ယမန်နေ့က အစိုးရစစ်တပ်၏ လက်နက်ကြီးများ သုံးပြီး အဆက်မပြတ် ပစ်ခတ်တိုက်ခတ်မှုကြောင့် KIA တပ်များက ကွတ်ခိုင်မြို့ အနီးရှိ ၎င်းတို့၏ လွိုင်ကန် တပ်မဟာ ၄ ဌာနချုပ်မှ ဆုတ်ခွာလိုက်ပြီး၊ ပြောက်ကျား စနစ်ဖြင့် ခုခံ တိုက်ခိုက်လျက် ရှိသည်။ ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် ဘကောင်းက အင်အား ၂၀၀၀ ခန့်ရှိ ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ ဒေသ၏ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောကို ယနေ့ ဆက်သွယ်ပြီး စစ်ပွဲ၏ နောက်ဆုံး အခြေအနေများ၊ KIA ၏ စစ်ရေး ပြင်ဆင်မှု၊ စစ်ရေး မဟာမိတ် အဖွဲ့များ နှင့် တရုတ်နိုင်ငံ၏ အနေအထား စသည့် အကြောင်းအရာတို့ကို မေးမြန်းထားသည်။
မေး။ ။ မနေ့ညက နဲ့ ဒီမနက် ဖြစ်ခဲ့တဲ့ တိုက်ပွဲ အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အခုထက်ထိ ဘာမှ မထူးခြားပါဘူး၊ ပြောက်ကျား စနစ်နဲ့ တိုက်နေတဲ့ တပ်ဖွဲ့တွေကတော့ တောက်လျှောက်ပါပဲ။
မေး။ ။ တိုက်ပွဲအပြင်းအထန် ဖြစ်နေတာ လွိုင်ကန်ဒေသမှာပဲလား။
ဖြေ။ ။ ကွတ်ခိုင်ဘက်၊ လွိုင်ကန်ဒေသမှာ ဒီနေ့တော့ ထူးထူးခြားခြား မကြားရသေးဘူး၊ ဖြစ်လာဖို့ အများဆုံးကတော့ ပြည်ထောင်စုလမ်းမကြီး အနောက်ဘက် KIA တပ်ရင်း ၈ ဘက်မှာ ရှိပါတယ်။ တပ်တွေကတော့ နေရာအနှံ့ ဖြန့်ထားတာ နေရာတိုင်းမှာပဲ။ (ရှမ်းပြည်မြောက်ပိုင်း) မုန်းကိုးမြို့နယ် တဝိုက်လည်း ပါပါတယ်။ ကျနော်တို့လည်း အခု ခံစစ်သဘောနဲ့ ရင်ဆိုင်ထားတယ်။
မေး။ ။ ဒီရက်ပိုင်း အစိုးရဘက်က တပ်အင်အားတွေ တိုးချဲ့တာတွေ ရှိသေးလား။
ဖြေ။ ။ မနေ့က သူတို့ တပ်ရင်း ၈ ဘက်ကို အင်အား ၁၀၀ လောက် ၀င်သွားတာ ရှိတယ်။ အဲဒီ တပ်ရင်းကို လိုက်စုံစမ်းနေတယ်။ သူတို့မှာ လက်နက်ကြီးတွေ ပါလာတယ်၊ ၁၀၅ မမလား၊ ဒါမှ မဟုတ်ရင် တခုခုပဲ။
မေး။ ။ တပ်မဟာ ၄ နယ်မြေမှာ တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ခဲ့တာ လွိုင်ကန်လို့ ပြောလို့ရမလား။
ဖြေ။ ။ အစိုးရတပ်က လွိုင်ကန်ထဲကို အခုထက်ထိ မ၀င်သေးဘူး။ အဲဒီမှာ တော်တော်လေး ပြင်းထန်လာဖို့ အခြေအနေ ရှိပါတယ်၊ သူတို့ ၀င်လာတာနဲ့ ပြင်းထန်လာမယ့် သဘော ရှိတယ်။
မေး။ ။ တပ်မဟာ ၄ နယ်မြေမှာ KIA ရဲ့ အဆင့်မြင့် ဆက်သွယ်ရေးပစ္စည်းတွေ ရှိတယ် ဆိုပြီးတော့ ကြားတယ်၊ စခန်းတွေ ၀င်သိမ်းတဲ့ အခါမှာ အဲဒါပါသွားသလား။
ဖြေ။ ။ ကျနော်တို့ မထားပါဘူး၊ ရှိလည်း မရှိပါဘူး။
မေး။ ။ ကချင်ပြည်နယ် ဗန်းမော် နဲ့ မြစ်ကြီးနားဘက်မှာ အစိုးရတပ်ရဲ့ လှုပ်ရှားမှုတွေ ရှိတယ်လို့ ကြားပါတယ်။ အခြေအနေ ဘယ်လိုရှိသလဲ။
ဖြေ။ ။ အဲဒီဘက်ကိုလည်း အင်အား အနည်းဆုံး တထောင် ၀န်းကျင်လောက် ချဉ်းကပ်လာတယ်လို့ ကြားတယ်။ တပ်မတွေလို့ ကြားတယ်။ ဘယ်တပ်လဲ ဆိုတာ မသိသေးဘူး။ ကြားတာပဲ ရှိသေးတယ်။
မေး။ ။ အစိုးရဘက်က ပြည်သူ့စစ် အဖွဲ့တွေ ဥပမာ ကချင်ရဝမ်လူမျိုးစုတွေနဲ့ ဖွဲထားတဲ့ အဖွဲ့တွေကို ထိုးစစ်မှာ သုံးလာတာရှိလား။
ဖြေ။ ။ ပြည်သူ့စစ်ကတော့ တချို့တလေ ပါဝင်တယ်လို့ ကျနော်တို့ ကြားရတယ်။ ဒါပေမယ့် ကျနော်တို့နဲ့ တိုက်ချင်တဲ့ ပြည်သူ့စစ်က မရှိပါဘူး။ မလွန်ဆန်နိုင်တဲ့ အဖွဲ့ငယ် ၂ ဖွဲ့၊ ၃ ဖွဲ့လောက် ပါတယ်လို့ ကြားတယ်။ ဒါပေမယ့် ဒီလူတွေကလည်း အမှန်တကယ် ကျနော်တို့နဲ့ ရင်ဆိုင်ဖို့ သူတို့ ဆန္ဒရှိတာ မဟုတ်ပါဘူး။ ဒေသခံ မျိုးနွယ်စုတွေပဲ ဖြစ်တဲ့ အခါကျတော့ သူတို့ကလည်း ဒီနယ်မြေကို တွယ်တာပါတယ်။ ကျနော်တို့နဲ့ အတူ အခွင့်အရေးတွေကို လိုချင်နေတဲ့ မျိုးနွယ်စုတွေပါပဲ။
မေး။ ။ ရှမ်းပြည်တပ်တော်(SSA) ရော KIA နဲ့ အတူ ရှိနေသေးလား။ တခြား UNFC ( ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ) အဖွဲ့တွေက ကူညီနေတာရော ရှိသလား။
ဖြေ။ ။ တောက်လျှောက် ရှိနေတုန်းပဲ။ ကျနော့်နေရာမှာတော့ ရှမ်းနဲ့ ကျနော်တို့ပါပဲ။ ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကတော့ ဒီမှာ ကျနော် နည်းနည်းပြောရတာ ခက်ပါလိမ့်မယ်။ သဘောအားဖြင့် ကျနော်တို့ အဆက် အသွယ် ရှိတယ် လို့ ပြောလို့ရတယ်။
မေး။ ။ UWSA က အစိုးရနဲ့ အပစ်အခတ် ရပ်ရေး လွန်ခဲ့ တဲ့ ၂ ပတ်လောက်က စာချုပ် ပြန်ချုပ်လိုက်တယ် ဆိုတော့ KIA အပေါ် သစ္စာဖောက်သွားတာလို့ မြင်လားခင်ဗျ။
ဖြေ။ ။ စာချုပ်အရ တဘက်က ပြောမယ်ဆိုရင်တော့ အပြင်ပိုင်းက ဒီလို ယူဆလို့ ရပါတယ်။ ဒါပေမယ့်လို့ ကျနော်တို့မှာလဲ အတွင်းရေးတွေ ရှိတာကိုး။ တဘက်သတ် ဒါကို ကျနော် မပြောလိုပါဘူး။
မေး။ ။ တိုက်ပွဲတွေ အားလုံး လေးငါးရက် ဆက်တိုက် ဖြစ်လိုက်ပြီ ဆိုတော့ KIA တပ်မဟာ ၄ ရဲ့ စစ်ရေး၊ စီးပွားရေး၊ နယ်မြေ စိုးမိုးမှုတွေ နောက်ဆုံး အခြေအနေ ဘယ်လိုရှိသလဲ။
ဖြေ။ ။ ဒီကိစ္စနဲ့ ပတ်သက်လို့ကတော့ လောလောဆယ် ကျနော် ပြောဖို့ခက်ပါတယ်။ နယ်မြေ စိုးမိုးမှု ဆိုတာလဲ သူတို့ ဘယ်လိုမှ ဒါတွေကို အကုန်လုံး စိုးမိုးလို့ရတာ မဟုတ်ပါဘူး။ နေရာတိုင်းမှာ ကျနော်တို့ ရှိပါသေးတယ်။ ဘယ်လို ဆက်ဖြစ်လာမလဲ ဆိုတာ သူတို့ ထိုးစစ်အပေါ်မှာ မူတည်တယ်။ သူတို့ ထိုးစစ်က ဘယ်လောက်အထိ ပြင်းထန်လာမလဲ၊ သူတို့ရဲ့ နယ်မြေ စိုးမိုးမှုတွေဟာ ဘယ်အတိုင်း အတာအထိ လုပ်လာမလဲ၊ ကျနော်တို့ရဲ့ တုံ့ပြန်မူဟာ ဘယ်လောက် ရှိလာမလဲ ဆိုတာ ဒီအခြေအနေပေါ်မှာ မူတည်ပါလိမ့်မယ်။
မေး။ ။ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရဘက်က ဗိုလ်မှူးကြီး သန်းအောင်တို့က တခုခု လှမ်း အကြောင်းကြားလာတာ ရှိပြီလား။
ဖြေ။ ။ အကြောင်းကြား ဆက်သွယ်လာတာ မရှိပါဘူး။
မေး။ ။ တရုတ်အစိုးရဆီကတော့ ခုစစ်ပွဲနဲ့ ပတ်သက်ပြီး ဘာပြောသံမှ မကြားရသေးဘူး။ တရုတ်ယူနန် အာဏာပိုင်တွေကကော ဒါနဲ့ပတ်သက်ပြီး ဘယ်လို ပြောဆို လုပ်ကိုင်နေတာရှိလဲခင်ဗျ။
ဖြေ။ ။ ကျနော်ယူဆတာကတော့ သူတို့က နှုတ်ပိတ်ပြီး နေနေတာပါပဲ။ နည်းနည်း သူတို့နဲ့ ဖြစ်တဲ့ကိစ္စတခုကတော့ ဒုက္ခသည်တွေကို လက်မခံတဲ့ ကိစ္စပဲ၊ ဒါကို ကျနော်တို့ ကသိကအောင့် ဖြစ်နေတာ။ ဒုက္ခသည်တွေကို သူတို့ လက်ခံဖို့ သင့်ပါတယ်။
မေး။ ။ လက်ရှိ ဖြစ်နေတဲ့ အစိုးရရဲ့ ထိုးစစ်ကြီးတွေ ဘယ်အခြေအနေအထိ ရောက်သွားမယ်လို့ သုံးသပ်လို့ရလဲခင်ဗျ။
ဖြေ။ ။ ဒါကတော့ သူတို့အပေါ် မူတည်တယ်၊ သူတို့က နိုင်ငံရေးကို မပြောချင်ဘဲနဲ့ ထိုးစစ် ဆက်လုပ်သွားမယ် ဆိုရင် ပြည်တွင်းစစ် ရှည်မယ်၊ နိုင်ငံရေး စကားပြောမယ် ဆိုရင်တော့ ကျနော်တို့ ဘက်က အဆင်သင့်ပါပဲ။
Comments (10)

written by someone, October 07, 2011
Why no negotiation? We, Myanmar are weak in negotiation. Kachin & other divisions are parts of our nation, not under Burmese control divisions. we must accept them and negotiate with them to be a strong country.
written by mai mai , October 04, 2011
ကိုယ်နေရာကိုယ်နေပါ။။ ကချင်လူမျိုးကို အထင်မသေးပါနှင့် သူ့ ဖက်မှာ ဘုရားသခင်ရှိတယ်။။ မသေချင်ရင် အမြန်ဆုံးတပ်ဆုပ်လိုက်ပါ။။
written by ............, October 03, 2011
ဟိုအရင်ထဲက မွေးထားတာပါ အမြစ်မဖြတ်ချင်လို့နေတာ ထင်တာဘဲ ခုမှ နည်းနည်းလှုပ်ကြည့်တာ ထင်တယ်
written by လွယ်ဟိုဆေ, October 01, 2011
www.mongloi.org ဝင်လို့ မရသေးပါဘူး ပိတ်ထားေ သးတယ် တစ်ခါတစ်ေ လတော့ရတယ်
written by Shwe Aung, October 01, 2011
The situation is defferent from 16yrs ago. The government forces could use combing tatics to wipe out all the insurgents.
written by မိုးခ, September 30, 2011
ဘာပဲဖြစ်ဖြစ် ပြေလည်သွား ပါစေလို့ ပဲ ဆုတောင်း ပါတယ်...
တိုက်တယ် ခိုက်တယ် ဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် မကောင်းဘူး မဟုတ်လား
တိုက်တယ် ခိုက်တယ် ဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် မကောင်းဘူး မဟုတ်လား
written by မခါး, September 30, 2011
ကချင် လူမျိုးတွေ အသက် ရှင်နေသမျှ
တော့KIA ဆိုသာ ရှိနေမှာပါ၊ ကချင်တွေဟာ အရေကြီးရင်ေ သွးစည်တယ်၊ မျိုးချစ်စိတ် ရှိကြတယ်။ ဘယ်သူမှ တိုက်
တွန်းစရာ မလိုပဲ သွေးသားထဲမှာကိ န်းအောင်းနေတဲ့ အမျိုးချစ်စိတ်၊ အမျိုးကို ကာကွယ် လိုစိတ်ဟာ သူအလိုလို ဖြစ်ပေါ်
နေတတ် ပါတယ် ခုရှေ့ တန်းကKIA မျိုးချစ် ရဲဘော်များကိုေ ကြာက်ရွှံ့ မူ ကင်းပြီး အမျိုး အတွက် ဂုဏ်ယူစွာဖြင့် မိမိလူမျိုး
ကို ကာကွယ်ဖို့  အားပေးပါတယ်
တော့KIA ဆိုသာ ရှိနေမှာပါ၊ ကချင်တွေဟာ အရေကြီးရင်ေ သွးစည်တယ်၊ မျိုးချစ်စိတ် ရှိကြတယ်။ ဘယ်သူမှ တိုက်
တွန်းစရာ မလိုပဲ သွေးသားထဲမှာကိ န်းအောင်းနေတဲ့ အမျိုးချစ်စိတ်၊ အမျိုးကို ကာကွယ် လိုစိတ်ဟာ သူအလိုလို ဖြစ်ပေါ်
နေတတ် ပါတယ် ခုရှေ့ တန်းကKIA မျိုးချစ် ရဲဘော်များကိုေ ကြာက်ရွှံ့ မူ ကင်းပြီး အမျိုး အတွက် ဂုဏ်ယူစွာဖြင့် မိမိလူမျိုး
ကို ကာကွယ်ဖို့  အားပေးပါတယ်
Write comment
| < Prev | Next > |
|---|








ကချင်တိုက်တာ ကချင်ပြည်နယ်အတွက် တဲ့ ၊ ကရင်ကလည်း ကရင်ပြည်နယ်အတွက်တဲ့ ၊ ရှမ်းကလည်း ရှမ်းပြည်နယ် အတွက်တဲ့ ....... ဘာတွေလဲဗျာ ........ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆိုတာကိုမရှိစေချင်ကြတာလား .......
ငယ်ငယ်က သင်ခဲ့ဖူးတာမှတ်မိကြမှာပါ .... အရွယ်တူ ကြယ်ဖြူ ၁၄ လုံးဆိုတာကို ......
နွားကွဲ ကျားကိုက် ဆိုတဲ့ စကားပုံကိုလဲ ကြားဖူးကြမှာပါ .....
နိုင်ငံတော် ကို အမှန်တကယ်ချစ်မြတ်နိုးတယ် ..... နိုင်ငံတော်ကို တိုးတက်စေချင်တယ်ဆိုရင် ....
ဖျက်လိုဖျက်ဆီးတော့ မလုပ်သင့်ဘူးဗျ ..... ကျုပ်ကြားဖူးသလောက်ပြောရရင် .... ဒီ မျိုးချစ် အမည်ခံ သူပုန်တွေ
ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးပြီဆိုရင် သူတို့တပ်ဖွဲ့ အကျိုးစီးပွား အတွက် မှောင်ခိုကူးခွင့် ၊ သစ်ခုတ်ခွင့် ၊ ဘိန်းစိုက်ခွင့် လောက်တောင်းဆိုပြီး ကိုယ့်ဒေသ ကောင်းကျိုးအတွက် လုပ်ဆောင်ကြတာမျိုးတစ်ခါမှမကြားဘူးပါဘူးဗျာ ........ ကြည့်လဲ လုပ်ကြပါအုံး .....
ဒီိကြားထဲ နိုင်ငံခြားမှာ သွားနေပြီး အသံကောင်းဟစ်ပြနေတဲ့သူတွေကလည်း တစ်ပုံတစ်ပင်နဲ့ဗျာ ......