စာပေစိစစ်ရေးအပေါ် စာနယ်ဇင်းသမားတို့ အမြင်

မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ခေတ်နဲ့လျော်ညီအောင် စာပေစိစစ်ရေးဌာနကို မထားသင့်ကြောင်း မကြာသေးခင်က လွတ်လပ်သော အာရှအသံ(RFA) အသံလွှင့်ဌာနကို ပြောကြားခဲ့ပါတယ်။ အဲဒီ ပြောကြား ချက် အပေါ် ပြည်တွင်း စာနယ်ဇင်း သမားတွေရဲ့ သဘောထားအမြင်တွေကို ဖော်ပြလိုက်ပါတယ်။

ဦးတင့်ဆွေ
ဒု ညွှန်ကြားရေးမှူးချုပ်
မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန

utintswe by planet.com.mmအိမ်နီးချင်း နိုင်ငံတွေမှာပဲ ကြည့်ကြည့်၊ နိုင်ငံတကာမှာပဲ ကြည့်ကြည့် စာမူတွေကို ကြိုတင် စိစစ်တယ်ဆိုတဲ့ စာပေစိစစ်ရေး ဌာနမျိုး ကျနော်တို့ အခု ဒီခေတ်မှာတော့ မရှိတော့ပါဘူး၊ ကျနော့်အနေနဲ့ ကျနော် ပြောရမယ်၊ ကျနော့် ကိုယ်ပိုင်အယူအဆ အနေနဲ့ ပြောရ မယ် ဆိုရင်တော့ ကြိုတင်ပြီးတော့ စာမူတွေကို စိစစ်ခြင်းလုပ်ငန်းတွေဟာ အခုတကယ်သွားနေတဲ့ ခေတ်မှာတော့ သဟဇာတ ဟာမိုနီ မဖြစ်ဘူး၊ ဒါကြောင့်မို့ စာပေစိစစ်အနေနဲ့ကတော့ တိုင်းပြည်ထဲမှာထုတ်မယ့် စာပေတွေကို ကြိုတင်စိစစ်တဲ့ ဟာမျိုးကတော့ ရှေ့လျှောက် ကျနော်တို့ သွားမယ့် စနစ်နဲ့လည်း လုံးဝတော့ မလိုအပ်တော့ဘူးလို့ ကျနော်တော့ ယုံကြည်ပါတယ် ခင်ဗျာ။
(လွတ်လပ်သော အာရှအသံ(RFA) အသံလွှင့်ဌာနသို့ ပြောကြားချက်)

ကိုကို (စက်မှုတက္ကသိုလ်)
အမှုဆောင် အရာရှိချုပ်
ရန်ကုန်မီဒီယာ ဂရု(ပ်)

koko-bigဦးတင့်ဆွေလည်းပဲ နိုင်ငံတကာမီဒီယာတွေ၊ ဒီမိုကရေစီကျင့်သုံးနေတဲ့ နိုင်ငံတွေကိုလေ့လာပြီးမှ စိစစ်ရေးမရှိသင့်တော့ဘူးလို့ ပြော တယ်လို့ ထင်တယ်။

အာဏာပိုင်တွေက စိစစ်ပြီးမှ ထုတ်ရတယ်ဆိုတော့ ဘာပဲပြောပြော လွတ်လပ်စွာရေးထားတာကို ကန့်သတ်လိုက်တဲ့ သဘော ပဲ။ ဒီတော့ မြန်မာနိုင်ငံမှာလည်းပဲ စိစစ်ရေး မရှိသင့်တော့ဘူးဆိုတော့ အဲဒီလိုပြောတာကို ကြိုဆိုပါတယ်။ စိစစ်ရေး မရှိတော့ ရင် ကျင့်ဝတ်နဲ့အညီ ရေးဖို့ပဲလိုပါတယ်။ စာပေဆိုင်ရာကျင့်ဝတ်တွေ၊ ဥပဒေနဲ့အညီ သွားနေရင် ဘာစိစစ်ရေးမှ မလိုဘူး။ ဒါပေ မယ့် တာဝန်ယူမှုတွေ၊ ဂျာနယ်လစ်ဇင် ကျင့်ဝတ်နဲ့အညီ ရေးကြဖို့ပဲလိုတယ်။ တကယ်လို့ တခုခု ဖောက်ဖျက်မိရင်တော့ ဥပဒေ အရ ရင်ဆိုင်ရမှာပဲ။ ကျင့်ဝတ်နဲ့ အညီသွားနေရင် ဘာမှ စိတ်ပူစရာ မလိုပါဘူး။

မီဒီယာ ဥပဒေထွက်လာရင် ဥပဒေနဲ့အညီ နေ့စဉ်ထုတ် သတင်းစာတွေ ထွက်လာမယ်။ တကယ်တော့ ဒီမိုကရေစီစနစ်သွားမယ်ဆိုရင် နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတွေ မရှိမဖြစ်လိုအပ်ပါတယ်။ စတုထ္တမဏ္ဍိုင် ဖွံ့ဖြိုးမှသာ ကျန်တဲ့ မဏ္ဍိုင်ကြီး ၃ ရပ် ကို ပြည့်ပြည့်၀၀ အထောက်အကူပြုနိုင်မယ်။

နိုင်ငံပိုင် မီဒီယာဆိုတာက ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် လွတ်လပ်တဲ့ မီဒီယာတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ ပင်ကိုသဘောအရပေါ့။
ပုဂ္ဂလိက မီဒီယာတွေကသာ လွတ်လပ်တဲ့ သဘောကို ဆောင်နိုင်တယ်။

သီဟစော
အယ်ဒီတာချုပ်
Open News ဂျာနယ်နှင့် မြန်မာ့ဓန မဂ္ဂဇင်း

စာပေစိစစ်ရေး မရှိတာကိုတော့ ကျနော့်အနေနဲ့ ကောင်းတယ်လို့ မြင်ပါတယ်၊ အရင်ထက်စာရင် ပိုလွတ်လပ်သွားတာပေါ့၊
ကိုယ့် တာဝန်တော့ ကိုယ်ယူရမှာပါ။ အစိုးရက မီဒီယာ ဥပဒေ ရေးဆွဲနေတယ်လို့ ပြောတယ်၊ ဘာတွေပါလဲ ဆိုတာတော့ မသိရ  
သေးပါဘူး။

မောင်ဝံသ
အတိုင်ပင်ခံ အယ်ဒီတာ
ပြည်သူ့ခေတ် ဂျာနယ်

mg won thaစာပေ လောကသားတွေအားလုံးအတွက် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုရမယ့်စကားဖြစ်ပါတယ်၊ စနစ်တခုကတခုပြောင်းတဲ့အခါမှာ အခက်အခဲတွေ၊ ရင်ဆိုင်ရမယ့် ပြဿနာတွေတော့ အနည်းအများရှိမှာပါပဲ။ ရင်ဆိုင်ရမယ့် ပြဿနာတွေကို စိုးရိမ်ပြီးတော့ မပြောင်းဘူးဆိုရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ဒီတော့ ကြောင့်ကြနေစရာမလိုဘဲ ဘယ်လိုအကောင်းဆုံး ဖြစ်အောင် ရင်ဆိုင် မလဲ ဆိုတာက အရေးကြီးတယ်။

စာနယ်ဇင်းသမားတွေကတော့ ပြင်ဆင်စရာတွေ အများကြီးရှိတယ်။ တာဝန်ယူရမယ့်အပိုင်းတွေပေါ့။ အပတ်စဉ်သာမက နေ့စဉ် ထုတ် သတင်းစာတွေလည်းပဲ မျှော်မှန်းထားတော့ အဲဒါတွေပေါ်လာရင် ပြည်သူတွေ အတွက်အကျိုးရှိမယ်။ လွတ်လပ် တဲ့ သတင်းစာတွေပေါ်လာရင် ပြည်သူတွေအတွက် သတင်းတွေပေးရတာ မြန်မယ်၊ ပြည်သူတွေကလဲပဲ ပိုပြီးတော့ ဝေဖန်ပိုင်းခြား မှုတွေရှိလာမယ်။ ဆင်ဆာတွေမရှိတာက သဘာဝကျပါတယ်။

ဆင်ဆာမရှိတော့ဘဲ ထုတ်ဝေကြတဲ့အခါမှာ ထုတ်ဝေပြီးတာကိုပဲ နိုင်ငံတော်ရဲ့မူဝါဒ နဲ့ကိုက်ညီမှုရှိမရှိ၊ ဘာသာရေး၊ ယဉ်ကျေးမှုတွေအရ ထိခိုက်မှုရှိတာတွေ ပါလားဆိုတာတွေ စိစစ်မယ်၊ ဒီလိုစိစစ်ပြီးမှ သတိပေးတန်တာပေး၊ တရားစွဲတန်တာစွဲမယ်ပေါ့။ ဒါတွေက အစိုးရ လုပ်မယ့်ဟာတွေပေါ့။ ဒါတွေလောက်တော့ ရှိနေဦးမယ်။

သောင်းထိုက်
အမှုဆောင်အရာရှိချုပ်
True News ဂျာနယ်

အဲဒီလိုပြောတယ်ဆိုတာ ကောင်းပါတယ်၊ ကျနော်တို့အားလုံးက ဒီလိုပဲ မျှော်လင့်နေတာ၊ စိစစ်ရေးက တာဝန်အရှိဆုံး ဒု ညွှန်ကြား ရေးမှူးချုပ် တယောက် အနေနဲ့ ဒါမျိုးပြောတယ်ဆိုတော့ ကြိုဆိုရမှာပေါ့၊ ဒီလိုဖြစ်ဖို့လည်း မျှော်လင့်ပါတယ်။

အံ့မင်းခေါင်
လက်ထောက်အယ်ဒီတာ
Hot News ဂျာနယ်

စာနယ်ဇင်း မီဒီယာ လွတ်လပ်ခွင့်အတွက် စာပေ စိစစ်ရေး မရှိသင့်တော့ဘူးလို့ စာပေစိစစ်ရေး အကြီးအကဲတဦးကိုယ်တိုင် ဖွင့်ဟ ပြောလာတာဟာ အရမ်းကိုကောင်းတဲ့ အလားအလာ ရှိတယ်လို့ အဲဒီလိုပဲ မြင်ပါတယ်။ ဒါကြောင့် သိပ်မကြာတော့တဲ့ အချိန်မှာ စာပေလွတ်လပ်ခွင့်အနေနဲ့ စာပေစိစစ်ရေး မရှိတော့ဘူး ဆိုတဲ့ အနေအထားတရပ်ကို ရလာနိုင်တယ်လို့ ထင်ပါတယ်။
Comments (2)Add Comment
0
They are always saying so and so. But nothing to believe.
written by Mg Min, October 11, 2011
I still don't believe them because nothing special changes happen at the moment except Myit Sone. History says they never never do things by heart. It is better to wait what will happen in future according to the saying of A May Su and US government.
0
စိစစ်ရေးကိစ္စ
written by kohtet, October 10, 2011
စာပေစိစစ်ရေး မရှိတော့ဘူးဆိုရင် ဝမ်းသာစရာပါ။ ကျွန်တော်တို့ ကဗျာတပုဒ် အရွေးခံရြ့ပီး စိစစ်ရေးမလွတ်လို့
အဖြုတ်ခံရတာတွေ ရှိခဲ့ဖူးပါတယ်။ စည်းကမ်းတကျ ကိုယ့်တာဝန်ကိုယ် ကိုယ်ယူတတ်ဖို့တော့ လိုပါတယ်။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်