အမေရိကန်သံရုံး ယာယီတာဝန်ခံနှင့် NLDဗဟိုကော်မတီ တွေ့

E-mail Print
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး ယာယီ တာဝန်ခံက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုကော်မတီ အဖွဲ့ (CEC) ၀င်များနှင့် တွေ့ဆုံ၍ ၂၀၁၀ ရွေးကောက်ပွဲ အပေါ် NLD ၏ သဘောထား၊ နိုင်ငံရေး အမြင်များကို မေးမြန်းကြောင်း သိရသည်။

အမေရိကန်သံရုံးမှ သံရုံး ယာယီတာဝန်ခံ မစ္စတာလယ်ရီ ဒင်းဂါးနှင့် နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာတာဝန်ခံ ဂျနီဖာ အေဟိုက်တို့သည် ရွှေဂုံတိုင်ရှိ NLDရုံးချုပ်၌ ယမန်နေ့ နေ့လယ် ၁ နာရီခန့်က CEC အဖွဲ့ဝင်များဖြစ်သော ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်းတို့ နှင့် တွေ့ဆုံခဲ့ကြောင်း NLDကပြောသည်။

NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက “ဗဟို ဦးစီးကော်မတီဖွဲ့တဲ့ကိစ္စ၊ ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စတွေကို မေးတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောထားတယ်၊ ရွေးကောက်ပွဲဝင်ရေး ဆုံးဖြတ်ဖို့ အချိန်မတန်သေးဘူး၊ အဲသလိုပဲ ရွှေဂုံတိုင် ကြေညာစာတမ်းမှာလည်း ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး မဆုံးဖြတ်ရသေးဘူးလို့ ပြောလိုက်ပါတယ်၊ ပြီးတော့ မစ္စတာ ကာ့တ် ကမ်းဘဲလ် လာတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေလာပေးတယ်” ဟု ပြောသည်။

လက်ရှိ NLDအနေဖြင့် ၂၀၀၉ ခုနှစ် ဧပြီလတွင် ထုတ်ဝေသော ရွှေဂုံတိုင်စာတမ်းပါ တောင်းဆိုချက်များ အတိုင်း ရပ်တည် သွားမည်ဟု ဆိုသည်။

ယင်းကြေညာ စာတမ်းတွင် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ဒီမိုကရေစီနှင့် မကိုက်ညီသောအချက် များကို ပြင်ဆင်ပေးရေးနှင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာမှု အောက်တွင် အားလုံး ပါဝင်သော လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး တို့ပါဝင်သည်။

အမေရိကန်တာဝန်ရှိသူများက NLD၏ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ရေး၊ ၂၀၀၈ အခြေခံ ဥပဒေပြန်လည်ပြင်ဆင်ရေးတို့နှင့် ပတ်သက်၍ တစုံတရာ ၀င်ရောက် ပြောကြားမည် မဟုတ်ဟု ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ကြောင်း NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

“ရွေးကောက်ပွဲ မလုပ်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံဆွေးနွေးဖို့ကို သူတို့လိုလားတယ်၊ ဒါကိုလည်း သူတို့ တိုက်တွန်းတယ် ဆိုတာကိုတော့ ပြောတယ်”ဟု ဦးဝင်းတင်က ဆိုသည်။

ရန်ကုန်ရှိ အမေရိကန်သံရုံးက NLDနှင့် တွေ့ဆုံ ဆွေးနွေးမှုများနှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့သော်လည်း တစုံတရာ မှတ်ချက်ပေး ပြောဆိုခဲ့ခြင်း မရှိပေ။

အမေရိကန် အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ NLD အပါအ၀င် အတိုက်အခံ အင်အားစုများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရကို တောင်းဆိုခဲ့သော်လည်း ၂၀၀၈ အခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ရေးနှင့် ပတ်သက်၍ ပြောဆိုခြင်း မရှိကြောင်း သိရသည်။

၂၀၀၉ ခုနှစ် စက်တင်ဘာလက မြန်မာပြည်အပေါ်တွင် ပိတ်ဆို့ အရေးယူမှုနှင့် စေ့စပ်ဆွေးနွေးမှုများကို တပြိုင်တည်း ကျင့်သုံးသွားမည့် အမေရိကန်အစိုးရ၏ မှုဝါဒသစ်ကို ကြေညာခဲ့သည်။

ယင်းကြေညာချက်ထွက်ပေါ်လာပြီးအမေရိကန် အဆင်ြ့မင့်အရာရှိများ၏ ၁၀ စုနှစ် နောက်ပိုင်း ပထမဆုံး ခရီးစဉ်အဖြစ်  နိုဝင်ဘာ လတွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က မြန်မာပြည်သို့ အချက်အလက်ရှာဖွေရန် အတွက် သွားရောက်ခဲ့သည်။

သူ၏ ခရီးစဉ်အတွင်း စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။

၁၉၉၅ ခုနှစ် စက်တင်ဘာလကလည်း နိုင်ငံခြားရေး ၀န်ကြီး မက်ဒလင်း အောဘရိုက်(Madeline Albright) သည် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်တချို့ နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေဆုံခဲ့သည်။
Comments (0)Add Comment

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်