လူကုန်ကူးသည့် အဖွဲ့အချင်းချင်း ပြဿနာ ဖြစ်ရာမှ ယင်း သေဆုံးမှုများ ပေါ်ပေါက် လာသည်ဟု ယူဆနိုင်သကဲ့သို့ ဒေသခံ လုံခြုံရေး တပ်ဖွဲ့များ၏ လက်ချက်လည်း ဖြစ်နိုင်သည်ဟု ယူဆမှုများ ထွက်ပေါ်နေကြောင်း ယမန်နေ့က Manager Online အင်တာနက် သတင်း တပုဒ်တွင် ထိုင်းဘာသာဖြင့် ရေးသားထားသည်။
အမှုနှင့် ပတ်သက်ပြီး ဖုတ်ဖရမြို့ရှိ ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ တရားခံကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း၊ အမှုကို ဆက်လက် စုံစမ်း စစ်ဆေး နေကြောင်း ဒု ဗိုလ်မှူးကြီး အဆင့် အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
သေဆုံးသူများသည် ကရင် တိုင်းရင်းသားများ ဖြစ်သည်ဟု ယူဆရကြောင်း၊ ယခု ရက်ပိုင်းအတွင်း မဲဆောက်မြို့နှင့် ဖုတ်ဖရမြို့ကြားတွင် နေရာခွဲ၍ တွေ့ရသော ထိုရုပ်အလောင်းများကို ဒေသခံ ဆေးရုံများသို့ ပို့ဆောင် ထားကြောင်း ထိုင်း သတင်းများတွင် ဖော်ပြထားသည်။
မဲဆောက်မြို့တွင် စက်ရုံပေါင်း (၃၀၀) နီးပါးခန့် ရှိပြီး မြန်မာ အလုပ်သမား သိန်းနှင့်ချီ နေထိုင်လျက် ရှိကြောင်း အလုပ်သမား အရေး ဆောင်ရွက် နေသော အဖွဲ့အစည်းများက ခန့်မှန်းကြသည်။
ဖုတ်ဖရ မြို့သည် မြန်မာပြည်သားများ ဘန်ကောက် မြို့တော်သို့ လျှို့ဝှက် သွားရောက်သည့် လမ်းကြောင်း တခုပေါ်တွင် တည်ရှိသည်။
ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ သတ်ဖြတ်ခံရ မှုများကို မကြာခဏ ကြားသိရသည်ဟု ထိုင်းအခြေစိုက် ရောင်ခြည်ဦး အလုပ်သမား အဖွဲ့မှ တာဝန်ခံ ကိုမျိုးဇော်က ဧရာဝတီသို့ ပြောသည်။ ထိုအမှုများကို စုံစမ်း စစ်ဆေးပေးရန် မြန်မာ စစ်အစိုးရ တွင်လည်း တာဝန်ရှိသည်ဟု သူက ဆိုသည်။
Set as favorite
Bookmark
Email this
Hits: 4742
Comments (0)

Write comment
| < Prev | Next > |
|---|







