SEA GAME မှာ မြန်မာဘောလုံးအသင်း အခြေမလှ

E-mail Print
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများက အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA GAME) တွင် မြန်မာအသင်း ဗိုလ်စွဲခဲ့လျှင် ကျပ်သိန်းထောင်ချီပြီး ချီးမြှင့်မည် ဆိုသော်လည်း စကာင်္ပူ အသင်းအား ၂ဂိုး ၁ဂိုးဖြင့် မနေ့ ကရှုံးနိမ့်သွားသည့် အတွက် နောက်တဆင့် တက်ရောက်ရန် အခွင့်အရေး အနည်းငယ်သာရှိ တော့သည်။

မြန်မာဘောလုံးအသင်းနည်းပြချုပ် ဒရာဂိုမာမစ်က“ လာအိုအသင်းကို သရေကျလို့ စိုးရိမ်စိတ်များပြီး အကောင်းဆုံးမကစားနိုင်တာ ပါ၊ ဒီပွဲရှုံးပေမယ့် အကြိုဗိုလ်လုပွဲတော့ တက်နိုင်ပါလိမ့်မယ်”ဟု စစ်အစိုးရထုတ် မြန်မာ့အလင်းသတင်းစာသို့ ပြောသည်။

စီးပွားရေးလုပ်ငန်းရှင်ကြီးများဖြစ်သည့် ရန်ကုန်ယူနိုက်တက် အသင်းပိုင်ရှင် ဦးတေဇက မြန်မာအသင်း ချန်ပီယံဖြစ်လျှင် ကျပ်သိန်း ၂၀၀၀ ၊ ကမ္ဘောဇ အသင်းပိုင်ရှင် ဦးအောင်ကိုဝင်းကလည်း ကျပ်သိန်း ၃၀၀၀ နှင့် အုပ်စုပွဲစဉ်များ၌ တပွဲနိုင်လျှင် အမေရိကန်ဒေါ် လာ ၁၀၀၀၀၊ အကြိုဗိုလ်လုပွဲတွင် အနိုင်ရရှိပါက အမေရိကန်ဒေါ်လာ၂၀၀၀၀၊ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ကလည်း ကျပ်သိန်း ၃၀၀၀ ၊ ထို့အပြင် အုပ်စုပွဲစဉ်များတွင် တစ်ပွဲနိုင်ပါက အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့် ကျပ်သိန်း ၁၀၀၀ထပ်မံ ဆု ချီးမြှင့်မည်ဟု ပြီးခဲ့သည် သောကြာနေ့ထုတ် ရန်ကုန်အခြေစိုက် Premier Eleven Sports Journal တွင်ဖော်ပြထားသည်။

မြန်မာအမျိုးသားဘောလုံးအသင်းသည်ပြီးခဲ့သည့် စနေ့နေ့ကလည်း အိမ်ရှင်လာအိုအသင်းနှင့် ယှဉ်ပြိုင်ရာတွင် ၁ဂိုးစီသရေကျခဲ့ပြီး   နောက်ဆုံးလက်ကျန်ပွဲစဉ်အဖြစ် အင်ဒိုနီးရှားအသင်းနှင့် ကန်ရမည်ဖြစ်သည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများအား ဘောလုံးအသင်းများကို တည်ထောင်စေ၍ မြန်မာနေရှင်နယ်လိဂ် (MNL) ဟု အမည်ပေးကာ အမှတ်ပေးပွဲများကို ကျင်းပနေသော်လည်း မြန်မာဘောလုံးအဆင့်အတန်းမှာ တိုးတက်မလာသေး ကြောင်း မြန်မာဘောလုံးအသင်းတွင် ပဏာမလက်ရွေးစင် ရွေးချယ်ခံခဲ့ရဖူးသည့် ကိုအောင်လတ်ကဝေဖန်သည်။

“မြန်မာဘောလုံးအဆင့်အတန်းကျလာတယ် ဆိုတာက ဘောလုံးတိုးတက်ဖွံ့ဖြိုးမှု အရင်းအမြစ်တိမ်ကောလာလို့ပဲ”ဟု၎င်းကဆို သည်။

ယခင်က ရပ်ကွက် ကျေးရွာများမှ အစပြု၍ ပြည်နယ်တိုင်းများအလိုက် လူထုအားပေးသည့် ဘောလုံးပြိုင်ပွဲများကို ပြုလုပ်ခဲ့ကြ ကြောင်း၊ သို့သော် ၁၉၉၃ ခုနှစ်နောက်ပိုင်း၌ စစ်အစိုးရ၏ အားကစားလောကတွင် ၀င်ရောက်ချယ်လှယ်မှုများ ပိုမိုများ ပြားလာခဲ့ပြီး ထိုအချိန်မှ စတင်၍ လူရွေးချယ်မှုတွင် မညီမျှမှုများ ဖြစ်ပေါ်လာကြောင်း ကိုအောင်လတ်က ထောက်ပြသည်။

“အရင်တုန်းက ဘဏ္ဍာအခွန်မှာ ၀င်းအောင် အရမ်းကောင်းတယ်၊ အရမ်းနာမည်ကြီးတယ်၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပွဲမှာ ပြဿ နာတက်တော့ လက်ရွေးစင်မရွေးဘူး”ဟု၎င်းကပြောသည်။

မြန်မာဘောလုံးအသင်းသည် ၁၉၉၃ ခုနှစ်နှင့် ၂၀၀၇ ခုနှစ် SEA GAMEတွင် ငွေတံဆိပ်ဆုရရှိခဲ့ပြီး ယခင်ကပြုလုပ်ခဲ့သည့် အရှေ့တောင် အာရှပြိုင်ပွဲများတွင်လည်း ၁၉၆၅ခုနှစ်မှ ၁၉၇၃ခုနှစ်အထိ ၅ကြိမ်တိုင်တိုင်ဆက်တိုက် ဗိုလ်စွဲခဲ့သည်။

SEA GAME ဖွင့်ပွဲကို လာမည့် ဒီဇင်ဘာလ ၉ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ထိုအခမ်းအနားသို့ မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၊ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဒေါင်း၊ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝတို့ တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

ဘောလုံးပွဲများကို ဒီဇင်ဘာ ၂ရက်နေ့မှစတင်၍ ကြိုတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးဘောလုံးအသင်းသည်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့က ထိုင်းအမျိုးသမီးအသင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ ရာတွင် ပွဲပြီးခါနီးအထိ ၁ဂိုး အသာဖြင့် ဦးဆောင်ကစားခဲ့သော်လည်း အချိန်ပို ၉၅မိနစ်တွင် ထိုင်းအသင်းဘက်မှ ချေပဂိုး သွင်းခဲ့ သောကြောင့် ၁ဂိုးစီသရေဖြစ်ခဲ့ရသည်။ ယနေ့တွင် ဗီယက်နမ်အသင်းဖြင့် ကစားရမည်ဖြစ်သည်။

ယခုကျင်းပနေသည့် SEA GAMEတွင်အားကစားနည်း၂၅မျိုးကို ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ရွှေတံဆိပ်စုစုပေါင်း ၃၇၉ ခု ချီးမြှင့် မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ပြေးခုန်ပစ်၊ ရေကူး၊ မြားပစ်၊ ဘိလိယက်၊ လက်ဝှေ့၊ ဂျူဒို၊ ကာရာတေး၊ ဂေါက်သီးနှင့် ဘောလုံး အားကစား တို့တွင် ပါဝင်ယှဉ်ပြိုင်မည်ဟု သိရသည်။
Comments (6)Add Comment
0
pro-football
written by kolone, December 13, 2009
ပရို စနစ်ကြောင့် မြန်မာ့ ဘောလုံး လောကဟာ များမကြာမီ နှစ်အတွင်း တိုးတက်လာမှာတော့ အသေအချာ ပါဘဲ.. မကောင်းတဲ့ အစိုးရ ကြောင်းတော့ မပြောချင် တော့ပါဘူး..ပြောရင်လည်း ကျွဲပါး စောင်းတီးတာပါဘဲ. ပရိုဘောလုံး
စတင် အကောင် အထည် ဖော်ပေးတဲ့ သူတွေကိုတော့ အကောင်း မြင်စွာနဲ့ ဘဲ တို့ တိုင်းပြည်မှာ ဘောလုံး လောက ပိုမို တိုးတက်လာအောင် လုပ်ဆောင် နိုင်ပါစေလို့ . .....
0
ကိုစောတင်မောင် ပြောဒါ အမှန်ပါပဲ။
written by အမည်မဖော်ပြလိုသူတစ်ဦး-, December 10, 2009
ကျွန်တော်တို့ အားလုံး ငွေဖြူ၊ ငွေမည်း ဆိုဒါ သိမှာပါ။ သူတို့ တွေ ချမ်းသာတယ်ဆိုဒါ အရင်းအနှီး ဘယ်က ရပြီး အဲဒါတွေကို ရင်းနှီးမှု လုပ်ပြီးချမ်းသာတယ် ဆိုဒါ သိဖို့ လိုတယ်။ ဥပမာ မြန်မာနိုင်ငံသား တချို့ က တရုတ်ပြည်သွားပြီး ဘိန်းဖြူအိတ်တွေကို ဂိတ်ကျော်ပေးဒါ။ စစ်ဆေးရေးဂိတ်ကျော်ပေးဒါနဲ့ သူ့ တာဝန်ကျေပြီ။ အရင်းအ နှီးရပြီပေါ့။ ဒါတွေနဲ့ စီးပွါးရေးလုပ်ပြီး ရန်ကုန် မန္တလေး ဘက်လာပြီး လူကောင်းလုပ်ကြတယ်။ နောက်တစ်ခုက စစ်အုပ်စုရဲ့ သားသမီးတွေ သူတို့ လက်ထဲမှာရှိတဲ့ အာဏာနဲ့ လက်မှတ်တစ်ခု ထုတ်ပေးပြီး အခွန်တွေ ဘာတွေ ညာတွေ။ ဒါမှမဟုတ် လိုက်စင်တစ်ခု ထုတ်ပေးပြီး အဲဒါနဲ့ အရင်းအနှီး ရှိတဲ့ လူနဲ့ တွဲပြီး လုပ်တယ်။ ဒါမှမဟုတ် စီးပွါးရေး သမားတွေက အခွင့်အရေး ရဖို့ အတွက် သူတို့ နာမည်နဲ့ ရှေယာ ထည့်ပေးတယ်။ ဒီလိုပဲ အမျိုးမျိုး လှည့်ပတ်ပြီး ချမ်းသာကြဒါကို အထင်ကြီးစရာ မလိုဘာဘူး။ ကိုယ့်ချွဲနဲ့ အားနဲ့ ရှာတဲ့ ငွေမှ မဟုတ်ဒါ။ လုပ်ချင်သလို လုပ်လည်း အထင်ကြီးမယ့် လူတွေ ရှိသေး ဒါကိုး။ အထက်မှာဖော်ပြထား ဒါေ တွကို Bribery ဒါမှမဟုတ် Corruption လို့ ပြောလို့ ရတယ်။
0
မြန်မာ့အားကစားလောကှာ ဗိုင်းရပ်စ်များ ကင်းပါစေ
written by hanzaw, December 09, 2009
မြန်မာပြည်က အားကစား လောကမှာ ဘောလုံးတင်မှ မဟုတ်ပါဘူး၊ အားကစား အမျိုးအစားတိုင်းမှာ ဗိုင်းရပ်စ်တွေ
အင်မတန် များနေတာပါ၊ ဒါကြောင့် တကယ်တော်တဲ့သူတွေ လက်ရွေးစင် မပါပဲ ငွေပေးနိုင်မှ၊ လူကြီးနဲ့ပါတ်သက်မှ
နိုင်ငံ လက်ရွေးစင်အဖြစ် အရွေးခံရတာပါ၊ တော်တိုင်း နိုင်ငံလက်ရွေးစင် မဖြစ်ပါဘူး၊ ဒါပေမဲ့ ကျနော့် အမြင်ပြောရရင်
အခုလို ဘောလုံးလောကမှာ ပရိုစနစ်ဖြစ်လာတာ ကောင်းပါတယ်၊ ဆုတွေချီးမြင့်မယ် ဆိုတာလည်း ကောင်းပါတယ်၊
ဘယ်သူမှ မျှော်လင့်ချက် တိုးတက်လမ်း မရှိရင် အားစိုက်ထုတ်ချင်မှာ မဟုတ်ပါဘူး၊ ဒါကြောင့်အားကစား အမျိုးအစား တိုင်းမှာ တိုးတက်ချင်ရင် ပရိုဆန်ဆန် အားပေးမှုမျိုးနဲ့ ဆွဲဆောင်ပေးမှ ဖြစ်မယ်လို့ ထင်မိပါတယ်၊ မြန်မာလူမျိုး ပီပီ ဘယ်အားကစားပဲ ဖြစ်ဖြစ် ပြိုင်ရင် ကိုယ့်မြန်မာပဲ နိုင်စေချင်ပါတယ်၊
0
ဘယ်သူ့ ပိုက်ဆံတွေလည်း ၊ အရင်းစစ်တော့ အမြစ်မြေက
written by စောတင်မောင် (ကြုံတိုင်းရွာသား လူပျိုသိုးကြီး), December 09, 2009
စောကြီးကတော့ မနေနိုင် ပြောမိပြန်ပါပြီ။ အဲ့ဒီ တေဇ တို့၊ အောင်ကိုဝင်း တို့က ပြည်သူတွေ ငတ်နေချိန်မှာ သိန်း ၂၀၀၀ ။ ၃၀၀၀ တောင် ဆုချနိုင်ရအောင် ဘယ်က ပိုက်ဆံတွေ များပါလိမ့်။ သစ်လုပ်ငန်း လုပ်တယ်လို့ မပြောနဲ့နော်။ ကျောက်စိမ်း ရောင်းတယ် ၊ ကျောက်တူးတယ် လို့တော့ မပြောနဲ့နော်။ ပြည်သူတွေ ခမျာ။ ကျောက်စိမ်းမပြော နဲ့ ။ ကျောက်မပါတဲ့ ရွှေလက်စွပ် ရိုးရိုး (မောင်းကွင်း) လေး တောင် မ၀တ်နိုင်တာ ကြာပေါ့။ အဲ့ဒီတော့ စဉ်းစားကြည့်ရ အောင်ဗျာ။ အဲ့ဒီ သစ်တွေ၊ ကျောက်စိမ်းတွေကို မြန်မာပြည်က ထွက်ပြီး၊ ပြည်သူေ တွမပိုင်ပဲ၊ တေဇ တို့ ၊ အောင်ကိုဝင်း တို့ ပဲ ပိုင်တာလားဗျာ။
0
sea game
written by kyaw, December 09, 2009
လော နိုင်ငံတောင် ဆီးဂိမ်းကို လက်ခံကျင်းပနိုင်ပီး မြန်မာပြည်မှာ မကျင်းပနိုင်တာ ကြာပေါ့ အာဏာရှင်စစ်အစိုးရ လက်ထက်က စပီးတော့ ... သွားပြိုင်တော့လည်း ဆုတံဆိပ် က အဆင့် ရ ကနေမတက်ဘူး အောက်မှာ ၃ နိုင်ငံဘဲ ကျန်တော့တယ် ... ဆုတံဆိပ် ရခြင်လိုက်တာလည်း အဲဒီဗိုလ်ချုပ်တွေလောက် ၂နှစ်ယောက် မရှိဘူး အားကစား သမားတွေ facility ကျတော့ .... ပြောရင်လည်း မောရုံ ရှိတော့မှာပါ .... အာလုံး ချွတ်ချုံကြပီး ဟိုးနောက်ဆုံးမှာ ကျန်ခဲ့ နေမှတော့ .... ကစားတဲ့ အခါကျတော့လည်း မြန်မာဆိုရင် အမှတ်တွေ ဘဲလောက် တက်တက်... ဒိုင်က တဖက်သတ် အမှတ် မပေးဘဲထားသေးတာ ... ကိုယ့်တွေ့သွားခဲ့ ရတဲ့သူမိုလို့သိတာ ... စိတ်မကောင်းရုံက လွဲပီး ဘာမှ မတတ်နိုင်ဘူး ဗျာ ... smilies/sad.gif
0
အားပေးမယ်
written by Ko MHT, December 08, 2009
သူများနိုင်ငံနဲ့ ယှဉ်ပြိုင်တဲ့ အားကစားပွဲတွေမှာတော့ ဘာပဲပြောပြော ကိုယ့်မြန်မာ ဘက်ကပဲ ကျနော် အားပေးတယ်ဗျား။ မြန်မာနိုင်ပါစေ--။ ဒီမိုကရေစီလဲ မြန်မြန် ရပါစေ---

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်