ကိုးကန့်တွင် ဗုံးဆက်တိုက်ကွဲ

E-mail Print
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင် မြို့နယ်တွင် သောကြာနေ့က ဗုံး ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လောက်ကိုင် မြို့နယ်အတွင်းရှိ ၅ နေရာတွင် ဗုံး ၁၄ လုံးခန့် ပေါက်ကွဲမှုခဲ့ပြီး အဓိကကျသော ၂ နေရာတွင် ထိခိုက်ဒဏ်ရာ ရသူများ ရှိသည်ဟု တရုတ် - မြန်မာနယ်စပ် စစ်ရေး အကဲခတ်သူ ဦးအောင်ကျော်ဇောက ဧရာဝတီသို့ပြောသည်။

“ကိုးကန့် အထူးဒေသ (၁) ဥက္ကဋ္ဌ ပယ်စောက်ချိန်ရဲ့ လောင်းကစားဝိုင်း နေရာမှာ ကွဲတယ်၊ နောက်တခုက ရုပ်မြင်သံကြား ဌာနမှာလည်းကွဲတယ်၊ လောင်းကစားဝိုင်းမှာတော့ အထိအခိုက်များတယ်။ ဘယ်လောက် ထိခိုက်လဲတော့ မသိဘူး၊ ဒါပေမယ့် ရုပ်မြင်သံကြားဌာနကတော့ လုံးဝ ပျက်စီးသွားတယ်” ဟု သူကဆိုသည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ထွက်ပြေး တိမ်းရှောင်နေသော ယခင် ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကျားရှင် အသိုင်းအ၀န်း၏ လက်ချက်ဟု ဝ ခွဲထွက်အဖွဲ့များက စွပ်စွဲထားကြောင်းလည်း ဦးအောင်ကျော်ဇောက ဆက်ပြောသည်။

ပြီးခဲ့သည့်သြဂုတ်လ ၂၃ ရက်နေ့တွင် စစ်အစိုးရ အာဏာပိုင်များက ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ အိမ်၌ လက်နက်စက်ရုံ ရှိသည်ဟု အကြောင်းပြကာ ၀င်ရောက်စီးနင်းခဲ့သည်။

ကိုးကန့် အပစ်ရပ်အဖွဲ့အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်အစိုးရ တပ်များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ၎င်းနောက် ဦးဖုန်ကျားရှင်က ၎င်း၏ တပ်ဖွဲ့များနှင့် အတူ “၀” နယ်မြေဘက်သို့ ရှောင်တိမ်းသွားခဲ့ပြီး ခေါင်း ဆောင်မှုကော်မတီကို အသစ် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

အာဏာသိမ်း ခေါင်းဆောင်မှာ ဒု ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ပယ်စောက်ချိန်ဖြစ်ပြီး ၎င်းနှင့် ကိုးကန့်ခေါင်းဆောင် ဟောင်းတဦးဖြစ်သော ဦးရန်မိုးလျံတို့ ပူးပေါင်းကာ ဗဟိုကော်မတီကို ပြန်လည် ဖွဲ့စည်းခဲ့သည်။

ဦးရန်မိုးလျံသည် ကိုးကန့်ခွဲထွက်အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ ၁၉၉၂ ခုနှစ်က ဖြစ်ပွားခဲ့သောအဖွဲ့အတွင်း အာဏာ လုမှုတွင်အရေးနိမ့်ခဲ့သဖြင့် ခွဲထွက်သွားပြီး လားရှိုးမြို့တွင် သွားရောက် နေထိုင်ခဲ့သူလည်းဖြစ်သည်။

“ဒီဖောက်ခွဲမှုတွေကို ဦးဖုန်ကျားရှင် တို့ဘက်က လုပ်တာပဲလို့ပြောတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သြဂုတ် ၂၇ ရက်နေ့မှာ သူတို့ စပြီးတိုက်ပွဲဖြစ်တယ်၊ အဲဒါကြောင့် ဒီ သြဂုတ်လ ၂၇ ရက်နေ့ကို မမေ့အောင်ဆိုပြီးတော့ သူတို့ အထိမ်းအမှတ်လုပ်တယ်၊ လတိုင်းလည်း လုပ်သွားမယ်လို့ ပြောတယ်”ဟု သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက ပြောသည်။

ဦးခွန်စိုင်းက ဦးဖုန်ကျားရှင်၏ တပ်ဖွဲ့နှင့် နီးစပ်သည့် စီးပွားရေးလုပ်ကိုင်နေသူ တဦး၏ ပြောကြားချက်ကို ကိုးကား ၍ ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။

ယင်း ပေါက်ကွဲမှုမှာ လက်တလော ထိုင်းနိုင်ငံတွင် ပြုလုပ်ကျင်းပခဲ့သော တရုတ်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အတွင်း တရုတ်ဝန် ကြီးချုပ် ၀မ်ကျားပေါင်နှင့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့ တရုတ်-မြန်မာ နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေး ဆွေးနွေးချိန်နှင့် တိုက်ဆိုင်နေသည်။

စစ်အစိုးရသည် တည်ငြိမ်အေးချမ်းမှုကို ရယူကာ အမျိုသား ရင်ကြားစေ့ရေးနှင့် ဖွံဖြိုးတိုးတက်ရေးကို ဆောင် ရွက်နိုင်လိမ့်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ၀မ်ကျားပေါင်က ဆိုသည်။

အတည်မပြုနိုင်သေးသော သတင်းများကလည်း တရုတ်နယ်စပ်ရှိ ၀တပ်ဖွဲ့များ နယ်ခြားစောင့် တပ်ဖွဲ့ ဖွဲ့စည်းရေး ကို စစ်အစိုးရနှင့် မူအရ လက်ခံသဘောတူလိုက်သည်ဟု ဆိုသည်။ အသေးစိတ် သတင်းများကို ထပ်မံ ဖော်ပြပါမည်။
Comments (1)Add Comment
0
...
written by Penguin, October 27, 2009
I think there will still not be peace in the future as like many country's example like using gun solution to solve the problem.The Burmese authorities are lack of solving nationalities' problem.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်