ယင်း ရဲဝန်ထမ်းဟောင်း ဦးခင်မောင်တင့် ဆိုသူက ဇန်န၀ါရီ ၈ ရက် မနက်ပိုင်းတွင် ပဲခူး မြို့မဈေးရှိ ဆိုင်တဆိုင်၌ ဈေးဝယ်စဉ် သုံးစွဲသော ၅၀၀၀ ကျပ်တန်များကို ဆိုင်ရှင်က မသင်္ကာသောကြောင့် ရဲစခန်းသို့ အကြောင်းကြားရာမှ အထိန်းသိမ်း ခံခဲ့ရခြင်းဖြစ် သည်။
“သူက ငါးထောင်တန်နဲ့ဈေးဝယ်တာ။ ဆိုင်ရှင်က အတုမှန်းသိလို့ ရဲကို ခေါ်ဖမ်းခိုင်းတာ။ သူက ဧကရာဇ် ရွာ ထောက်ကြံ့ ကတဲ့။ ရဲဝန်ထမ်းဟောင်းလို့ ပြောတယ်။ အခု မြို့မ ရဲစခန်းကို ခေါ်သွားတယ်”ဟု ပဲခူးမြို့မဈေးမှ မျက်မြင်ဈေးသည်တဦးက ဧရာဝတီ သို့ပြောသည်။ပဲခူးမြို့မရဲစခန်းမှ တာဝန်ကျ အရာရှိတဦးအား ဆက်သွယ်မေးမြန်းရာ ထိုသူကို ဖမ်းဆီးထိန်းသိမ်းထား၍ စစ်ဆေးမှုများပြုလုပ် နေသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ဖြေကြားခဲ့သော်လည်း အသေးစိတ်ကို ပြောဆိုရန်ငြင်းဆန်ခဲ့သည်။
လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း ၅၀၀၀ ကျပ်တန် အတုပြုလုပ်သည်ဟု ယူဆရသော လူငယ် ၄ ဦးကို ရန်ကုန်မြို့ ကြည့်မြင်တိုင် မြို့နယ် ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းခဲ့သေးသည်။
စစ်အစိုးရက ၅၀၀၀ ကျပ်တန် ငွေစက္ကူများကို ထုတ်ဝေမည်ဟု ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အောက်တိုဘာ ၁ ရက်နေ့တွင် စတင်ထုတ်ဝေသုံးစွဲခွင့်ပြုခဲ့သည်။
သို့သော် လူထုကြားတွင် ၅၀၀၀ ကျပ်တန်ငွေစက္ကူများ ပျံ့နှံ့ခြင်း မရှိသေးဘဲ ငွေစက္ကူ အတု သတင်းများ ထွက်ပေါ်လာသော ကြောင့် လက်ခံသုံးစွဲရန် စိုးရွံ့နေကြကြောင်း သိရသည်။
“တချို့ဆို မြင်တောင်မြင်ဖူးသေးတာ မဟုတ်ဘူး။ ဈေးထဲမှာလည်း ၅၀၀၀ တန်ဆိုရင် မယူချင်ကြဘူး။ အတုမှန်း အစစ်မှန်းက မသိကြတော့ ပြဿနာတက်မှာစိုးလို့”ဟု ပဲခူးမြို့ခံတဦးက ပြောဆိုသည်။
Set as favorite
Bookmark
Email this
Hits: 8547
Comments (4)

written by ကိုသစ်, January 12, 2010
၅၀၀၀ တန်တွေက အကောင်ကြီးကြီး အမြီးရှည်ရှည် တွေ ရွှေပိသာလိုက် ၀ယ်ဖို့ ထုတ်ထားတာပါ...။
Write comment
| < Prev | Next > |
|---|







