DVB ပြည်တွင်း သတင်းထောက် ထောင်ဒဏ် နှစ် ၂၀ ချခံရ

E-mail Print
မြန်မာပြည်တွင် ဒီမိုကရက်တစ် မြန်မာ့အသံ ( DVB ) သတင်းဌာနမှ သတင်းထောက် တဦးဖြစ်သူ မလှလှဝင်းကို စစ် အစိုးရ အာဏာပိုင်များက ပြီးခဲ့သည့် အပတ်အတွင်း၌ ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရသည်။

မလှလှဝင်းသည် အသက် ၂၅ နှစ်အရွယ်ရှိပြီး လွန်ခဲ့သည့်နှစ် စက်တင်ဘာလအတွင်း ဖမ်းဆီးခံရကာ မကွေးတိုင်း ပခုက္ကူ ထောင်၌ အာဏာပိုင်များက ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် DVB သတင်းဌာနမှ တာဝန်ရှိသူ ကိုတိုးဇော်လတ်ကမူ စစ်အစိုးရက ယခုကဲ့သို့ ဖမ်းဆီးအရေးယူ လိုက်သော်လည်း သတင်းထောက်များ လျော့သွားမည် မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“အစိုးရက သတင်းထောက်တွေကို ထောင်ချလိုက်တဲ့အတွက် ကျနော်တို့ သတင်းထောက်တွေ လျော့သွားမှာ မဟုတ်ဘူး၊ မြန်မာ ပြည်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သတင်းပို့နေမှာပဲ၊ တရား သလားဆိုတော့ မတရားပါဘူး၊ သတင်းယူလို့ ထောင်အနှစ် ၂၀ ကျ တယ်ဆိုတာ မတရားတဲ့ ကိစ္စပဲဖြစ်တယ်”ဟု ကိုတိုးဇော်လတ်က ပြောသည်။

လွန်ခဲ့သည့် နှစ် စက်တင်ဘာလဆန်းပိုင်းတွင် မလှလှဝင်းသည် မကွေးတိုင်း ပခုက္ကူမြို့ရှိ သာသနာ့ဝိပုလရာမ ပါဠိတက္ကသိုလ် ကျောင်း တိုက်သို့ သတင်းယူပြီးအပြန် လမ်း၌ အိမ်ရှင် ကိုမြင့်နိုင်နှင့် အတူ ဒေသခံ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ထို့နောက် ၎င်းတို့ ၂ ဦးကို အာဏာပိုင်များက တရားမ၀င် ဆိုင်ကယ် စီးနင်းမှုဖြင့် ပခုက္ကူမြို့နယ် တရားရုံးက ထောင် ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း DVB ရုံးမှ ကိုတိုးဇော်လတ်က ပြောပြသည်။

“ပထမကတော့ သူ့ကို သတင်းထောက်အမှုနဲ့ တရားစွဲထားတာ မဟုတ်ပါဘူး၊ ဆိုင်ကယ်လိုင်စင်မရှိတဲ့ အမှု၊ တခြား အမှုတွေ နဲ့စွဲထားတာ နောက်ကျတော့ DVB နဲ့ ပတ်သက်တယ်ဆိုပြီး သိသိချင်း ပြစ်မှုတွေကို ထပ်တိုးပြီးချလိုက် တာပါ”ဟု ၎င်းက ဆို သည်။   

မလှလှဝင်းတို့ ၂ ဦးအား ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည့် ပုဒ်မများ၏ အသေးစိတ်ကို မသိရှိရသော်လည်း လိုက်ပါပို့ဆောင် ပေးခဲ့သော အိမ်ရှင် ကိုမြင့်နိုင်ကိုလည်း ထောင်ဒဏ် ၂၆ နှစ် အထိ ချမှတ်လိုက်ကြောင်း သိရသည်။

ယခု ဒီဇင်ဘာ ၃၁ ရက်နေ့က ထောင်ချခံလိုက်ရသည့် မလှလှဝင်းတို့အား အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် တောင်းဆို လိုက်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသတင်း သမဂ္ဂ BMA ဒု ဥက္ကဋ္ဌ ဦးဇင်လင်းက ဆိုသည်။

“သတင်းစာကို လေးစားသောအားဖြင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တာဖြစ်တယ်”ဟု ဦးဇင်လင်းက ပြောသည်။

မြန်မာနိုင်ငံသည် အလွတ်သတင်းသမားများကို ဖမ်းဆီးထောင်ချသည့် နေရာ၌ ဖိနှိပ်ချုပ်ချယ်မှု အဆိုးဆုံး ၅ နိုင်ငံ စာရင်းထဲတွင် ပါဝင်နေကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် စာနယ်ဇင်းသမားများ အကာအကွယ်ပေးရေးအဖွဲ့(CPJ)က လွန်ခဲ့သည့် ဒီဇင်ဘာ လဆန်းပိုင်း၌ ထုတ်ဖော်ပြောကြားခဲ့သည်။ 

“စာနယ်ဇင်းလုပ်ငန်းသည် မြန်မာပြည်တွင် အလွန် အန္တရာယ်ရှိသော လုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆင်ဆာ အဖြတ်ဆုံး နိုင်ငံတခုဖြစ်သည်”ဟု CPJ ၏ အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

စာနယ်ဇင်းသမား ၉ ဦး အကျဉ်းကျနေသည့် မြန်မာပြည်က ကမ္ဘာ့ နာမည်ပျက်စာရင်းတွင် အဆင့် ၅ ရှိနေကြောင်း CPJ ၏ ၂ဝဝ၉ ခုနှစ် အစီရင်ခံစာက ဆိုသည်။

သတင်းထောက်များကို ဖမ်းဆီး ထောင်ချသည့် အဆိုးဆုံးနိုင်ငံများမှာ တရုတ်၊ အီရန်၊ ကျူးဘား၊ အီရီထရီးယားနှင့် မြန်မာနိုင်ငံ တို့ဖြစ်သည်။ 

၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၀၉ ဒီဇင်ဘာ ၁ ရက်နေ့ထိ တနှစ်တာ စာရင်းအရ ကမ္ဘာတ၀န်းရှိ သတင်းထောက်၊ သတင်း အယ်ဒီ တာ၊ ဓာတ်ပုံသတင်းထောက်နှင့် သတင်းမီဒီယာ လုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း ၁၃၆ ဦးတို့သည် ထောင်ဒဏ်အပစ်ပေးခံထား ရ ကြောင်း CPJ အဖွဲ့က ဆိုသည်။
Comments (0)Add Comment

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်