“လုံခြုံရေးကို ထိခိုက် လာရင်တော့ ဒီအတိုင်းနေလို့ မရတော့ပါဘူး။ ဒီနေ့ အထိတော့ သံသယ ဖြစ်ဖွယ်ရာ အနည်း အကျဉ်းပဲ ရှိပါတယ်။ လစာ ပိုတောင်းတဲ့ လှုပ်ရှားမှုက ပိုများပါတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ရုံးတွင် ကျင်းပခဲ့သော အထက်ပါ အစည်း အဝေးတွင် ပြောကြားခဲ့သည်။
သို့သော်လည်း အလုပ်သမား လုပ်အားခ တိုးမြှင့်ပေးရေး ဆန္ဒပြမှုများသည် တနှစ်ထက် တနှစ် ပိုမို များပြားလာပြီး ၂၀၀၇-၀၈ ခုနှစ်အတွင်း ၆ ကြိမ်၊ ၂၀၀၈-၀၉ ခုနှစ်တွင် ၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း အထည်ချုပ် လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန် ယူထားသူ ၀န်ကြီး ဦးအောင်သောင်းက ထောက်ပြသည်။
ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် အလုပ်သမား အခွင့်အရေး တောင်းဆို ဆန္ဒပြပွဲများသည် လှိုင်သာယာ စက်မှုဇုန်မှ စတင်ခဲ့ပြီး မကြာမီ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ရွှေပြည်သာ စသည့် မြို့နယ်များရှိ အထည်ချုပ်စက်ရုံ၊ ဖိနပ်ချုပ် စက်ရုံများသို့လည်း ကူးစက်ခဲ့သည်။
စက်ရုံတချို့တွင် လစာ တိုးမြှင့်ရေးနှင့် ပတ်သက်ပြီး အလုပ်ရှင် နှင့် အလုပ်သမားတို့ ညှိနှိုင်းကာ အဆင်ပြေမှု ရရှိခဲ့ကြသည်။
လုပ်ငန်းရှင်များက အလုပ်သမား တချို့ကို ဆန္ဒပြခြင်း ထပ်မံ မပြုလုပ်ရန် ခြိမ်းခြောက်၊ ဖိအားပေးခဲ့ကြောင်း လှိုင်သာယာ စက်မှုဇုန်တွင် အလုပ်လုပ်ကိုင်လျက်ရှိသော အင်ဂျင်နီယာတဦးက ဧရာဝတီသို့ ပြောသည်။
ဤအတောအတွင်း ရွေးကောက်ပွဲ ဥပဒေများ ထွက်ပေါ်လာရာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးတွင် ပါဝင်နိုင်ခြင်း မရှိစေရန် ကန့်သတ်ထားသည့် ဥပဒေများဖြစ်သောကြောင့် အများပြည်သူတို့ ကျေနပ်ကြမည် မဟုတ်ကြောင်း၊ ပြည်သူများ၏ မကျေနပ်ချက်နှင့် အလုပ်သမားများ၏ ဆန္ဒပြမှု တို့ ပူးပေါင်းသွားမည်ကိုလည်း စစ်အစိုးရက စိုးရိမ်နေမည်ဖြစ်ကြောင်း ရန်ကုန်မှ အကဲခတ် တချို့က ပြောသည်။
မြန်မာပြည်သူများသည် စားဝတ်နေရေး ပြေလည်ချိန်တွင် ဆန္ဒပြလေ့ မရှိကြောင်း၊ မြန်မာနိုင်ငံ တ၀န်း ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများမှာ ဆင်းရဲကျပ်တည်းမှုကို အခြေခံ၍ ဖြစ်ပွားခဲ့ခြင်းသာ ဖြစ်ကြောင်း ရန်ကုန်မှ လေ့လာသူတဦးက ဧရာဝတီသို့ ပြောသည်။
Set as favorite
Bookmark
Email this
Hits: 3574
Comments (4)

written by အမည်မသိ, March 14, 2010
ဒါကို ခုတုံး လုပ်ပြီး နောက်ထပ် အနှစ်(၂၀) စစ်အစိုးရက ဆက်လက် အုပ်ချုပ်နေဦးမှာတော့ မြင်ယောင် မိပါသေးတယ်။
written by Dr Hlaing Myint, March 14, 2010
အထည်ချုပ် လုပ်ငန်းရှင်တွေဟာ....(တစ် ) လုပ်ငန်းကန်ထရိုက်ရဘို့ ..လတ်ထိုး ရပါတယ် ။.( နစ်) လူကြိးတွေ ပိုင်တဲ့ စက်ရုံကြိးတွေကို လခ ဈေးကြိးကြိး ပေး၎ားကြရပါတယ် ။ ( သုံး ) လုပ်ငန်း ကန်ထရိုက် တခု ပြိးရင်..ဥပမာ.လုပ်အားခ. .ဒေါ်လာ ( နစ် ) သန်းဘိုး ပြိးရင်... ကုန်သွယ်ရေး ဘဏ်က..စာရွက်ဘဲ ထုတ်ပေးပါတယ် ။ ဒီစာရွက် ကို..သိမ်ဖြူလမ်းနဲ့  ကုန်သည်လမ်း ဒေါင့်...FEC ငေါလှဲတဲ့ စင်တာမှာ ငွေ သွားထုတ်ရပါတယ် ။
ကောင်တာ ၂၀ လောက်မှာ.. သုံးခုကို.. ဗိုလ်မောင်အေး နဲ ဗိုလ့် သန်းရွှေ တို့ ပိုင်ပါတယ် ။ အထညိချုပ် လုပ်ငန်းရှင်တွေဟာ ဒီ သုံးခုမှာဘဲ လဲလှယ်ခွင့် ရှိပါတယ် ။
FEC ပထမ တစ်သန်းကို....ကာလ ပေါက်ဈေးနဲ့ လဲလှယ်ပေးပါတယ် ။ ( တစ် FEC ကို...၁၀၅၀ -ကျပ် ) ခန့်  ပေးပါတယ် ။
ဒုတိယ..FEC တစ်သန်းကို. ...အကောက်ခွန်ဌာနရဲ့  လဲလှယ် နုံးထား ဖြစ်တဲ့  ( ၄၅၀ -ကျပ် ) နဲ့ ဘဲ လဲလှယ်ပေးပါတယ် ။
အဲဒီ ဒိုင်က..FEC တစ်ဒေါ်လာကို. .၆၀၀-ကျပ် အသားလွတ် ရိပ်ထဲ့ လိုက်ပါတယ် ။ စုစုပေါင်း တစ်သန်း ကို.. .၆၀၀+ ၁၀၀, ၀၀၀၀ = ကျပ်. .သန်း ၆၀၀ ရိပ်လိုက်တာပါ ။ ( ဒေါ်လာနဲ့ ဆို..ဒေါ်လာ ခြောက်သိန်း အသားလွတ် ရိပ်လိုက်တာပါဘဲ ။
တနစ်ကို အထည်ချုပ် လုပ်ငန်းတွေကနေ.. လုပ်အားခ.. ဒေါ်လာ- သန်း ၄၀၀ လောက် ရတော့...ပထမ သန်း ၂၀၀ ကို ပေါက်ဈေးနဲ့ ပေးတယ် ။ နောက် သန်း ၂၀၀ ထဲက..( ၂၀၀ + ၀.၆ = ၁၂၀ သန်း ) ဒေါ်လာ သန်း၁၂၀ လောက်ကို... မျိုးချစ် အော်နေတဲ့ ..အမျိုးသား နိင်ငံရေး အော်နေတဲ့ .. ဗိုလ်သန်းရွှေတို့က ၀ိုက်လိုက် တာပါဘဲ ။
ကျနောို့ြ ပည်ပ အင်အား စုတွေက... သက်ဆိုင်ရာ နိင်ငံ အစိုးရတွေကို...ဒီလိုဖြတ်စားထားတာ ကိုစုံစမ်းပြိး.. .ဖြတ်စား ခံနေရရင် .. ကုန်တင်သွင်းခွင့် တားမြစ်ထားဘို့ ရယ် ... ကျွှန်လုပ်ခ သာပေးတဲ့ ကုန်ပစ္စည်း တွေ ကို..ကွှန်စံနစ် အားပေးရာ မရောက်အောင်..တားမြစ်ဘို့ ကို လက်မှတ် ရေးထိုး တောင်းဆို ရပါမယ် ။
လှီုင်မြင့်

Write comment
| < Prev | Next > |
|---|