ယင်း MAI လေကြောင်းလိုင်းကို လွှဲပြောင်းပြီးပါက ကမ္ဘောဇ ဘဏ်လုပ်ငန်းက ၈၀ ရာခိုင်နှုန်းပိုင်ဆိုင်မည်ဖြစ်ပြီး အစိုးရ မြန်မာ့ လေကြောင်းလိုင်း Myanmar Airways က ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ကြောင်း ယနေ့ထုတ် ရန်ကုန်အခြေစိုက် 7 days News ဂျာနယ်တွင် ဖော်ပြထားသည်။

ကမ္ဘောဇ ဘဏ်လုပ်ငန်းပိုင်ဆိုင်သူ ဦးအောင်ကိုဝင်းသည် စစ်အစိုးရ ဒုတိယ ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ရှမ်းပြည် အခြေစိုက် အရှေ့ပိုင်းတိုင်း တိုင်းမှူးဖြစ်စဉ်က ၎င်း၏ သမီးဖြစ်သူ ဒေါ် နန္ဒာအေး နှင့် ရင်နှီးခဲ့သူဖြစ်ကြောင်း၊ ဦးအောင်ကိုဝင်းသည် ဘဏ်လုပ်ငန်း မလုပ်ကိုင်မီ ကျောင်းဆရာ အလုပ်ကို လုပ်ဖူးသူဖြစ်ကြောင်း နီးစပ်သူများ၏ အဆိုအရ သိရသည်။
ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တိုင်းမှူးဘ၀တွင် ဦးအောင်ကိုဝင်းသည် တိုင်းစစ်ဌာနချုပ်ရုံးသို့ ထောက်ပံ့ရေး ပစ္စည်းများ တင်သွင်း ခွင့်ရခဲ့ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင်ကြီး တဦးဖြစ်လာသည်ဟုလည်း ဆိုကြသည်။
ဦးအောင်ကိုဝင်းမှာ ကမ္ဘောဇ ဘဏ်လုပ်ငန်းအပြင် ကမ္ဘောဇ FC အမည်ရှိ ဘောလုံး အသင်းတသင်းကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ဆရာကျောင်းဟု လူသိများသော ဦးအောင်ကိုဝင်းသည် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ထားသူများ စာရင်းတွင် ထည့်သွင်း ခံထားရသူ တဦးလည်း ဖြစ်သည်။
ယင်း MAI လေကြောင်းလိုင်း လွှဲပြောင်းရေးနှင့်ပတ်သက်ပြီး ဧရာဝတီက ကမ္ဘောဇ ဘဏ်လုပ်ငန်းသို့ ဆက်သွယ်မေးမြန်းရာတွင် ပြန်လည် ဖြေကြားခြင်းမပြုပေ။
အဆိုပါ အစိုးရ ပို့ဆောင်ရေးဝန်ကြီး ဌာနနှင့် မြန်မာ့လေကြောင်းတို့ ဖက်စပ် ပြုလုပ်ထားသော MAI လေကြောင်းလိုင်းသည် လက်ရှိတွင် ရန်ကုန်မြို့မှ ထိုင်း နိုင်ငံဘန်ကောက်မြို့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ စင်္ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ တို့သို့ ပျံသန်းပြေးဆွဲလျက်ရှိကြောင်းသိရသည်။

written by ကောင်းပါတယ်, February 14, 2010
written by Phoe La Min, February 04, 2010
That's what we want and wht we need.
That's fair enough, if you can't do it just let other person to do it better.
written by Wunna Htun, February 04, 2010
written by လင်းလင်း, February 03, 2010
written by မျိုးလွင်, February 03, 2010
| < Prev | Next > |
|---|







