မြန်မာနှင့် တရုတ် နိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၉၀ ၌ လူ့အခွင့်အရေး ကာကွယ်ရေး လုပ်ဆောင်နေသူများကို အာဏာပိုင်များ၏ ဖမ်းဆီး ထောင်ချမှု၊ နှိပ်ကွပ်မှုများ တိုးများလာနေကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
HRW အဖွဲ့ ညွန်ကြားရေးမှူး Kenneth Roth Wrote က အစိုးရများသည် မူမမှန်သော ဖိနိုပ်ချုပ်ချယ်မှုများဖြင့် နိုင်ငံတွင်း လူ့ အခွင့်အရေး လှုပ်ရှားနေသူများကို တိုက်ခိုက်နေကြောင်း ဝေဖန်ပြောဆိုသည်။
“လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ အနှောင့်အယှက် အထိန်းအသိမ်းခံရတယ်၊ တချို့အသတ်တောင် ခံနေရတယ်”ဟုလည်း ၎င်းက Reuters သတင်းတွင် ပြောဆိုထားသည်။
လူ့အခွင့်အရေး ကာကွယ်နေသူများသည် ရုရှား၊သီရိလကာင်္၊ ကင်ညာ၊ ဘူရွန်ဒီနှင့် အာဖဂနစ္စတန်တို့တွင် သတ်ဖြတ်မှုများ ခံနေရ ပြီး ဆူဒန်၊တရုတ်ပြည်၊ အီရန် ၊ ဥုစဘက် ကစ္စတန်၊ ကိုလံဘီယာ၊ဗင်နီဇွဲလားနှင့် နိုင်ဂျီးရီးယားနိုင်ငံများတွင်လည်း နှောင့်ယှက် ထိန်းသိမ်းမှုများခံနေရသည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍လည်း စစ်အစိုးရက ယခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဆိုသော် လည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထားရှိမှု၊ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ကို ဖမ်းဆီးထားမှု၊ တိုင်းရင်း သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှု၊ ကလေးစစ်သားများ အဓမ္မစုဆောင်းနေမှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုများကို ပြုလုပ်နေသည်ဟုလည်း HRW အစီရင်ခံစာက ဝေဖန်ထားသည်။
ထိုသို့လူ့အခွင့်အရေးချိုးဖောက်မှုများတွင် နိုင်ငံတကာအစိုးရများလည်း ပါဝင်နေကြောင်း၊မြန်မာစစ်အစိုးရနှင့် တခြားသော အစိုးရ များ လူ့အခွင့်အရေး ချိုးဖောက်နေမှုကို တရုတ်၊ ရုရှားစသည့်နိုင်ငံများက အားပေးထောက်ခံမှုများ ပြုလုပ်နေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP) တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးဘိုကြည်ကပြော သည်။
“ကုလသမဂ္ဂအဖွဲ့ကြီးက လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ဆောင်ရွက်မှုတွေ အားနည်းတယ်၊ ပြင်ဆင်သင့်တာတွေကိုပြင်ဆင်ရမယ်” ဟု ၎င်းက ဆိုသည်။
စစ်အစိုးရက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲပြုလုပ်ပေးမည်ဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထိန်းသိမ်းထားပြီး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားဒေသများတွင်လည်း စစ်ဆင်မှုများကို ပြုလုပ်နေကြောင်းလည်း ဦးဘိုကြည်က ပြောဆိုသည်။
ယနေ့ခေတ်ကမ္ဘာကြီးတွင် လူ့အခွင့်အရေးအား အပြည့်အ၀လိုက်နာကျင့်သုံးသည့်နိုင်ငံ မရှိသေးကြောင်း၊ နိုင်ငံအတော်များများ သည်မိမိနိုင်ငံ၏ ကိုယ်ကျိုးစီးပွားအတွက် လည်းကောင်း၊ နိုင်ငံခြားရေးမှုဝါဒများကြောင့် လည်းကောင်း၊ လူ့အခွင့်အရေးချိုးဖောက် နေသည့် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ စစ်အစိုးရမှ လွတ်လပ်သည့် ရွေးကောက်ပွဲကျင်းပမည်ဟု ပြော နေသော် လည်း လူ့အခွင့်အရေးနှင့်ပတ်သက်၍ လက်တွေ့တိုးတက်စေရန် လုပ်ဆောင်မှုမရှိကြောင်း၊ နှစ်စဉ်နှစ်တိုင်း လူ့အခွင့်အရေးများကို ချိုးဖောက်နေကြောင်း ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးရေးဌာန (မြန်မာနိုင်ငံ) (HREIB)အဖွဲ့၏ ဒါရိုက်တာ ဦးအောင် မျိုးမင်း ကလည်း ထောက်ပြဝေဖန်သည်။
Set as favorite
Bookmark
Email this
Hits: 2730
Comments (0)

Write comment
| < Prev | Next > |
|---|







