ဝန်ထမ်း လစာတိုးမြှင့်သည့် သတင်းကိုကြိုတင်သိရှိထားပြီး ထိုသတင်းကြောင့် ငွေကြေး ဖောင်းပွမှုဖြစ်ကာ ရွှေဈေးတက်မည်ကို ရိပ်စားမိခဲ့ကြသဖြင့် ထိုသို့ ၀ယ်ယူခဲ့ကြကြောင်း ရန်ကုန်နှင့်မန္တလေးအခြေစိုက် ရွှေကုန်သည်နှင့် ရွှေသန့်စင်ရေး လုပ်ကိုင် သူများက ပြောသည်။
“ဒီဇင်ဘာလ ၂၉ ရက်အထိ ရွှေအ၀ယ်မရှိဘူး။လကုန်တော့ ရွှေအ၀ယ် ရုတ်တရက်တက်တယ်။ ၀ယ်ကြတာက စစ်ဘက်၊ ရဲဘက်နဲ့ ဌာနဆိုင်ရာလူကြီး မိသားစုတွေများတယ်” ဟု အစိုးရ အရာရှိများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည့် မန္တလေးသား ရွှေကုန်သည်တဦးက ဆိုသည်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့်နီးစပ်မှုရှိသော ရန်ကုန်မှ ရွှေဆိုင်ပိုင်ရှင်တဦးကလည်း အစိုးရအရာရှိကြီးများ ရွှေပိဿာလိုက် ဝယ်ယူသည့်သတင်း မှန်ကန်ကြောင်း အတည်ပြုသည်။ရွှေပိဿာလိုက် ၀ယ်ယူမှုသည် ရန်ကုန်နှင့် မန္တလေး ဈေးကွက်နှစ်ခုစလုံးတွင် ဖြစ်ပေါ်ခဲ့ပြီး ဈေး လှုပ်ရှား ထိုးတက်မှုလည်း စတင်ခဲ့ကြောင်း နှစ်သစ်ကူးကာလ အပြည်ပြည်ဆိုင်ရာ ရွှေဈေးကွက် ရပ်နားချိန်တွင် မြန်မာ့ရွှေဈေးမှာ ချက်ချင်းဆိုသလို ထိုးတက်ခဲ့ကြောင်း သိရသည်။
“ဈေးကွက်ထဲမှာ ပိဿာလိုက် ရွှေဝယ်တာတွေကြောင့် ရွှေဈေးက မူလ အကယ်ဒမီ အခေါက်ရွှေတကျပ်သားကို ကျပ် ၅၉၄၅၀၀ ရှိရာကနေ ၅၉၈၅၀၀ အထိ ဆက်တိုက် ထိုးတက်တယ်။ ဒါက ဒီဇင်ဘာလကုန်နဲ့ ဇန်န၀ါရီ ၃ ရက်ပိုင်းအတွင်းမှာ အပြောင်းအလဲ ဖြစ်ခဲ့တာ” ဟု မန္တလေးရွှေကုန်သည်က ဆိုသည်။
ပိတ်ရက်များကြောင့် ရွှေဈေးကွက် ရပ်နားထားရာမှ ပြန်လည်ဖွင့်လှစ်သည့် ဇန်န၀ါရီလ ၅ ရက်တွင် အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၆၀၂၁၀၀ ဈေးအထိ တက်ခဲ့သည်။
ရွှေကုန်သည်တဦးကလည်း ရန်ကုန်မြို့နေ စစ်ဗိုလ်ချုပ် မိသားစုတစုသည် သူ့ထံမှ ဒီဇင်ဘာ ၃၁ ရက်တွင် ရွှေသုံးပိဿာ ၀ယ်ယူသွားခဲ့သည်ဟု ဆိုသည်။
တည်ငြိမ်နေသော ဈေးကွက်တွင် ရွှေပိဿာလိုက်ဝယ်ယူမှုကြောင့် ဈေးထိုးတက်ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အစိုးရသည် ကုန်သည်များ၏ ၀ိသမလောဘကြောင့် ဈေးတက်သည်ဟု အမြဲတမ်း ပြစ်တင်ဝေဖန်လေ့ ရှိသောကြောင့် ဈေးနှုန်း ထိုးတက်သည့် အခါတိုင်း အရောင်းအ၀ယ်မလုပ်ရဲကြဘဲ လက်သိပ်ထိုးရောင်းဝယ်မှုသာ ပြုကြသည်ဟု ရွှေကုန်သည် အသိုင်းအဝန်းက ပြောသည်။
“ဈေးတက်တော့ ကုန်သည်တွေခေါ်ကြိမ်းတယ်။ တကယ်ဈေးတက်အောင် လုပ်တာက အစိုးရ ကိုယ်တိုင်ပဲ။ ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုသလိုပေါ့။ ရွှေဈေးတက်တာ ပိဿာလိုက် အရမ်းဝယ်လို့ပါ”ဟု မန္တလေးသား ရွှေကုန်သည်က ဆိုသည်။
ရွှေဈေးနှုန်း ဆက်လက်မြင့်တက်လျှင် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းက ဈေးနှုန်း ထိန်းသိမ်းရေး အစည်းဝေး ခေါ်ယူမည် ဖြစ်ကြောင်း စုံစမ်းသိရသည်။
ယနေ့ ရွှေ နောက်ဆုံးပေါက်ဈေးမှာ ကျပ် ၅၉၉၈၀၀ အထိ ကျဆင်းသွားပြီဖြစ်ကြောင်း ကြားသိရသည်။
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစတင်၍ အစိုးရ ၀န်ထမ်းများကို ပေါကြွယ်စရိတ်အဖြစ် တလလျှင် လစာကျပ် ၂၀၀၀၀ စီ တိုးမြှင့်ပေးမည်ဟု သတင်းရရှိသော်လည်း ယခုအချိန်အထိ တရားဝင် သတင်းထုတ်ပြန်ခြင်း မပြုသေးပေ။
Set as favorite
Bookmark
Email this
Hits: 12946
Comments (9)

written by sit naing, January 07, 2010
သူတို့ ရဲ့ခေါင်းဆောင်ကလည်း ဓါးပြ ချုပ်မှူးကြီး လေ( ဓါးပြတကာတို့ ရဲ့ဗိုလ်တွေကို အုပ်ချုပ် ကြီးမှူးရတဲ့ ဓါးပြ ဗိုလ်ချုပ်မှူးကြီး ကို ဆိုလိုတာပါ) ပြည်သူတွေ အတွက်တော့ ဒီသတင်းက မထူးဆန်း တော့ပါဘူး ၊ ဒီလိုဘဲ ခိုးရာပါ တိုက်ရာပါတွေနဲ့  အရှက်မရှိ ၀င့်ဝင့်ထည်ထည် နေပြခဲ့တာလည်း နှစ်ပေါင်း များစွာ ကြာခဲ့ ပါပြီပကော ။ ယိုသူမရှက် မြင်သူရှက် ပါတယ်လေ ။ အရှက် ဆိုတာချို နဲ့ လားလို့  မေးရ လောက်အောင် အရှက်မရှိတဲ့ စစ်အုပ်စုနဲ့  အပေါင်းပါ တသိုက်ကတော့ မီးစာ ကုန်ခါနီး လင်းတဲ့ ဖရောင်းတိုင်မီး အလင်းရောင် လို အတောက်ပဆုံး အချိန် ကို ရောက်နေတယ် ဆိုတာတော့ သတိလေး ကပ်သင့်ပါတယ် ၊
written by Pauk Gyi, January 07, 2010
၂၀၁၀ ကျော်ရင် မ၀ယ် နိုင်တော့ပါဘူး။ အခု ၀ယ်ချင်ရင် ၀ယ် ကြပါစေ ။ ၂၀၁၁ မှာရွှေ ၁ကျပ်သား ၃၀၀၀၀၀ ကျပ် ပြန်ကျမှာပါ။ မပူပါနဲ့ ။ သူ့စေတနာ သူ့ ကိုပြန်အကျိုးပေးမှာပါ ။ ၀ယ်နိုင် လို့ဝမ်းသာ ပေးလိုက်ကြပါ။
written by အိုက်လုံး, January 07, 2010
အမေရိကန် စစ်ဗိုလ်တစ်ယောက် ရွှေပိဿာချိန်လိုက်ဝယ်ဖို့ အိမ်မက်တောင်မမက်
နိုင်ဘူး ဆိုတာ မသိဘူးလား ??????????? တခြားနိုင်ငံတွေမှာက အကြောင်းပြချက်မရှိ
ဘဲ ချမ်းသာလာရင်တောင် Blacklist ထဲရောက် နေပြီ။ စီးပွားရေးအမြင် ဆိုတာကရွှေက
လူတွေ တန်ဖိုးရှိတယ်လို့ သတ်မှတ်ထားတဲ့ အရာပါ ရွှေကို ရင်းနှီးမြုပ်နှံတဲ့ နေရာမှာသုံးလို့မရပါဘူး ဘ၀အာမခံချက် ပေးနိုင်တာတော့ အမှန်ပါ မြန်မာမှာက ရွှေတွေအ၀ယ်လိုက်လို့ ဈေးတက်လာရင်
တခြား ပစ္စည်းအကုန် လိုက်တတ်တာပါ။ တကယ်တန်း ရင်းနှီးမြုပ်နှံချင်ရင်သူတို့ အာဏာမြဲမယ်လို့ ယုံကြည်ရင် လုပ်ငန်း တစ်ခုခုမှာ ရင်းနှီးမှာပေါ့ဗျာ။ ကိုစစ်သား ပြည်သူတွေကို ကိုယ်ချင်းစာလာ နိုင်ပါစေဗျာ။

written by Zar Ni ( Hinthada ), January 07, 2010
သေနတ်နဲ. ချိန် ပြီး တိုင်းပြည်သယံဇာတတွေ ကိုလုယှက်...ပြီး ကိုယ့်အကျိုး အတွက်သုံး...ပြီး ငါပိုင်တဲ့ငွေလို့ ပြော ရဲတာမရှက်ဘူး လား... တိုင်းပြည်သယံဇာတ ဟာ စစ်ဗိုလ်တွေ လူ တန်းစား မြင့်ဖို့ အတွက်ပဲလား... ငါတို့ပြည်သူတွေကော ...သေနတ်အောက်မှာပဲလား.. .ပညာရေးကော ၊ တရားစီရင်ရေး ပါ နိမ့်ကြပြီး.စီးပွားရေးက အဆင်မပြေ..ဘယ်တောမှ လူတန်းစားမြင့်နိုင်မလဲ
written by Ordinary citizen, January 07, 2010
Hey guy soldier,
U r right, but what u need to know is the source of the money they spent. Where do they get to buy such precious things without doing any fraud. U must be an officer who earns a lot for having special rights to do anything for making money for urself. Shame on U!! I wonder how some government officials can buy shiny cars, very expensive luxurious things that r far from reach of their income.
According to today's situation inside Burma, any ordinary government staff cannot buy gold and even cannot get enough money to buy the basic food, clothes and shelter

written by ဒုတ်ကြီး, January 07, 2010
ပြည်သူလူထုမှာတော့ အသားငါးကိုတောင် ပိဿာလိုက်ဝယ်စားဖို့ အနိုင်နိုင်ပါ။
written by ဦးဆံဆွေးမြေ့, January 07, 2010
“ပေါကြွယ်စရိတ်” ဆိုပြီး စေတနာ သဒ္ဓါတရားရှိလို့ ပေးတာ မဟုတ်နိုင်ပါ။ ရွေးကောက်ပွဲအတွက် မဲဝယ်ဖို့ ကြိုးချည်ထားတာဘဲ ဖြစ်ပါလိမ့်မယ်။ ဗိုလ်ချုပ်တယောက်က တသက်လုံး တပ်ထဲမှာ မခိုးမဝှက် အလုပ်လုပ်ဦး၊ တရားဝင် လစာငွေနဲ့ စုဆောင်းပြီး ရွှေတွေ ပိဿာလိုက် ဝယ်လို့ မရပါဘူး။ သက်သေတွေပေါ့ဗျာ။
Write comment
| < Prev | Next > |
|---|