ပင်လုံ စာချုပ် အကြောင်း ဆွေးနွေးရန် KIO တောင်းဆို

E-mail Print
အပစ်ရပ် တိုင်းရင်းသား အဖွဲ့များအား နယ်ခြားစောင့် တပ်များအဖြစ် အသွင်ပြောင်းရန် နောက်ဆုံး သတ်မှတ်ထားသည့် အောက်တိုဘာ ၃၁ ရက်နေ့သည် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် တိတ်တဆိတ် ပြီးဆုံးသွားသည်။

KIA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သည့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)က စစ်အစိုးရထံ တင်ပြခဲ့သည့် ကမ်းလှမ်းချက် ၉ ခုစလုံး အပယ်ချခံရပြီးနောက်တွင် KIO က  စေ့စပ်ညှိနှိုင်းရေး နည်းဗျူဟာကို အပြောင်းအလဲ လုပ်လိုက်သည်။

KIO ၏ ယခု ကမ်းလှမ်းချက်မှာ ပင်လုံစာချုပ်ပါ သဘောတူညီချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးရေး ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ်ထိုးခဲ့သည့် ပင်လုံစာချုပ်၌ နယ်စပ်ဒေသများ၏ အုပ်ချုပ်ရေးတွင် ခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို လျော့ပါးသွားစေရန် မည်သည့် နည်းနှင့်မဆို ဗဟိုအစိုးရက ပြုလုပ်ခြင်း မရှိစေရဟု ပြဌာန်းထားသည်။

စာချုပ် ချုပ်ဆိုခဲ့သည့် ၁၉၄၇ ခုနှစ်က သဘောတူထားသည့် တိုင်းရင်းသား ဒေသ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုသည်မှာ ယနေ့အချိန်အထိ အကောင်အထည် မပေါ်သေးပေ။

KIO ၏ နောက်ဆုံး ကမ်းလှမ်းထားချက်နှင့် ပတ်သက်ပြီး ဆွေးနွေးရန် KIO ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂေါ်ရီဇော်ဆိုင်း၊ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်တို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး နှင့် နိုဝင်ဘာ ပထမပတ်အတွင်း တွေ့ဆုံဖွယ်ရှိသည်ဟု သိရသည်။

စစ်ဗိုလ်ချုပ်များက ပင်လုံစာချုပ် သဘောတူညီချက်နှင့် ပတ်သက်ပြီး ဆွေးနွေးလိုဟန် ပြခြင်းမှာ ၁၉၆၂ ခုနှစ်မှစ၍ မြန်မာ့နိုင်ငံရေးတွင် ၎င်းတို့ အာဏာရလာပြီး နောက်ပိုင်း ဤတကြိမ်မှာ ပထမဦးဆုံးအကြိမ်
ဖြစ်သည်ဟု အကဲခတ်များက ပြောကြသည်။

ကချင် ယဉ်ကျေးမှု နှင့် သမိုင်းပညာရှင် တဦးက “လူ့အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးတွေကို အာမခံတဲ့ ပင်လုံစာချုပ်မှာ သဘောတူညီထားတဲ့အတိုင်း ဖြစ်လာမယ် ဆိုရင် ကျနော်တို့ လက်နက်ချမယ်” ဟု ဆိုသည်။

“ခုချိန်မှာတော့ ကျနော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဘယ်လောက်ထိ ဆက်သွားရမယ် ဆိုတာတော့ မသိပါဘူး” ဟု KIO အရာရှိတဦးက ဧရာဝတီကို ပြောသည်။
Comments (6)Add Comment
0
PANGLON
written by REALITY, November 03, 2009
VERY PLEASE TO SEE PANGLON IN ON MEDIA AGAIN.
0
ပင်လုံ
written by Aung Aung, November 03, 2009

နအဖ ဆွဲတာလဲ မဟုတ် သူတို့ ဆွဲရင်လဲ လေးစားချင် လေးစားတယ် မလေးစားချင် မလေးစားဘူး
0
...
written by realistic, November 02, 2009
Bokyoke is our realstic hero for our peole!!!!! But -------, now !!!!!
0
Spot on!
written by Highlander, November 02, 2009
smilies/smiley.gif

Thanks KIO for bringing up Panglong Accord! I hope BBC,DVB, RFA and VOA will hold Panel discussion on Panglong Accord in the future with the aim of building up understanding amongst people of Burma.
0
မင်းသား ခေါင်းဆောင်း ထားသော ဘီလူးများကို သတိထားပါ
written by yetwayni, November 02, 2009
ကြည့်လည်း လုပ်ပါဦး KIO ရယ်။ နအဖဆီမှာ လက်နက်ချဖို့ ဆိုတာမျိုး သွားညှိရင် ကချင်လူထုတော့ ဘယ်တော့မှ နလန်ထူလာမှာ မဟုတ်ပါဘူး။ နအဖက ပင်လုံတွေ ဘာတွေ နားလည်တာ မဟုတ်ဘူးနော်။ ကချင်အဖွဲ့ လက်နက်ချပြီးမှ နအဖ သဘောထား အမှန်တွေ ပေါ်လာမှဖြင့် ...
0
အားလုံး ညီညွတ်ကြပါ
written by bravokyaw, November 02, 2009
ပင်လုံစာချုပ်မှာ သဘောတူ လက်မှတ် ရေးထိုးထားတဲ့ အတိုင်း ဗဟိုအစိုးရ လုပ်တဲ့သူက လိုက်နာ ဆောင်ရွက်ခဲ့မယ် ဆိုယင် တိုင်းရင်းသား ပြသနာဟာ ဒီနေ့အထိ မြင်တွေ့စရာ အကြောင်းမရှိဘူး၊ ဒါဟာ ညစ်စုတ်တဲ့ ဒီအစိုးရရဲ့ လုပ်ရပ်ြေ ကာင့် ဖြစ်တယ်၊ ကျန်တဲ့ တိုင်းရင်းသား များလည်း သဘော တစ်ညီ တစ်ညွတ်တည်း ရှိဘို့လိုပြီ

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်