အဆိုပါ သတင်းသည် ရွေးကောက်ပွဲဥပဒေများ ထွက်ရှိပြီးနောက် တဆက်တည်း ထွက်ပေါ်လာခြင်းဖြစ်သည်။
၎င်းပြင် ပြီးခဲ့သည့် တပတ်အတွင်းက ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဝန်ကြီးများ အရပ်ဘက်သို့ ပြောင်းရန် ပြင်ဆင်သည့် အနေဖြင့် ကား၊ အိမ်ရာ စသည့် နိုင်ငံပိုင်ပစ္စည်းများကို ပြန်လည် လွှဲပြောင်းပေးလိုက်ကြောင်းလည်း ကြားသိရသည်။
စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများအရ နိုင်ငံရေးပါတီဝင်များသည် နိုင်ငံပိုင်ပစ္စည်းများကို သုံးစွဲခွင့် မရှိပေ။ ထို့ပြင် နိုင်ငံရေးပါတီ များသည် မတ်လ ၈ ရက်နေ့မှစ၍ ရက် ၆၀ အတွင်း မှတ်ပုံတင်ကြရမည်ဟု အဆိုပါ ဥပဒေက ဆိုထားသည်။အနည်းဆုံး ဝန်ကြီး ၁၈ ဦးခန့်သည် လက်ရှိရာထူးကိုစွန့်ပြီး နအဖ ကျောထောက်နောက်ခံ ပေးထားသည့် ကြံ့ဖွံ့ပါတီသို့ ဝင်ကြမည်ဟု ကြားသိထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောကြားသည်။
ပြည်တွင်းအခြေစိုက် သတင်းအယ်ဒီတာ တဦးကမူ ကြံ့ဖွံ့အနေနှင့် ပါတီထောင်ဖွယ်ရှိကြောင်း၊ ၎င်းပါတီကို ကြံ့ဖွံ့၏ ကျောထောက် နောက်ခံပြုမည် ဖြစ်သော်လည်း ကြံ့ဖွံ့အမည်ကို ပါတီအမည်အဖြစ် အသုံးပြုဖွယ်မရှိကြောင်း ပြောသည်။
ယနေ့ ဆက်သွယ်မေးမြန်းမှုများအရ ရန်ကုန်ရှိ ရန်ကင်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ စသည့်မြို့နယ်များနှင့် ပဲခူးတိုင်းရှိ မြို့နယ်များတွင် ကြံ့ဖွံ့ အစည်းအဝေးများ ပြုလုပ်ကြသည်ဟု သိရသည်။ အစည်းအဝေးများ ဆိုင်ရာ ဆွေးနွေး ညွှန်ကြား ချက်များကိုမူ စုံစမ်းအတည်ပြု၍ မရနိုင်သေးပေ။
၂၀၀၂ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ကြံ့ဖွံ့သည် နိုင်ငံရေးစင်မြင့်တွင် တခြားအဖွဲ့များနှင့် ယှဉ်ပြိုင် နိုင်ရမည်ဟူ၍ လည်းကောင်း၊ ၂၀၀၃ ခုနှစ်တွင် မွန်ပြည်နယ် ကြံ့ဖွံ့အတွင်းရေးမှူးက ၎င်းအသင်းကို တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲရန် အသင့်ရှိသည် ဟူ၍လည်းကောင်း၊ ၂၀၀၅ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတခု၌ ကြံ့ဖွံ့အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးက အဆိုပါ အသင်းကို နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းကောင်း ဖွဲ့စည်းနိုင်သည်ဟူ၍ လည်းကောင်း ပြောခဲ့ကြဖူးသည်။
၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက်တွင် ကြံ့ခိုင်ရေးအသင်းဟူ၍ ဖွဲ့ခဲ့ဖူးသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပါတီ အာဏာရှင်စနစ် ကျင့်သုံးပြီးနောက် ဗိုလ်ချုပ်နေဝင်း အစိုးရသည် နိုင်ငံရေး အဖွဲ့အစည်း တခုအဖြစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ကို ဖွဲ့စည်းခဲ့သည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နဝတ စစ်အစိုးရသည် လွှတ်တော်တွင် အမတ်နေရာ ရရှိရေးအတွက် မဆလ ပါတီ လူဟောင်းများကို အသုံးပြုကာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) အမည်ဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့ဖူးသည်။
ကြံ့ဖွံ့သည် ၁၉၉၃ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၌ လူမှုရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခဲ့ပြီး စတင်ဖွဲ့စည်းစဉ်က နိုင်ငံရေးနှင့် မပတ်သက်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် နအဖ၏ နိုင်ငံရေးမူဝါဒများကို အကောင်အထည် ဖော်လာခဲ့ကြောင်း တွေ့ရသည်။
Set as favorite
Bookmark
Email this
Hits: 5186
Comments (9)

written by THEIN, March 14, 2010
if they know abhidhama tayar , will never setup this party. Because they don't afraid of the hell. They rare not the real Buddhism. They are fully covered with ahwaikzar.
written by Ko J J, March 12, 2010
ကြံ့ဖွတ်က လူတွေ စစ်သားဘဝ ကနေ လူဝတ်လဲ တိုက်ပုံ ပုဆိုး ပြောင်းဝတ်ပေမဲ့ ဆောင်းထားတဲ့ ဦးထုပ်(စစ်ဦးထုပ်)
က ချွတ်လို့ မရပါဘူး...လူထုက အသံ ကြားရင်ဘဲ အော့နှလုံး နာလှပါပြီ...
က ချွတ်လို့ မရပါဘူး...လူထုက အသံ ကြားရင်ဘဲ အော့နှလုံး နာလှပါပြီ...
written by မျိုးလွင်, March 12, 2010
ရွေးကောက်ပွဲ ဆိုတာ လူကြားေ ကာင်းအောင် အော်တာ လောက်ပါပဲ့၊ နောက်ဆုံးမှာတော့ သူ့လူတွေကို အာဏာ လက်ဆင့်ကမ်းဖို့ အကွက် ကျကျ စီမံထားပြီးသား ဗိုလ်နေဝင်း လုပ်တဲ့ အကွက်တိုင်း ပါပဲ့၊ ဗိုလ်နေဝင်း လုပ်ကွက်ကို အတုခိုးရင် ဗိုလ်နေဝင်း လိုပဲ့ တနေ့ကျရင် ကိုယ်ခံရမယ့် အလှည့် ရောက်လာအုံးမှာကိုစဉ်း စားမိရဲ့လား မသိဘူး။
written by Myint, March 11, 2010
ဟုတ်ပါ့ဗျား။ ၀န်ကြီးတွေ အပတ်စဉ်/ လစဉ် သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေကို သွားပြီး စည်းရုံးရေး ဆင်းနေရတာ ကြာပေါ့ဗျာ။ ၂၀၀၉ ကထဲကပါ။
written by titan, March 11, 2010
do u think u can get it?your time was over.now the time is not for you.but there is one for you all.that is ......HELL...because you all are the ones who killed our monks.
written by zaw min, March 11, 2010
ပါတီ ထောင်လဲ လူထုက ထောက် ခံမှာလား။ ဖဲ ကို ဘယ် ကစား မလဲ မသိဘူး။ ဖဲ လိမ်တာ လွယ်ပေမယ့် မဲ လိမ် တာ တော့ ပိရိဖို့ လိုမယ်နော်။ သာကူး တွေတော့ မြင်ယောင်သေး။ အော် နိုင်ငံရေး နိုင်ငံရေး တိုင်းပြည် တိုးတက်ဖို့ တော့ တော်တော် ဝေးသေးတယ်။ နိုင်ငံမှာ အရင်း အမြစ်တွေ ရှိပေမယ့် အိတ်ထဲပဲ ထည့်နေတော့ ပြည်သူက ဆင်းရဲတာပါ။ နောင် တက်မည့် အစိုးရလည်း မထင်( ကောင်းမည် မထင်) သူလည်း လေ လောကီသား ပေမို့
Write comment
| < Prev | Next > |
|---|








