မြန်မာသီချင်း တရာကျော် ထိုင်းကုမ္ပဏီဝယ်မည်

E-mail Print
မြန်မာ သီချင်းများကို Ring Tone (တယ်လီဖုန်းမြည်သံ) အဖြစ် အသုံးပြုရန် အတွက် ထိုင်းနိုင်ငံရှိ ကုမ္ပဏီတခုမှ ၀ယ်ယူ မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာ လူမျိုးများ အတွက် လက်ကိုင်ဖုန်းမှ တဆင့် ဖျော်ဖြေမှု ပေးနိုင်ရန် ထိုင်း MP3 Thailand Co. Ltd မှ မြန်မာသီချင်း ပုဒ်ရေ ၁၂၀ ကို ၀ယ်ယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး တွဲဖက်အတွင်းရေးမှူး တေးရေး မောင်သစ်မင်းက ဧရာဝတီကို ပြောသည်။

“အခုလို တရားဝင်လာဝယ်တာကောင်းတာပေါ့၊ ခိုးကူးရင်လည်း ဘာမှတတ်နိုင်တာ မဟုတ်ဘူးလေ၊ကြိုဆိုရမှာပေါ၊့ကျေးဇူး တောင်တင်ပါသေးတယ်”ဟု၎င်း ကဆိုသည်။

ယခုဝယ်ယူမှုကို ထိုင်းကုမ္ပဏီကိုယ်စား မြန်မာနိုင်ငံရှိ Million Entertainment & Video Production မှ ဦးသန်းတင်က ဆောင်ရွက်မည်ဖြစ်ပြီး ပါဝင်မည့် အဆိုတော်များမှာ လေးဖြူ၊ ဇော်ဝင်းထွဋ္ဋ် ၊ မျိုးကြီး၊ R ဇာနည် ၊ ဖိုးကာ၊ ရဲလေး၊ စိုင်းထီး ဆိုင်၊ ထူးအိမ်သင်၊ ခင်မောင်တိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖြူဖြူကျော်သိန်း၊ L ဆိုင်းဇီ စသည့် နာမည်ကြီး အဆိုတော်များပါဝင် မည်ဖြစ်သည်ဟု သိရသည်။

နှစ်ဦးနှစ်ဘက်သဘောတူညီချက်အရ သီချင်းတပုဒ်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားပြီး အချိန်ကာလအား ဖြင့် အသုံးပြုခွင့်တနှစ် သတ်မှတ်ထားကြောင်း၊ ရောင်းချ၍ ရရှိသည့် ၀င်ငွေကို တေးရေး၊ တေးဆို၊ အသံဖမ်း၊ တီးဝိုင်းနှင့် ထုတ်လုပ်သူဟူ၍ အလွှာငါးလွှာ သတ်မှတ်ပြီး မူပိုင်ခွင့် အနုပညာကြေးခံစားစေမည်ဖြစ်ကြောင်း၊ စာချုပ်သက်တမ်း တနှစ်ကုန် ဆုံးသွား၍ သီချင်း အသစ်များအသုံးပြုမည်ဆိုလျှင်လည်း စာချုပ်ထပ်မံချုပ်မည်ဖြစ်သည်ဟု မောင်သစ်မင်းက ရှင်းပြသည်။

ယခုကဲ့သို့ စာချုပ်ချုပ်ဆိုခြင်းကို နိုင်ငံတကာမူပိုင်ခွင့် ဥပဒေနှင့် အညီချုပ်ဆိုထားခြင်းဖြစ်ပြီး ကိုယ်ပိုင်သံစဉ်သီချင်းများကို သာ ရောင်းချမည်ဟု သဘောတူညီချက် ရယူထားကြောင်း၊ Ring Tone နှင့် Waiting Call အဖြစ်သာ အသုံးပြုခွင့်ပေး မည်ဖြစ်ပြီး ပြန်လည် ရောင်းချခြင်း၊ကြော်ငြာအဖြစ်အသုံးပြုခြင်းများကို ခွင့်ပြုမည်မဟုတ်ကြောင်း၊ ယခု ၀ယ်ယူထားသည့် သီချင်းများကို မိမိတို့ ဂီတအစည်း အရုံး အနေဖြင့် မည်သည့် ကုမ္ပဏီကိုမျှ ထပ်မံရောင်းချမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။

ယခုဝယ်ယူမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး အများဆုံးဝယ်ယူမှုဖြစ်ကြောင်း၊ ပထမအကြိမ်အနေဖြင့်  ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံတွင်အသုံးပြုရန်အတွက် စံမြင့်မြင့် ကုမ္ပဏီနှင့်စာချုပ်ချုပ်ဆိုပြီး သီချင်း ၁၈ပုဒ် ရောင်းချခဲ့ပြီးပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါ MP3 Thailand Co. Ltd ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် MP3 player များ၊ iPodများ၊အသံပိုင်းဆိုင်ရာ ပစ္စည်း အမျိုးမျိုး၊ ကွန်ပျူတာ နှင့်ကွန်ပျူတာ ဆက်စပ်ပစ္စည်းများထုတ်လုပ်ပြီး ဖျော်ဖြေရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်နေ သည့် ဘန်ကောက်မြို့ အခြေစိုက် စီးပွားရေး ကုမ္ပဏီကြီးတခုဖြစ်သည်။

“တစိမ့်စိမ့်ကြည့်”သီချင်းဖြင့် လူငယ်ပရိသတ်ကို စွဲဆောင်နိုင်ခဲ့သည့် အဆိုတော် ဖိုးကာကလည်း“ အခုဝယ်တာ ကျနော် အတွက် ပထမဆုံး အကြိမ်ပဲလေ၊ ခိုးကူးတာထက်စာရင် တော်သေးတာပေါ့၊ အခုဝယ်တဲ့ ကုမ္ပဏီတွေက စီးပွားရေး အကြီးအကျယ်လုပ်တဲ့ကုမ္ပဏီဆိုတော့ စနစ်တကျ ဂီတအစည်းအရုံးနဲ့ ညှိပြီးမှ လာဝယ်တာလေ”ဟုပြောသည်။

ပြီးခဲ့သည့်နှစ်မှ စတင်ပြီး ထိုင်းနိုင်ငံရှိ တယ်လီဖုန်းကုမ္ပဏီတခုဖြစ်သည့် DTAC ကုမ္ပဏီကလည်း ထိုင်းနိုင်ငံတွင် လာ ရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာသီချင်းများကို လက်ကိုင်ဖုန်းအတွင်း ထည့်သွင်း နားထောင်နိုင်ရန် ဖျော်ဖြေမှုဈေးကွက်တခုကို ပြုလုပ်ခဲ့ကြောင်း DTAC ကုမ္ပဏီတွင် ဈေးကွက်မြှင့်တင်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် ကိုဝင်းချိုက ပြောသည်။

“မြန်မာပြည်သားတွေ ကိုယ့်မြန်မာသီချင်းကြားရတော့ နားထောင်ရတဲ့သူတွေဝမ်းသာတာပေါ့၊ တော်တော်လည်း စိတ်ဝင် စားတယ်၊ ကုမ္ပဏီတွေ အပြိုင်အဆိုင်လုပ်နေတဲ့အချိန်မှာ ဈေးကွက်မှာအမျိုးမျိုးဆွဲဆောင်ပြီးတော့ ပိုဖောက်ရတာပေါ့” ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံရှိ 1,2 Call ကုမ္ပဏီမှလည်း မြန်မာပြည်သားများ အတွက် ရည်ရွယ်၍ ထိုဖျော်ဖြေမှုလုပ်ငန်းကိုလုပ်ကိုင်ကြောင်း၊ သို့သော် ဈေးကွက်တွင် မြန်မာနိုင်ငံသားအများစုသည် DTAC ကိုသာ ပိုမိုသုံးစွဲသည်ကို တွေ့ရကြောင်း၊ အဆိုတော်များ တွင် R ဇာနည်နှင့် မွန်အဆိုတော် ဗညားဟံ ၏ သီချင်းများကို ပိုမိုတောင်းဆိုကြောင်း၊ သီချင်းတပုဒ် ထည့်သွင်းလျှင် ၂၁.၄၀ ဘတ် နှုန်း ၀န်ဆောင်မှု ကောက်ခံ၍ တလလျှင် ၃၇.၄၅ ဘတ် ကောက်ခံကြောင်း ကိုဝင်းချိုကရှင်းပြသည်။

အဆိုပါ DTAC ကုမ္ပဏီသည် မြန်မာနိုင်ငံသားများအတွက် ၇ ရက်သားသမီး ဗေဒင်ဟောစာတမ်းကိုလည်း ၀န်ဆောင်မှု ပေးကြောင်းသိရသည်။

မဲဆောက်မြို့မှ မြန်မာနိုင်ငံသားတဦးကလည်း ဤကဲ့သို့ မြန်မာသီချင်းများကို ၀န်ဆောင်မှုပေးနေခြင်းသည် မြန်မာနိုင်ငံ သားများ အားလပ်ချိန် နှင့် လုပ်ငန်းခွင်ဝင်သည့်အချိန်တွင် မြန်မာသီချင်းများဖြင့် အလွမ်းဖြေ နားထောင်နိုင်သည့်အတွက် ယခုကဲ့သို့ သီချင်းအသစ်များ ၀ယ်ယူမှုမှာ ကောင်းမွန်ကြောင်း ဧရာဝတီသို့ပြောဆိုသည်။
Comments (7)Add Comment
0
...
written by ကိုချစ်, November 13, 2009
ဖိုးကာရဲ့ တစိမ့်စိမ့်ကြည့် သီချင်းက ကိုယ်ပိုင်သံစဉ် မဟုတ်ဘူးလို့ ထင်ပါတယ်။
0
...
written by kyawlaw, November 12, 2009
စဉ်းစားကြည့်ကြပါ Waiting Call အကြောင်းပါ

တခါတရံ ဖုန်းခေါ်တဲ့ အချိန် မှာ မအားလပ်လို့ မကိုင်နိုင်တာ ရှိတတ်ပါတယ် ဒါပေမဲ့ ရိုးရိုး ဖုန်းသံလေးက အကြောင်းမဟုတ် ပေမဲ့ ကိုယ်က အရေးကြီးလို့ခေါ် ချိန်မှာ ဖုန်းမကိုင်ပဲ သီချင်းပေးနား ထောင်ထားတာ တော့ ဘယ်လောက် ဒေါသ ထွက်စရာ ကောင်းသလဲ ဆိုတာ ကြုံဘူးမှ သိကြမှာပါ အဲဒီအသံ က ရိသဲ့သဲ့ လုပ်နေသလိုပါ (မှတ်ချက် ထိုင်းနိုင်ငံ ဧ၇ိယာ အတွင်းသာ ဆိုလို)
0
i love burmese songs
written by fun, November 12, 2009
i like this news story very much.
i have been living in Thailand for 21 years. I don't know much about it.
but, i like burmese songs.
how can i download the songs?
0
ပိုင်ရှင်အစစ်
written by မောင်မျိုး, November 12, 2009
ဒါဆို နိုင်ငံခြားသံစဉ်တွေကို ခိုးကူးထားတဲ့  အဲဒီမြန်မာသီချင်း တွေကို သီချင်းမရေးတတ်ပဲ စင်ပေါ်တက်အော်နေတဲ့  အဆိုတော်တွေက မူရင်း ပိုင်ရှင် နိုင်ငံခြား company တွေကို မူပိုင်ခွင့်တွက် ပြန်ပေးမှာလား
0
Well Well
written by Tin Aung Ni, November 11, 2009
All the mentioned singers (လေးဖြူ၊ ဇော်ဝင်းထွဋ္ဋ် ၊ မျိုးကြီး၊ R ဇာနည် ၊ ဖိုးကာ၊ ရဲလေး၊ စိုင်းထီး ဆိုင်၊ ထူးအိမ်သင်၊ ခင်မောင်တိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖြူဖြူကျော်သိန်း၊ L ဆိုင်းဇီ) already copied a lot of english songs, thai songs, japanese songs, chinese songs, and every single good songs.
I am proud of "THEM" that Thai is buying songs from Myanmar.

THEM = Own Tune Song Writers

best
0
လူလို သိတတ်တယ်
written by ရော်ဆမ်း, November 11, 2009
ထိုင်းနိုင်ငံ ဒါမှမဟုတ် စစ်အစိုးရက သူ့အခြေ မလှတိုင်း လက်ညှိုးထိုးပြီး မျက်ကမ်း မျိုးချစ်စိတ်တွေ တက်လာအောင် တရားခံ အရှာခံရတဲ့ အိမ်နီးချင်း နိုင်ငံကတောင် ကိုယ့်နိုင်ငံက အနုပညာရှင် တွေကို တလေးတစားနဲ့ လာပြီး ဆက်ဆံ သေးတယ်။ ကိုယ့်အစိုးရ ကတော့ ဒီလောက် ခိုးကူးခွေတွေ သောင်းကျန်းနေတာကို နှိမ်နင်းပေးဖေါ်မရတဲ့ အပြင် သူခိုးတွေနဲ့ ပေါင်းတောင် စားနေလိုက် သေးတယ်။ အေးလေ သူကိုယ်တိုင် ကလည်း တိုင်းပြည် အာဏာကို မတရား ခိုးယူပြီး အတည်လိုလို ဖြစ်အောင် လုပ်နေတဲ့ သူခိုး အစိုးရပဲဟာ။
0
ကဲ - အပျင်းပြေ တွက်ကြည့် ရ အောင် -
written by မှိုင်းငွေ-, November 11, 2009
၁ ဘတ် = ၂၉ ကျပ် (ဒီနေ့ ဈေး ) / သီချင်းတပုဒ် တလ ကို ၃၇ ဘတ် / ၁၂ လ (တနှစ်စာချုပ်) ဆိုတော့ / ထားပါတော့ သီချင်းတပုဒ်ကို ၃ လ မှာ တပုဒ် နှုမ်း ပဲထား ပါ တနှစ် မှာ သီချင်းတပုဒ် ၄ ကြိမ် ဆိုတော့ - ???
US $ 100 က ပေးပျော် တာ ပေါ့ MP3 Thailand Co. Ltd ဟုတ်တယ်နော် -

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်