FIFA ဥက္ကဌ မြန်မာပြည် လာမည်

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (FIFA) ဥက္ကဌ ဆတ် ဘလတ္တာသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၏ ဖိတ်ကြား ချက်ဖြင့် မတ်လ ၁၅ ရက် နေ့တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ် မည်ဖြစ်ကြောင်း သိရသည်။ ဆတ် ဘလတ္တာသည် မြန်မာသို့ ရောက်ရှိစဉ် မန္တလေးမြို့တွင် တည်ဆောက်ပြီးစီးနေပြီ ဖြစ်သော ဘောလုံး အကယ်ဒမီ သင်တန်းကျောင်းကို ဖွင့်လှစ် ပေးရန် ရှိသည်ဟု တရုတ် ဆင်ဟွာ သတင်း၌ ရေးသားထား သည်။ ယင်း ဘောလုံး အကယ်ဒမီကျောင်း တည်ဆောက် ရေးအတွက် FIFA က ဒေါ်လာ ၄ သိန်း အကူအညီ ပေးထားကြောင်း သိရသည်။
Comments (0)Add Comment

Write comment

busy
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်