Google တရုတ်က ထွက်တော့မည်

E-mail Print
တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအတွင်း အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများကို ရပ်ဆိုင်းရန် စဉ်းစားနေသည့် Google ကုမ္ပဏီ၏ အင်္ဂါနေ့က ထုတ်ပြန်ချက်သည် နိုင်ငံတကာ၏ လေးစားမှုကို လိုချင် နေသည့် တရုတ် အာဏာပိုင်များကို အရှက်ရစေမည် ဖြစ်သည်။

Google ကုမ္ပဏီ မန်နေဂျာများက ယခုအခါ ကုမ္ပဏီ ၀န်ထမ်းများကို အိမ်ပြန်ရန် ပြောဆိုလျက်ရှိပြီး ၀န်ထမ်းများ အနေဖြင့် နောက်ရက်တွင် ရုံးသို့ လာရောက်ရေးကို အသေအချာ မသိရှိရ သေးကြောင်း အေပီ သတင်းတရပ်တွင် ရေးသားထားသည်။

၂၀၀၅ ခုနှစ်တွင် စတင် ဖွင့်လှစ်သော Google ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ အတော်ဆုံး ကျောင်းသားများကို ငှားရမ်း ခန့်အပ်ခဲ့သည်။

ကွန်ပျူတာမှ အချက် အလက်များကို ခိုးယူ နှောင့်ယှက်သူများ (Hacker) က တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ အီးမေလ်းများကို ၀င်ရောက် တိုက်ခိုက်ခြင်းနှင့် တရုတ် အစိုးရက အင်တာနက် ၀က်ဘ်ဆိုဒ်များ၏ လွပ်လပ်မှုကို ကန့်သတ်ခြင်း တို့ကြောင့် Google က ယင်းကဲ့သို ကြေညာခဲ့ခြင်း ဖြစ်သည်။

ယင်း ကြေညာချက်တွင် Google အရာရှိတဦးဖြစ်သူ David Drummondက “ ဒီကိစ္စကြောင့် တရုတ်ပြည်တွင်းက ကျနော်တို့ စီးပွားရေး လုပ်ငန်းတွေကို ပြန်လည် သုံးသပ်ဖို့ လိုလာပါတယ်၊ ဒါဟာ Google.cn နဲ့ တရုတ်နိုင်ငံက ကျနော်တို့ရုံးကို ပိတ်ဖြစ်ဖို့ လိုပြီဆိုတာ ကောင်းကောင်း နားလည် လိုက်ပါတယ်”ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုသည် လွန်ခဲ့သော သတင်းပတ်က စတင်ခဲ့ပြီး အခြားသော အင်တာနက်၊ စီးပွားရေး၊ မီဒီယာ၊ နည်းပညာနှင့် သက်ဆိုင်သော ကုမ္ပဏီ ၂၀ ခန့်ကိုလည်း ဦးတည် တိုက်ခိုက်ခဲ့သည်ဟု  Google ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းထုတ်ပြန်ချက် ထွက်ပေါ် လာပြီးနောက် Google ၏ ရှယ်ယာရာခိုင်နှုန်းမှာ ၁.၂ ရာခိုင်နှုန်း ထိုးကျသွားပြီး Baidu ကုမ္ပဏီက ရှယ်ယာ ၆.၈ ရာခိုင်နှုန်း၊ Sina ကုမ္ပဏီက ရှယ်ယာ ၁.၃ ရာခိုင်နှုန်း မြှင့်တက်ခဲ့သည်။

ယင်း ကြေညာချက်နှင့် ပတ်သက်၍ ကွန်ပျူတာနှင့် ဆက်စပ်သော ပစ္စည်းများ ထုတ်လုပ်နေသည့် မိုက်ခရိုဆော့ဖ် နှင့် Cisco ကုမ္ပဏီတို့က တစုံတရာ မှတ်ချက်ပေး ပြောကြားခြင်း မရှိသေးပေ။

လာမည့် သီတင်းပတ်တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က တကမ္ဘာ့ပေါ်လုံး စိစစ်ဖြတ်တောက်မှု မရှိသည့် အင်တာနက် ၀က်ဆိုဒ်များကို အသုံးပြုခွင့်ရရေးနှင့် ပတ်သက်၍ ထုတ်ပြန်မည့် ကြေညာချက် မထွက်လာမီ ယင်းကဲ့သို့ Googleက ထုတ်ပြန်ခြင်းဖြစ်သည်။

ထိုထွက်ပေါ်လာမည့် ကြေညာချက်ကြောင့် အင်တာနက် လွတ်လပ်ခွင့်နှင့် ပတ်သက်၍ တရုတ်နှင့် အမေရိကန်အစိုးရတို့အကြား တင်းမာမှု ရှိနေကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မစ္စဟီလာရီ ကလင်တန်က“ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ googleက ကျမတို့ကို ရှင်းပြထား ပါတယ်၊ စိုးရိမ် ပူပန်စရာနဲ့ မေးစရာ မေးခွန်းတွေ အများကြီး ထွက်ပေါ်လာပါတယ်၊ တရုတ် အစိုးရက ရှင်းပြဖို့ ကျမတို့ မျှော်လင့်နေ ပါတယ်” ဟု ဆိုသည်။

Google၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တရုတ်အစိုးရက တစုံတရာ တုံ့ပြန်ပြောဆိုခြင်းမရှိသေးသော်လည်း ကုမ္ပဏီထံမှ သတင်း အချက်အလက်များ ထပ်မံ ရရှိရန်ကြိုးစားနေကြောင်း တရုတ်နိုင်ငံ ဆင်ဟွာသတင်းတွင် အမည်မဖော်လိုသူ ၀န်ကြီး အဖွဲ့ဝင်တဦးကို ကိုးကားရေးသားထားသည်။

တရုတ်နိုင်ငံ Google အသုံးပြုသူများက ဘေဂျင်းမြို့ရှိ Google ဌာနချုပ်ရှေ့တွင် ပန်းခြင်းများ လာရောက်ချထား၍ သော် လည်းကောင်း၊ ဖယောင်းတိုင်မီးများ လာရောက် ထွန်းညှိ၍လည်းကောင်း ၎င်းတို့၏ ထောက်ခံမှုကို  လာရောက်ပြသခဲ့ ကြသည်။

တရုတ်နိုင်ငံသည် အင်တာနက် စာမျက်နှာပေါ်တွင် နိုင်ငံရေးနှင့် ပတ်သက်၍ ကန့်သတ်တားမြစ်မှုများ ရှိကြောင်း သိရသည်။

“မီဒီယာပဲဖြစ်ဖြစ်၊ ကာမရာဂနဲ့ပတ်သက်တဲ့ ရေးသားမှုပဲ ဖြစ်ဖြစ် နိုင်ငံရေးနဲ့ မပတ်သက်သရွေ့ အစိုးရက ဒီအတိုင်းပဲ ထားလေ့ ရှိတယ်”ဟု တရုတ်- အမေရိကန် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ Siva Yam ကဆိုသည်။

တီယန်နန်မင် ရင်ပြင် အရေးအခင်း၊ တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားတို့နှင့် ပတ်သက်၍ တရုတ် အင်တာနက်စာမျက်နှာပေါ် တွင် ရှာဖွေ၍ မရနိုင်သကဲ့သို့ မကြာသေးခင်ကလည်း Google၏ ဗီဒီယိုဝန်ဆောင်မှု Youtube ၊ Facebookနှင့် Twitter တို့ကို လည်း ပိတ်ပင် ခဲ့သည်။

Ciso ကုမ္ပဏီ သည်လည်း အင်တာနက် စာမျက်နှာ စိစစ်ရေးနှင့် အင်တာနက်ပေါ်တွင် ထောက်လှမ်းနိုင်သည့် နည်းပညာများကို တရုတ်အစိုးရကို ရောင်းချခဲ့သည့် အတွက် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ဝေဖန်ပြောဆိုခြင်းကို ခံနေရကြောင်းသိရသည်။

“တရုတ်အစိုးရရဲ့ စိစစ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြားသော ကုမ္ပဏီတွေက လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ဝေဖန် ပြောဆိုတာကို ခံရလိမ့်မယ်”ဟု ဟောင်ကောင် Baptist တက္ကသိုလ် တရုတ်အရေး ကျွမ်းကျင်သူ ပါမောက္ခ Jean-Pierre Cabestanက ဆိုသည်။

လွန်ခဲ့သောနှစ်များက Yahoo ကုမ္ပဏီသည် ၎င်းပိုင်ဆိုင်သော ရှယ်ယာအများစုကို Alibaba အုပ်စုသို့ ရောင်းချ၍ တရုတ်နိုင်ငံမှ ထွက်ခွာခဲ့သည်။ Alibaba အုပ်စုတွင် Yahoo အနေဖြင့် ရှယ်ယာ ၃၉ ရာခိုင်နှုန်း ပြန်ရရှိထားသည်။

တရုတ်နိုင်ငံတွင် အင်တာနက် အသုံးပြုသူပေါင်း သန်း ၃၅၀ ကျော်ရှိပြီး ယင်းမှ တနှစ်လျှင် အခွန်ငွေ ဒေါ်လာ ၁ ဘီလီယံခန့် ရရှိကြောင်း သိရသည်။

Google China သည် Google ကုမ္ပဏီ၏ အဖွဲ့ခွဲတခုဖြစ်ကာ Google.cnကို ၂၀၀၆ ဇန်န၀ါရီလတွင် စတင်ခဲ့ပြီး  ဌာနချုပ်မှာ တရုတ်နိုင်ငံ ဘေဂျင်းတွင် ရှိသည်။
Comments (5)Add Comment
0
Great!!
written by Zero, January 15, 2010
Very good job Google!!! I will be proud of using Google from now on!
0
တော်သေးတာပေါ့
written by Thar Win, January 15, 2010
တော်သေးတယ် မြန်မာက facebook မပိတ်သေးလို့ ဟီး။ တော်ကြာ တရုတ်က ပိတ်တယ် သိလို တပည့်ကျော် ရွှေမြန်မာတွေ ပိတ်လိုက်ရင် ဒုက္ခဗျ။
0
Support
written by Zo Khup, January 15, 2010
I support google. Lets use google instead of yahoo. Yahoo had betrayed its Chinese users and got arrested.
0
ဂူဂယ် ခံရပြီ
written by Phone Myat, January 14, 2010
Google က အရင်တုန်းက သူဘဲ တရုတ် အစိုးရနဲ့ ပေါင်းခဲ့တယ် ။ အခုတော့ သူ့ပာာကိုဘာ တိုက်ခိုက် ခံရပြီလေ။
ကြိုဆိုပါတယ်, Low-rated comment [Show]

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်