သင်္ကြန် မတိုင်မီ ထွက်လာမည့် “ရောတယ်၊ မွှေတယ်” ဟု အမည် ပေးထားသည့် သူ၏ တေးစီးရီး သစ်တွင် ခေတ်ဟောင်း သံစဉ်များ ပါဝင်မည်ဟု ဆိုသည်။“အရင်ကတော့ ရှိပြီးသားကို သုံးတာပေါ့။ အခုတော့ ကျနော်လည်း သီချင်း ရေးနေတဲ့သူ ဆိုတော့ ၁၉၄၀၊ ၆၀ လောက်က မြန်မာ သံစဉ်ပုံစံ အချိုးမျိုး လေးတွေနဲ့ စမ်းပြီး ရေးကြည့်တာပါ” ဟု သားစိုးက ဧရာဝတီကို ပြောသည်။
“ဒီစီးရီးမှာ မြန်မာသံ စုစုပေါင်း ၆ ပုဒ် ပါမယ်။ စာပေ စိစစ်ရေးက ဘယ်နှစ်ပုဒ် ဖြုတ်မယ် ဆိုတာတော့ မသိသေးဘူး” ဟု သားစိုးက ရှင်းပြသည်။
သူ၏ ပဉ္စမမြောက် စီးရီး “ရောတယ်၊ မွှေတယ်” တွင် ပါဝင်မည့် နတ်ဒိုးသံ၊ ဆိုင်းသံများ အတွက် တူရိယာများကို မသုံးဘဲ ကွန်ပျူတာ အသုံးပြုပြီး ဖန်တီးထားသည်ဟု ဆိုသည်။
ကွန်ပျူတာ နည်းပညာ အကူအညီကို ယူထားရခြင်းမှာ မြန်မာ့ ဆိုင်းဝိုင်းတွင် အနောက်တိုင်း တူရိယာများ တွဲဖက် တီးခတ်ခြင်း မပြုရန် မြန်မာနိုင်ငံ သဘင် အစည်းအရုံးက ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက စတင်ပြီး တားမြစ်ထား သောကြောင့် ဖြစ်သည်ဟု သားစိုးက ပြောသည်။
“ကျနော့် အပေါ် အဲ့ဒီ ပြဿနာ ရောက်လာမှာ စိုးလို့ နတ်ဒိုး အစစ်တွေ၊ ဆိုင်း အစစ်တွေကို မသုံးတော့ဘဲ ကျနော့် ဘာသာ တီးနိုင် သလောက် ပြန်တီး လိုက်တာပါ” ဟု သူက ဆက်ပြောသည်။
“ရောတယ်၊ မွှေတယ်” စီးရီးအတွက် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် ကျောင်းဆင်း လူငယ်များက မြန်မာသံ (မိုနို) တေးသီချင်းများကို ကူညီ သီဆို ပေးထားသည်။
သားစိုးသည် ၂ဝဝဝ ပြည့်နှစ်မှ စတင်ပြီး ဟစ်ပ်ဟော့ပ် တေးဂီတအဖွဲ့ ဖြစ်သည့် သီအိုရီနှင့် အတူ ဂီတ လောကတွင် ခြေချခဲ့သည်။ ၂ဝဝ၆ ခုနှစ်တွင် ထွက်ရှိခဲ့သော ရောသမမွှေ စီးရီးဖြင့် တရှိန်ထိုး အောင်မြင်ခဲ့သူ ဖြစ်သည်။
သားစိုး၏ “မွှေ” စီးရီးများ ဖြစ်သည့် ရောသမမွှေ၊ ရောချင်ရော မရောချင်နေ၊ အမွှေ၊ မွှေလို့မ၀လို့ တို့ကို လူငယ်ပရိသတ် အများအပြား အကြိုက် တွေ့ခဲ့ကြသည်။
ရိုးရာသံစဉ် တေးသီချင်းများကို ခေတ်အကြိုက် ဆန်းသစ် တီထွင်နိုင်ကြောင်း မျိုးဆက်သစ် လူငယ်များ သိစေလို သောကြောင့် “မွှေ” စီးရီးများကို ဖန်တီးနေခြင်း ဖြစ်သည်ဟု ဆိုသည်။
“မြန်မာ သံစဉ်တွေမှာ တခြားနိုင်ငံက သံစဉ်တွေနဲ့ မတူတာတွေ ရှိတယ်၊ အဲ့ဒါကို ချစ်လို့ပါ။ မြန်မာလူမျိုး ဆိုတာ ရှေးနှစ်ပေါင်း ထောင်ချီပြီး တည်တံ့ခဲ့တဲ့ လူမျိုး တမျိုးလေ။ ဒီလူမျိုးရဲ့ ဂီတ အမွေအနှစ်တွေ အများကြီး ရှိတာကို ဂီတ မျိုးဆက်သစ်တွေက မဖော်ထုတ်ဘဲ ဒီအတိုင်း သွားနေရင် ပျောက်ကုန်မှာပါ” ဟု သူက ပြောပြသည်။
သားစိုး၏ ရောသမမွှေ သီချင်းများမှာ မြန်မာ့ဂီတ လောကတွင် အငြင်းပွားဖွယ်ရာ ဖြစ်နေသည်။ ထောက်ခံ နှစ်သက်သူများ ရှိသကဲ့သို့ မွှေသီချင်းများက မြန်မာ့ရိုးရာ ဂီတကို ဖျက်ဆီးနေသည်ဟု ယူဆသူ များလည်း ရှိသည်။
“ကျနော်တို့က ရိုးရာ ပစ္စည်းတွေ၊ ရိုးရာ အနုပညာတွေကို ထိန်းသိမ်း နေတဲ့သူ ဆိုတော့ သူ လုပ်ရက်လို့ လုပ်လိုက်တဲ့ အပေါ် ရုတ်တရက်တော့ ခံစားရပါတယ်။ ဒါပေမယ့် သူတို့ အောင်မြင်သွားတယ် ဆိုတော့လည်း ၀မ်းသာပါတယ်” ဟု ရန်ကုန်မြို့မှ ဆိုင်းပညာရှင် သီရိမောင်မောင်က ဧရာဝတီကို ပြောသည်။
Set as favorite
Bookmark
Email this
Hits: 5426
Comments (15)

written by thiha bar hu, February 20, 2010
he is so proud of himself. nothing can impress him.
written by Ko jimmy, February 19, 2010
ကျနော် ကိုသားစိုး သီချင်တွေကို ကိုယ်တိုင် နားထောင်ပြီး၊ မူရင်းသီချင်းနဲ့ ဆန်းသစ် ထားတဲ့ ကိုသားစိုးရဲ့ “မွှေ ” တွေကို ယှဉ်ပြီး ဖွင့်ပြတော့ မွှေ ထားတဲ့ သီချင်း အရသာက နို်င်ငံခြားသား `“ဟတ် ”ကို ပိုထိစေတာ အမှန်။
written by ကိုဂီတာ, February 19, 2010
မြန်မာသံနဲ့ အနောက် တိုင်း သံ ကို တွဲဖက်ဖို့ လုပ်ကြတာ ကြာမှပဲ။ ဆရာ မြို့မငြိမ်းနဲ့ ကိုထူးအိမ်သင် တို့ရဲ့ အိပ်မက်ပဲ။ မြ၀တီ မင်းကြီး ဦးစတောင် အင်္ဂလိပ် ဘုရား သီချင်းကို မြန်မာသံ လုပ်ခဲ့သေးတာပဲ။ မြန်မာ သံ တွေကို အနောက်တိုင်း တူရိယာတွေနဲ့ တီးခဲ့ကြ တီးနေကြတဲ့ သူတွေလည်း အများကြီးပဲ။ ဘယ်လိုကြီးမှန်း မသိတဲ့ နားထောင်မကောင်းတဲ့ ဟာမျိုးကြီးတွေ။ ပြောရရင် အဲ့ဒီနှစ်ခုက ပေါင်းဖို့ ခက်တယ်ဗျ။
အဲ့ဒီ အများကြီးထဲက ဆရာဦးလှထွဋ်ရဲ့ သီချင်းတွေတော့ ကြိုက်တယ်ဗျာ။ အနောက် တိုင်းသံ တွေကို မြန်မာသီချင်းပုံစံဖြစ်အောင် ဘယ်လို လုပ်လိုက်လည်း မသိပါဘူးဗျာ။ မြန်မာသီချင်း မဟုတ်ဘူး လို့လည်း ပြောလို့မရဘူး၊ အနောက်တိုင်းသံ မဟုတ်ဘူး လို့လည်း ပြောလို့ မရဘူး။ သေချာ လေ့လာ ကြည့်တော့ အတွဲအစပ် သိပ်ကောင်းတာ သတိထားမိတယ်။ အစပ် အဟပ် တည့်တယ် ပေါ့ဗျာ။
အဲ့သလို အတွဲအစပ် ကောင်းကောင်းကို အခု ကိုသားစိုးရဲ့ ဖန်တီးမှုတွေမှာ တွေ့ရတယ်ဗျ။ မြန်မာသံ အဆီ အနှစ်တွေလည်း ပျောက် မသွားဘူး။ အနောက်တိုင်း ဟန်ကြီးလည်း အထင်းသားကြီး။ ကလို့လည်း ရတယ်။ နိုင်ငံတကာ ကိုလည်း ချပြလို့ ရတယ်။ လူငယ် တွေလည်း လက်ခံတယ်။ ပျောက်မလို ဖြစ်နေတဲ့ မြန်မာသံ တွေလည်း ပြန်ကြားရတယ်။ ကဲ မကောင်း ဘူးလားဗျာ။
ဘာပဲ ပြောပြော ကျွန်တော် ကတော့ ကြိုက်တယ်ဗျာ။
အဲ့ဒီ အများကြီးထဲက ဆရာဦးလှထွဋ်ရဲ့ သီချင်းတွေတော့ ကြိုက်တယ်ဗျာ။ အနောက် တိုင်းသံ တွေကို မြန်မာသီချင်းပုံစံဖြစ်အောင် ဘယ်လို လုပ်လိုက်လည်း မသိပါဘူးဗျာ။ မြန်မာသီချင်း မဟုတ်ဘူး လို့လည်း ပြောလို့မရဘူး၊ အနောက်တိုင်းသံ မဟုတ်ဘူး လို့လည်း ပြောလို့ မရဘူး။ သေချာ လေ့လာ ကြည့်တော့ အတွဲအစပ် သိပ်ကောင်းတာ သတိထားမိတယ်။ အစပ် အဟပ် တည့်တယ် ပေါ့ဗျာ။
အဲ့သလို အတွဲအစပ် ကောင်းကောင်းကို အခု ကိုသားစိုးရဲ့ ဖန်တီးမှုတွေမှာ တွေ့ရတယ်ဗျ။ မြန်မာသံ အဆီ အနှစ်တွေလည်း ပျောက် မသွားဘူး။ အနောက်တိုင်း ဟန်ကြီးလည်း အထင်းသားကြီး။ ကလို့လည်း ရတယ်။ နိုင်ငံတကာ ကိုလည်း ချပြလို့ ရတယ်။ လူငယ် တွေလည်း လက်ခံတယ်။ ပျောက်မလို ဖြစ်နေတဲ့ မြန်မာသံ တွေလည်း ပြန်ကြားရတယ်။ ကဲ မကောင်း ဘူးလားဗျာ။
ဘာပဲ ပြောပြော ကျွန်တော် ကတော့ ကြိုက်တယ်ဗျာ။
written by Ko Ko, February 18, 2010
မွှေသာ မွှေ၊ သူများ ခြွေတိုင်း မကြွေနဲ့၊ အဲ မွှေတယ် ဆိုတဲ့ နေရာမှာ ပျစ်ဖို့ ခဲဖို့လည်း အရေး ကြီးတယ်နော့်။ ကျဲရင် စင် ကုန် လိမ့်မယ်။ ဟဲ ဟဲ
written by koko, February 18, 2010
အိုးလေး မလှုပ်ယင် ပီးတာပဲကွာ ၊ ယဉ်ယဉ်လေးနဲ့ လှလို့ ရပါတယ် ဆိုတာ ကိုသားဆိုးရေ ပြလိုက်စမ်းပါဦး
written by ko lim, February 18, 2010
ကိုသားစိုးရဲ့ မြန်မာဂီတ နဲ့ခေတ်ပေါ် ဂီတ ပေါင်းစပ်ပြီး တင်ဆက်တာကို ကြိုက်တယ်ဗျာ
အားပေးေ နပါတယ်
အားပေးေ နပါတယ်
written by yenaing, February 18, 2010
နားထောင်သူ အတွက် ဘာမှ စိတ်ချမ်းသာစရာ မရှိ။ သံစဉ်ကမကျ ဆိုချင်ရာ ဆိုနေတာ။
ရပ်သင့်ပါပြီ။
ရပ်သင့်ပါပြီ။
written by မျိုးလွင်, February 18, 2010
ကောင်းတဲ့ဘက်က မြင်ကြပါခင်ဗျာ၊ ကမ္ဘာ့ အနုပညာ ဟင်းအိုးကြီးထဲက ဟိုးအောက်မှာ နစ်မြှပ် နေတဲ့ မြန်မာ့ဂီတ အသားဖတ် တွေကို ဒီလို မွှေလိုက်မှပဲ့ ယခုခောတ် လူငယ်တွေ မြင်သာ ထင်သာ တန်ဖိုးထားတတ် လာမှာပါ။ ကျွန်နော်တို့ ပန်းချီဘက်မှာ ဆိုရင် Contemporary Art မှာ မြန်မာ့ရိုးရာ ကနုတ်ကို ထည့်ဆွဲသလိုမျိုးပေါ့။ ပန်းချီကားဟာ ခောတ်ပေါ် နည်းစံနစ်တွေနဲ့ နိုင်ငံတကာ ပန်းချီ လောက အလယ်မှာ တင့်တယ်သွား သလိုမျိုး မြန်မာ့ ရိုးရာကနုတ် ဟာလည်း တချိန်က မြန်မာ့ ပန်းချီဟာ ဘယ်လို အတွေးခေါ် ရှိပြီး ဘယ်လို အဆင့် မြင့်တယ် ဆိုတာကို ပြလိုက်တာပဲ့။အနုပညာ ဆိုတာ လွတ်လပ်လေ အရည်သွေး မြင့်မားလေပဲ့၊ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဆန်းသစ် ဖန်တီးရင် ကောင်းတဲ့ အကျိုး ရလဒ် တော့ဖြစ်မှာပဲ့၊ အနုပညာ လောကမှာ တဖက်သတ် အမြင်နဲ့ ဟိုပိတ် ဒီတား လုပ်တာတော့ မကောင်း ပါဘူး။
written by ရာဇာ, February 18, 2010
မွှေစရာ ကုန်သွားရင် နေပြည်တော် သွားပြီး တွေ့တာ တွေ အကုန် လုံး မွှေပြစ်လိုက် စမ်းပါ..သားစိုး ရာ....
written by robert chang, February 18, 2010
I can feel it n like it, carry on guy, whatever it 'll be, coz, it's really a cyber world, shouldn't miss stone age ? Surf a new wave of ocean, stand at summit of virgin mountain, there is no pioneer who recives
criticism n jealous, n said to be fool, fool has freedom n glee, thus normal can't feel it, try to mix with
" Pan Hay Wun " " Taung Taw " etc..., any else to contact me 668 9090 5957. Thanks.
criticism n jealous, n said to be fool, fool has freedom n glee, thus normal can't feel it, try to mix with
" Pan Hay Wun " " Taung Taw " etc..., any else to contact me 668 9090 5957. Thanks.
written by ကိုမွှေ, February 18, 2010
ရိုးရာ ထိန်းသိမ်းတယ် ဆိုတာ စာပေဆိုရင် ပေထက် အက္ခရာ တင်ထားတာ တွေကို ဒီတိုင်း အတုံးလိုက်ကြီး သိမ်းတဲ့ခေတ် မဟုတ်တော့ ဘူးလေ။ ဒစ်ဂျစ်တယ် ဒေတာ ပြောင်းပြီး သိမ်းလာရပြီ။ ဒီရိုးရာ စာပေတွေကိုပဲ မော်ဒန်စာပေ ဆောင်းပါး ၀တ္ထုတွေမှာ ပုံစံတစ်မျိုးနဲ့ ဆန်းသစ်ပြီး အနှစ်သာရကို ယူပြီးသုံးမယ် form ကတော့ ကွာသွားမှာပေါ့။ ဂီတကတော့ အတိုင်းထက် လွန်ပေါ့ ပုံစံ တစ်ခုကနေ တစ်ခုကို သိသိ သာသာ ပြောင်းသွားတော့ inertia သိပ်ကြီးသူတွေ conservative တွေကတော့ လက်ခံဖို့ ခက်နေမှာပဲ။ မွှေချင် သလောက်သာ မွှေ တကယ့် အနှစ် မပျောက်ပဲ (ဂီတ ဆိုတော့ကာ သံစဉ်၊ စာသား ဖွဲ့နွဲ့ပုံ၊ ဆိုပုံ ဆိုဟန် လေယူ လေသိမ်းနှင့် ဂီတနောက်ခံ ခေတ် ကာလ ထင်ဟပ်မှု စသည်) တို့ကို မော်ဒန် electronic beat များနဲ့ လှလှပပ ပေါင်းစပ် နိုင်ပြီး ကောင်းမယ် ဆိုလို့ကတော့..
ကိုသားစိုးရေ မွှေချင် သလောက်သာ မွှေ... တော်ရေ့..။
ကိုသားစိုးရေ မွှေချင် သလောက်သာ မွှေ... တော်ရေ့..။
Write comment
| < Prev | Next > |
|---|







