စစ်အစိုးရနှင့် KIO နယ်ခြားစောင့် တပ်အတွက် သဘောတူညီမှု မရသေး

E-mail Print
စစ်အစိုးရ တာဝန်ရှိသူများနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ခေါင်းဆောင် တချို့တချို့တို့ မြစ်ကြီးနား မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ ကြသော်လည်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ် သဘောတူညီမှု တစုံတရာ မရသေးကြောင်း သိရသည်။

စစ်အစိုးရ ဘက်မှ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် ဦးဆောင်ပြီး ကချင် ခေါင်းဆောင် ကိုယ်စားလှယ် ၈ ဦးခန့်နှင့် ဇန်နဝါရီ ၂၉ ရက်နေ့တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ယခု တွေ့ဆုံမှုသည် ၂၀၁၀ ပြည့်နှစ်အတွင်း ပထမဦးဆုံး အကြိမ်ဖြစ်သည်။ ၂၀၀၉ ခုနှစ်အတွင်း စစ်အစိုးရ နှင့် KIO ကြား ၁၀ ကြိမ်ခန့် တွေ့ဆုံခဲ့ကြသည်။   

KIO အဖွဲ့ နှင့် နီးစပ်သူတဦးက “နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စနဲ့ အရင် တင်ပြထားတဲ့ ပင်လုံစာချုပ် သဘော တူညီချက်အတိုင်း တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

KIO ခေါင်းဆောင်များက တင်ပြဆွေးနွေးမှုများ ရှိသော်လည်း စစ်အစိုးရဘက်က တစုံတရာ တုံ့ပြန်မှုများမရှိကြောင်း၊ ဒုတိယ အကြိမ် ထပ်မံ တွေ့ဆုံရန်သာ ပြောဆိုခဲ့ကြောင်း သူက ဆိုသည်။

စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ကုန် နောက်ဆုံးထားပြီး အကြောင်းပြန်ရန် သတိပေးထားသော်လည်း လက်ရှိအခြေအနေတွင် အချိန်ကာလ ထပ်မံတိုးချဲ့ သတ်မှတ်ခဲ့သည်။

KIO ၏ လက်ရှိ သဘောထားမှာ နိုင်ငံရေး အခက်အခဲ ပြဿနာများကို ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် သဘောတူညီချက်အတိုင်း ဖြေရှင်းရန်သာ လိုအပ်သည်ဟု စစ်အစိုးရထံ တင်ပြထားကြောင်း သိရသည်။

“ပင်လုံစာချုပ်အတိုင်း ကျနော်တို့ရဲ့ အခွင့်အရေးကို ပြင်ပေးပါ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ မပြောနဲ့ ပြည်လုံးကျွတ် ကျနော်တို့ အားလုံး လက်နက် မကိုင်တော့ပါဘူး။ ဒါကို သူတို့ လက်မခံနိုင်ဘူး” ဟု မတွေ့ဆုံမီ ၂ ရက်ခန့် အလိုက KIO မှ ဒုတိယ နိုင်ငံခြားရေး တာဝန်ခံ James Lumdau က ဧရာဝတီသို့ ရှင်းပြခဲ့သည်။

ရှမ်းပြည်နယ် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း အစရှိသော တိုင်းရင်းသား ခေါင်းဆောင်များက တိုင်းရင်းသား ပေါင်းစုံ သွေးစည်း ညီညွတ်ရေးကို အခြေခံထားသော တိုင်းရင်းသားလူမျိုးများ တန်းတူ အခွင့်အရေးကို အာမခံသည့် ပင်လုံစာချုပ်တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။

စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့ သည်။ ယခုအချိန်အထိ ကချင်ပြည်သစ် တပ်မတော် (NDA-K) ၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲခဲ့သည်။

ထို့အပြင် အင်အား အကြီးဆုံးဖြစ်သည့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ (UWSA) က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို မူအားဖြင့် သဘောတူညီသော်လည်း တပ်ဖွဲ့စည်းလျှင် စစ်အစိုးရဘက်မှ ဒုတိယတပ်ရင်းမှူး ရာထူးတခုသာ ပါဝင်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ရှမ်းပြည် တောင်ပိုင်းရှိ ၀မ်ဟုန်ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုအဖြစ်သတ်မှတ်ပေးရန် ပြန်လည် တောင်းဆိုကြောင်း စသည့် ကမ်းလှမ်းမှုများကို စစ်အစိုးရက ပယ်ချခဲ့သည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။
Comments (0)Add Comment

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်