အကျဉ်းသား ၆ ထောင်ကျော်ကို မနက်ဖြန်မှစ၍ ဆက်တိုက် လွှတ်ပေးသွားမည်

အကျဉ်းသား ၆၃၅၉ ဦးကို မနက်ဖြန် အောက်တိုဘာ ၁၂ ရက်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) မှ စတင်၍ ဆက်တိုက် လွှတ်ပေးသွားမည်ဟု မြန်မာရုပ်မြင်သံကြားမှ ယနေ့နေ့လယ် ၁ နာရီတွင် ကြေညာသွားသည်။ ကြေညာ ချက်တွင် နိုင်ငံရေးအကျဉ်းသားများဟု ခွဲခြား ဖော်ပြခြင်းမရှိဘဲ အကျဉ်းသားများအားလုံးအနက် ထိုက်သင့်သော ပြစ်ဒဏ်ကို ကျခံပြီး စည်းကမ်းရှိ၍ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ အသက်အရွယ် ကြီးရင့်သူ၊ ကျန်းမာရေး မကောင်းသူ၊ ကိုယ်လက်အင်္ဂါချို့ယွင်းနေသူ အကျဉ်းသားများအား လွှတ်ပေးမည်ဟုသာ ဖော်ပြထားသည်။
Comments (0)Add Comment

Write comment

busy
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်