မန္တလေးမြို့ 78 ကုန်တိုက်တွင် အသေးစား မီးလောင်မှု ဖြစ်ပွား

E-mail Print
မန္တလေးမြို့၇၈ လမ်းမကြီးပေါ်ရှိ 78 ရှော့ပင်းစင်တာ မြေအောက် ထပ်တွင် ယမန်နေ့ ညနေ ၄း၃၀ နာရီ ခန့်က ထရန်စဖော်မာ ပေါက်ပြီး မီးလောင်မှု ဖြစ်ပွားသဖြင့် ဒေသခံများ ရုတ်ရုတ်သဲသဲ ဖြစ်သွား ကြသည်။

ဆိုင်ခန်းများသို့ မီးလောင်မှု ကူးစက်ခြင်း မရှိသည့် အပြင်  ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း သိရသည်။

မီးလောင်သည့် အဆောက် အဦး အတွင်းပိုင်း နေရာသို့ မီးသတ် ပိုက်များ ရောက်ရှိရန် ခက်ခဲသဖြင့် တနာရီခန့် အချိန်ပေးပြီးမှ မီးငြှိမ်း သတ်နိုင် ခဲ့သည်ဟု မျက်မြင် သက်သေ တချို့က ပြောသည်။

နောက်ဆက်တွဲ ပျက်စီးမှုနှင့် ပတ်သက်ပြီး မန္တလေးတိုင်း မီးသတ်ဌာန တာဝန် ရှိသူများကို ဧရာဝတီက ဆက်သွယ် မေးမြန်း သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။


မီးလောင်ပြီးချိန်တွင်  78 ရှော့ပင်းစင်တာ မြေအောက်ထပ်နှင့် လမ်းမပေါ်တွင် ရပ်ထားသည့် ဆိုင်ကယ်တချို့ ပျောက်ဆုံးသွားသည်ဟု ဒေသခံတို့က ပြောသည်။
Comments (0)Add Comment

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်