မေး။ ။ မနေ့တုန်းက ရန်ကုန်မှာ နော်အုံးလှတို့ ဆန္ဒပြရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ဖြေ။ ။ ဆန္ဒပြတာ မဟုတ်ပါဘူး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ဆရာတော်၊ သံဃာတော်တွေအတွက် ဆုတောင်း မေတ္တာပို့တာ၊ အမျှဝေတာတွေ လုပ်တာပါ။
မေး။ ။ အင်္ကျီ အ၀ါရောင် ၀တ်ပြီး လမ်းလျှောက်ကြတဲ့ဓာတ်ပုံတွေ အင်တာနက်မှာ တွေ့ရပါတယ်။
ဖြေ။ ။ ဟုတ်ပါတယ်၊ အ၀ါရောင် အင်္ကျီတွေ ၀တ်ပြီး ဆုတောင်းကြပါတယ်၊ အင်္ကျီပေါ်မှာတော့ ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ်၊ နိုင်ငံရေး အကျဉ်းသားတွေ ချက်ချင်း လွှတ်ပေးဖို့၊ ဧရာဝတီ မြစ်ဆုံ (စီမံကိန်းတွေ) ရပ်တန့်ပေးဖို့ ဆိုတာတွေ ပါတယ်။
မေး။ ။ အခုလုပ်တာက နော်အုံးလှ စီစဉ်တာလား၊ ဘယ်သူတွေက တွန်းအားပေးလို့ လုပ်တာလဲ။ ပါဝင်ပူးပေါင်းသူ ဘယ်လောက်ရှိလဲ။
ဖြေ။ ။ ကျမတို့ကပဲ ဦးဆောင်ပြီးတော့ နိုင်ငံရေး အကျဉ်းသား မိသားစုတွေ၊ ၈၈ ကျောင်းသားတွေ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ စတဲ့ မြို့နယ် ၅ ခုက ပြည်သူတွေ ပါတယ်။ လူဦးရေ ၃၀၀ လောက် ရှိပါတယ်။
မေး။ ။ ဘယ်နေရာမှာ လုပ်ကြတာလဲ။
ဖြေ။ ။ ကျမတို့က ဆူးလေမှာ လုပ်မလို့ လာကြတော့ န၀ဒေး (ရုပ်ရှင်ရုံ) နား ရောက်တော့ တားဆီးတာ ခံရတယ်၊ အဲဒီတော့ ကမ္ဘာအေး (စေတီ) နားက လမ်းပေါ်မှာပဲ ဆုတောင်း မေတ္တာပို့ကြတယ်၊။ ရဲတွေက ပြောတယ်၊ သူတို့က တာဝန်အရ လုပ်တာပါ ဆိုပြီးတော့ ပြောတယ်၊ ကျမတို့ကလည်းပဲ ဒါဟာ ပြည်သူတယောက်ရဲ့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အတိုင်း လုပ်တာ ဆိုပြီးတော့ ပြန်ပြောတယ်။ ဒီတော့ ဖွဲ့စည်းပုံက လွှတ်တော်က အတည်မပြုသေးတဲ့အတွက် အတည်မဖြစ်သေးဘူးလို့ ပြောတယ်။ ၅ ယောက်ထက် ပိုသွားရင် ဖမ်းလို့ရတယ် ပြောတယ်။
မေး။ ။ အာဏာပိုင်တွေကို အကြောင်းကြားပြီး လုပ်တာလား။
ဖြေ။ ။ မကြားပါဘူး၊ ကျမတို့က ကိုယ့်ဟာကိုယ်ပဲ ဖုန်းဆက်ပြီးတော့ လူစုပြီး လုပ်ကြတာပါ။ အဲဒီ လမ်းပေါ်မှာပဲ ဆုတောင်း မေတ္တာပို့ပြီးတော့ လူစုခွဲပြီးတော့ ပြန်ကြတယ်။
မေး။ ။ တချို့က ဝေဖန်နေကြတယ်၊ ဒီလို အုပ်စုနဲ့ လမ်းလျှောက်တာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးတာကို အနှောင့်အယှက်ဖြစ်စေတယ် တဲ့။ ဒါနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်လဲ။
ဖြေ။ ။ မထိခိုက်ပါဘူး၊ သူတို့က သူတို့ကိစ္စ သူတို့ ဆောင်ရွက်ကြတာပါ။ ကျမတို့က ကျမတို့အလုပ် လုပ်တာပါ။
မေး။ ။ နော်အုံးလှက အရင်ကလည်းပဲ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့အတွက် တကိုယ်တော် လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်၊ အခုလည်းပဲ ဆက်တိုက် လုပ်နေတယ်။ ဒါတွေ ဘာကြောင့် လုပ်နေတာလဲ။
ဖြေ။ ။ ဒေါ်စုနဲ့ အကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုခဲ့ပါတယ်။ ကျမတို့ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ အများကြီး ကျန်နေသေးတယ်။ ဒီလူတွေ အားလုံး လွတ်မြောက်ဖို့အတွက် ဆက်လုပ်သွားမှာပါ။ အစိုးရ ကိုယ်တိုင်က နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ပြောထားတယ်။ အဲဒါကြောင့် ကျမတို့က နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတယ် ဆိုတဲ့ အကြောင်းကို ဖော်ပြချင်လို့ ဒီလို လုပ်ရခြင်း ဖြစ်ပါတယ်။
Set as favorite
Bookmark
Email this
Hits: 5145
Comments (9)

written by mizimapidipadar, October 02, 2011
လူကို အခြေခံပြီး စဉ်းစားသင့်ပါတယ် ငါ လူမျိုး ဆိုပြီးအခြေခံ ပြီးစဉ်းစားရင် ဒီမိုကရေ ဆိုတာသဘော မပေါက်ဘဲနား လည်မှူ့ လွဲတာလို့ ထင်ပါတယ် ဒုက္ခရောက်ေ နတာ လူတွေပါေ သနတ်ပြစ်တတ်တိုင်း ကိုယ်လူမျိုးကို ကာကွယ်တာ မဟုတ်ပါဘူး
written by Sanda, September 29, 2011
I really repect and salute you Daw Naw Ohn Hla. "You do what you want to"
မနေ့တုန်းက ရန်ကုန်မှာ နော်အုံးလှတို့ ဆန္ဒပြရတဲ့ ရည်ရွယ်ချက်က ဘာလဲ။
ဖြေ။ ။ ဆန္ဒပြတာ မဟုတ်ပါဘူး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်
မနေ့တုန်းက ရန်ကုန်မှာ နော်အုံးလှတို့ ဆန္ဒပြရတဲ့ ရည်ရွယ်ချက်က ဘာလဲ။
ဖြေ။ ။ ဆန္ဒပြတာ မဟုတ်ပါဘူး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်
written by သီဟ, September 29, 2011
အင်တာဗျူးထဲက အတိုင်း dialog ကလွဲရင် သင့်တော်သလို ပြင်ရေးရမယ် ဆိုတာ မသင်ထားဘူးလား။ အင်တာဗျူး တင်ပေးတဲ့ အတွက်တော့ ကျေးဇူးပါ။
ဒေါ်နော်အုံးလှ ဖြေသွားတာကောင်းလိုက်တာ
ဖြေ။ ။ ဆန္ဒပြတာ မဟုတ်ပါဘူး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ဆရာတော်၊ သံဃာတော်တွေအတွက် ဆုတောင်း မေတ္တာပို့တာ၊ အမျှဝေတာတွေ လုပ်တာပါ။
ဒေါ်နော်အုံးလှ ဖြေသွားတာကောင်းလိုက်တာ
ဖြေ။ ။ ဆန္ဒပြတာ မဟုတ်ပါဘူး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ဆရာတော်၊ သံဃာတော်တွေအတွက် ဆုတောင်း မေတ္တာပို့တာ၊ အမျှဝေတာတွေ လုပ်တာပါ။
written by saw ka yin, September 29, 2011
Dear Ah naw Ohn Hla...you said that daw su do her work ,and i do my work..it is true..daw su can't do all thing so we also we need to do our work..we should need to know that what is our task..it true...we appreciate you an naw...carry on..
written by မောင်နောက်တိုး(မန္တလေး), September 28, 2011
26ရက်နေ့ ဆန္ဒပြပွဲကို ဆန့်ကျင်တဲ့ အသံတွေ ကြားေ နရတယ်။ တွေ့ဆုံေ ဆွးနွေး ပွဲတွေကို မထိခို က်ပါဘူးလို့ voaမှာ ဒေါ်စုက အတိ အလင်ြးေ ဖခဲ့ပြီးသားပါ။ အေးအေးေ ဆးဆေး အိမ်မှာထို င်စောင့်ေ နရအောင် တိကျတဲ့ အာမခံချက်ကို ဘယ်သှူ့ဆီက ကြားခဲ့ ရပြီးလို့လဲ။ dr သန်းထွတ်ေ အာင်က အာမခံရအောင် သူက အစိုးရအဖွဲ့ရဲ့ ဘာ တာဝန် ယူထားတဲ့ သူလဲ။ `ဆန္ဒ မစောကြပါနဲ့´ဆိုတာ ဒေါက်တာေ မာင်မောင်ရဲ့ စကားပါ။ signature campaign ကြောင့် လွတ်ငြိမ်း ချမ်းသာခွင့်ဟာ တစ်နှစ်ထဲဖြစ် သွားရတာပါလို့ ဦးသုဝြေေ ပာခဲ့ဖူးတယ်၊ ဘာ အထောက်အထားရှိ ပါသလဲ။ ခုတစ်ခါ ဒေါက်တာေ မာင်မောင်နဲ့ ဦးသုဝေေ နာက်လိုက်တွေ ခေါင်းထော င်လာပြန်ပြီ။ ငြိမ်းချမ်း စွာဆန္ဒပြတယ်ဆို တာ ပြ ည်သူ
လူထုရဲ့မွေးရာ ပါအခွင့်အေ ရးဆိုတာ မမေ့ကြပါနဲ့။ ကြက်တူရွေးကေ တ်ာတော် မယ်ေ ဘ်ာက မကဲကြပါနဲ့။
လူထုရဲ့မွေးရာ ပါအခွင့်အေ ရးဆိုတာ မမေ့ကြပါနဲ့။ ကြက်တူရွေးကေ တ်ာတော် မယ်ေ ဘ်ာက မကဲကြပါနဲ့။
written by kite ye, September 28, 2011
နိုင်ငံရေး အကျဉ်းသားလွ တ်မြောက်ရေးနှင့် ဧရာဝတီအရေးတို့ ဟာ မြန်မာနိုင်ငံ သားတိုင်းေ တာင်းဆိုသ င့်သော အချက်များသာဖြစ်ပါတယ်။ မည်သည့် ၊မည်သူ တွေ့ ဆုံမှုကိုမှ ထိခိုက် နစ်နာစရာ မရှိသောကြောင့် ဆက်လက်
လုပ်ဆော င်သင့်ြေ ကာင်းမြင်မိပါ တယ်။ ကိုယ်တိုင် မပါဝင်နိုင်ေ သ်ာလည်း အားပေးပါ တယ်။
လုပ်ဆော င်သင့်ြေ ကာင်းမြင်မိပါ တယ်။ ကိုယ်တိုင် မပါဝင်နိုင်ေ သ်ာလည်း အားပေးပါ တယ်။
written by u PN wara, September 28, 2011
ဒေါ်နော်အုန်းလှ နဲ့ အဖွဲ့ ကို ထောက်ခံပါတယ်။ ဆန္ဒပြလို့  တွေ့ ဆုံေ ဆွးနွေးမှူပျ က်ပြားတာတို့ -
ငြိမ်းချ မ်းရေးပျက်ြ ပားတာတို့ ဖြစ်ပေါ်လာရင် အစိုးရ နဲ့ ဘဲ ဆိုင်ပါတယ်။
ပြည်သူနဲ့  ဘာမှ မဆိုင်ဘူး။ အစိုးရက တိုင်းပြည် ကို တကယ်ငြိ မ်းချ မ်းစေချင်တ ယ်ဆိုလျှင် တကယ် လုပ်လို့ ရပါတယ်။
အစိုးရ အပေါ်မှာ အဓိက မူတည် ပါတယ်။
ငြိမ်းချ မ်းရေးပျက်ြ ပားတာတို့ ဖြစ်ပေါ်လာရင် အစိုးရ နဲ့ ဘဲ ဆိုင်ပါတယ်။
ပြည်သူနဲ့  ဘာမှ မဆိုင်ဘူး။ အစိုးရက တိုင်းပြည် ကို တကယ်ငြိ မ်းချ မ်းစေချင်တ ယ်ဆိုလျှင် တကယ် လုပ်လို့ ရပါတယ်။
အစိုးရ အပေါ်မှာ အဓိက မူတည် ပါတယ်။
Write comment
| < Prev | Next > |
|---|







