မြန်မာရေတပ် ဦးစီးချုပ် အိန္ဒိယသို့ရောက်

E-mail Print
မြန်မာ ရေတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း အိန္ဒိယနိုင်ငံသို့ စနေနေ့က ရောက်ရှိ လာကြောင်း အိန္ဒိယ နိုင်ငံထုတ် Hindustan Times သတင်းစာတွင် ဖော်ပြထားသည်။

ယခု ခရီးစဉ်တွင် မြန်မာ့ရေတပ် ဦးစီးချုပ်သည် အိန္ဒိယ ကာကွယ်ရေး ၀န်ကြီုး မစ္စတာ အေကေ အန်တိုနီ၊ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒီပက် ကပူးလ်၊ ရေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နီရ်မယ်ဗာမာနှင့် လေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပီကေ ဘာဘိုရာ တို့နှင့် ယနေ့ တွေ့ဆုံ ဆွေးနွေးမည်ဟု သိရသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းသည် အိန္ဒိယနိုင်ငံတွင် ဖေဖော်ဝါရီလ ၂၅ရက်နေ့အထိ နေထိုင်မည်ဟု အဆိုပါ သတင်းစာတွင် ရေးသား ထားသည်။

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြားတွင် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လာနေကြောင်း၊ အိန္ဒိယနိုင် ငံ အနေဖြင့်လည်း  မြန်မာစစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလိုလားကြောင်း အဝေးရောက် ညွန့်ပေါင်း အစိုးရ ပြန်ကြားရေးတာ ၀န်ခံ ဒေါက်တာတင့်ဆွေက ပြောသည်။

“တရုတ်နဲ့ စစ်အစိုးရနီးစပ်သွားမှာ စိုးရိမ်လို့ စစ်အစိုးရဆီကို ဆွေးနွေးပွဲတွေ အမျိုးမျိုးလုပ်ပြီး၊လိုက်လျောမှုတွေပေးနေရတယ်”ဟု ၎င်းကဆိုသည်။

နှစ်နိုင်ငံ နယ်စပ်ဒေသရှိ မဏိပူ၊ ကသည်း၊ နာဂ နှင့်အာသံ ပြည်နယ်များမှ အိန္ဒိယခွဲထွက်သူပုန်များ  မြန်မာနိုင်ငံဘက်ခြမ်းရှိ ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းတို့တွင် ၀င်ရောက် အခြေစိုက်မှုများ ရှိနေသည့်အတွက် မြန်မာစစ်တပ်၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေကြောင်းလည်း ဒေါက်တာတင့်ဆွေက ဝေဖန်ပြောဆိုသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ဒေသတွင်းတွင် တရုတ်နိုင်ငံရေတပ် လှုပ်ရှားမှု တိုးမြှင့်လာခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်နေသည်ဟုလည်း အဆိုပါသတင်း စာတွင် ဖော်ပြထားသည်။

ယခုလအတွင်းကလည်း အိန္ဒိယသမုဒ္ဒရာအတွင်းရှိ နီကိုဘာကျွန်းအနီး  မြန်မာ၊ သြစတြေးလျ၊ ဘင်္ဂလားဒေရှ့်၊ ဘရူနိုင်း၊ အင်ဒိုနီး ရှား၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့်၁၃နိုင်ငံ Milan 2010 စစ်ရေးလေ့ ကျင့်မှုကို အိန္ဒိယနိုင်ငံက ဦးဆောင်ကျင်းပခဲ့သည်။

မြန်မာစစ်အစိုးရအနေဖြင့် တရုတ်နိုင်ငံ၏ ဒေသအတွင်းတွင် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး လွှမ်းမိုးလာမှုနှင့် ပတ်သက်၍ အိန္ဒိယ အစိုးရ၏ စိုးရိမ်မှုအပေါ်တွင် နိုင်ငံရေးမဟာဗျူဟာကျသည့် အခွင့်အရေးတခုဟု ယူဆပြီး တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံ အကြားတွင် အကျိုးအမြတ်ထုတ် နေသည်ဟု ဒေါက်တာတင့်ဆွေက သုံးသပ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကလည်း အိန္ဒိယတပ်မတော် စစ်ဦးစီးများကော်မတီဥက္ကဋ္ဌနှင့် ကြည်းတပ်ဦးစီးချုပ်တို့ နေပြည်တော်သို့ လာရောက်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးတို့နှင့် တွေ့ဆုံခဲ့သည်။


ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး တနိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံသည် ၁၉၈၈ခုနှစ် စစ်အစိုးရအာဏာသိမ်းခဲ့စဉ်က မြန်မာ့ဒီမိုကရေစီ အရေးကို ထောက်ခံခဲ့သော်လည်း ၁၉၉၀ခုနှစ်နောက်ပိုင်း အရှေ့တောင်အာရှ ဒေသတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှု ကြောင့် အရှေ့မျှော် ပေါ်လစီကို ချမှတ်၍ စစ်အစိုးရနှင့် အနီးကပ်ဆက်ဆံခဲ့သည်။

စီးပွားရေးတွင်လည်း အိန္ဒိယနိုင်ငံသည် တရုတ်၊ ထိုင်း၊ စင်္ကာပူနိုင်ငံတို့ ပြီးလျှင် မြန်မာနိုင်ငံ၌ စတုထ္တမြောက် ရင်းနှီးမြှပ်နှံ သည့်နိုင် ငံဖြစ်သည်။
Comments (0)Add Comment

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်