စီးပွားရေး ပိတ်ဆို့မှု သုံးသပ်ပြင်ဆင်ရန် ICG တိုက်တွန်း

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့(ICG) က တိုက်တွန်းလိုက်သည်။၂၀၁၀ ရွေးကောက်ပွဲသည် ပြုပြင်ပြောင်းလဲရေး လမ်းပွင့်လာခြင်းဖြစ်ကြောင်း၊  အနောက်နိုင်ငံများအနေနှင့် ပိတ်ဆို့အရေးယူမှုဖြင့် မြန်မာနိုင်ငံအား အထီးကျန်နိုင်ငံ မဖြစ်စေလိုပါက ၎င်းတို့၏ အလုပ်မဖြစ်သည့် မူဝါဒကို ပြောင်းလဲသင့်ကြောင်း၊ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်နေသော်လည်း တရုတ်၊ အိန္ဒိယ၊ ထိုင်း နှင့် တောင်ကိုရီးယား အစရှိသည့် နိုင်ငံများ အပါအ၀င် အာရှ ကုမ္ပဏီများက လူ့ အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံရေးအခြေအနေများကို လျစ်လျူရှု၍ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ထားကြောင်း ICG က ဆိုသည်။
Comments (0)Add Comment

Write comment

busy
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်