ဒုတိယအကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းလည်း တရုတ်တာဝန်ယူ

E-mail Print
စစ်အစိုးရက ရှမ်းပြည်နယ် သံလွင်မြစ် အထက်ပိုင်း ကွမ်းလုံဒေသတွင် တရုတ်နိုင်ငံနှင့် ဒုတိယအကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်း တခု တည်ဆောက်ရန် သဘောတူ စာချုပ် ချုပ်ဆိုလိုက်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါ စာချုပ်ကို စစ်အစိုးရ အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန နှင့် တရုတ်နိုင်ငံ Hanergy Holding Group Ltd နှင့် Goldwater Resources Ltd တို့ နေပြည်တော်တွင် ချုပ်ဆိုခြင်းဖြစ်သည်ဟု မြန်မာ့အလင်း သတင်းစာတွင်ပါရှိသည်။

ယခုစီမံကိန်းသည် လျှပ်စစ်ဓာတ်အား ၂၄၀၀ ကီလိုဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံအတွက် သံလွင်မြစ်ပေါ်တွင် တည် ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းဖြစ်သည်။

ပထမစီမံကိန်းမှာ တာဆန်းရေကာတာစီမံကိန်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြုပ်နှံမှု ပြုလုပ် ထားသည်။ လျှပ်စစ်ဓာတ်အား ၇၁၀၀ ကီလိုဝပ် ထုတ်လုပ်နိုင်မည်ဟု သိရသည်။

အထက်သံလွင် (ကွမ်းလုံ)စီမံကိန်းနှင့် ပတ်သက်၍ မည်မျှရင်းနှီးမြုပ်နှံမှု ပြုလုပ်မည်ဟု ဖော်ပြမထားပေ။

အထက်သံလွင်(ကွမ်းလုံ)ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်မည့်နေရာသည် သိန္နီ နယ်နှင့် ကိုးကန့်ဒေသ ချင်းရွှေ ဟော်မြို့နားတွင်ရှိသည်။

တရုတ်နိုင်ငံနှင့် သဘောတူစာချုပ်ချုပ်ဆိုလိုက်ခြင်းသည် နယ်ခြားစောင့် တပ်ပြောင်းလဲဖွဲ့စည်းရေးအတွက် စစ်အစိုးရ ကိုယ်စား လှယ် စစ်ဖက်ဆိုင်ရာလုံခြုံရေး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ဥက္ကဋ္ဌ ဦးပေါက်ယူချန်းတို့ တန့်ယန်း မြို့တွင် ဆွေးနွေးနေသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

ထိုသို့ပြုလုပ်ခြင်းမှာတိုင်းရင်းသား အပစ်ရပ်လက်နက်ကိုင် အဖွဲ့များအပေါ်တွင် သွယ်ဝိုက်သောနည်းဖြင့် ဖိအားပေးလိုက်ခြင်းဖြစ် သည်ဟု သျှမ်းသံတော်ဆင့်သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်ကပြောသည်။

“အခုလို ဆွေးနွေးနေချိန်မှာ တရုတ်နဲ့ ရေအားလျှပ်စစ်ထုတ်ဖို့ကို သတင်းစာမှာ အကြီးအကျယ်ဖော်ပြတာဟာ တိုင်းရင်းသားလက် နက်ကိုင်တွေအပေါ်မှာ ဖိအားပေးလိုက်တာတခုပဲ”ဟု ၎င်းကဆိုသည်။

နှစ်နိုင်ငံနယ်စပ်တွင် အဆိုပါစီမံကိန်း ပြုလုပ်ရန်အတွက် သဘောတူညီချက်ရရှိထားသည်မှာ ကြာမြင့်ပြီ ဖြစ်ကြောင်း၊ ယခုအချိန်မှ လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိအားပေးရန် တရုတ်နိုင်ငံနှင့် ရင်းနှီးမှုကို ပြသခြင်းဖြစ်ကြောင်း ဦးစိန်ကြည်ကဆိုသည်။

စစ်အစိုးရ ကိုယ်စားလှယ်နှင့် UWSA ဥက္ကဋ္ဌတို့ ဆွေးနွေးပွဲတွင် တရုတ်စစ်ဖက်အရာရှိ ၃ဦးပါဝင်ကြောင်း သိရသည်။

မကြာသေးမီရက်ပိုင်းအတွင်းကလည်း တရုတ်မြန်မာနယ်စပ်ရှိ ၀ပြည်နယ်နှင့် မိုင်းလားဒေသတို့ရှိ နမ့်ခါမြစ်နှင့် နမ့်လွေမြစ်တို့တွင် ရေအားလျှပ်စစ်စီမံကိန်းများကို ဆောက်လုပ်ရန်အတွက် ယူနန်ဓာတ်အားဖြန့်ဖြူးရေး ကော်ပိုရေးရှင်း နှင့် ပြည်နယ်ဖွံဖြိုးရေးနှင့် ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း(SDIC) တို့ စစ်အစိုးရနှင့် သဘောတူညီချက်ရရှိထားကြောင်း တရုတ်နိုင်ငံရှိ ဆိုဟု အင်တာနက် သတင်း စာမျက်နှာတွင် ဖော်ပြထားသည်။
Comments (3)Add Comment
0
ရင်ထဲက
written by ဒေါင်းတမာန်, February 27, 2010
ဘာပြောရမှ န်းတောင် မသိတော့ဘူး .. .ရင်လေးတယ်။
0
Our Strength is in Ours
written by min naing, February 27, 2010
Our leader always tell us not to rely on other ( China is not other ) do not rely on foreign countries ( China is an exception ) do not rely on foreigners they will suck your blood ( Chinese is excluded ) we have to exclude China & Chinese as foreigners.
0
လုပ်ချင်တာလုပ်အဟုတ ဖြစ်ရမည်
written by မျိုးချစ်, February 26, 2010
ကောင်းပါပေတယ် မောင်မင်းကြီးသားတို့ရယ်။
နိုင်ငံတစ် ခုလုံးနဲ့ချီ မပြောပါဘူး။ အဓိကမြိြု့ ကီးတွေ ကိုတောင် မီးရောင် မပြနိုင်ပေမယ့် ဘရုတ်ကြီးေ တွကိုတော့ ကုန်းနေအောင် ဖားနေရတယ်။ စိန်မျောက်ေ မျာက်တွေကိုလည်း ထင်ထင်ရှားရှားဖားဖို့ ဘာတွေကြံစ ည်ထား သေးလဲ မသိဘူး။ အချိန်လေးရှိတုန်း လုပ်ထားပေါ့လေ။ အသက်တစ်ရာ မနေရလို့ပဲတော် တော့တယ်။ မဟုတ်ရင် ဒီဘရုတ် လက်အောက်ခံ ရွှေဘဘတို့များ မြန်မာပြည်ကို မြေမှုန့်တောင် မကျန် ပြောင်းဆန်အောင် လုပ်သွား မလား မသိဘူး။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်