NLD အဖွဲ့ဝင်၏ သိန်း ၅၀၀ တန် ဆိုင်ကို လေလံတင်မည်

E-mail Print
မန္တလေးမြို့မှ ထင်ရှားသည့် နိုင်ငံရေးသမား ဒေါ်ဝင်းမြမြ၏ သိန်း ၅၀၀ ကျော်တန် ဆိုင်ခန်းကို အာဏာပိုင်တို့က သိမ်းပိုက်ထားပြီး ဗုဒ္ဓဟူးနေ့တွင် လေလံတင် ရောင်းချရန် ပြင်ဆင်နေသဖြင့် ကန့်ကွက် ထားသည်ဟု အစ်ကိုဖြစ်သူ ဦးဘစိုးက ဧရာဝတီကို ပြောသည်။

မန္တလေးဈေးချို မြေညီထပ်ရှိ အဆိုပါ အထည်ဆိုင် လေလံတင်မည့် ကြော်ငြာကို မြို့တော် စည်ပင် သာယာရေး ကော်မတီက ဖေဖော်ဝါရီ ၁၁ ရက်နေ့ထုတ် မန္တလေး သတင်းစာတွင် ထည့်သွင်းခဲ့သည်ဟု ဆိုသည်။

“ဆိုင်းငံ့ ပယ်ဖျက်ပေးဖို့ ကန့်ကွက်စာ တင်တယ်။ ဦးတို့ အတူနေ မောင်နှမတွေက အသက်တွေ ကလည်း ရလာပြီ၊ ဒီဆိုင်ခန်း ကလည်း ပြန်မရသေးတော့ ၀င်ငွေ အခက်အခဲ ရှိတာပေါ့လေ” ဟု ဒေါ်ဝင်းမြမြ၏ အစ်ကို ဦးဘစိုးက ပြောသည်။

အာဏာပိုင်များက  မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ဝင်းမြမြ၏ မိသားစုပိုင် အထည်ဆိုင်ကို ၂၀၀၇ ခုနှစ် ဇွန်လမှ စတင်၍ ချိတ်ပိတ်ခဲ့သည်။ ဆိုင်အတွင်းပိုင်း တနေရာတွင် ၁၈ နှစ်ကြာ ကပ်ထားသည့်  NLD အလံငယ်တခုကို အကြောင်းပြုပြီး ချိတ်ပိတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်ဝင်းမြမြ နှင့် မိသားစုဝင်များမှာ NLD အဖွဲ့ဝင်များ ဖြစ်သည့်အတွက် အာဏာပိုင်တို့က ဆိုင်ခန်း သိမ်းဆည်းပြီး လေလံတင် ရောင်းချလိုခြင်း ဖြစ်နိုင်သည်ဟု ဦးဘစိုးက  သုံးသပ်သည်။

ကန့်ကွက်စာနှင့် ပတ်သက်ပြီး မန္တလေး စည်ပင်ထံမှ တစုံတရာ ပြန်ကြားချက် မရသေးကြောင်း၊ ဆိုင်ခန်း ဆုံးရှုံးမည်ကို စိုးရိမ် ပူပန်နေကြောင်း၊ နိုင်ငံရေး တည်ငြိမ်လာချိန်တွင် ဆိုင်ခန်း ပြန်လည် ရရှိမည်ဟု မျှော်လင့်ထားကြောင်း ဦးဘစိုးက ပြောသည်။

အာဏာပိုင်တို့က ဆိုင်ကို ချိတ်ပိတ်ပြီး မကြာမီတွင် ဒေါ်ဝင်းမြမြကို ထိန်းသိမ်းလိုက်သည်။ ယခုအခါ ဒေါ်ဝင်းမြမြသည် ကချင်ပြည်နယ် ပူတာအိုမြို့ အကျဉ်းထောင်တွင် ထောင်ဒဏ် ၈ နှစ် ကျခံနေရသည်။
Comments (8)Add Comment
0
မလုပ်သင့်တဲ့ အလုပ်ပါ
written by man, February 18, 2010
smilies/sad.gif
ဥပဒေ အထက်မှာ ဘယ်သူမှ မရှိရဆိုတဲ့ စကားလုံး တွေက ဘယ်စာအုပ်ထဲ သွားထားလဲ မသိတော့ဘူး
0
သက်ရောက်မှု တိုင်းမှာ တန်ပြန် သက်ရောက်မှု ရှိပါတယ်
written by Thein Kha, February 18, 2010
ကြားရတာ ၊ ဖတ်ရတာ စိတ်မကောင်းပါ။ မြန်မာ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်သူ အားလုံး ကျမ်းမာပါစေ။ ခိုင်းသူရော လုပ်သူပါ တနေ့  မှာ ပြန်ခံစား ရပါလိမ့်မယ်။ အမှန်တရား ဆိုတာ သိပ်ကြာကြာ မစောင့်ရပါဘူး။

အာဏာရှင်နဲ့  လက်ပါးစေများ ကျဆုံးပါစေ
0
shame on you
written by Kyaw Zwa, February 17, 2010
Regime! why you so oppress on this family. You are not forever. Step back and think again. You will have to pay back one day. We'll wait and see on that day.
0
Than Shwe
written by akko, February 17, 2010
Hey

Than Shwe,,,Do u like to see to freeze ur account in Switzerland?
0
လုပ်ရဲရင်ခံရဲရမယ်နော်
written by ရဲနိုင်, February 17, 2010
အထက်က ခိုင်းလို့ ဆိုတဲ့ ဆင်ခြေတွေနဲ့ မတရားမှု လုပ်နေတဲ့ လူတွေကို ခွင့် မလွတ်သင့်ဘူး
0
မတရား သဖြင့် အရှက် မရှိ လုပ်နေတဲ့ ကိစ္စ
written by ရန်ကင်း, February 16, 2010
ကိုယ်ချင်းစာ တရား ဘယ်လောက် ခေါင်းပါး နေတယ် ဆိုတာ သိသာတယ်။ အင်မတန် မှလဲ အော့နှလုံး နာ စရာ ကောင်းတယ်။ ဒီလို လူစား တွေ က ဒီမိုကရေစီ ဖေါ်ဆောင်ပါမယ် ဆိုတာ ဘယ်လို ယုံကြည် နိုင်စရာ ရှိမလဲ။ ရှက်ဖွယ် လိလိပါ။
0
More than enough
written by Pyichit Myanmar, February 16, 2010
It is more than enough that they treated people in various unbearable ways. With a flag flying inside a shop, does that deserve such crual action?
0
ANGRY!!
written by Zero, February 16, 2010
သြော်..သြော်.. စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ လမ်းစဉ်မှာ ဒီလို လုပ်လို့  ရတယ်လား?
ဗိုလ်ချုပ်မှူးကြီးရှင်.. လမ်းပြ မြေပုံ လမ်းစဉ် အတိုင်း လိုက်နေတာပါလား? smilies/angry.gifsmilies/angry.gif

မန္တလေး လို အရမ်းပူတဲ့ ဒေသ က ဒေါ်ဝင်းဝင်းမြ ကို ပူတာအို လို ရေခဲ တဲ့နေရာ ကိုပို့ တာတောင် တော်တော် ရက်စက်နေပြီ.. အခုလည်း လုံးဝ (လုံးဝ) ကို မတရားတာ လုပ်ပြန်ပြီ.. စိတ် တိုလိုက်တာ...

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်