံ ဘ၀ နဲ့ ပျော်တော်ဆက် ရင်တော့ အသုံးတော်ခံဘဲ ဖြစ် လာမလား၊၊ သမိုင်း တရားခံတွေဘဲ ဖြစ်လာမလား၊၊ ပြည်သူတွေရဲ့ တရားခံတွေဘဲ ဖြစ်လာမလား ဆိုတာ ------
0
...
written by Eric Moe, March 21, 2010
Hello NLD
I dont really get what they r holding their dum idea n they won't never protest to military. They had never done good things to puplic also, how they could thinking about without Aung San Su Kyi in party. They are really crazy and they dont even know why their party are standing for . NLD are so so weak and not politic at all. If without Aung San Su Kyi , they gonna be losser n losser again coz they never have strong politic protest n always slient mood on their faces. NDL party members faces are like hopeless n no use at all. I just wandering why they dont find other way to fight for freedom.
Best regard,
Eric Moe
0
လူထု၇ဲ. မတ၇ား အသင်း ကြေငြာတာ ခံ၇ပါလိမ့်မယ် အဘဦးအောင်ေ၇ွ
written by မောင်ကြီး, March 21, 2010
၁၉၉၀ - ၂၀၁၀ နှစ်ပေါင်း ၂၀ ကျော် ပြန်ကြည်. ပါ။
နအဖ ဖြစ် ချင်တာလည်း ဒီပုံစံပဲ။ NLD ကို ဒီလို မသေမ၇ှင် လုပ်ပြီး မျောထားမယ်။
အသေ သတ်လိုက်၇င် ပြည်တွင်းပြည်ပ သိသာ လွန်း မယ်။ အဘ ဦးအောင်ေ၇ွတို.လို အုပ်စု၇ှိနေသေ၇ွ. နအဖ ဘယ်တော့မှ NLD ကို မတ၇ားအသင်း မကြေငြာ ဘူး၊ စိတ်ချ။

အေ၇းပါတဲ. ထက်မြက်တဲ. အံတုနိုင် လောက်တဲ.သူတွေကို ထောင်ထဲထည့် ၊ အမှည့်ချွေ ခြွေ တယ်။ အသက်အ၇ွယ်ကြီး တဲ. ထက်ထက်မြက်မြက် လုပ်နိုင်သူတွေ ထောင်ထဲမှာေ၇ာဂါ ၇ လို.ပဲ ကြွေကြွေ ၊ အမှည့် ကြွေလို.ပဲ ကြွေကြွေ ၊ ကြွေကုန်ကြတယ်။
ထက်မြက်တဲ. အံတုနိုင် လောက်တဲ. ဦးစီးဦးေ ဆာင်လုပ်စည်း၇ုံး နိုင်တဲ. ကျောင်းသားခေါ င်းဆောင်မင်း ကိုနိုင် တို. လူ၇ွင်တော် ဇာဂနာ တို. ကျတော. နှစ်၇ှည်ထောင်ချ။ ထောင်ထဲမှာ နှိပ်စက်ညှင်းပန်းလို.ပဲသေ သေ၊ေ၇ာဂါ၇လို.ပဲသေသေ၊
မသေ၇င်လ ည်း မျိုးဆက်ပြ တ်အောင်လုပ်၊ ( “မင်းကိုနိုင်” လို. ပြောလိုက်၇င် အခုခေတ်လူငယ်လေးတွေက
“ မင်းကိုနိုင် ” ဆိုတာ ဘယ်သူလဲ၊ ဗွီိဒီယို မင်းသားသစ်လား ဆိုပြီးမေး ကုန်ကြပြီ။ )
နိုင်ငံတကာ အာ၇ုံစိုက် တဲ. ဒေါ်စု နဲ. ဦးတင်ဦး တို. ကို တော. အကျယ်ချုပ် ချ၊
နိုင်ငံတကာ၇ဲ. ဖိအားတွေ လျော. ချင်တဲ.အခါ ၊ တခါ တခါ စမ်း လွတ်ပေး၊
လူထုအ၇ှိန်န ည်းနည်း၇ လာ၇င် ပြန်ပြီး အကျယ်ချုပ်။

နအဖ၇ဲ. စိုက်ပျိုးေ၇း အခြေခံပြီး ခေတ်မှီဖွံ. ဖြိုး တိုးတက် သောနိုင်ငံေ တ်ာကြီး ထူထောင်ေ၇း ဆိုပြီး လုပ်လာလိုက်တာ တိုင်းပြည်လည်း ဖွတ်ဖွတ်ြေ ကနေပြီ။
ပြောတော့ “ စိုက်လို.၇တာအ ကုန်စိုက်၊ ထုတ်လို. ၇တာအကုန်ထုတ် ” တဲ.။
လုပ်တော. “ခုတ်လို.၇တာ အကုန်ခုတ်၊ တူးလို.၇တာ အကုန်တူး ၊ေ၇ာင်းလို.၇တာ အကုန်ေ၇ာင်း ” နဲ. ခုဆို ဘာကျန်တော့လဲ။ ကျန်တဲ. လူထုပိုင် နိုင်ငံပိုင် ပစည်းတွေလည်း နအဖ နဲ. နအဖ ရဲ. လက်ဝေခံ ကြီး ငယ် တွေ လက်ထဲ လက်သိပ်ထိုး ထည့်လိုက်တာပဲ။

နှစ်ပေါင်း ၂၀ အတွင်း ဦးအောင်ေ၇ွ တို. ပါတီဆိုင်း ဘုတ် ထောင်ပြီး ဘာလုပ်ခဲ.သလဲဆို၇င် ( ဆိုင်းဘုတ် ထောင်တောင် NLD ၇ုးံ တိုင်း ထောင်ခွင့် ၇ခဲ.လို.လား ?)------
“စိုး၇ိမ် ပါတယ်၊ တောင်းဆိုပါတယ်၊ ”ဆိုတဲ. စာတွေ ကြေငြာချက်တွေ ထုတ် မယ် ။
UN လာ၇င် ထွက်တွေ. မယ်၊ သံ၇ုံး က လူတွေလာ၇င် ထွက်တွေ. မယ် ၊
နအဖ ခေါ် ၇င် ၀မ်းသာ အား၇ သွားတွေ. မယ် ။

ပြည်သူတွေ စားဝတ်နေေ၇း ကျပ်တည်းလို. ကျောင်းသား ခေါင်းဆောင် ဟောင်းတွေ ကုန်ဈေးနှုန်း အတွက် တောင်းဆို ဆန္ဒပြတော. ဦးအောင်ေ၇ွတို. ဘာလုပ်နေသလဲ?
သံဃာတွေ လက်ပိုက်ြ ကည့်မနေနိုင်လို. ထွက်လာတော. ဦးအောင်ေ၇ွတို. ဘာလုပ်နေသလဲ?
0
Let public decide their future. DON'T try to be less public's confidence on NLD
written by Ko, March 20, 2010

Public will decide their future. If NLD is smart, public believe them to lead the country, they will definately vote and NLD will be elected party again at any election. Change the strategy to solve the political problem asap. Activist from outside, politicians from overseas, UN, EU or whoever can not help effectively, If they could help our people, there would not be election in 2011.
0
Don't forget 8888
written by Narni, March 20, 2010
NLD

Are you remember at 20,45 , 8.8.1988
0
အဓိက ကို ကြည့်ကြပါ..
written by လိပ်ပြာ, March 20, 2010
ရွေးကောက်ပွဲ မ၀င်ရင် ပါတီ ဖျက်သိမ်းရမယ် ဆိုတဲ့ ဥပဒေကို အရင် ဆန့်ကျင်သင့်ပါတယ်.. အဓိပ်ပါယ်မရှိတဲ့ ဥပဒေ မို့ပါ..
0
ညီဖို့ အရေးကြီးပါတယ်.
written by ပြည်သူတဦး, March 20, 2010
ရွေးကောက်ပွဲ ၀င်၊ မ၀င် က အများ ဆန္ဒအတိုင်း လုပ်သင့်ပါတယ်. အဓိက က NLD မကွဲဖို့ပဲ ဖြစ်ပါတယ်. ဒေါ်စု ပြန် လွှတ်လာပြီး ပါတီမှာ ခေါင်းဆောင် ပြန်လုပ်လည်း ဖြစ်တာပဲ.. ကိုယ်တိုင် သမ္မတ၊ ၀န်ကြီးချုပ် မဖြစ်နိုင်ပေမယ့် ဒေါ်စုက ပါတီရဲ့ ခေါင်းဆောင် အဖြစ် လုပ်နေနိုင်ပါတယ်.. ဦးအောင်ရွှေတို့ က မယုတ်မလွန် ပြောထားတာလည်း ဖြစ်နေနိုင် ပါတယ်။ လူထု လမ်းပေါ် တက်ဖို့ ကတော့ သိပ် မပြောစေချင်ပါ. မိအေး အကြိမ်ကြိမ် နာနေပါပြီ။ လမ်းပေါ် တက် ဖို့ ပြောသူတွေ ပြန်လာပြီး ရှေ့ ကနေ ထွက်ဖို့ မလိုပါ. ဘေးလောက်က လိုက်ရင်ဖြင့် နောက်တခါ ထပ် နာဖို့ လည်း အသင့်ပါ..

၂ ခါနာ ပြည်သူတဦး
0
ဦးအောင်ရွှေ နှင့် အပေါင်းပါများ ဗိုလ်သန်းရွှေ ရဲ့ အတွင်းဓါးလျှို တွေလို့ သမိုင်းတရားခံ မဖြစ်စေချင်ပါ။
written by :-38:9 B.S.C. (Geology), March 20, 2010
တကယ်ဆို ကျွန်တော်တောင် ၀င်ပြီးမှတ် ချက်ပေးဘို့မလိုတော့ပါ။ ရွှေဂုန်တိုင် ကြေညာချက်ထုတ်တာ မှန်ကန်ကြောင်း ထောက်ခံကြောင်း ဒါမှသာ တိုင်းပြည်နောင်ေ ရးကောင်းဘို့ မျှော်လင့် နိုင် ကြောင်း ရေးခဲ့တဲ့ ဆောင်းပါးတွေ ၊ ရှေ့က ရေးခဲ့တဲ့ အများစုရဲ့ မှတ်ချက်တွေ ပြောဆိုခဲ့တာ တွေ နဲ့ လုံလောက် နေပါပြီ။
ယခု ဗိုလ်သန်းရွှေ ရဲ့ အကြံအစည် လုပ်ရပ်တွေဟာ အရင် ဗိုလ်စောမောင် လက်ထက်က ၁၉၉၀ ရွေးကောက်ပွဲ တုံးက အခြေအနေ တွေနဲ့ လုံးဝ မတူတော့ပါ။ အရင် ရွေးကောက်ပွဲ က ပါတီတွေ ဖောင်းပွအော င်ဖန်တီးခဲ့တယ် တစည ပါတီလိုမျိုး တွေအနိုင်ရအာင် ဇောင်းပေးခဲ့ တယ်။ ဒေါ်စု ..ဦးတင်ဦး ဦးဝင်းတင်..နဲ့ ကျောင်း သားခေါင်းေ ဆာင်တွေကို ရွေးကောက်ပွဲ မှာ မ၀င်နိုင်အောင် ဥပဒေ အမျိုးမျိုးထုတ် ဖမ်းဆီး ခဲ့ပေမဲ့ ရွေး ကောက်ပွဲက လွတ်လပ်ပြီး ရလာဒ်ကို လည်း ကမ္ဘာက အသိအမှတ်ပြုခံ၇တယ်။ အာဏာမလွဲတာ ဆက်လက်ပြီး အမျိုးမျိုး တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်တာက တမျိုးပေါ့။
ဒီကြားထဲက ဒေါ်စု .. ကိုမင်းကိုနိုင် တို့က အခြေအ နေပေးသမျှထဲက ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်ရွက်ခဲ့ တာဝန်ကျေခဲ့ကြ ပါတယ်။ ဒီပဲရင်းကို သွားစဉ်တုံးက အသက်အန္တရာယ် ရှိနိုင်တယ် ဆိုတာ သိပါရဲ့နဲ့ ..အကယ်၍ မိမိ မရှိခဲ့ရင်တောင် ကျန်တဲ့ လူတွေက တိုင်းပြည်မှာ ဒီမိုကရေစီ ရရှိဘို့ ဆက်လက် ဆောင်ရွက် ကပါလို့ မှာခဲ့ပါေ သးတယ်။
ကျွန်တော်တို့ လူမျိုးနဲ့ တိုင်းပြည်ကုသိုလ်ကံ ကိုက ခေလွန်းလို့လား၊ ဗိုလ်သန်းရွှေ ရဲ့ အကုသိုလ်ကံ အကျိုးပေးကဘဲ ကောင်းလို့လား အနှစ် ၂၀ ကျော် အားလုံး ဒုက္ခတွေ အမျိုးမျိုး ခံစားခဲ့ကြရတယ်။
ဗိုလ်သန်းရွှေ ကြံစည်ထားသမျှ ထု တ်ထားသမျှ ဥပဒေ အမျိုးမျိုးအရ ဘယ်လို နည်းနဲ့မှ ဘယ်ပါတီ မှ တိုင်းပြည်အတွက် အနာဂါတ်မှာ အကျိုးမပြု နိုင်သလို နိုင်ငံရေး သိက္ခာ လည်း ရစရာ မရှိအောင် ကျဆင်း ရပါဦးမယ်။
အခုလိုမျိုး ထောင်ချော က်တွေ အမျိုးမျိုးဆင် မိမိဘာသာ ရဟန်း သံဃာ ကိုတောင် သတ်ဖြတ် စော်ကားရဲတဲ့ ဗိုလ်သန်းရွှေ တို့ စစ်အာဏာရှင် အုပ်စု က သူတို့လို လူယုတ်မာ အုပ်စု သားစဉ် မြေးဆက် အာဏာအုပ်စိုးနိုင်ဘို့ ဖန်တီးထားတဲ့ အကွ က်ထဲကို သိသိကြီးနဲ့ ပါတီရပ်တ ည်ရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီရွေးကောက်ပွဲ ကိုဝင်ချင်တယ် လို့ ပြော နိုင်ကြပါရဲ့။
မောင်မျိုးချစ် B.S.C. (ဘူမိဗေဒ)
0
If NLD participates in the Election
written by Brian, March 20, 2010
I love Daw Su and pray for the people who are in the prison. But If These people who like to participate in 2010 election form NLD, They should quit NLD and not use NLD name at all. They should create a new party and participate form that Party. Not NLD. NLD is the people's party. Even if they are elected representatives form 1990 election, no citizen gives any right for these party people to corporate with the dictator.

People will not respect you and also you will never get the vote form the people. You will be left in the middle of nowhere without dignity. ......


0
Reality
written by htin kyaw, March 19, 2010
NLD shouldn't go to the election.Because we should think, why SPDC make for the election?This is only the best way out for SPDC.They are very cleaver than opposition side.They know who are qualify politicians.So,they put them in Jail & make election.Most of politicians in Burma they are fighting the dictators but they not much know about the politics,they don't have own political idea & they don't know reality.If NLD go to the election they must loose & they will get shame.why?Because,When NLD register their party (1)They automatically recognize SPDC constitution(2)They totally destroyed their 1990 election result(3)Their qualify leaders will finished(4)NLD & others party made legally government for SPDC.So,SPDC will have got legal puppet government & they can do whatever they want legally in UN.
0
ဆုပ်ကိုင်မထားကြပါနဲ့
written by JJ, March 19, 2010
ပါတီဖျ က်သိမ်းမ ခံရရေးဆိုတဲ့ ခံယူချက်ကြောင့်
အခုအချိ န်အထိ တစ် ထစ်ပြီးတစ်ထစ် အလျှော့ပေးရင်း
မြောင်းထဲ ရောက် တော့မယ်။
အင်န်အ ယ်လ်ဒီနိုင်တယ်ဆိုတာ
ဗိုလ်ချုပ်ေ အာင်ဆန်းသမီး ပါလို့ဆိုတာ
ဦးအောင်ရွှေတို့မမေ့သင့်ပါဘူး
အသက်အရွ ယ်ကြောင့်ပဲ
သေရတော့ မဲ့အခြေအနေ ရောက်နေပြီ။
ဘာမ် ားတပ္မက္စ ရာရွိဦးမွာလဲ။
မြေပေါ်မှာနေမှ လွတ်လပ် ရေးတိုက်ပွဲဝင်လို့ရတာမဟုတ်ပါဘူး။
0
Look forword than slept in the past.
written by Kyaw, March 19, 2010
အင်အယ်ဒီ-ပါတီဝင်တွေ အပါဝင် နိုင်ငံရေး အသိအမြင်ရှိသူ အားလုံးဟာ အယင်က ဖြစ်ခဲ့တာတွေကို အသားပေးပြောနေတာေ တွကိုလျော့ပီး ရှေ့ကို မျော်= ကည့်သင့်ပါတယ်။ ရှေ့မှာဖြစ်နို င်ခြေတွေကို များများပြော သင့်တယ်လို့ထ င်ပါတယ်။
ရွေးကောက် ပွဲဆို င်ရာ ဥပဒေ တွေဟာ တဖ က်သတ် လုပ်ထားတယ်ဆို တာ အားလုံးမြင်နိုင်တဲ့ အချက် ဖြစ်ပါတယ်။

ဒါပေမဲ့ အမှန်တရားကို ဆုပ်ကိုင်ထားရုံ သက်သက်နဲ့ သန်း ၅၀-သော ပြည်သူတွေ အတွက် ဘာအကျိုးတွေ ဖြစ်လာေ စနိုင်မလဲ။
အမှန်တရားကိုလဲ ဆုပ်ကိုင်။ လက်တလော အခြေနေမှန်ကိုလဲ မြင်အောင်=ကည့်။ အဖြစ်နိုင်ဆုံး ထွက်ပေါက် တခုကို
ဝိုင်းစဉ်းစားပေးနိင်မ ယ်ဆိုရ င်တော့ အင်အယ်ဒီ-အတွက်ရော။ ပြည်သူတွေအ တွက်ရော အခြေနေ ကောင်းတခု ရလာနိုင်တယ် လို့ထင်ပါတယ်။

ဒါေ=ကာင့် သတင်းသမားေ တွရော။ သတင်းဖတ်သူတွေ-နားထောင်သူတွေရော (ဦးခင်ေ မာင်ဆွေက ဧရာ ၀တီကို ဒီလို ပြောထားပေမဲ့ အသံလွင့်မီဒီယာတွေမှာတော့ ပါတီ မှတ်ပုံတင်လုပ်သ င့်တယ်ဆိုတဲ့အ သံမ=ကားရသေးဘဲ မ လုပ် သင့်ဘူးဆိုတဲ့ အ သံတွေဘဲ့= =ကားနေရဆဲ) ဘက်တဖက်မှာ အသေရပ်ပြီး လက်ရှိ အခြေနေကို ဆုံးဖြတ်မယ်ဆိုရင် ကိုယ်ရပ်နေတဲ့ဖက်မှာဘဲ့ အသာစီးရနေပါလိမ့်မယ်။

ဘက်မရှိဘဲ လွတ်လပ်စွာစဥင်္း စားနိုင်မှ လက်တွေ့ကျတဲ့ ထွက်ပေါက် တခုရလာမယ်လို့ ထင်ပါတယ်။

ဒါေ=ကာင့် ဦးဝင်းတင် ကမှန်တယ်။ ဦးခင်မော င်ဆွေကမှားတယ်။ ဒါမှမဟုတ် ဦးဝ င်းတင်က မှားတယ်- ဦးခင်မော င်ဆွေ ကမှန်တယ် ဆိုပြီး ဘောင် ခတ်စဉ်းစား နေမဲ့အစား လွတ် လပ်စွာ ၀ိုင်းစဉ်းစား စေချင်ပါတယ်

ရက် ၆၀-အတွင်း (အင်အယ်ဒီ-အတွက် တင်မကဘဲ ပြည်သူ့အတွက်ပါ) အကောင်းဆုံးအဖြေတခု ထွက်လာဖို့ ၀ိုင်းစဉ်းစားပေး=ကပါစို့။။
0
What is NLD?
written by Myo Chit, March 19, 2010
Is NLD follower of Military?
Their leader is Who?
They do political for what?
Now They are trying to go.
But they don't know where to goal.
0
...
written by ရိုဟင်ဂျာလုလင်, March 19, 2010
စုမပါတဲ့ပွဲ နွှဲခဲ့ရင်ဖြင့် အန်အယ်လ်ဒီ သိက္ခာတွေကျ အရှက်ရလို့ သမိုင်းထက်မှာ ဒဏ်ခတ်ခံရမည်။ စုကိုချစ်တဲ့ ပြည်သူတွေ အန်အယ်လ်ဒီနဲ့ ထပ်တူပေ။ သို့ပေသော်ငြား ကိုရွှေလိပ်များ မှားခဲ့ရင်ဖြင့် သမိုင်း“နာ”မည်။ ချပ်လေသတိ မြဲအစဉ်ရှိလို့ ပြည်သူနဲ့လက်တွဲ တွန်းလှန်ရဲသည့် သတ္တိရှိက သမိုင်းဂုဏ်ရောင် ထွန်း၍ပြောင်မည်။ ပြည်သူကိုချစ် အစစ်ဖြစ်က ပြည်သူနဲ့အတူ လက်တွဲကူလို့ သေသေကြေကြေ တိုက်ပွဲဝင်လော့။ ထ၍ကြွ၍ လှုံဆော်ကြလော့ တော်လှန်ကြလော့။ စစ်အာဏာရှင်စနစ် ပျောက်ဆုံးရေး ဒို့အရေး ဒို့အရေး။ ဗိုလ်သန်းရွှေ ပေါ်လစီ ပျက်သုဉ်းရေး ဒို့အရေး ဒို့အရေး။ ဒီမိုကရေစီ ထွန်းကားရေး ဒို့အရေး ဒို့အရေး။
0
လူထုမျက်နှာ ထောက်ကြပါအုံး
written by yetwayni, March 19, 2010
ဒီချုပ်ကို လူထုကိုယ်စားပြုပါတီ ဆိုပြီး ထောက်ခံခဲ့ကြတာ အနှစ်၂၀ကျော်လာခဲ့ပြီ။ အဓိကက ဒေါ်အောင်ဆ န်းစုကြည်ရဲ့ ဦးဆောင်မှုကို ယုံကြည်ခဲ့ကြတာ.. ဒေါ်အောင်ဆန်းစြု ကည်ကိုယ်တိုင်က NLD ကနေ (အခြေအနေအရ) နှုတ်ထွ က်မယ်လို့မြေ ပာမချင်း ဒေါ်စုကိုဖ ယ်ထုတ်ပြီး ရွေးကောက်ပွဲဝင် ဖို့လုပ်မယ်ဆိုရင် ပြည်သူနဲ့ နိုင်ငံတ ကာထောက်ခံမှုကို စော်ကားရာကျလိမ့်မယ်။ NLD ကိုလူထုထောက်ခံလာတာ ဒေါ်စု၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ကိုယုံကြည်လို့... ကိုမင်းကိုနိင်၊ ကိုကိုကြီးနဲ့ ကျောင်းသားခေါင်းဆောင်များ ၀န်းရံပေးခဲ့ကြလို့ ဆိုတာ ဦးအောင်ရွှေနဲ့ နအဖရွေး ကောက်ပွဲ မျက်စ ပစ်သူများ မမေ့ကြနဲ့။ နှစ်၂၀ေ ကျာ်လုံးလုံး နိုင်ငံရေးအရ ဦးဆောင်မှုပေးခဲ့တာ အချုပ်ကျနေတဲ့ ဒေါ်စုလား ဦးအောင် ရွှေလား ပြည်သူေ တွသိတယ်။... ရွေးကော က်ပွဲဝင် ချင်သူများ NLD မဟုတ်တဲ့ အခြားပါတီထောင်ပြီး ၀င်ချင်ဝင်ပါ။ NLD နိဂုံးသမိုင်းမှာ အမည်းစ က်မဖြစ်ပါစေနဲ့။ ဒီရွေးကောက်ပွဲမ၀င်ရလို့ နိုင်ငံရေးလု ပ်ခွင့်မရ တော့မှာ စိုးရိမ်နေတဲ့ ပုဂ္ဂိုလ်များဟာ ပြည်သူ့မျ က်နှာကြည့်မယ် ပုဂ္ဂိုလ်တွေတော့ မဖြစ်နိုင်တော့ဘူး။..
NLD ၀င်မပြိုင်တာ ရှုံးတာမ ဟုတ်ပါ။ ပြည်သူ တရပ်လုံးနဲ့ နိုင်ငံတကာ ထောက်ခံမှုဆ က်ရနေဦးမှာပါ။ ၀င်ပြိုင်မိမှသာ ၉၀ရလဒ်ကို ဖျက်ရာလ ည်းကျမယ်.. နိုင်ငံတကာက တောင်းဆိုမှု တွေလည်း ရပ်သွားမယ်.. ၀င်အရှုံး ခံသလိုလဲ ဖြစ်မယ်... စဉ်းစားကြပါ။
ဝင်မပြိုင်ဘဲ နိုင်ငံရေးကိုဆ က်ဦးဆောင်ပါ ... ပြည်သူလူထု အားကိုယူပြီး နအဖ ကိုအံတုကြပါစို့...
0
ဂျီစီဘီအေ နှစ်ခြမ်းကွဲ ၊ တို.ဗမာစည်းအ၇ုံး နှစ်ခြမ်းကွဲ ၊ ဖဆပလနှစ်ခြမ်းကွဲ၊ NLDေ၇ာကွဲတော.မှာလား??????????????????????
written by မောင်ခင်, March 19, 2010
ဂျီစီဘီအေ နှစ်ခြမ်းကွဲ ။ တို.ဗမာအစည်း အ၇ု့းနှစ်ခြမ်းကွဲ။ ဖဆပလ နှစ်ခြမ်းကွဲ NLD လည်း ကွဲတော.မှာပဲလား????????????
0
Funny!
written by Zero, March 19, 2010
oh oh oh oh oh!!! What is going on??
I can't understand why some NLD leaders dare to participate in 2010 election.
Can't you realize it's a fake?? It will be a damn stupid fake election..ok??
Here is the best example.. how did the Generals hold 2008 constitutional referendum?..
I can bet they did not count my "NO" vote..
In Chin State, according to a survey, 90% were "No" Vote.. I am pretty sure there would be some other "No" Vote as well..oh Oh ..Anyhow, the result was 93.82% "Yes" vote?? Well where the hell were that "NO" votes gone? Can't answer? Then don't make any stupid joke like "2010 election will be fair" huh?? Why do u want to get ur faces pissed by participating in 2010 election NLD ( who are barking to participate in 2010 election).?
The Generals will do whatever they want.. ok?? NLD, at least please read again electoral Law.
0
ပြည်သူကို ပြန်အပ်ပါ ပြည်သူက ရှင်းမည်
written by kyaw tint, March 19, 2010
တိုတိုရှင်းရှင်းဘဲပြောပါရစေ

ပြည်သူကေ ပးထားတဲ့ ကိုယ်စားလုပ်ပိုင်ခွင့်များ အားလုံးကို ပြန်အပ်ပါ ပြည်သူရှင်းမှ လင်းတော့မည်။

လမ်းထွက် တညီတညွတ် တက်ညီလက်ညီ စုစုစည်းစည်း ပြည်သူ့ POWER ပြန်ယူပါ။
0
ွှအာဏာမက်ပါ့ NLD ၊
written by ဗလ, March 19, 2010
ကျနော်ကတော့ အဘဦးဝင်းတင် လို လူမျိုးနှုတ် ထွက်မှာ နှမျှေားတယ်။ ဦးအောင်ရွှေ တို့လို သတ္တိကြောင်၊အာဏာရူးစစ်သားလူ ထွက်ကိုတော့ အယုံကြည် မရှိပါ။ နောက်ဆုံးတော့ အဏာလောဘ သားတွေပဲ နိုင်ကြ တော့မှာလား??? အသက် ၉၀ကျော်လဲ အာဏာမက်ြ ကတုန်းပဲနော်။ တရားရပါ တယ်။ အတိုက် အခံ အချင်းချင်းမညီတာ ရင် အနာဆုံးပဲ။ NLD ဆိုင်းဘုတ် ရှိရုံနဲ့ ပြည်သူတွေ စိချမ်းသာေ တာ့မှာလား???
0
ရုပ်သေးရုပ်မဖြစ်စေလို
written by ကျော်စွာ, March 19, 2010
အ ခုအချိန်မှာ ဆုံးဖြ တ်ချက်မှန်ဘို့ နဲ့ တသံထဲ ထွက်ဖို့ အရေးအ ကြီးဆုံးဘဲ၊ ပြည်သူကိုအလေးထားပြီးစဉ်းစားကြပါ၊ အရင်တုန်းကအဖြ စ်တွေကို သင်ခန်းစာ ယူပါ၊ နအဖဟာ နိုင်ငံရေးကိုအပေါ် စီးကယူထားသလို နိုင်ငံရေးက လိန်က ကျစ် တွေကိုလည်း မဟာတန်းအောင်သွားပြီ၊ အခုသူလို ချင်တာ NLD ကွဲဘို့ ၊ ဒီပုံအတိုင်းဆို ဒါလည်းသူလို ချင်တဲ့ ပုံစံအတိုင်းဘဲ၊
NLD ဆုံးဖြတ်ချက် ချဘို့ အမွန်းကျပ် ဆုံးအေ ခြအနေေ ရာက်နေတဲ့အချိန်၊
နအဖက NLD တချက်အ ငိုက်ကို စောင့်ကြည့်ေ နတဲ့အချိန်၊
နိုင်ငံအ ပြောင်းအ လဲအတွက် တိုင်းပြည် ကောင်းစား ရေးအတွက် ဆုံးဖြတ်ချက်တခု ချရမယ့်အချိန်၊
ပြည်သူများကလည်း လျှပ်စစ်မီးမှန်မှန်ရရေး ထမင်းနပ်မှန်မှန်စားနိုင်ရေး ကိုနိုင်ငံေ ရးထက်ပိုစိတ်ဝ င်စားနေ တဲ့အချိန်
ဒီအချိန်မှာ နအဖ ကြိုးဆွဲသလို မကမိဘို့ သတိထားကြပါ၊
ဆုပ်လည်းဆူးစားလည်းရူး အခြေအနေမှ မှန်ကန်သော ဆုံးဖြတ်ချက်များ နှင့် ကျော်လွှားနိုင်ပါစေလို့ ။
0
...
written by မြန်မာ, March 19, 2010
ဘိုပြောင်
နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်စွဲနဲ့က ပြဒါးတစ်လမ်း သံတစ်လမ်းနော်
0
ရွှေဂုံတိုင်ကြေငြာစ တမ်းကို မမေ့ဖို့လိုတယ်
written by ညီညီ, March 19, 2010
အားလုံးပဲ ရွှေဂုံတိုင်ကြေ ငြာစာတမ်းကို မမေ့ကြဖို့ သတိပေး ချင်ပါတယ်။ စာတမ်း ကြေငြာတုန်းက တဖြောင်းဖြောင်း လုပ်ခုပ် တီးခဲ့ကြသူတွေ ကိုယ့်လက်ကိုယ် ပြန်ငုံြ့ ကည့်ကြပါဦး။
0
အရေးကြီးတဲ့ အချိန်...
written by တောင်ပေါ်သား, March 19, 2010
ဒီအချိန်က တော်တော်လေးကို အရေ:ကြီးနေပြီ....
ဘယ်သူတွေ ဘာပြောပြော သူ့အစီ အစဉ်နဲ့သူ လုပ်တော့မယ်ဆို တာ သိနေကြပြီ..
လက်ရြှိ ကုံနေတဲ့ အခြေအနေနဲ့ သင့်တော်တဲ့ လုပ်ငန်း စဉ်တွေချမှတ် လုပ်ေ ဆာင်ဖို့လိုတယ်လို့ အကြံပြုပါတယ်..
ခေါင်းဆောင်တ စ်ယောက်က နေရာတ စ်ခုယူထားမှ မဟုတ်ပါဘူး.. ထိုင်ခုံ တစ်ခုရထားမှ မဟုတ်ပါဘူး
ဘယ်လိုအခြေအေ နမျိုးဘဲဖြစ်ဖြစ်
ဘယ်လို ပုံစံမျိုး နဲ့ဖြစ်ဖြစ် ခေါင်းဆောင် ဟာ ခေါင်းေ ဆာင်ပါဘဲ...
0
ရွှေဂုံတိုင်ကြေ ငာစာတမ်းကို မမေ့ဖို့လိုတယ်
written by ညီညီ, March 19, 2010
အားလုံးပဲ ရွှေဂုံတို င်ကြေငြာစာတမ်းကို မမေ့ကြဖို့ သတိပေးချင်ပါတယ်။ စာတမ်းကြေ ငြာတုန်းက တဖြောင်းဖြောင်း လက်ခုပ် တီးခဲ့ကြသူတွေ ကိုယ့်လက်ကိုယ် ပြန်ငုံ့ကြ ည့်ကြပါဦး။
0
Decide right decision
written by sITMONETHU, March 19, 2010
It is time now for NLD to decide right decision. Stand for people, not for the party. Please be unite. Please follow Daw Su decision. NLD exists because of her. Without Daw Su, there is no NLD. History will decide who is wrong and right.
0
I do suppose to hugebear and TYK
written by Moe Z Thit, March 19, 2010
there are only two ways what NLD has to do.

they will participate in 2010 election or will not participate and just shout what they want as usual.

do they really love people? 2010 election might be meaningless.

but it's more worse without NLD.

NLD is NLD whether Daw Aung San Su Kyi will be nominated in this organization or not.

all people know ASSK is leader, NLD is ASSK.

0
ကွဲနေတာ ကြာပြီ ထင်ပါတယ်။
written by U pyin nya wa ra, March 19, 2010
ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေ ထွက်ပေါ်လာမှ အဖွဲ့ ချုပ်အတွင်း သဘောထား ကွဲနေတာ မဟုတ်ဘူး ထင်တယ်။
န အ ဖ က ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ မကြေငြာခ င်ကထဲက အဖွဲ့ ချုပ်အတွင်းမှာ အတွင်းကြေကြေ ကွဲနေတဲ့
သဘောရှိဟ န်တူပါတယ်။ န အ ဖ ကသာ သူလုပ်ချင်တာ ဇွတ်တရွတ် စောစောစီး စီးလုပ်ခဲ့ရင် န အ ဖ နဲ့ 
အကျိုးတူ ပေါင်းစားမည့် အချော င်သမားတွေ အစောကြီးပေါ်ထွက်လာမှာပါ။ န အ ဖ က အခုမှ ကြေငြာလို့ 
အခုမှ သိသိသာသာ ကွဲလာတဲ့သ ဘောဖြစ်နိုင်ပါတယ်။ န အ ဖ ကလဲ သူတို့ နဲ့ တွဲလို့ ရမည့် လက်ညိုးေ ထာင် ခေါင်ြး ငိမ့်မည့် သူတွေ ဘယ်သူေ တွဆိုတာ သိထားပြီးဖြစ်ပါလိမ့်မယ်။ ဘာမှ စိတ်မပျက်ကြပါနဲ့ ။ လွတ်လပ်ရေးရ တုန်းကလဲ အကွဲအ ပြဲတွေ ကြားထဲက လွတ်လပ်ရေးခဲ့တာပါ။ အခွင့်အေ ရးသမားဆိုတာ ခေတ်အ ဆက်ဆ က်ရှိနေမှာပါ။ အခွင့်အရေး သမားကလဲ န အ ဖ ပြောသလို တိုင်းပြည်
အတွက် လူထု အတွက်လို့  ပြောမှာပါဘဲ။ ဘယ်သူမှ ငါ့ တအတွက် နိုင်ငံရေးလုပ်တာပါလို့ မပြောပါဘူး။
0
အာလူး NLD
written by အထွန်း, March 19, 2010
ဒက်စမွန် တူးတူး ကတော့ အောင်ဆန်းစုကြည် လွတ်ဖို့ မြန်မာ နိုင်ငံရေး ကို အကောင်းမြင်တယ်။ တိုက်ပွဲ ကို လိုက်ပွဲ လို တောင်းစားလို့ မရဘူးလေ ။ NLD က ANC မဟုတ်တာတော့ အမှန်ပါဘဲ ။ အမေ စု လည်း နယ်ဆင်မင်ဒဲလား မဟုတ်ဘူး ၊ နှိုင်းယှဉ်လို့ မရဘူးလေ၊ တူတာတွေတော့ ရှိတာပေါ့ ။ ဖိနှိပ်တာ ၊ခွဲခြားတာ တွေတူတယ် ၊ ၅ သန်းမျှသော လူနည်းစု လူဖြူတွေက ကျန်တဲ့ လူမည်းတွေ ကိုနှိပ်ကွပ်ထား သလိုဘဲ ၊ ယနေ့ မြန်မာပြည်မှာ လည်း ၂ သန်းခန့် ရှိသော စစ်ဘက် သက်ဆိုင်ရာ လူနည်းစု က တိုင်းသူပြည်သား အများစု ကို အနိုင်ကျင့် ကျပါတယ်။ ANC က ဘယ်လို မျိုး တိုက်ယူသလဲ ဆိုတာလဲ နည်းနည်း လေ့လာကြပါ။ NLD မှာ တောင် အကြောက်တရား တွေကြီးစိုးနေ တာ ၊ဘယ်က လာ ပြည်သူ အကျိုြး ကည့်တော့မှာ လဲ၊ ပြောတဲ့ စကားတွေထွက် လာတာ ကြည့်ပါဦး ။ဘယ်မှာ ပြည်သူ့ အကျိုး ပါတုန်း၊ ပါတီ ပုံမပျက်ရေးဘဲ စဉ်းစားနေတယ်။ NLD က ဗိုလ်မှုးဟောင်းတွေ၊ ဗိုလ်ချုပ်ဟောင်းတွေက ငါတို့များ နိုင်ရင် ငါတော့ သမ္မတ ဖြစ်ချ ည်ဟဲ့ဆိုပြီး ကြိတ် စိတ်ကူးဖဲရိုက်နေလားမသိ ၊
ရိုက်ကြပါ ။ ဘဘရွှေတို့ ကတော့ စင်ပေါ်က ကလူကလူ လုပ်နေတယ် မသိကြဘူးနော်
0
“ မလုပ် မ၇ှုပ် မပြုတ်”
written by မောင်ကြီး, March 19, 2010
ဦး အောင်ေ၇ွ တို.လို ဗဟို ကလူတွေ ကြောင့် NLD လည်း သွားမ၇ှိတော့တဲ့ ကျားအိုကြီင်္း တကောင်လို ဖြစ်နေပါပြီ ။

ပါတီ တ၇ားဝင် ၇ပ်တည်ေ၇း က နံပါတ် (၁) လား၊
ပြည်သူတွေ လွတ်မြောက်ဖို. က နံပါတ် (၁) လား၊

နှစ် ၂၀ တောင် ကျော်ခဲ. ပြီ ၊ သိမယ် ဆို သိလောက်ပါပြီ။
သိသိကြီး နဲ.လုပ် နေ တယ် လို. ပဲ ထင် တယ်၊
ဘယ်နှယ်ဗျာ- အေ၇းကြီး တဲ. ဆုးံ ဖြတ်ချက်တွေ ချတိုင်း ဦး အောင်ေ၇ွ တို.အုပ်စုက
NLD ပါတီ တ၇ားဝင် ၇ပ်တည်ေ၇း ဆိုတာကြီး ဗန်းပြပြီး လုပ်လာလိုက်တာ တိုင်းပြည်နဲ. လူမျိုး အတွက်ဘာ ၇လာဒ် တွေ ၇ခဲ.လဲ ?

NLD ပါတီ ဆိုင်းဘုတ်ထောင် ထား ၇ ၇င် ပြီးေ၇ာ အကုန် စတေး ပစ် မယ် ဆို၇င် တော.
ဦး အောင်ေ၇ွ တို. အုပ်စု အေးအေး ဆေးဆေး ဥပဒေနဲ.အညီ တ၇ား ဝင် အနား ယူလိုက်ပါတော.ဗျာ ။
မဆလ အကျင်.ကြီး အခုထက်ထိ မဖျောက် နိုင်သေးဘူး ။
မလုပ် မ၇ှုပ် မပြုတ် ။
ဒီမူနဲ.သွား လို.ကတော. နှစ် တစ်ထောင် စောင်. အုးံ ၊ ဒီမိုကေ၇စီ ၇ဖို. ဝေးသေး။
0
လုံးဝ မ၀င်သင့်ပါ....
written by lin, March 19, 2010
NLD ဟာ ရွေးကောက်ပွဲ လုံးဝ မ၀င်သင့်ပါဘူး... ရွေးကောက်ပွဲ ၀င်မယ် ဆိုသူတွေဟာလဲ တိုင်းပြည်နဲ့ လူမျိုး မျက်နှာကို
မကြည့်ပဲ နေရာ လိုချင်နေတဲ့ အာဏာရူး တမျိုးပါပဲ....သူတို့ အာဏာရူးပြီး ၀င်ပြိုင်တော့ကော လွှတ်တော်မှာ နေရာရမယ် ထင်နေလို့လား...
နေရာရခြင်း မရခြင်းထက် အမှန်တကယ် ငဲ့ညှာသ င့်တာက...ပါတီရဲ့ ရပ်တည်ချက် ဂုဏ်သိက္ခာ နဲ့ စစ်ကျွန်ဘ၀က လွတ်မြောက်ဖို့အတွက် အသ က် ဘ၀ ပေး သွားသူတွေ နဲ့ လက်ရှိ လည်း ဘ၀ စွန့်ပြီးတိုက်ပွဲဝင်နေ သူတွေကို ငဲ့ညှာသင့်ပါ တယ်...ဒီလိုဆို အစောကြီးထဲက ခေါင်းငုံ့ပြီး နအဖ စစ်ကျွန် အဖြစ်အေး အေးေ နကြပါတော့လား..
ခုတော့ ဘ၀တွေ အသက်တွေ နှစ်ပေါင်း များစွာ ရင်းလာ ခဲ့ပြီးကာမှ...ခြေသ လုံးဖက်ပြီး အရိုးအရင်း မကိုက်ခြ င်ကြပါနဲ့.....
0
NLD လုံးဝအ ကွဲ မခံပါနဲ့။
written by Myo, March 19, 2010
ဘာပဲ ဆုံးဖြတ် ဆုံးဖြတ် အများစုဆန်ဒ ကိုလက်ခံပါ။ အသင်း ဟက်တက်ကွဲ မည့် သမိုင်း တကျော့ ပြန် ကိတ်စ မျိုးတော့လုံးဝ ရှောင် ပါ။ NLD လုံးဝအ ကွဲ မခံပါနဲ့။
0
ညီညွတ်ကြပါ
written by ပြည်သူ, March 18, 2010
ပါတီ
မှတ်ပုံတင်သည်ဖြစ်စေ၊ မတင်သ ည်ဖြစ်စေ
ရွေးကောက်ပွဲ
ဝင်သည်ြ ဖစ်စေ၊ မ၀င်သည်ဖြစ်စေ
ဒေါ်အောင် ဆန်းစုကြည် နှင့်တကွ NLD ကို
ပြည်သူက ထောက်ခံ ရပ်တည်နေမည်၊။
စစ်အစိုးရ ထောင်ချောက်ထဲ ၀င်ပြီး
အကွဲ၊ အပြဲ များ
မတွေ.့လို၊ မမြင်လို၊ မကြားလိုပါ၊
ဒို.့ဗမာ အစည်းအရုံး၊
ဂျီ စီ ဘီ အေ၊
ဖ ဆ ပ လ၊
...................
အကွဲအပြဲ ဇတ်လမ်းများ အမွေ မယူသင်.့ပါ၊
အခက်အခဲ၊ အကြပ်အတည်း များကို၊
The Whole World သိသည်။
ဘာပဲလုပ်လုပ် တစ်ညီ တစ်ညွတ်တည်း၊
တစ်သံပဲ လုပ်ပါ၊
လေးစားလျှက်၊
ပြည်သူ။ ။
0
...
written by htin kyaw, March 18, 2010
I do support U Win Tin,U Nyan Win & U Han Thar Myint.If SPDC real want to give democracy to peoples,they must release political prisoners & they must give basic human right to the peoples such as free media.But now in Burma we can't criticize & many limitation for political activities.I do not trust SPDC.They are cheeky liar.This is a big trap for our democracy groups.
Wrong Again, Low-rated comment [Show]
0
နအဖ အကြံ သူတို့ လက်ခံ လိုက်ပြီလား
written by soe tint, March 18, 2010
နအဖ ကတော့ NLD ပါတီဝင်ချင်း လှည့်တိုက်ပေးလိုက်ပြိ ဒါဆို သူတို့ ဖျက်လို့ ပျက် တယ်လို့ အပြောခံ စရာ မလိုတော့ ဘူးပေါ့ နအဖ ရဲ့ လှည့်ကွက်တွေကို စစ် သားကြီးဖြစ်ခဲ့ တဲ့ ဥက္ကဌ ကြီး မသိပဲ ခေါင်းဆောင်ဖြစ်ေ နလေတော့ ခံပေအုံး တော့ တိုင်းပြည်ရေ လို့  ပြောရတော့ မှာပဲ ပါတီက ပျက်ပြီး သားပါ ဥက္ကဌ ကြီး အမျိုးသား သစ္စာဖေါက် ဘ၀ ကို ကူးချင် သပ ဆိုလည်း ကိုယ့်ဖာသာ ကိုယ်ပဲ ကူးလှည့်ပါ အဖော်မေ ခ်ါပါနဲ့ ရွေးေ ကာက်ပွဲနဲ့ အသစ်ဖြစ်လာမယ့် လွှတ်တော်တွေ အစိုးရတွေ ဆိုတာ ကိုလည်း လူထုက စိတ်မ၀င်စား တာကို မသိ ဘူးလားဗျာ 2008 ဖွဲစည်းပုံဥ ပဒေကို ဆန္ဒခံယူပွဲလုပ်တုံးက လူထုက ဘယ်လို မဲထည့်ခံရသလဲ ဘာတွေ သိခွင့်ရခဲ့သ လဲဆိုတာ လူထြု ကီးက အသိဆုံးပါ
0
I strongly Support Ba Ba U Win Tin
written by REALITY, March 18, 2010
NLD should not pick up and swallow its own spit which was out not too long ago ( Shwe Gong Dine).
NLD, How can people trust you if you don't stick with your own principle. I voted NLD in 1990 not to bend on your knees infront of the dictator. I voted you to restore our rights in Burma, to restore Democracy in Burma, to fight for us. You will write your own history.
Thanks
0
NLD destination?
written by Ko Ko Oo, March 18, 2010
ပါတီရပ်တည်ရေးထက် တိုက်ပွဲ ရှေ့တစ်လှမ်း တိုးဘို့ဘဲ လိုအပ်တယ်၊ ပါတီ တည်ရှိရေးကို စောင်းပေးတာဟာဟာ လူထု လွတ်မြောက်ရေး မဟုတ်သလို တစ်နည်း အားဖြင့် စစ်အာဏာရှင် လုပ်သမျှကို ခေါင်းခံပေးတဲ့ သဘောပါဘဲ၊ ဒါကြောင့် စစ်အာဏာရှင်တွေက လုပ်ချင်တိုင်း လုပ်နေတာပေါ့။ ဘာဘဲဖြစ်ဖြစ် ခေါင်းငုံ့ ပေးနေ သရွှေ့တော့ ဗိုလ်သန်းရွှေတို့ကတော့ သွားကြီးဖြဲပြီး ရီနေဦးမှာဘဲ၊ ဒီနေ့ ဒီအချိန်မှာ NLD အနေနဲ့မိမိတို့ပ်နိုင်တာ အကုန်ဘဲ ဆိုတာ နိုင်ငံတစ်ကာကြို ပပြီး ပွင့်ပွင့်လင်းလင်း အကူအညီ တောင်းသင့်နေပြီ၊ နိုင်ငံတစ်ကာကြို ကားဝင်ဆောင်ရွက်ပေး တဲ့ကြားလူ အဖြစ်မှ စစ်အာဏာရှင်တွေကို ဘက်ပေါင်းစုံကထိထိရောက်ရောက်အေ ရးယူပေးဘို့ေ တာင်းဆိုရမယ် အချိန်ဖြစ်တယ်၊

ဒီအပြင်NL Dဟာလူထု နဲ့အတူ
လူထုတိုက်ပွဲ ကိုပြန်သွားဘို့ လမ်းကြောင်းကို ပြန်ရွေး ရတော့မယ်၊ NLD ပါတီကိုအာ ဏာရှင်တွေ ကမတရားဖျက်သိမ်းလိုက်လို့ လူထုကစိတ်ဓါတ် ကျလိမ့် မယ်လို့မ ထင်ပါနဲ့၊ လူထုကသူခံစားနေရ တဲ့ေ ၀ဒနာ ကိုသူတို့
ကောင်းကောင်း သိပါတယ်၊ လူထုကတို က်ပွဲနည်းနာ အသစ်နှင့်ေါင်းဆော င်အသ စ်တွေကိုမျှော်လ င့်နေတာပါ၊ သမရိုးကျလ မ်းမပေါ်ကတိုက်ပွဲ
ဥပဒေဘောင်တွင်းက တိုက်ပွဲဆိုတာ သိပ်ခေတ်မစားတော့ဘူးဆိုတာ အားလုံးသိေ နကြပါပြီ၊ NLD ဟာ ပါတီတစ် ရပ်အနေနဲ့သီးခြား တည်ရှိ နေတာထ က်စာရင် လူထုကြား မှာလူထုနဲ့အတူအ နီး ကပ်နေပြီးတိုက်ပွဲဝင် နိုင်ရင်အေ ကာ င်းဆုံးအ ဖြေဖြစ်ပါလိမ့်မယ်ထင် တယ်၊ နောက်ဆုံးကုန်ကုန်ပြော ရမယ်ဆိုရင် တစ်နေ့နေ့မှာ မြန်မာပြည်လွတ်မြောက်ေ ရးအတွက် လက်နက်ကိုင်ေ တ်ာလှန်ရေး လုပ်ကိုဦးဆောင်ပြီးလုပ်ကိုလုပ်ရလိမ့် မယ်လို့ထင်ပါတယ်
0
စဉ်းစားကြပါ
written by ဘိုပြောင်, March 18, 2010
ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ကိုကိုကြီး တို့ ထောင်နှစ်ရှည် ကျခံနေရတာ ဘာ့ကြောင့်လဲ
NLD ပါတီ အတွက် ကြိုးပမ်းရင်း၊ ဒီမိုကရေစီရေး အတွက် ကြိုးပမ်းရင်း ထောင်ကျခံနေရတာ မဟုတ်ဘူးလား
ပြည်သူတွေက NLD ကို ထောက်ခံတာ ဒီလူတွေကြောင့် မဟုတ်ဘူးလား
ဒီလူတွေကို ပါတီက ထုတ်ပယ်ပြီ စစ်အစိုးရရဲ့ နောက်လိုက် လုပ်ဖို့ ဆိုတာ သေချာ စဉ်းစားကြပါ....
ဖွဲ့စည်းပုံကို လေးစား လိုက်နာပါ့မယ် လို့ ခံဝန် ထိုးရမယ့် တစ်ချက်ထဲနဲ့တင် NLD ရဲ့ လမ်းကြောင်းကို သွေဖီနေပြီ....
တစ်ကယ်လို့ တရားဝင် ပါတီ မဟုတ်တော့ ရင်တောင် NLD ရဲ့ နာမည်ဟာ မသေပါ... နောက်တစ်ခုက NLD မပါပဲနဲ့ ကျင်းပတဲ့ ရွေးကောင်ပွဲ ကိုလည်း ဘယ်နိုင်ငံကမှ အသိမှတ်ပြုမည် မဟုတ်ပါ... ဒီပုံစံ အတိုင်းဆို တရား မျှတသော ရွေးကောက်ပွဲလည်း မဖြစ်နိုင်ပါ ဒါကိုမှ NLD ၀င်ပြိုင်ရင် နိုင်ဖို့ဆိုတာ အလွန် ဝေးပါတယ်... ၀င်ပြိုင် ပြီးတော့မှ မနိုင်ရင်တော့ ၁၉၉၀ ရလဒ်နဲ့ ပါတီဟာ သေ သွားမှာ ဖြစ်ပါတယ်.... ပါတီ ရပ်တည်ဖို့ ဆိုတဲ့ အကြောင်း တစ်ချက်ထဲနဲ့ ကျန်တာတွေကို မစွန့်လွှတ်ပါနဲ့....
လူထုနဲ့ အမြဲနေပါ, Low-rated comment [Show]
You Should Join the race, Low-rated comment [Show]
0
ညီညွတ်ကြလော
written by frog, March 18, 2010
ဝင်ယင် ၀င်ကြမယ်။ မ၀င်ဘူးဆို မ၀င်ဘူး။
ညီစေတဲ့ ညီစေ၊ မညီယင် ကျားဆွဲတာ တစ်ဖြည်ြး ဖည်းခြင်း ဖွဲမီးလို ခံရမယ်။

0
...
written by titan, March 18, 2010
သဘောထားတွေ မကွဲလွဲကြပါနဲ့.သား အမိန့် ပေးတာ မဟုတ်ပါဘူး. တောင်းဆိုတာပါ. သားတို့ နိုင်ငံရဲ့ အနာဂါတ်ဟာ NLD ရဲ့ လမ်းမထက် မှာလေ. အဖွဲ့ အစည်းတွေ အများကြီး ရှိတာ သား သိပါတယ်.ဒါပေမဲ့ သား NLD ကိုပဲယုံတယ်.
0
တစ်ခုခုတော့ ..မှားနေပီ ...
written by အောင်သီ, March 18, 2010
အဲဒါဆိုလည်း ဘာဖြစ်လို့ ကိုရွှေမှိုင် .. အဲအဲ ရွှေဂုံတိုင် ကြေငြာချက်ကို ဘာဖြစ်လို့ ထုတ်ခဲ့တာလဲ
စုမပါတဲ့ပွဲ ဒို့မနွှဲ ဆိုတဲ့မူ ချပြီး ဘယ်သူ့ကိုမှ မဲမပေးတော့ဘူးလို့ စဉ်းစား ထားတာ ခုတော့ ကြံခိုင်ရေးကို ပဲ ပုံအောတော့မယ်။
0
အကွက်ဝင်
written by မင်းထက်, March 18, 2010
နအဖရဲ့ အကွက်ထဲတော့ ၀င်ကုန်ပြီဗျို့။
0
အားလုံးသတိ
written by သတိ, March 18, 2010
ဒေါ်စုကို ထုတ်ပစ်တယ် ဆိုတာလောက်နဲ့ အန်အယ်ဒီနဲ့ ဒေါ်စု Image ကို ခွဲပစ်လို့ ရလိမ့်မယ်လို့ မထင်ပါဘူး ခင်ဗျ.. ပြည်သူ အနေနဲ့လဲ ဒီနှစ်ခုကို ကွဲပြားပီး မြင်သွားမယ် လို့ မထင်ပါဘူး

မောင်သတိ
0
ဘယ်ဟာ အမှန်ပါလဲ
written by မောင်သုတ, March 18, 2010
၁၉၉၀ မှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ပါဝင်ခွင့် မရတာ ဘယ်လို အခြေအနေ အရပါလဲ ဦးခင်မောင်ဆွေ၊ ကျွန်တော် သိသလောက်တော့ သူ့ကို တခြား ပါတီတွေနဲ့ တိုင်းရင်းသား အဖွဲ့တွေက အချက် ၃ ချက်နဲ့ ကန့်ကွတ်ထား သလားလို့ပါ။ အမှန်သိသူ ရှိရင် ရေးပေးကြပါ။ ယခု အခါလည်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ရေး မည်ကဲ့သို့ လုပ်ဆောင် သင့်ပါသလဲ။ ဆွေးနွေးပေးပါ
0
ရွေးကောက်ပွဲ မ၀င်မယ့် လူကြီးများ ဘာလုပ်မည်နည်း...
written by hugebear, March 18, 2010
ကန့်ကွက်ယုံ ကြေငြာချက်တွေ ထုတ်နေယုံနဲ့ကတော့ ပျင်းတောင် ပျင်းသေးတယ်လို့ ဗိုလ်ချုပ်ကြီးတွေက သီချင်းလေး ညည်းနေလိမ့်မယ်...
ခိုင်မာနဲ့ နည်းဗျူဟာ မရှိပဲ ကန့်ကွက်ယုံနဲ့တော့ မလုံလောက်ပါ...
၂၀၀၈ ရွေးကောက်ပွဲ ဥပဒေကို အတင်း အတည်ပြုခဲ့တာ အဓိက သာဓက တစ်ခုပါ... အန်အယ်ဒီ ဘာမှ မလုပ်နိုင်ခဲ့ပါ....
အခု တစ်ခါလည်း အော်ဟစ် ကန့်ကွက် နေယုံနဲ့ကတော့..... ဘာမှ ဖြစ်လာမည် မဟုတ်ပါ....
ရွေးကောက်ပွဲ ပျက်အောင်ထိ ဖျက်နိုင်တဲ့ အင်အား၊ နည်းဗျူဟာ ရှိပါသလား....
မထင်ပါ... ၂၀၀၇ သံဃာ ဆန္ဒပြပွဲ တုန်းကတောင် အန်အယ်လ်ဒီရဲ့ ဦးဆောင်မှုက အားရစရာ မရှိပါ...
သူ့ အလို အလျှောက် ထွက်လာတဲ့ လူထုနဲ့ သံဃာ (အဲလို လမ်းပေါ်ထွက် ဆန္ဒပြအောင် သူတို့ စည်းရုံးစရာ မလို) ကိုတောင် ဒီမိုကရေစီ အတွက် ကျားကွက်ရွေ့ ကစားပြီး ဦးဆောင်မှု မပေးနိုင်ခဲ့ပါဘူး....
ဒါကြောင့် အရင်က အားနည်းခဲ့တာတွေကို ဖြည့်ဆည်ြး ပင်ဆင်ပြီး ဘယ်လို လုပ်မယ်ဆိုတဲ့ ခိုင်မာတဲ့ နည်းဗျူဟာ တွေချမှတ် ဆောင်ရွက် နိုင်ပါစေ

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်