မြန်မာ ဒုက္ခသည် အများအပြား မလေးရှား UNHCR အသိအမှတ်ပြု

E-mail Print
မလေးရှားနိုင်ငံ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ချင်းနှင့်မွန် တိုင်းရင်းသား ၃၀၀၀ ကျော် ဒုက္ခသည် အဖြစ် အသိအမှတ်ပြု လတ်မှတ်များ ထုတ်ပေးလိုက်ကြောင်း မလေးရှား အခြေစိုက် မွန်နှင့်ချင်း ဒုက္ခသည် အကူအညီပေးရေး အဖွဲ့များက ဆိုသည်။

ချင်းလူမျိုး ၁၀၀၀နှင့် ၁၅၀၀ခန့် ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး Refugee Status Determination (RSD) ကတ်များ ရရှိခဲ့ကြောင်း ချင်းဒုက္ခသည် ကော်မတီ (Chin Refugee Committee-CRC)က ဆိုသည်။

CRCမှ ကိုဟယ်ရီက“မြန်မာပြည်က အခက်အခဲ ကြားထဲကနေ ဒီကိုရောက်လာ တယ်၊  UNHCRက ဒီလို အသိအမှတ်ပြုတော့ ၀မ်းသာတယ်၊ ဒီကိုရောက်လာတာက ဘာမှ သက်သေအထောက်အထားမရှိတဲ့ အခါ ကျတော့ UN အနေနဲ့ စာရွက် စာတမ်းတွေ ထုတ်ပေး တော့ ရဲတွေဘာတွေကိုတွေ့တော့ ပြစရာ နည်းနည်း ရှိတာပေါ့” ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်နေ့မှ စတင်၍ ၂၇ ရက်နေ့ အထိ ယင်းသို့ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နာမည် စာရင်း တင်ထားသလောက် လာရောက်နိုင်ခြင်းမရှိသဖြင့် အတိအကျ စာရင်းမယူနိုင်ခဲ့သော်လည်း ၁၀၀၀နှင့် ၁၅၀၀ ကြားရှိကြောင်း၊ ဒုက္ခသည်များအဖြစ် ချင်းလူမျိုးများကို ၂၀၀၁ မှ စတင်၍ အသိအမှတ် ပြုလာသည် မှာ ယခုဆိုလျှင်  လူဦးရေ ၂၀၀၀၀ ကျော်ရှိသွားပြီ ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံတွင် ချင်းလူမျိုး စုစုပေါင်း ၃၀၀၀၀ နီးပါး နေထိုင်လျက်ရှိကြောင်း ၎င်းက ပြောသည်။

မလေးရှားအခြေစိုက် Alliance of Chin Refugee အဖွဲ့မှ အကူဝန်ထမ်း ကိုကျော်ဦး(ခေါ်) ရော်ဂျာ၏ အဆိုအရ ယခုနှစ် ၂၀၀၉ အတွင်း UNHCRက ဒုက္ခသည် အဖြစ်အသိအမှတ်ပြုခံရသူ ၁၁၀၀၀ ရှိပြီး ချင်းတိုင်းရင်းသား အများ ဆုံးဖြစ်ပြီး ၅၀၀၀ ခန့်ရှိကြောင်း သိရသည်။

၂၀၀၇-၀၈ ခုနှစ်တွင် မွန်လူမျိုး ၅၀၀ ခန့်သာ အသိအမှတ်ပြုခံရသော်လည်း အောက်တိုဘာလတွင် မွန် လူမျိုး ၁၈၀၀ခန့် ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံရကြောင်း၊ မလေးရှားနိုင်ငံတွင် မွန်လူမျိုး ၂၀၀၀၀ခန့် နေထိုင်ကြကြောင်း မလေးရှား အခြေစိုက် မွန်ဒုက္ခသည် ကူညီရေး အဖွဲ့က ဆိုသည်။

နိုင်ရိုင်မွန်က“ ၃၀၀၀ လောက်လျှောက်တယ်၊ ၁၅၀၀ လောက်လက်ခံတယ်ဆိုတော့ ဒီနှစ်က မွန်တွေ အတွက် ကံကောင်းတာပေါ့၊ UNHCRကထုတ်ပေးတဲ့ ကတ်ရှိရင် အဖမ်းခံရရင်တောင် ထိန်းသိမ်းရေး စခန်းတွေအထိ UNHCRက လာထုတ်ပေးတယ်၊ ဒီမှာ အလုပ်လုပ်တဲ့သူတွေ အတွက်တော့ အကျိုး ရှိတာပေါ့” ဟု ပြောသည်။

အသက် ၁၈နှစ်အောက် ကလေးများ၊ ဖခင်မရှိဘဲ ကလေးများသော မိသားစုများ၊ အသက် ၅၀ကျော် လူကြီးများကို ဒုက္ခသည် အဖြစ် အသိအမှတ်ပြုရန် ပိုမို အခွင့်အရေး ရရှိကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

မလေးရှား UNHCRက အောက်တိုဘာ ၂၀၀၉ အထိ ဒုက္ခသည် ၆၇၈၀၀ ခန့် ဒုက္ခသည် အဖြစ် အသိအမှတ် ပြုရန် စာရင်းပေးခဲ့ကြောင်း၊ ယင်းတို့ အထဲတွင် မြန်မာလူမျိုး ၆၂၀၀၀ခန့်ပါဝင်ပြီး၊  ရိုဟင်ဂျာ ၁၆၁၀၀၊ ချင်း ၂၈၂၀၀၊ မြန်မာ-မွတ်စလင် ၃၇၀၀နှင့် အခြားသော တိုင်းရင်းသားများ ပါကြောင်း ဆိုသည်။

ဒုက္ခသည်များ ခိုလှုံခွင့်နှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ သဘောတူစာချုပ်တွင် မလေးရှားနိုင်ငံသည် ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိကြောင်း သိရသည်။

မလေးရှားနိုင်ငံရှိ ဒုက္ခသည်များသည် တတိယ နိုင်ငံများသို့ သွားရောက်နေထိုင်ခွင့်ရရန် စောင့်ဆိုင်းနေစဉ် အတွင်း ပြင်ပတွင် အလုပ်လုပ်ပိုင်ခွင့် ရရှိကြသည်။

ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူများသည် UNHCR၏ အစီအစဉ်ဖြင့် တတိယနိုင်ငံများ ဖြစ်သည့် ကနေဒါ၊ အမေရိကန်၊ သြစတြေးလျ၊ ဒိန်းမတ်၊  နယူးဇီလန်၊ ဆွီဒင်နှင့် ချက်သမ္မတနိုင်ငံတွင် သွားရောက် အခြေချနေထိုင်ခွင့် ရကြသည်။

ဆင်းရဲသည့် အာရှနိုင်ငံများမှ အလုပ်သမား အများအပြား မလေးရှားနိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်လျက်ရှိသည်။ ထိုအထဲတွင် မြန်မာပြည်သား ၅ သိန်းခန့် ရှိမည်ဟု ခန့်မှန်းကြသည်။ နယ်စပ်မှ တရားမဝင် ဝင်ရောက်ပြီး အလုပ် ရှာဖွေသူများ ရှိသကဲ့သို့ အလုပ်သမား အေဂျင်စီများနှင့် ဆက်သွယ်ပြီး တရားဝင် သွားရောက်သူများလည်း ရှိနေသည်။
Comments (4)Add Comment
0
လူ့အခွင့်အရေးလမ်းေ ကာင်းမှ သွေဖြည်နေသော UNHCR
written by Nemo, July 09, 2011
အင်္ဂလိပ် လက် ထက် မှ စတည် လာ သော အမွေဆိုး ကို UNHCR လက် ဆင့် ကမ်း အမွေခံထား ဆဲ ပါ....
smilies/wink.gif တော င် တန်း ဒေသနှင့်  မြေပြန့် ဒေသကို ခွဲ ခြား အုပ် ချုပ် ခြင်း
အထော က် အထား .....
smilies/wink.gif တော င် တန်း ဒေသမှ တင် လာ သော အမှုတွဲ ကိုသာ Refugee Card ထုတ် ပေး သည် ။
(တော င် တန်း ဒေသ မည် သည့် အမှုတွဲ ဖြစ် ပါစေ တင် ပြလာ သူတိုင်း ၅၀% အမှတ် ရပြီး ဖြစ် စေ။) smilies/grin.gif
smilies/wink.gif မြေပြန့် ဒေသမှ တင် လာ သော အမှုတွဲ မှန် သမျှကို အနည်း ဆုံး ၂ နှစ် ထိတိုင် Refugee Card ထုတ် မပေး ပါ။
(န.အ.ဖ မှ အန် တီစု အမှုတွဲ ကိုင် တွယ် သည့်  အတိုင်း အမှုတွဲ အပြီး မတတ် နိုင် ..... အန် တီစု အမှုတွဲ မမျှော် လင့် ပဲ ပြီး ဆုံး သွား သော် လည်း ..... မြေပြန့် ဒေသမှ အမှုတွဲ များ အပြီး မတတ် နိုင် ပါ။)
smilies/wink.gif စိတ် တော် နှင့် တွေ့ကာ မှ တခါတရံ Refugee Card သာ ထုတ် ပေး ပြီး တတိယ နိုင် ငံထွက် ခွာ ခွင့် မပေး ပါ။
(ကိုယ် တိုင် ကြုံ ခံစား မှု ဖြစ် ရပ် မှန် ) ...... တိုင်း ရင်း သား စည်း လုံး ညီညွှတ် ရေး အတွက် တကယ် ပဲ လိုလား ရင် အတွင်း အပြင် မှ စိတ် ဓာ တ် ရေး ရာ များ ပြော င်း လဲ ပြီး စစ် အစိုး ရအုပ် ချုပ် နေဆဲ ကာ လပတ် လုံး နိုင် ငံ တ၀န်း နိုင် ငံသား တိုင်း Refugee ဖြစ် တယ် ဆိုတာ ကို မမေ့ကြဖို့.. ... နှိုး ဆော် ပါရစေ.. ... ရှေ့မှသွား ခဲ့ ကြသူများ မှ စိတ် ဓာ တ် ရေး ရာ အမှား များ ကြော င့်  နော က် လူများ လမ်း ပိတ် ပြီး ခံစား ရသည် မှာ ပို၍ Refugee ဖြစ် ကြသည် ။
Selfish မဖြစ် သင့် ပါ။ UNHCR မှလည်း ရှေ့လူပြော သည့် အတိုင်း မဆုံး ဖြတ် ပဲ ဆင် ခြင် တုံတရား ဖြင့်  ဆော င် ရွက် သင့် ပါသည် ။ မြန် မာ နိုင် ငံ၏ ပြဿနာ သည် လူမျိုး ရြေ ပဿနာ မဟုတ် ပဲ Seflfish သည် သာ ပြဿနာ ဖြစ် ကြော င်း အဖြေရှာ သင့် ပြီ....
အေပယ် လ် ၂၁၊၂၀၀၉ မှ ၈၊၇၊၂၀၁၁ နေ့အထိ အမှုတွဲ မပတ် နိုင် သေး သူ.........

0
...
written by nay moe, December 05, 2009
အလကားပါဗျာ တော်တော်များများက နိုင်ငံရေးကို ခုတုံး လုပ်နေကြတာပါ. ....smilies/angry.gif
0
သူတို့ပြောတော့ အမှန်
written by Si Thu Aung, December 03, 2009
မလေးရှား UNHCRက မြန်မာ အများ အပြားကို Refguee လို့ အသိ အမှတ်ပြုတယ် လို့ ပြောတယ် ဆိုရင် မှားနေပါတယ်။ မလေးရှားမှာ မြန်မာလူမျိုးစု တစ်စုတည်းကိုဘဲ ချန်ထာပြီး အခြား တိုင်းရင်သား လူမျိုးတွေကိုဘဲ ပေးနေတာ ဘာသဘောလဲလို့ မေးပေးကြပါ။
0
...
written by ကိုကိုထိုက်, December 03, 2009
ကလိန် ကကျစ်တွေ အများကြီးပါဗျာ...

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်