ယင်းဆုံးဖြတ်ချက်တွင် မြန်မာ့အရေးလှုပ်ရှားသူ မခင်ဥမ္မာ အပါအ၀င်၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင် နှင့် စင်ကာပူနိုင်ငံ ကိုယ်စားလှယ်များ ပါဝင်သည်။
စင်ပြိုင်အာဆီယံအဖွဲ့မှ မစ္စ ဒက်ဘီ စတူးဟတ်က“မနေ့ညက ထိုင်းနိုင်ငံခြားရေးဌာနက ဒီ ၅ နိုင်ငံက ကိုယ်စားလှယ်တွေကို ခေါ်ပြီးတော့ အာဆီယံခေါင်းဆောင်တွေနဲ့ အာဆီယံ CSO အဖွဲ့ အစည်း အဝေးတွေကို တက်ဖို့ခွင့်မပြုတော့ဘူးဆိုပြီးပြောပါတယ်၊ ဒါဟာအာဆီယံ ပဋိညာဉ်နဲ့ အာဆီယံလူ့အခွင့်အရေး လုပ်ငန်းစဉ်ကို နောက် ပြန်ဆွဲတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့မှ စတင်ပြီး လာမည့် အောက်တိုဘာ၂၅ ရက်နေ့ အထိ ကျင်းပသည့် ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲ ၏ တစိတ်တဒေသအဖြစ် အာဆီယံ နိုင်ငံခေါင်းဆောင်များနှင့် လူထုအခြေပြု လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်ရန် ပြည်ပအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် အဖွဲ့ ၏ ဥက္ကဌ မခင်ဥမ္မာ ကိုမြန်မာကိုယ်စားလှယ်အဖြစ် အာဆီယံ လူထုအခြေပြု လူမှုအဖွဲ့အစည်းများ ညီလာခံ (APF) တွင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။မခင်ဥမ္မာနှင့်အတူ ကမ္ဘောဒီးယား လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ Nay Vanda၊ လာအို ရှေ့နေအဖွဲ့မှ Manichunh Philaphanh၊ ဖိလစ်ပိုင် Task Force Detainees အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ Sr.Cres Lucero နှင့် စင်ကာပူအခြေစိုက် Task Force on Asean Migrant Workers အဖွဲ့မှ Sinapan Samydorai တို့လည်း အစည်းအဝေးသို့ တက်ရောက်ခွင့် ပိတ်ပင်ခံရကြောင်း သိရသည်။
“အာဆီယံ CSOနဲ့ပတ်သက်ပြီးတော့ အာဆီယံ ခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်ကို အရမ်း စိတ်ပျက်မိတယ်၊ ဒါဟာ အာဆီယံက ရှေ့တလှမ်းတိုးပြီးတော့ နောက် ၂ လှမ်းဆုတ်လိုက်တာပါ၊ အရင်တကြိမ်ကလည်း ၂နိုင်ငံ တက်ရောက်ဖို့ ပိတ်ပင်ခံရတယ်၊ အခု ၅ နိုင်ငံဆိုတော့ အာဆီယံ အပေါ်ထားတဲ့ ယုံကြည်မှုကတော့ ပိုဆိုး သွားစေပါတယ်”ဟု မခင်ဥမ္မာက ပြောသည်။
အာဆီယံ ပဋိညာဉ်အရ နိုင်ငံခေါင်းဆောင်များနှင့် လူထုအခြေပြု လူမှုအဖွဲ့အစည်းများ တွေ့ဆုံသည့် အစီအစဉ် ကို ယမန်နှစ်က စတင်ခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စား ရွေးချယ်ခံခဲ့ရသည့် မခင်ဥမ္မာကိုဆွေးနွေးသည့်နေရာ သို့ ၀င်ခွင့် မပြုရန် မြန်မာအစိုးရ က ကန့်ကွက်ခဲ့သည်။
ထို APF ညီလာခံသို့ ယခုနှစ် ပြည်တွင်းက တက်ရောက်လာသော အဖွဲ့အစည်းများမှာ အမျိုးသမီးရေးရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့)နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့များ တက်ရောက် ကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် လက်ရှိ အာဆီယံဥက္ကဋ္ဌ အဖြစ်တာဝန်ယူစဉ်အချိန်အတွင်း အာဆီယံအဖွဲ့ကို ပိုမိုကျယ်ပြန့် လာစေရန် ဒေသတွင်းရှိ CSO များကို ၂ကြိမ်တိုင်တိုင် အစည်းအဝေးသို့ တက်ရောက်ခွင့်ရရေးကြိုးပမ်းခဲ့သည်။
အာဆီယံခေါင်းဆောင်များရှေ့တွင် အမျိုးသမီးနှင့် ကလေးများအခွင့်အရေးကို ပြောဆိုရန်စီစဉ်လာသော လာအို နိုင်ငံမှ ရှေ့နေဖြစ်သူ Manichunh Philaphanhက“အစည်းအဝေးက ကျမတို့ကို ငြင်းပယ်တော့ ကျမတို့ အရမ်း စိတ်ပျက်မိပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
“ဒီနေ့ အစည်းအဝေးကို တက်လာတဲ့ ကိုယ်စားလှယ်တွေက အစိုးရ အထောက်အပံ့ကို ခံယူနေတဲ့သူတွေပါ၊ လွတ်လပ်တဲ့သူ တယောက်မှ မပါပါဘူး၊ CSO များကို ငြင်းပယ်လိုက်တာ အရမ်းစိတ်မကောင်း ဖြစ်မိတယ်” ဟု Nay Vanda ကလည်း ပြောသည်။
CSO ကိုယ်စားလှယ်များကို ငြင်းပယ်လိုက်ပြီးနောက် အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံရသည်မှာ လွတ်လပ် မှု မရှိဟု ယူဆသဖြင့် အင်ဒိုနီးရှား၊ မလေးရှားနှင့်ထိုင်း ကိုယ်စားလှယ်များက လည်း အစည်း အဝေးခန်းမထဲမှ ထွက်ခွာသွားကြောင်းသိရသည်။
“လွတ်လပ်တဲ့ CSO တွေကိုငြင်းလိုက်တာက ဒေသတွင်း ဒီမိုကရေစီရေးကို ငြင်းပယ်လိုက်တာပါပဲ၊ ကျနော်တို့ CSOတွေက ခေါင်းဆောင်တွေနဲ့စေ့စပ်ဆွေးနွေးဖို့ လိုလားပေမယ့် သူတို့က အခွင့်အရေး မပေးဘူး”ဟု Sr. Cres Lucero က ပြောသည်။
အာဆီယံ ပဋိညာဉ်စာတမ်းအရ အာဆီယံ လူ့အခွင့်အရေးအဖွဲ့ကို ဖွဲ့စည်းရန်ပါရှိပြီး အဆိုပါ အာဆီယံ လူ့အခွင့် အရေးအဖွဲ့သည် ဒေသတွင်းရှိ လူဦးရေ သန်းပေါင်း ၅၇၇ ၏ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်နိုင်ရန် ဖြစ် ကြောင်း အာဆီယံ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
“လွတ်လပ်တဲ့ CSO အဖွဲ့တွေကို ငြင်းပယ်လိုက်တာက အာဆီယံ ပဋိညာဉ်နဲ့ လူ့အခွင့်အရေး အဖွဲ့အပေါ်ထားတဲ့ ယုံကြည်မှုကို လျော့ပါးစေပါတယ်”ဟု စင်ကာပူမှ Sinapan Samysorai ကဆိုသည်။
ယင်း ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲသို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်နေ ကြောင်း သိရသည်။
ဤသတင်းအား ဧရာဝတီ သတင်းထောက် ဝေမိုးက အာဆီထိပ်သီး ညီလာခံကျင်းပနေသော ထိုင်းနိုင်ငံ ချာ့အမ်းမြို့မှ ပေးပို့သည်။
Comments (7)

written by mikey, October 25, 2009
It is so far for all burmese peoples to get their targets because animal mind headed group still alive and digging gems , then put their pockets from burma country resources.Poorful burmese people who had to become life in there !!!!
written by မက္ခရာဓား, October 24, 2009
ကျုပ်အဖို့ သိပ်မအံ့သြ လှပါဘူး၊ " 'အာ'စီယံ" ဆိုဒါကိုက 'အာ'ရှတိုက်သားများ နဲ့ ဖွဲ့ထားဒါ မဟုတ်လားဗျ။ 'အာ' ပြီးယင်း 'အာ' ယင်း ပါပဲ၊ မထူးပါဘူး ဗျာ။
written by မောင်သန်.။, October 24, 2009
အာဆီယံ ဟာ အီးယူ လိုဖြစ်ဘို. ဆိုတဲ့အိပ်မက် ၂၂ ရာစု မှာ အကောင်အထည် ပေးရင် ကံကောင်းဘဲ။
ညောင်မြစ်တူးရင်း ဟိုဟာပေါ်၊ ဒီဟာပေါ် ပေါ်လာမှာ သေအောင် ကြောက်နေတယ်။
(မြန်မာ နဲ.ပါတ်သက်လို. ၂၀၁၀ ပီးရင် elected government De-jure ဆို ၀ိုင်းမြှောက် ပီး ရတာယူဖို. လုပ်နေတာ မြန်မာ ပြည်သူတွေ သိတယ်။)
CSO တွေ ရှုံး သွားတာမဟုတ်။ အာဆီယံ ဘာလဲ၊ဘယ်လဲ ဆိုတာ ကမ္ဘာ အလယ်မှာ မျက်နှာဖုံး ခွာချ နိုင်လိုက်တာ အောင်ပွဲ ဖြစ်တယ်။
Talk-shop ဘ၀ က အာဆီယံ လွန်မြောက်ဖို. ဝေးပါသေးတယ်။
ညောင်မြစ်တူးရင်း ဟိုဟာပေါ်၊ ဒီဟာပေါ် ပေါ်လာမှာ သေအောင် ကြောက်နေတယ်။
(မြန်မာ နဲ.ပါတ်သက်လို. ၂၀၁၀ ပီးရင် elected government De-jure ဆို ၀ိုင်းမြှောက် ပီး ရတာယူဖို. လုပ်နေတာ မြန်မာ ပြည်သူတွေ သိတယ်။)
CSO တွေ ရှုံး သွားတာမဟုတ်။ အာဆီယံ ဘာလဲ၊ဘယ်လဲ ဆိုတာ ကမ္ဘာ အလယ်မှာ မျက်နှာဖုံး ခွာချ နိုင်လိုက်တာ အောင်ပွဲ ဖြစ်တယ်။
Talk-shop ဘ၀ က အာဆီယံ လွန်မြောက်ဖို. ဝေးပါသေးတယ်။
written by skmt91, October 23, 2009
I knew it. Asian countries are so corrupt. Top officials always want to put the public money into their own pockets. Who knows? Maybe the ASEAN is getting some money from the burmese government. They are not representative for the people. They are just representative for how corrupt and immoral they are. The military government is the main mechanism behind the case of Ma Khin Ohnmar getting denied the chance to talk with the ASEAN leaders. Shame on them.
Write comment
| < Prev | Next > |
|---|








ကွန်မြူနစ် စနစ် ပြန့်ပွားလာမှာကို ကာကွယ်ဖို့ ဖွဲ့ထားတယ်ဆိုပြီး လာအိုနဲ့ ဗီယက်နမ် ကိုတော့ အဖွဲ့ထဲမှာ လက်ခံထားတယ်၊ တရုတ်နဲ့ ကုန်သွယ်ရေးကို သေမလောက် လုပ်ချင်နေကြတယ်။ အာဆီယံ လူ့အခွင့်အရေး ကြေငြာစာတမ်း ရေးဆွဲရေး အဖွဲ့မှာလည်း အကြံပေးတွေက စင်ကာပူက လီကွမ်ယု (စင်္ကာပူဟာ အင်မတန် တည်ငြိမ် အေးချမ်းပြီး တိုးတက်နေပါတယ်၊ လူတွေအားလုံး နိုင်ငံအပေါ် ကျေနပ်နေပါတယ် ဆိုပြီး လူငါးယောက် စုပြီး စီတန်း လမ်းလျှောက်ခွင့် မရှိပါဘူး။ ပေးလုပ်ခိုင်း ကြည့်ပါလား ဘာတွေ တွေ့ရမလဲလို့။ ရွေးကောက်ပွဲ မဲပေးရင်လည်း ဘာမဲပေးတယိုတာ လူတိုင်းကို မှတ်တမ်း တင်ထားပါတယ်။ မြန်မာ့ ဒီမိုကရေစီ အရေး တက်ကြွသူတွေ ကိုတောင် သူက မဆီမဆိုင် ဧည့်နိုင်ငံသား အဖြစ်ကနေ ပြန်ရုပ်သိမ်းတာတွေ လုပ်ပါတယ်။) နောက်တစ်ယောက်က မလေးရှားက အာဏာရှင် မဟာသီယာ (သူလည်း ခေသူမဟုတ်ဘူး၊ အတိုက်အခံတွေနဲ့ ပြည်သူတွေကို ကြိုးတုတ်ပြီး မလှုပ်အောင် ချည်ထားတဲ့နေရာမှာ တပ်ချုပ်ကြီး သန်းရွှေတို့၊ ဖိလစ်ပိုင်က မားကိုစ့်တို့၊ အင်ဒိုနီးရှားက ဆူဟာတို တို့ထက် မနိမ့်ခဲ့ပါဘူး) သူတို့လို လူတွေ ဆွဲထားတဲ့ အာဆီယံ လူ့အခွင့်အရေး ကြေငြာစာတမ်းက ဘယ်လောက် တန်ဖိုးရှိမယ်ဆိုတာ မှန်းကြည့်ကြပါတော့။ ငါးနိုင်ငံက CSO တွေကို အစည်းအဝေး တက်ခွင့် မပြုဘူး ဆိုတာ အစပဲ ရှိပါသေးတယ်။ နောက်ပိုင်း မျက်နှာပြောင် တိုက်လာမယ့် အရာတွေ အများကြီး ရှိပါသေးတယ်။ ပြောရမယ်ဆိုရင်တော့ သင်္ကြန်မြောက်လို မြည်ပြီး ဘာမှ ဖြစ်မလာတာတွေ အာဆီယံထဲမှာ အများကြီးပါ။