မြနန်းနွယ်ရုပ်တု လက်ထိပ်ခတ်ခံရ

E-mail Print
ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားရှိ မြနန်းနွယ်ရုပ်တုကို ညအချိန်တွင် စစ်အာဏာပိုင်များက လာရောက်ပြီး လက်ထိပ် ခတ်လေ့ရှိကြောင်း ကြားသိရသည်။

ဗိုလ်တထောင် ဘုရားရှိ နတ်ရုပ်များထဲမှ အစိမ်းရောင်ဝတ်စုံ ဆင်မြန်းထားသော မြနန်းနွယ်ရုပ်တုကို ည ၁၁ နာရီခန့်တွင် လက်ထိပ် လာခတ်ခြင်း ဖြစ်သည်ဟု အဆိုပါဘုရားအနီး နေထိုင်သူတဦးက ပြောသည်။

“ဘုရားက ည ၁၀ နာရီ ပိတ်တယ်၊ ဘုရားပိတ်ပြီးမှ လာပြီးတော့ လက်ထိပ် လာခတ်တာ၊ မနက် ၆ နာရီ တောင် မထိုးသေးဘူး၊ လာဖြုတ်ပေးတယ်၊ ဘယ်သူမှ မမြင်အောင် လာဖြုတ်တယ်လို့ ထင်တာပဲ၊ အဲဒီလို ညညဆို အစ်မတော် မြနန်းနွယ်နတ်ရုပ်ကို လက်ထိပ် လာခတ်တာ ၄ ရက်ရှိပြီ”ဟု ၎င်းက ဆိုသည်။

ဗိုလ်တထောင်ဘုရားရှိ မြနန်းနွယ်ရုပ်တုအပြင်၊ မင်္ဂလာဒုံ လှော်ကားကန်ထိပ်ရှိ ဘုရားစေတီဝင်းအတွင်းမှ မြနန်းနွယ်ရုပ်တုကိုလည်း ဘုရားရှင်ဘက်သို့လှည့်၍ လက်အုပ်ချီထားသော လက်နှစ်ဘက်ကို ပူးပြီး
လက်ထိပ် လာခတ်ကြောင်း လှော်ကားကန်ဝင်းအတွင်းမှ ၀န်ထမ်းမိသားစုများက ပြောသည်။

“တနေ့က မနက်အစောကြီး ဘုရားဝင်းထဲ ဆွမ်းလာကပ်တော့ မြနန်းနွယ်အရုပ်မှာ အရောင်လဲ့လဲ့နဲ့ ဘာလဲ ဆိုပြီး ကြည့်လိုက်တော့မှ လက်ထိပ်ဆိုတာသိလိုက်တယ်၊ ပထမတော့ ကလေးတွေ နောက်တယ်လို့ ထင် လိုက်သေးတာ၊ လက်ထိပ်ကိုကိုင်ကြည့်တော့ လက်ထိပ်က အကောင်းကြီးဆိုတော့လေ တခုခုပဲလို့ သိလိုက်တာ”ဟု အထက်ပါ ၀န်ထမ်း မိသားစုဝင်တဦးက ဆိုသည်။

အဆိုပါ ဘုရားဝင်းအတွင်းရှိ မြနန်းနွယ်ရုပ်တုကို ညတွင်လက်ထိပ်ခတ်ထားပြီး နေ့ခင်းပိုင်းတွင် လက်ထိပ် လာဖြုတ်ပေးလေ့ရှိသည်ကိုတွေ့မြင်ရကြောင်းလည်း ဘုရားဝင်းအနီးတွင် နေထိုင်သူများက ပြောဆိုသည်။

ယခုကဲ့သို့ မြနန်းနွယ်နတ်ရုပ်တုများကို လက်ထိပ်ခတ်ခြင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား အိပ်မက်ဆိုးပေး သောကြောင့် အပြစ်ပေးသည့်အနေနှင့် ဖြစ်သည်ဟု အစရှိသဖြင့် ရန်ကုန်မြို့ခံများကြားတွင် အမျိုးမျိုးပြောဆို လျက်ရှိကြောင်း သိရသည်။

“ရယ်စရာတော့ကောင်းတယ်၊ ကြားရတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အစ်မတော်မြနန်းနွယ်က အိပ်မက် ဆိုးပေးလို့ ဆိုပြီး မြနန်းနွယ်ရုပ်တုတွေကို လိုက်ပြီးလက်ထိပ်ခတ်တာလို့လည်း ပြောကြတယ်၊ နောက်တမျိုး ကြားရတာကအိမ်မက်ထဲမှာတဲ့ အစိမ်းရောင်ဝတ်ထားတဲ့ ချောမောလှပတဲ့ အမျိုးသမီးတဦးက ဒေါသ တ ကြီးနဲ့ ခပ်စိမ်းစိမ်းကြည့်လို့တဲ့ ပြောတယ်၊ ပါးစပ်ကလည်းပြောတယ်တဲ့ အဲဒါနဲ့ မြနန်းနွယ်ရုပ်တုကို လာပြီး လက်ထိပ်ခတ်လိုက်တာလို့လည်း ပြောကြတယ်”ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ရန်ကုန်မြို့မှ ကုန်သည်ကြီးတဦးကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစုကို အစိမ်းရောင်ဝတ်ထားသော အမျိုးသမီးကဒုက္ခပေးလိမ့်မည်ဟု ဗေဒင်ဟောသောကြောင့် ယတြာချေသည့်အနေဖြင့် အစိမ်းရောင် မြနန်း နွယ်ရုပ်တုများအားလိုက်လံပြီး လက်ထိပ်ခတ်ဖမ်းဆီးနေခြင်းဖြစ်သည်ဟုကြားသိရကြောင်း ပြောဆိုသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မိသားစုဝင်တွေကို အစိမ်းရောင်ဝတ်ထားတဲ့အမျိုးသမီးတဦးက ဒုက္ခပေးလိမ့် မယ်၊ အဲဒီအမျိုးသမီးကြောင့် အရှက်ကွဲမယ်၊အာဏာစွန့်ရမယ်လို့ ဗေဒင်ကဟောလို့ အစိမ်းရောင် အမြဲဝတ် တဲ့ မြနန်းနွယ်ကို ဦးအောင်လက်ထိပ်ခတ်ပြီး ဖမ်းလိုက်တာလို့လည်း ပြောကြတယ်၊ အမျိုးမျိုး ပြောနေကြ တာပဲ၊ ဘယ်ဟာ အမှန်လဲတော့မသိဘူး”ဟု ယင်း ကုန်သည်ကြီးက ဆိုသည်။

ထို သိုက်နန်းရှင် မြနန်းနွယ်မှာ သာသနာပြုလုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ပြီး လူယောင်ဖန်ဆင်း၍ သွားလာတတ်ကာ ဘုရားတည်၊ ကျောင်းဆောက် စသည့် သာသနာပြုလုပ်ငန်းများကို လုပ်ကိုင်သောကြောင့်
ကိုးကွယ်သူများပြားကြောင်း သိရှိရသည်။

“မြနန်းနွယ်က ဒီအစိုးရခေတ်မှာ ထင်ရှားလာတဲ့ သိုက်နန်းရှင်ပဲ၊ ၁၉၈၉ နောက်ပိုင်းလောက်မှာ မြနန်းနွယ် ဆိုပြီး အစိမ်းရောင်ဝတ်ထားတဲ့ အမျိုးသမီးတယောက် မြန်မာပြည်အနှံ့သွားပြီး ဘုရားတည်နေတယ် ဆိုတဲ့ သတင်းတွေ ပြန့်လာတယ်၊ သိပ်မကြာခင် သူတည်တဲ့ ဘုရားတွေမှာသူ့ ရုပ်တုတွေ ပေါ်လာတာပဲ၊ အစိုးရ ကလည်း ဒါကို သိတယ်၊ မြနန်းနွယ်အိပ်မက်ပေးလို့ဆိုပြီး ဘုရားတွေမှာ သူ့ရုပ်တုတွေ ထည့်တာကို ခွင့်ပြု ပေးခဲ့တယ်၊ ခုတော့ အိပ်မက်ဆိုးပေးလို့ဆိုပြီး ရုပ်တုတွေကို လက်ထိပ်ခတ်တာ”ဟု အစိုးရ အရာရှိကြီး တဦး ကလည်း ပြောဆိုသည်။
Comments (33)Add Comment
0

written by O.won, July 25, 2010

မြနန်းနွယ်က ဒင်းတို့အာဏာရူးတွေကို လာခေါ် နေလို့ မြနန်း နွယ်ကို ဖမ်းထားတာပဲ .....။ ဒါ ....အဏုမြူ အားကိုးနဲ့ လူတွေ တောင် မကဘူး ....နတ် တွေ ကိုပါ စိန်ခေါ် လိုက်တဲ့ သဘော ဗျ..။ လူတွေကို နှိပ်စက်တာ အားမရလို့......
နတ်တွေ ကို နယ်ချဲ့ နှိပ်စက် ဖို့ အစ ပျိုးလာပြီ..။ မြနန်းနွယ် မိသားစုတွေ က တော့ ပျောက်လို့ လိုက် ရှာနေ ရောမယ်... .ကျွတ်.. ကျွတ်... ကျွတ်။
0
:P
written by whoami?, November 23, 2009
ဟားဟား .. ပေါတောတောနဲ့ smilies/tongue.gif
0
အစိမ်းရောင်ဝတ်များ
written by ဒူဘီချ, November 20, 2009
ဟတ်ဟတ် ... အစိမ်းရောင်ဝတ်များ ဆိုတာ ကြံဖွတ်ဆိုတာတော့ ဖြစ်နိုင်တယ်ထင်တယ် ... ဘာလို့လဲ ဆိုတော့ ကြံဖွတ်တွေကလည်း ပြည်သူထဲ ကပြည်သူတွေပဲလေ ... စဉ်းစားကြည့်ဗျာ သူတို့ ဆို ဟိုးတလောက ချီတက်ဆိုလဲ နေပူ မရှောင် မိုးရွာ မရှောင် ချီတက်ရတယ် ... အဲ လမ်းလျှောက်ဆိုတော့ လဲ လျှောက်လိုက်ရသေးတယ် ... ကြက်ဆူဆိုတော့လဲ ကြက်ဆူရပြန်ရော ... သစ်စမ့် ဆိုလဲ စိမ့်ရပြန်ရော ... စဉ်းစားကြည့်ဗျာ ကွင်းပြင်ထဲ မှာ နေပူ ဆိုလဲ ထီးမပါ ထိုင်ရတာပဲ ... ဆောင်းတွင်းဆိုလဲ စောင်မပါ ထိုင်ရတာပဲ ... ထောက်ခံ ပါသလား မေးရင် ... သူတို့ ဘာအော်တယ်ထင်လဲ .... အောင့်ခံပါတယ် အောင့်ခံပါတယ် တဲ့ဗျာ ... နောက် စက်တင်ဘာ အရေးခင်းတုန်းကလဲ ဘုန်းကြီး တောင် မှ ဝင်ရိုက်ရသေးလားပဲ ... ဒီလောက်အကုသိုလ်များတဲ့ အလုပ်ကိုတောင် လုပ်ရတာ ... ဘယ်လုပ်ချင်မလဲ ... အောင့်ခံပါတယ် ကို သုံးလေး နာရီလောက်ထိုင်ပြီးမှ အော်ရတာ ... ပြီးတော့ ရေတစ်ဘူးလောက်နဲ့ အိမ်ပြန်လာရတယ် ဆိုလားပဲ ... အဲ ကိုယ်တွေ့တော့ မဟုတ်ဘူးနော် ... ဒါပေမဲ့ မျက်မြင် ...
0
ငါတို့ မျှော်လင့် တာတွေ ဘယ်တော့  ဖြစ်မှာလဲ...........
written by နေမင်းဝေ, November 20, 2009
ကျွန်တော့ က မြန်မာနိုင်ငံသား တစ်ယောက်ပါ.. ..ကျွန်တော်တို့ နိုင်ငံကြီး ဘယ်တော့  တိုးတတ်မလဲဆိုတာကို စောင့် ကြည့် နေမိပါတယ်.. ..လမ်းပန်းဆက်သွယ်ရေးက အစပေါ့ .. ၂၀၀၅ခုနှစ် ညေက်ကနဲ့  ဆိုင်ရင်တော့  နည်းနည်း တိုးတတ်လာတာတော့ အမှန်ပါပဲ.. ..ဘာပဲဖြစ်ဖြစ် အထက်လူတွေ အသုံးမကျတာတော့ တစ်ကယ်ပါ... ..မကောင်းတဲ လူကဘာလို့  မြန်မြန်မသေရတာလဲဗျာ ...ဆုတောင်းပေးကြပါ ..မေတ္တာများများပို့ ကြပါ.. .....
0
နတ်အခွင့်ရေးပါ ချိုးဖေါက်လာပြီ
written by Truth, November 20, 2009
ဘုန်းကြီးတွေတောင် ထုထောင်းနေတဲ့ မိစ္ဆာဘိုးဘိုးက နတ်တွေကိုတော့ မကြည်ရင် မကြည်သလို ကိုင်မှာပါဘဲ။ ဒီသတင်းအရတော့ တပ်ချုပ်မှုးကြီးတို့ဘ၀ ကိုယ့်အကုသိုလ်နဲ့ ကိုယ် ဘယ်လောက် ခြောက်ခြားနေကြရသလဲ ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ အရှင်လတ်လတ် ငရဲကျနေရတဲ့ဘ၀ဆိုတာ သူတို့မှ အစစ်ပါ။
0
““မြနန်းနွယ်””၏ သမိုင်းစဉ်
written by MCK, November 20, 2009
တကယ်တော့ မြနန်းနွယ်ဆိုတာ နာမည် စွဲတစ်ခုပဲ ဖြစ်သည်။
သူသည် လူသားစင်စစ် တစ်ဦးဖြစ်ပြီး သူ့အမည်မှာ ““ဒေါ်ခင်ညွန့်””
ဗိုလ်တထောင် ဆံတော်ဦးစေတီတော်တွင် သာမဟုတ်၊ လှိုင်သာယာရှိ ရှေးဟောင်း ရွှေရင်အေး စေတီတော်၌ လည်းကောင်း၊ အောင်မြေသာယာ ရွှေစေတီတွင် လည်းကောင်း၊ မြနန်းနွယ်နတ်နန်း တွေ့ရှိရသည်။
I support on Kyaw Zower's comment, Low-rated comment [Show]
0
တကယ်မှန်ရင်တော့ 
written by sa aung, November 19, 2009
တကယ်မှန်ရင်တော့ ကျွန်တော်တို့ အစိုးရက အရူးအစိုးရဖြစ်နေပြီ ။
0
ဘယ်လိုသေမှာလဲ?
written by Beautiful Nightmare, November 19, 2009
ဦးသန်းရွှေနဲ့ဒေါ်ကြိုင်ကြိုင်ရာ... လူတိုင်းသေမျိုးပါပဲ... အိမ်မက်ထဲမှာ မြနန်းနွယ်က အရှင်လတ်လတ် ဂုတ်ချိုးလည် ညစ်ပြီး မသတ်သွားတာ ကံကောင်းတယ်မှတ်ပါ... ဒါပေမယ့် စိမ်းစိမ်းကြီးကြည့်တယ်ဆိုတော့ အစိမ်းလိုက်ဝါးမျို ချင်နေတဲ့ပုံပဲ။ သေရမှာ ကြောက်မနေပါနဲ့ဗျာ... သူသတ်လို့မသေလည်း ခင်ဗျားတို့နှစ်ယောက် သေဘေးကပြေးမလွတ် ပါဘူး ခင်ဗျားတို့ဘ၀ နေ၀င်ချိန်းတွေလည်း ရောက်လာဦးမှာပါ.. သေပြီး ဘယ်ဘ၀ သွားမှာလဲ.... အ၀ီစိမှာတော့ ခင်ဗျားတို့နှစ်
ယောက်အတွက် သီးသန့် ဒယ်အိုးပေါ်နေတယ် ကြားတယ်.... အမြင်မှန် ရပြီးပြင်သင့်နေပြီ... အခုချိန်မှာ မပြင်လို့ကတော့... နောက်တစ်ခါကျရင် အိမ်မက်ထဲမှာ မဟုတ်ဘူး ခင်ဗျားတို့နှစ်ယောက် အိပ်ယာဘေးအထိ သုဿာန်စောင့် မဖဲဝါ ကိုယ်တိုင်လာခေါ်မယ်တဲ့ဗျို့.... (p.s မဖဲဝါရဲ့ရုပ်ထုကတော့ရှာရခက်မယ်ထင်တယ်နော် )smilies/grin.gif
0
အလကားကျော်စွာ
written by lynnlynn, November 19, 2009
အလကားကျော်စွာ.... သူ့ ဘိုးဘိုးကို ထိတော့ ရမ်းနေတယ်။ တို့ကတော့ ဧရာဝတီကို မှန်ကန်တဲ့သတင်းပဲ တင်တယ်လို့ ယုံတယ်။ အလကားကျော်စွာတို့လို လူစားမျိုးကတော့ အကုန်လုံး ခန့်မှန်းလို့ရတယ်နော့်။ သာပေါင်းညာစား အခု အင်တာနက်ခေတ်ကတော့ ချိုကုပ်တွေအကြိုက် comment လိုက်ပေး။ ဟက်ဟက် မသက်သာတဲ့ဘ၀ ပါနော်။
0
Afraid of Green
written by Koyu, November 19, 2009
Hey Hnin Nu
The Burma military will change their Uniform to Pink Colour.
Pls remind the nun (Theela Shin) in Burma the price of pink colour clothes will be swelled up.smilies/grin.gifsmilies/cheesy.gifsmilies/grin.gif
0
အကြံတွေကုန်သွားလို လားမသိ..
written by သဲမောင်မောင်, November 19, 2009
ပြည်သူတွေကို ဒုက္ခပေးရတာ အားမရလို့ နတ်ကိုပါ ဒုက္ခသွားပေးတာလည်း ဖြစ်နိုင်တယ်..
0
ဟိဟိ
written by yinko, November 19, 2009
မိန်းမမှန်ရင် ကြောက်တတ်တာ သန်းရွှေ ထုံးစံပဲလေ smilies/grin.gif
0
ဦးနှောက်နည်းသူမျာ ၇ဲ့လုပ်ရပ်
written by Yan Naing, November 19, 2009
ဒီလိုဦးနှောက်နည်းတဲ့ အရူးသာသာလူမျိုးက တိုင်းပြည်ရဲ့ ခေါင်းဆောင်လုပ်နေတာ ရှက်ဖို့ကောင်းလိုက်တာ.... မြန်မာပြည်ရဲ့ အရူးကြီးက ပညာမတတ်တဲ့ ဦးနှောက်အသိဥာဏ် မမှီတဲ့သူမှန်းသိနိုင်တယ်... ယတြာချေဖို့ဆိုရင် ဘာဘဲလုပ်ရလုပ်ရလေ ဆိုတဲ့စကားလိုဖြစ်နေပြီ .....သူများနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေများ.. တကယ့်နံမည်ကျော် ဟားဗတ်လို ကျောင်းတွေကနေ ပညာတွေတတ်... ဘွဲ့တွေရလာတယ်.... ကျုပ်တို့ခေါင်းဆောင်တွေများ ကျတော့ပြောရမှာတောင် ရှက်မိသေးတယ်....
သက်တော်ကလဲကြီးလှပြီ... ခွက်ပျောက်မှာကြောက်ပြီး မဆင်မခြင်တွေလုပ်တုန်း.... ဒီအသက်အရွယ်ထိ တိုင်းပြည်ကိုဒုက္ခပေးရတာ တော်ရောပေါ့ဗျာ.... ငရဲရောက်ဖို့ဒီလောက်နီးနေတာ... တရားလေးဘာလေးနဲ့ အေးအေးမနေနိုင်သေးဘူး... သောကတွေဒုက္ခတွေကို မက်မက်မောမော အာသာငမ်းငမ်းဖြစ်နေတုန်းဘဲ. .ဒင်းကြီးကိုကြည့်ပြီး တရားတောင်ရမိပါရဲ့ဗျာ... ကိုယ့်ထက်သာရင် ဘယ်သူ့ကိုမှ မနာလိုတာ သန်းရွှေရဲ့အကျင့်ဘဲ.... သူ့ထက်သာရင်တော့ ဘယ်သူ့ကိုမဆို လွှင့်အောင်လုပ်မှာ သေချာတယ်.... ကျွန်တော်ဗျာ သူ့ဓာတ်ပုံကိုကြည့်မိတိုင်း တူးတူးခါးခါးမုန်းတဲ့စိတ်က ၀င်လာတယ်... .အသည်းထဲကနေကို မုန်းမိတယ်.....
0
...
written by JP, November 19, 2009
စဉ်းစားကြည့်ကြပါ.. အရပ်ကတို့ .. ၅၅ သန်းသောလူထုကို.. ဗေဒင်ဆရာ တောင်ဟောမြောက်ဟော.. လျှောက်ဟော
ထားတာတွေနဲ့  အုပ်ချုပ်နေတာ.. ကဘာ့သမိုင်းမှာ မှတ်တမ်းတင်ဖို့ ကောင်းနေပြီ.. ဒီအစိုးရကို..
0
ဓနုဘုရားပြိုပြီးတဲ နောက်ပိုင်း
written by susu, November 19, 2009
ထူးခြားချက်တွေ အများကြီးဖြစ်နေပါတယ်။ သီရိလင်္ကာမှာ စွယ်တော်သွားဖူးတယ်။ ယတြာတွေ ဆက်တိုက်လုပ်နေတယ်။

အဲဒါတကယ့်အဖြစ်အပျက် မှန်တွေပါ။

နေပြည်တော်မှာ ဗိုလ်မှူးချုပ်တစ်ဦး( သန်းရွှေကိုယ်ရေးအရာရှိ) အလုပ်ရှုပ်နေလေရဲ့။


တောင်မင်းမကယ်နိုင်၊မြောက်မင်းမကယ်နိုင်ပေါ့ကွယ်
Reporting News OR Seprading Rumour ?, Low-rated comment [Show]
0
...
written by nge, November 19, 2009
smilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gif
ဖြစ်မှဖြစ် .....
0
Over crazy, Than Shwe going crazy
written by anonymous, November 19, 2009
Than Shwe is psycho. smilies/grin.gifsmilies/cheesy.gif
0
...
written by Tun Shwe Khaing, November 19, 2009
မီးဝိုင်းခံနေရတဲ့ အရူးတစ်ယောက်ရဲ့ အရူးချီးပန်း လုပ်ရပ်------
0
...
written by aung san thit, November 19, 2009
အင်း သ၇ဲကားတွေတော့ မ၇ိုက်၇ဘူးတဲ့ လူတွေအစွဲအလမ်း မှားမှာစိုးလို့ ဆိုဘဲ

ဒါပေမဲ့
အစိုး၇ လုပ်ပြီး တိုင်းပြည်အုပ်ချုပ်နေတဲ့ လူတွေကိုယ်တိုင်က မှ ၅နှစ်သားကလေး၇ဲ့ စဉ်းစားနိုင်မှုစွမ်းအားလောက်ဘဲ၇ှိတော့ တိုင်းပြည်က ဒီတွင်းထဲက တက်မှာမဟုတ်ဘူးလေ
0
ဘုရားရိုက်ခြင်း
written by seinnmyanaddy, November 19, 2009
ဒါဟာဘုရားရိုက်ခြင်းလို့ ခေါ်ပါတယ်။ အမှန်တကယ်ဘုရားရိုက်ခြင်း မဟုတ်ပါ။ သန်းရွှေပြုခဲ့တဲ့ အကုသိုလ်တွေက ပြန်အကျိုးပေးတာပါ။ အခုမှအစပဲရှိပါသေးတယ်။ နောက်ထပ်လာအုံးမယ်။
0
...
written by အမည်မဖော်ပြလိုသူတစ်ဦး-, November 19, 2009
ယတြာချေနေဒါပါပဲ။ ကျွန်တော်တစ်ခုလောက် ပြည်သူတွေကို အကြံပေးပါရစေ။ အဲဒါနဲ့ ပြောင်းပြန် ယတြာတွေကို နားလည်တဲ့ ကျွမ်းကျင်တဲ့လူတွေ လုပ်ပေးပါလို့ ။ အထူးသဖြင့် ဗေဒင်ဆရာများက ပြောင်းပြန်လုပ်ပေးမယ်ဆိုရင် သူတို့ လုပ်ဒါ မစွန်းတော့ဘူး။ အဖမ်းခံရမှာ ကြောက်ရင် သူတို့ မသိအောင်လုပ်ပါ။
0
သြော်ခေါင်းဆောင်တေ
written by Tun Shwe Khaing, November 18, 2009
အရူးမီးဝိုင်း-လောက ဆိုတာ ဒါဘဲ
0
အစိမ်းရောင်ဝတ်များ
written by မောင်မျိုး, November 18, 2009
အစိမ်းရောင်ဝတ် အမျိုးသမီးဆိုရင် ကြံ့ဖွတ်တွေပဲဖြစ်မယ်
0
အော် ဘိုချုပ်မှုးကြီး ......
written by ကျော်နိုင်, November 18, 2009
စစ်အုပ်စု ဟာ ယုတ်ညံ့ ပြီး အင်မတန် အောက်တန်း ကျတဲ့ ယုံ သာမက ဒီလို အလုပ်တွေ ကလေး ကလား ဆန်ဆန်တွေ တွေလဲ လုပ်လေ့ ရှိတာ ပေါ်လွင် တာပေါ့ဗျာ။ ယိုသူမရှက် မြင်သူရှက်တဲ့။
0
ဆရာမင်းသိင်္ခကို လွမ်းမိသေးတော့၏
written by Ko MHT, November 18, 2009
ရယ်စရာတော့ ကောင်းနေပီဗျို့။ ဆရာမင်းသိင်္ခ သက်ရှိထင်ရှားရှိသေးရင်တော့ ဒီသတင်းကြားပြီး အူတက်နေမှာ သေချာတယ်။ ဆရာ့စာအုပ် ဖတ်ဖူးတဲ့လူတွေနဲ့ ဗိုလ်တစ်ထောင်ကလူတွေ သိုက်နန်းရှင်မြနန်းနွယ်အကြောင်း ကြားဖူးကြပြီးသားပါ။ နောက်ပြီး ဆရာသာရှိနေသေးရင် ဒီသတင်းကို အခြေခံပြီး “နအဖနှင့် မြနန်းနွယ်” ဆိုတဲ့ ဖြစ်ရပ်မှန် ၀တ္ထုမျိုးတွေ ရေးနေဦးမလား မသိဘူး။ ဆရာ့ကို သတိရပါ့ဗျား။ စာထရေးပါဦး ဆရာမင်းသိင်္ခကြီးရေ့။ တစ်ခုသေချာတာကတော့ ဗိုလ်တစ်ထောင်ဘုရားနဲ့ မြနန်းနွယ်ရုပ်တုရှိတဲ့ ဘုရားတွေမှာ အလှူငွေ တိုးဦးမှာတော့ မြေကြီးလက်ခတ်မလွဲပဲ။ ဒါလဲ မြနန်းနွယ်ရဲ့ သာသနာပြုနည်းတွေထဲက တစ်ခုလို့ မှတ်ယူရလိမ့်မယ်ထင်တယ်။ အဲဒီအတွက် မြနန်းနွယ်ကိုရော နအဖကိုပါ ကျေးဇူးတင်ရမယ်။
ကောလာဟာလကို သတင်းလုပ်ခြင်း, Low-rated comment [Show]
0
....
written by Burmese, November 18, 2009
သန်းရွှေနဲ့ ကြိုင်ကြိုင် အဲဒီစိတ်တွေနဲ့ ပဲ ရူးပြီးသေကြမှာပဲ၊ သနားစရာတော့ အကောင်းသား။ အာဏာကိုဖက်တွယ်ပြီး သေမှာလည်း အင်မတန်ကြောက်ကြတာကိုး။ သူများကျတော့ သတ်ချင်တိုင်းသတ်ပြီး...။ ရူးပါ့၊ ဦးနှောက်ကလည်းနည်းပါ့။ တိုင်းပြည်လည်း ဒါတွေနဲ့ ပဲ အဖတ်ဆယ်လို့ ကိုမရတော့ဘူး။
0
...
written by saionmao, November 18, 2009
ဟားဟားဟားဟားဟား တော်တော်လေးကို၇ယ်စ၇ာ ကောင်းနေပြီ တစ်ကယ်ပြောတာ ဒီစာကိုဖတ်ပြီး နောက်၇ယ်လိုက်၇တာ-သြော်သန်းေ၇ွှအာဏာနဲ. ပတ်သက်လာ၇င် ၇ုပ်တုတွေကိုတောင် အလွတ်မပေးတော.ဘူးလား-ဒါများစည်းကမ်းပြည်.၀တဲ. ဒီမိုကေ၇စီ ဖော်ဆောင်ပေးမယ် ပြောနေတာ-၇ုပ်တုလေးတွေတောင် အလွတ်မပေးဘူးလား-
0
ကျပ်မပြည့်တဲ့ အရူးတွေ
written by ko htet, November 18, 2009
အရုပ်ကိုလက်ထိပ်ခက်တော့ ဘာဖြစ်မှာလဲ သိပ္ပံခေတ်ကြီမှာ ဒီလိုအရူးတွေလဲ ရှိသေးတယ်
0
အစိမ်းရောင်ကြောက်တ်လား
written by Hnin Nu, November 18, 2009
ဒါဆို ချစ်တားကြီးတွေ အစိမ်းရောင်ဝတ်တာ ဘယ်လိုလုပ်မလဲ မသိဘူးနော်။ ဒါဆို စစ်ဝတ်စုံ အရောင်ပြောင်းတော့မယ် ထင်တယ်နော်။ ဘာအရောင် ပြောင်းမလဲ တိဘူး ... smilies/smiley.gif
0
ရယ်ရတယ်
written by Manmar Reporter, November 18, 2009
တကယ်မှန်ရင်တော့ သန်းရွှေ ဆေးမမှီတော့ဘူး

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်