ကင်ဂျုံအီးလ် စာအုပ် ဟိန်းလတ် ဘာကြောင့် ပြန်သိမ်းပေးရသလဲ

နိုင်ငံတကာက နျူကလီးယား အရေး နှင့် ပတ်သက်၍ စိုးရိမ်နေရပြီး မြန်မာ အစိုးရနှင့်လည်း အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်နေသော မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအီးလ် အတ္ထုပ္ပတ္တိ စာအုပ်ကို ထုတ်ဝေပြီး မကြာခင် ပြန်လည် သိမ်းဆည်းမှုများ ပြုလုပ်ခဲ့သည်။

Hein-Lattကင်ဂျုံအီးလ် အတ္ထုပ္ပတ္တိ စာအုပ်ကို ဘာသာ ပြန်ဆို ရေးသား ထုတ်ဝေ ခဲ့သည့် စာရေး ဆရာ ဟိန်းလတ်အား ဧရာဝတီ သတင်းထောက် ဝေမိုးက ယင်း စာအုပ် ပြန်လည် သိမ်းဆည်းမှုနှင့် ပတ်သက်ပြီး ဆက်သွယ် မေးမြန်း ထားပါသည်။

စာရေး ဆရာ ဟိန်းလတ်သည် ၁၉၉ဝ ပြည့်နှစ်မှ ၁၉၉၃ ခုနှစ်ထိ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့(ဗဟို) အတွင်းရေးမှူး (၁)၊ အလုပ် အမှုဆောင်နှင့် တွဲဖက် အတွင်းရေးမှူး တာဝန်များ ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့၏ ယခုနှစ်တွင် အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော ကော်မတီ၌ ဗဟို အလုပ်မှုဆောင် တဦး ဖြစ်သည်။  

၁၉၆၅ ခုနှစ်မှ စ၍ ဝတ္ထု ကဗျာ၊ ဆောင်းပါးများ ရေးသားခဲ့သည်။ ယခုအထိ ဆောင်ပါးပေါင်း ၃ဝဝဝ ကျော်နှင့် လုံးချင်း စာအုပ် ၅၁ အုပ် ရေးသားပြီး ဖြစ်သည်ဟု သိရသည်။ ၂၀၀၂ တွင် လီကွမ်ယု အတ္ထုပ္ပတ္တိ ဖြစ်သည့် တတိယ ကမ္ဘာမှ ပထမ ကမ္ဘာသို့ စာအုပ်နှင့် အမျိုးသားစာပေဆု(ဘာသာပြန်)ရရှိခဲ့သည်။

စံပယ်ဖြူ မဂ္ဂဇင်း၊ စန္ဒာ မဂ္ဂဇင်းနှင့် မိုးဂျာနယ် တို့တွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ပြီး ပေါ်ပြူလာ ဂျာနယ်တွင်လည်း စာတည်း ချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။

ပြီးခဲ့သည့် မေလမှ စ၍ ပေါ်ပြူလာဂျာနယ် အပါအဝင် တခြား ဂျာနယ်များကို ထုတ်ဝေနေသည့် Asian Fame Media Group ၏ ဒုတိယ ဥက္ကဋ္ဌ တာဝန်ယူလာသူ ဖြစ်သည်။


မေး။  ။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးလ် အကြောင်း ရေးတဲ့စာအုပ် ပြန်သိမ်းခံရတယ်ဆိုတာ ဟုတ်ပါလားဆရာ၊ ဘယ်လိုဖြစ်တာပါလဲ။

ဖြေ။  ။ ဟုတ်ပါတယ် ၊ ကျနော်က အင်္ဂလိပ်စာပဲ တတ်တော့ အမေရိကန်က ထုတ်တဲ့ သူ့အကြောင်းရေးတဲ့ စာအုပ် နှစ်အုပ်ကို ကိုးကားတယ်၊ အမှန်ကတော့ ကျနော်က အားလုံးပေါင်းပြီးရေးတာ၊ အဲ့သည် ကိုးကားတဲ့ စာအုပ်နှစ်အုပ်ကို မြောက်ကိုရီးယား ဘက်က အချက်အလက်တွေမှားတယ် ဆိုပြီး သူတို့က မကြိုက်တာပါ။

မေး။  ။ ဘာစာအုပ်တွေလဲဆရာ ၊ အမေရိကန် ဂျာနယ်တွေ မဂ္ဂဇင်းထဲမှာ ပါတာတွေလား၊ စာရေးဆရာ ဘာတေးလ် လင့်တ်နာ ရဲ့ စာအုပ်တွေလား။

ဖြေ။  ။ မဟုတ်ပါဘူး၊ ၂၀၀၉ ခုနှစ်လောက်က နောက်ဆုံးထုတ်တဲ့ လုံးချင်းစာအုပ်ကြီး နှစ်အုပ်ပါ၊ အဲ့သည်စာအုပ် နှစ်အုပ်မှာ ပါတဲ့ အချက်အလက်တွေ မှန်မမှန်တော့ မသိဘူး၊ ကျနော်လည်း ရှားပါးတဲ့ အချက်တွေဆိုပြီးတော့ ဘာသာပြန်တယ်၊ မြောက် ကိုရီးယား သံရုံးက ထုတ်တဲ့ စာအုပ်တွေလည်း ပါတယ်၊ ကျနော်က စုပေါင်း ရေးတော့ အချက်အလက်တွေ အကုန်ထည့်တာပေါ့၊ အဲ့သည်တော့ မြောက်ကိုရီးယားက အဲ့သည်မှာပါတဲ့ အချက်တွေက မှားတယ်လို့ ပြောတယ်၊ ကျနော်လည်း မှားမှန်း မှန်မှန်း ဘယ်သိမလဲ၊ ကျနော်လည်း ကူးရေးရတာလေ၊ အဲ့သည် ပြဿနာပါပဲ။

မေး။  ။ ဆရာ စတင်ထုတ်ဝေစဉ်က ခွင့်ပြုချက်နဲ့ ထုတ်တာပဲ မဟုတ်လား။

ဖြေ။  ။ ဟုတ်ပါတယ်၊ နိုင်ငံတော်ရဲ့ ခွင့်ပြုချက်နဲ့ ထုတ်တာပါ။

မေး။  ။ မြောက်ကိုရီးယား သံရုံးက ဘယ်လိုသိသွားလို့ ဆရာ့ကို တိုက်ရိုက်ကန့်ကွက်တာလဲ။

ဖြေ။  ။ စာအုပ်ထွက်ပြီး ၂ လလောက်အကြာမှာ သိသွားတာ၊ သူတို့ သံရုံးမှာ ဗမာစာတတ်တဲ့ သူတွေက ဒါတွေမှားတယ် ဆိုပြီး ချွန်ပေးလိုက်တာ၊ ကျနော်ကြားတာက ကျနော့်ရဲ့ ဗမာလိုရေးထားတဲ့ စာအုပ်က တချို့အချက်တွေကို  အင်္ဂလိပ်လို ဘာသာ ပြန်ခိုင်းတယ်၊ ဥပမာ- မြောက်ကိုရီးယား စစ်တပ်ဖွဲ့စည်းပုံ ဇယားကို အသေအချာကြည့်ပြီး မှားတယ်ပြောတယ်၊ ဒါတွေဟာ သူတို့ဟာ မဟုတ်ဘူးလို့ပြောတယ်၊ ပွင့်ပွင့်လင်းလင်း ထုတ်မပြောပေမယ့် ဇယားတွေကိုထောက်ပြတော့ အဲ့ဒါပဲ ထင်တယ်၊
ဖွဲစည်းပုံမှာ ဗိုလ်ချုပ်ကြီးက ဘယ်နှစ်ယောက် ဆိုတဲ့ အမေရိကန်စာအုပ်တွေထဲပါတဲ့ ဇယားပါ၊ သူတို့ မြောက်ကိုရီးယား သံရုံးက ထုတ်တဲ့စာအုပ်တွေမှာတော့ ဒီလိုလျှို့ဝှက်ချက် ပါတာမျိုးတွေ ဘယ်ပါမလဲ၊ စာရေးတဲ့ သူဆိုတာ ဘယ် အမှား အမှန်သိမလဲ၊ ဇယားထဲ ပါတာတွေ ရေးရတာပဲ၊ စာဖတ်ပရိသတ်ကလည်း ဒါမျိုးတွေမှ ကြိုက်တာ၊ ကျန်တာကတော့ အကောင်းချည်းပဲ၊ မကောင်းတဲ့ အချက်တွေကို ရှောင်ပြီးမှ ရေးတာ၊ ကိုးကား စာအုပ်ကိုမေးတော့ ဒီစာအုပ်တွေပဲဆိုတော့ အဲ့ဒါ နယူးယောက်က ထုတ်တဲ့ စာအုပ်တွေ၊ မကောင်းတာတွေ စာဖတ်ပရိသတ်လက်ထဲ မရောက်တာကောင်းတယ်၊ ဖြန့်ပြီးလည်း ကျန်တဲ့ဟာ ပြန်ပေး ပါဆိုတော့ ကျနော်လည်း စကားနည်း ရန်စဲ ပြန်ပေးလိုက်တယ်၊ မပေးရင် ဘာလုပ်မလဲတော့ မသိဘူး၊ ပေးလိုက်တော့ ပြီးသွားတာ ပေါ့၊ ကျနော် ကတော့ ဆုံးရှုံးတာပေါ့။

မေး။  ။ ဆရာ့ကို ကန့်ကွက်တာ စာပေစိစစ်ရေးကလား သံရုံးကလား၊ ခေါ်ပြီး ပြောတာလား၊ ဖုန်းတို့ စာတို့နဲ့ သတိပေးတာလား၊ မထုတ်ခင်က သံရုံးက အချက်အလက်ယူသေးလား။

ဖြေ။  ။ သံရုံးက ခေါ်ပြောတာပါ၊ သူတို့ဆီက လိုအပ်တဲ့စာအုပ်ကိုတော့ ယူပါတယ်။ ပြုစုတဲ့ အခါကျ တော့ လက်ဝဲရော လက်ယာရော ၀ါဒအကုန်လုံး ယူရတယ်၊ ဒါဟာ ကျနော်တို့ရဲ့လုပ်နည်းပဲ၊ ဒါပေမယ့် သူတို့ စာအုပ်တခုတည်း နဲ့ မရဘူး၊ သူတို့ စာအုပ်တွေက အရမ်းလေးတယ်၊ အချက်အလက်တွေချည်း ဖွား/သေ စာရင်းလို ရေးတာ၊ ဒါကြောင့် ကျနော်တို့က စာအုပ်ရေးလို့ မရဘူး။ ကျနော် အတ္ထုပ္ပတ္တိ စာအုပ် ရေးလာတာ ၂၅ အုပ်လောက်ရှိပြီ၊ တိန့်ရှောင်ဖိန် တို့ ၊ အီရန် သမ္မတ အာမာဒီနီဂျက် တို့ ရေးတာပဲ၊ ဘယ်မှာ တရုတ်လိုတို့ ၊ အီရန်လိုတို့ ဘယ်ရှာရေးမလဲ၊ ထွက်တဲ့စာအုပ် ဘာသာပြန်တာပဲ၊ ဒါက ကျနော့် အခွင့်အရေး လေ၊ တရုတ်ကတော့ ရှင်းတယ်၊ ဒါမျိုးရေးရင် အားလည်းမပေးဘူး၊ ကန့်လည်းမကန့်ကွက်ဘူး။

မေး။  ။ ကျနော်တို့ သိရတာ လိုက်သိမ်းတယ်၊ ဖျက်ဆီးတယ်လို့ သိရတယ်၊ ဆိုင်တွေပေါ် ရောက်နေတဲ့ စာအုပ်တွေကိုသိမ်းတယ်၊ ဆရာ့ရှေ့မှာ မီးရှို့တယ်လို့ ကြားတယ်၊ အဲ့ဒါ ဟုတ်ပါသလား။

ဖြေ။  ။ ကျနော်ကို လက်ကျန်စာအုပ်တွေ တောင်းတာနဲ့ အကုန်ပေးလိုက်ပြီ၊ ဆိုင်ပေါ်ရောက်နေတဲ့ စာအုပ်တွေကိုသိမ်းရင် သူတို့ ပိုက်ဆံပေးနေရမှာ စိုးတဲ့အတွက် လိုက်သိမ်းမယ်မထင်ဘူး၊ သူတို့က ပိုက်ဆံအကုန်မခံချင်ဘူးလေ၊ တချို့ဆိုင်တွေက အပြတ် ၀ယ်ထားတာလေ၊ ဘယ်အသိမ်းခံမှာလဲ၊ မီးရှို့တယ်ဆိုတာ မဟုတ်ပါဘူး၊ သူတို့ကို စာအုပ်လက်ကျန် ၃၃၀ လောက် အကုန်ပေး လိုက်တာ၊ မီးရှို့တယ်ဆိုတာ ကောလာဟလ ပါ။

မေး။  ။ စာပေစိစစ်ရေး အဖွဲ့ကရော နှစ်နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားမှာစိုးလို့ ဆရာ့ကို ပြောပါသလား။

ဖြေ။  ။ မပြောပါဘူး၊ ကျနော့် ဘက်ကတောင် ဒီကိစ္စက ဘာမှမဆိုင်ဘူး သူတို့ ခွင့်ပြုပြီးသားဆိုပြီး ဘာမှတောင် မတိုက်တွန်းဘူး၊ မြန်မာအစိုးရဘက်က ပြန်ကြားရေးရော စိစစ်ရေးရော ဘာမှမပြောပါဘူး၊ အမှန်အတိုင်းပြောရရင် အဲ့သည့် ကိုရီးယား တွေကို ပဲကြောက်တာ၊ သူတို့က မထင်ရင်မထင်သလို လုပ်တတ်လို့၊ ဒီ့ပြင် နိုင်ငံဆိုရင်တောင် သိပ်မကြောက်ဘူး၊ ဟိုတိုင် ဒီတောနဲ့ ရှင်းရတာ ရှုပ်တယ်။

မေး။  ။ တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် အကြောင်းရေးတုန်းက သူတို့ကိုဝေဖန်ထားတာတွေ ပါတယ်လို့ သိရတယ်၊ အခု မြောက်ကိုရီးယား ခေါင်းဆောင်အကြောင်းမှာရော ပါလား။

ဖြေ။  ။ တိန့်ရှောင်ဖိန် အကြောင်းတုန်းက ငယ်ငယ်တုန်းက ကောင်းတယ်၊ ယဉ်ကျေးမှု တော်လှန်ရေးမှာ ဒုက္ခရောက်တယ်၊ လေးဦး ဂိုဏ်းက နှိပ်ကွပ်၊ နောက်ပိုင်း ပြန်ပြောင်းသွားတယ်၊ အကောင်းအဆိုး အကုန်ရေးတယ်၊ ဒီစာအုပ်မှာတော့ မကောင်းတာမပါဘူး၊ ဒါပေမယ့် သူတို့မူဝါဒ သူတို့နိုင်ငံက တရားဝင်ထုတ်တဲ့စာအုပ် မဟုတ်ရင်ဘယ်ဟာကိုမှ ခွင့်မပြုဘူး၊ နောက်ဆုံးကုန်ကုန်ပြောရရင် ဘယ်လောက်ပဲ သူတို့ခေါင်းဆောင်ကို ကောင်းပါတယ်လို့ ချီးမွမ်းဦး သူတို့ထုတ်တာ မဟုတ်ရင် မကြိုက်ဘူး။

မေး။  ။ ဒီစာအုပ်မှာ ကင်ဂျုံအီးလ် က ဟင်းကောင်းကောင်း ကြိုက်တယ်လို့ ပါတယ်နော်။

ဖြေ။  ။ ဟုတ်တယ် ၊ ဟင်းကောင်းကြိုက်တယ်၊ ဆူရှီကြိုက်တယ်၊ ဒါပေမယ့် ဧည့်ခံပွဲကျရင်တော့ ဆန်ပြုတ်လောက်စားတယ် ဆိုတာ လောက်ပါတာပါ၊ ဒီထက်ဆက်ရေးရင် အများကြီးပဲ သူ့ဆီမှာ အီတာလျှံ စားဖိုမှူးတွေ၊ ဂျပန်ထမင်းချက်တွေ၊ အင်္ဂလိပ်ထမင်းချက် တွေထားပြီး ကောင်းကောင်းစားတယ်၊ လူရှေ့ သူရှေ့မှသာ ဆန်ပြုတ်စားပြတယ်လို့ အဲ့သည့် စာအုပ်တွေမှာရေးထားတယ်၊ ကျနော်ဘာသာပြန်တာက ညင်တောင်ညင်သာသေးတယ်၊ တကယ်ရေးမယ်ဆိုရင်တော့ မကောင်းတာအများကြီးဘဲ။

မေး။  ။ စာဖတ်ပရိသတ်ကရော အဲ့သည်စာအုပ်ကို ကြိုက်လား။

ဖြေ။  ။ စာဖတ်ပရိသတ်ကတော့ မလှုပ်ဘူးဗျ၊ မကုန်တာသာကြည့်ပေတော့၊ ကြိုက်လို့ ကုန်သွားရင် သူတို့သိမ်းစရာမရှိဘူးပေါ့၊
စာဖတ်ပရိသတ်က ဘာမှစိတ်မ၀င်စားပါဘူး၊ ကျနော်ထုတ်တဲ့ အတ္ထုပ္ပတ္တိ စာအုပ်မှာ အမေရိကန် သမ္မတ အိုဘားမား တုန်းကသာ ပြိုက်ခနဲ ကုန်သွားတာ၊ ၅ ခါလောက်ရိုက်ရတယ်၊ အီရန် သမ္မတ အကြောင်းလည်း မြန်မာပြည်မှာလည်း ဘယ်သူမှ မရေးသေးလို့
ခက်ခက်ခဲခဲ ကျနော်ရေးတယ်၊ ဒါပေမယ့် မကုန်ဘူး၊ ဒီစာအုပ်လည်း စီးပွားရေးတွက် စွန့်စားရေးတာပဲ မကုန်ဘူး၊ အမှန်အတိုင်း ပြောရင် ကောင်းလိုက်တာလို့ ဘယ်သူမှမပြောဘူး၊ လေသံတောင် မဟဘူး။

မေး။  ။ အခုလို အဖြစ်အပျက်ကို ဘယ်လိုထင်လဲ။

ဖြေ။  ။ ကျနော် အတ္ထုပ္ပတ္တိ ရေးတဲ့မူက မြန်မာပြည်သူလူထုက ကမ္ဘာ့ခေါင်းဆောင်တွေ ကြည့်ပြီး သံဝေဂ ယူနိုင်တယ်၊ ကောင်းတာ တွေကိုယူ မကောင်းတာတွေကို ပယ်မယ်၊ ဒီပုဂ္ဂိုလ်ကြီးတွေဟာ သူ့နိုင်ငံနဲ့ သူ့မျိုးချစ်ပုဂ္ဂိုလ်တွေချည်းပဲ လူငယ်တွေအနေနဲ့ အတုယူနိုင်အောင် ရေးတာ၊ အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ ခိုမေနီ အကြောင်းရေးဆိုလည်း ရေးမှာပဲ၊ သူ့မှာလည်း မကောင်းတာတွေရှိသလို အတုယူစရာ တွေရှိတယ်လေ၊ ဒါမှလည်း လူငယ်တွေ အသိပညာကြွယ်မှာပေါ့၊ နိုင်ငံတကာအမြင်၊ သမိုင်း သုံးသပ်ချက်တွေကို သိရမှာပေါ့၊ ပိုက်ဆံအတွက်ဆိုရင်တော့ ကျနော်ဘယ်ရေးမလဲ၊ ဒီလိုစာအုပ်မျိုးတွေကို ဗဟုသုတရစေ ချင်လို့ ပါ၊ ဒီလို စာအုပ်မျိုးတွေ အုပ်ရေ ၁၀၀၀ ကုန်ဖို့ အင်မတန် ခက်တယ်။
Comments (36)Add Comment
0
မြန်မာ စာပေစီစစ်ရေးအဖွဲ့ဆိုတာ အာဏာရူးေ တွရဲ့.. လက်ကိုင်တုတ်..လား.
written by မျိုးချစ်, September 07, 2010
စာပေစီစစ်ေ ရးရဲ့..တာဝန်က ဘာလဲ..
ပြည်သူ လူထု မျက်စိပွင့်မဲ့.. နိုင်ငံရေး. .ဒီမိုကရေစီရေး
နည်းနည်းေ ရးေ တာ့..ဂျာနယ်ကို တစ်ပတ် ပိတ် မယ်..တစ်လ ပိတ်မယ်..
ရာသက်ပန် ထုတ်ဝေခွင့် ပိတ်မယ်နဲ့.. သူများ ထမင်းအိုး တု တ်နဲ့ ထိုးဖို့
၊ တိုင်းပြ ည်ကို..အမှောင်တိုက် သွင်းဖို့ပဲ တတ်တယ်..
ခုလို..ကိုယ့် မြေ ကိုယ်ရေမှာ..လာစော် ကားတဲ့.. စစ်ပထွေးကိုကျတော့.
မသိသလို မမြင်သ လိုနဲ့..ရူးချင် ယောင်ဆောင်နေလား... ကိုယ့်ပြည်သူ ကို..ရ က်ရက်စ က်စက်..
သတ်ဖြ တ်တတ် တဲ့.. စစ်ဗိုလ်ချုပ်တွေ.. ဘာပြောမလဲ
ဒီ အတ္တသ မား၊ လက်နက် အားကိုး အာဏာရူးတွေကြောင့်..
နိုင်ငံတ ကာမှာ..မြန်မာ ဆိုတာ..၀မ်းနည်းစရာ မျ က်နှာညှိုး ငယ်နေရ တယ်..
ခုလဲ..နိုင်ငံ ထဲ အထိ. .လာစော် ကား တာကို.. ခံရပြန်ပြီ..
.သိက္ခာ မရှိတဲ့. .စစ်ဘီလူးနဲ့ လက်ေ ၀ခံတွေကို မုန်းတယ်..
0
စာနာပါ တယ်ဗျာ....
written by ပွကြီး, August 06, 2010
အော်... ခင်ဗျားတို့က မြန်မာပြည်သား စာရေးဆရာ ဟိန်းလတ်ကို နအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အကာအကွယ် မပေးရ ကောင်းလား ဆိုပြီး ဝိုင်း အပြစ်တင်နေလိုက်ြ ကတာ။....
...အဲဒီ မြောက်ကိုရီးယား သံရုံးက တဆက်တည်း ဗိုလ် သန်းရွှေကိုပါ နားရင်း ရိုက်ဖို့ လုပ်နေလို့ ဗိုလ် သန်းရွှေ ခင်မျာ ဘယ်လောက် ရှိခိုး တောင်းပန်ေ နရတယ် ဆိုတာ စာနာပေးကြပါအုံးဗျာ....smilies/grin.gif
0
...
written by ဒီဇင်ဘာလွမ်း, August 03, 2010
တပ်မတော်သာ အမိ တပ်မတော်သာ အဖ ပါတဲ့ခင်ဗျာ ...
ကိုယ့်အိမ်က သား သမီး သူများ စော်ကားလဲ လက်ပိုက်ြ ကည့်နေမယ့် အမိ အဖပေပဲ ...

စာရေးဆရာ ဟိန်းလတ် အကြောင်း မပြောလို ...
အစော်ကားခံရခြင်း အကြောင်းသာ ပြောလိုပါသည် ..

0
မြောက်ကိုရီးယား သံရုံး က သိမ်းတယ်တဲ့လား?
written by KTO, August 03, 2010

မြောက်ကိုရီးယား သံရုံး က ဘာလုပ်နိုင်မှာ မို့လို့လဲ။
0
Teacher!
written by Nwe Ni, August 03, 2010
Teacher!
You are my teacher!
Don't say anything easily. Some of your answer confuse me. Please!!!!!!!
0
...
written by သောကြာသား, August 01, 2010
ဒီလို ဖြစ်ရပ်မျိုး ရှိသလား။
0
To ဆရာ ဟိန်းလတ်
written by Zero, August 01, 2010
၁။"အမှန်အတိုင်းပြောရရင် အဲ့သည့် ကိုရီးယား တွေကို ပဲကြောက်တာ၊ သူတို့က မထင်ရင်မထင်သလို လုပ်တတ်လို့၊
ဒီ့ပြင် နိုင်ငံဆိုရင်တောင် သိပ်မကြောက်ဘူး၊ ဟိုတိုင် ဒီတောနဲ့ ရှင်းရတာ ရှုပ်တယ်။" ( I dont' think it's the
real reason) Let me ask you...
(i)သူ့ ( Kim Jung Il) အကြောင်း ကိုရေး ရင်း ကြောက်စရာ ကောင်းကြောင်း ပိုသိလာ လို့ 
အကြောက် ပိုတာလား..?

(ii) ပြဿနာတက် ရင် ( မှီငြမ်း ထားတဲ့ စာအုပ်နဲ့ )copy right ငြိမှာ စိုးလို့ လား?

(iii)ဗိုလ်သန်းရွှေ က အရှက်မရှိ ကပ်ပါးရပ်ပါး လုပ် (eg. မွေးနေ့ မှာ သဝဏ်လွှာ တွေပို့ တာ)
မျက်နှာပြောင် တိုက်ပြီး ပေါင်းနေ တဲ့ လူ မို့ လို့  စာအုပ်တွေ လွယ်လွယ်နဲ့ ပေးလိုက်တာလား.?

၂။ "ကျနော်က စုပေါင်း ရေးတော့ အချက်အလက်တွေ အကုန် ထည့်တာပေါ့၊ အဲ့သည်တော့ မြောက်ကိုရီးယားက
အဲ့သည်မှာ ပါတဲ့ အချက်တွေက မှားတယ်လို့ ပြောတယ်၊ ကျနော်လည်း မှားမှန်း မှန်မှန်း ဘယ်သိမလဲ၊
ကျနော်လည်း ကူးရေး ရတာလေ၊ အဲ့သည် ပြဿနာပါပဲ။"

နောက်နေတာလား ဟင်? နောက်တာ မဟုတ်ဘူး ဆိုရင် ဆရာ ဟိန်းလတ် က တော်တော် တာဝန်မဲ့ တဲ့
စာရေးဆရာပါလား.. မှားမှန်းမှန်မှန်း မစဉ်းစား ဘဲ တွေ့ ကရာ စာအုပ်တွေ ကို မှီငြမ်းတယ် လို့ 
ဆိုလို တာလား? "ဟိန်းလတ် ပြုစုသည်" လို့  ဆိုကတည်းက တာ က ဘာသာပြန် သက်သက် မဟုတ်တော့
ဘဲ ( ကျနော် နားလည်သလို ဆိုရင်) စာရေးဆရာ က မှန်တယ် အချက် အလက် ခိုင်မာ တယ်
လို့ ယူဆ ထားတဲ့ စာအုပ်တွေကို မှီငြမ်း ဘာသာပြန် ရမှာ မဟုတ်ဘူးလား?
အခုလို "ကျနော်လည်း မှားမှန်း မှန်မှန်း ဘယ်သိမလဲ၊ " လို့ ပြောလိုက်တာကို
မြောက်ကိုးရီးယား သံရုံးကို စာအုပ် ပေးလိုက်တာထက်တောင် ပို စိတ်ပျက်တယ်..

"ဒါမှလည်း လူငယ်တွေ အသိပညာကြွယ်မှာပေါ့" အဲဒီလို
တကယ် စေတနာ ရှိတာ ဆိုရင် ကိုယ်ကိုတိုင် က အချက် အလက် ခိုင်မာ မှန်ကန် တယ် လို့ ယုံကြည် တဲ့
စာအုပ်တွေကို ဘဲ မှီငြမ်းပါလို့ .....

ဇီးရိုး
0
ကင်ဂျုံအိ.. ဆိုတာ.. ဘယ်လူလဲ.. သိလာ
written by သောတုဇနလုလင်, August 01, 2010

အခုလိုကိစ္စတွေမှာ တောင် စစ်အစိုးရနဲ့ မဆိုင် သလို နေတာကြို ကည့်လေ သူ့ ဆရာဘက်ကို ပါနေတယ် ထင်တယ် ဒီကိစ္စ
ကို ဘယ်လို ဘယ်လောက် ကူညီေ ဖြရှင်း ပေးမလဲစောင့်ကြ ည့်ြ ကမယ်လေ.......................................
0

written by ko monn, August 01, 2010
ကျုပ်သာ ဆိုရင် ကိုရီးယား ငရဲသား ကိုယ်စားလှယ်ကို နိုးလို့  ပြောလိုက်မယ်။
ဒါပေမယ့် နေပြည်တော် အမိန့် အရ သိမ်းတယ် ဆိုရင်တော့ နိုးလို့  ပြောရဲမှာ ဟုတ်ဘူး။
နိုးပြောရင် အင်းစိန်မှာ တာလပေါ သွားစားပြီး သံတိုင်ကိုင် ငိုင်နေရမယ်လေ
ဒါပေမယ့် စစ်အစိုး၇ ဆို၇င်တော့ ဖြန့် ဝေခွင့် ပိတ်တယ် ဆိုတဲ့ အထိပဲ လုပ်မယ် ထင်တယ်။
မြောက်ကို၇ီးယား ဖက်ဆစ်ကတော့ နေပြည်တော် ဖက်ဆစ်ထက် ပိုဆိုးတယ် ဆိုတာ ဆ၇ာဟိန်းလတ် သိထားတော့ နိုးမပြောဘဲ အင့် လို့  ပြောပြီး ပေးလိုက်တာ ဖြစ်မယ်။
0

written by jojo, August 01, 2010
တိုင်းပြည်ေ ချာက်ထဲ ကျမှာ စိုးလို့ လက်မတင်လေး ကယ်တ င်ခဲ့ရပါတယ် ဆိုတဲ့ စစ်ဗိုလ်ချု ပ်ကြီးတွေရေ...
ရှင်တို့ လက်ထက် ကျမှ ကိုယ့်တိုင်းပြ ည်ထဲမှာတင် သူများ စော်ကားတာ ခံနေပါရော့လား....
0
So surprise
written by khin maung thant, August 01, 2010
Why hein latt allowed North Korean Embassy took his books. I really dont understand about this, he should reponsed and said No. Why he is so afraid of it. He should sue north korean embassy and claim money for that. I have no sympathy for that, why? Because he is very good in pressing down NLD and others but actually he has no courage in North Korean. He is afraid of North Korean.
0
ရှက်ဖွယ် အလီလီ
written by hey, July 31, 2010
ဟေ့ မြန်မာ နိုင်ငံက မြန်မာ အုပ်ချုပ်တာလား မြောက် ကိုရီးယား အုပ်ချုပ်နေ တာလား...ရှက်ဖွယ်
0
...
written by y56, July 31, 2010
yes, we need to fight against all dictorship gov.
current burmese gov, chinese gov, north korea gov.

north korea gov is worse than Than Shwe's gov.
0
မြောက်စုပ်ြေ မာက်ပဲ့တွေ
written by Mg Dee, July 31, 2010
မိုက်ရိုင်းလို့ ရလို့ လာမိုက်ရိုင်းတာ။ စာအုပ် မူရင်း ရေးတဲ့ အမေရိကန်စာရေးဆရာ သွားလုပ်ပါလား။ သံရုံးတင်မကဘူး။ ကင်ဂျုံအီးပါ မသာ ပေါ်သွားမှာပေါ့။ ဗိုလ် သန်းရွှေ လက်ထက်မှာ မြန်မာရဲ့ ဂုဏ် သိက္ခာဟာ ကုန်းကောက်စ ရာေ ကာ ကျန်ပါသေးရဲ့လား။ အမေရိကန်၊ဂျပန်မို့လို့ ခေါင်းလျှိုပေးလိုက် တယ် ဆိုရင်တောင် လူကြားလို့ခ ပ်ကောင်းကောင်း။ မြောက်ကိုရီး ယားတဲ့-- ကောက်ကျစ်တဲ့နည်းတွေ၊ ယုတ် ကန်းတ နည်းတွေနဲ့ ကမ္ဘာတ စ်ခုလုံးက မျက်မုန်းကျိုး ချဉ်ဖတ် အလုပ်ခံထားရတဲ့ေ ကာင်ေ တွကိုမှ။ ပြည်သူတွေကိုနှိပ်စက်ပြီး အာဏာမက်ဖို့ပဲသိတဲ့ မြန်မာ့ဂုဏ်ဆောင် ခေါင်းေ ဆာင်ေ ကာင်းကြီးေ တွ။ ခင်ဗျားတို့ ဘယ်တော့များမှ အရှက်ရှိလာ ကြမလဲတော့ မသိဘူး။
0
အိုပါး.. ဘိုယား. ..မိုလား ( အစ်ကိုကြီး.. .ဘာလဲဟင်.... တိဘူးလေ )
written by လေကြောင်, July 30, 2010
အချုပ် အချာ အာဏာ ဆိုတာ.......ဘာလဲ၊.. ... မြောက်ကိုရီးယား က ဘာလဲ ၊ ခုလိုေ ပြာင်ကျကျ စော်ကားရဲတယ်ဆိုေ တာ့ သူတို့က သွေးကြောင် တပ်မေ တာ် ကြီးရဲ့ ဖခင်လား..ပေ ထွးလား ၊ ကြောက် မယ်ဆိုလဲ ကြော က်လောက် ပါတယ် ၊ အာဇာ နည်ကုန်းကို ပွထသွားအောင် ဗုံးခွဲပြထားတာ ဆိုတော့..သွေးကျဲမ ယ်ဆိုလဲ ကျဲလော က်ပါတယ်.. ..အခုလဲ တပြည်လုံး ကြွ က်တွင်းတွေ ဗရပွ တုးပြီး ဒေတာတွေ ထိန်းချုပ်ထားနိုင်ြ ပီဆိုတော့.... ခံပေတော့. .... ..ခံပေေ တာ့.... .
0
is myanmar country already get the independent ?
written by Aung Zaw Htet, July 30, 2010
After reading this article , I am thinking to myself that are myanmar people get the independent ? or are we still a colonial to communist countries .
0
တိုင်းပြည် ကို စော်ကား လိုက်တာဘဲ။
written by မောင်သန်.။, July 30, 2010
ဖက်ဆစ်တွေဘဲ မင်း လုပ်နေပစေ၊ ဒါ ငါတို့ တိုင်းပြည်ဘဲ။
ဒါဟာ ဟိန်း လတ် ကိုတင် မဟုတ်ဘူး။ မြန်မာတပြည်လုံး ကို မောက်ေ ကျာ် စော်ကား လိုက်တာဘဲ။
မြန်မာ နိုင်ငံ စာပေ နှင့် စာနယ်ဇင်း အဖွဲ့  က ရော ဘာ သံ မှ မပေးပါလား။
အမှန်အတိုင်း ပြောရရင် အဲ့သည့် ကိုရီးယား တွေကို ပဲကြောက်တာ၊ သူတို့က မထင်ရင် မထင်သလို လုပ်တတ်လို့၊ ဒီ့ပြင် နိုင်ငံ ဆိုရင်တောင် သိပ်မ ကြောက်ဘူး၊ ဟိုတိုင် ဒီတောနဲ့ ရှင်းရတာ ရှုပ်တယ်။ ဆိုတဲ့ အယူကို လက်ခံဖို့  အတော် ခဲယဉ်းပါတယ်။
ဟိုတိုင် ဒီတောနဲ့  ရှင်းရတာ ၇ှုပ်တယ် ဆိုတဲ့ ၀ါရင့် ဟိန်းလတ် ကိုလဲ စာရေးဆရာ တယောက်မှာ ရှိသင့် ရှိထိုက်တဲ့ သိက္ခာ မရှိဘူးလို့  လို့ ဘဲ ဆိုပါရစေ။
မင်းသမီး ပါးရိုက်မှု တုန်းကေ လာက်တောင် ဘာမှ ၀င်မပြောတဲ့ မြန်မာနိုင်ငံ စာပေ နှင့် စာနယ်ဇင်း အဖွဲ့  ဆိုတာ က
ွှရေ ငုံနေတာလဲ အပြင်း အထန် ရှုံ့ ချတယ်။
ဖက်ဆစ်တွေ ကတော့ ဟိန်းလတ်နဲ့  သံရုံးပြဿနာ လောက်ဘဲ ဆိုပီး နေစိမ့် တာ ကိုတော့ ပိုပီး ရှုံချပါတယ်။


0
ရှင်ဂွမ်းဂွိ
written by mee mee, July 30, 2010
ဆရာ ဟိန်းလတ် အနေနဲ့ သဘော ပေါက်သင့်ပြီ။ မြန်မာ ပြည်သူတွေက ဘယ်အာဏာ ရှင် ကိုမှ စိတ်မဝင် စားဘူး။
ဒီမိုကရေစီ သူရဲကော င်းတွေဘဲ ကြိုက်တယ်လေ။ ဒါကြောင့် နောက်တခါ ဘာသာ ပြန်ရင် ဗြိတိန် သမ္မတ တို့ ဟီလာရီ ကလင်တန် တို့ နော်ဝေ သမ္မတ တွေ အကြောင်း ရေးလေ။
သိမ်း သင့်တာပေါ့, Low-rated comment [Show]
0
...
written by kzmo, July 30, 2010
ကင်ဂျုံအီးလ် စာအုပ် ဟိန်းလတ် ဘာကြောင့် ပြန်သိမ်းပေးရသလဲ ??
သားသား ကြောက်လို့ ပါ
သားသား အခု အိမ်မှာနေရင်း သူများ တက် ပါးရိုက်တာ ခံလို က်ရပြီဗျsmilies/cry.gifsmilies/cry.gifsmilies/cry.gifsmilies/cry.gif
သားတို့ အစိုးရက ပြည်ပ အားကိုးပုဆိန်ရိုြး ဖစ်နေတာ သား သိရပြီဗျ။
0
မြန်မာ နိုင်ငံစာပေ စီစစ်ရေး
written by Methalone, July 30, 2010
ခုမှဘဲ သိတော့တယ်။ မြန်မာ နိုင်ငံစာပေ စီစစ်ရေးက မြောက်ကိုးရီး ယားကိုး။
0
နိုင်ငံရဲ့ ဂုဏ်သိက္ခာ ဘယ်သွား ထားမလဲ..
written by ŠŠThurabhikkhu, July 30, 2010
တကယ်ဆိုစာပေစီစစ်ရေးကသိမ်းတာဆို တော်သေးတာပေါ့။ ခုတော့ သံရုံးက လူက လာသိမ်းတယ် ဆိုတော့ စော်ကား တာပါဘဲ။ြ ပည်တွင်းမှာ နေတဲ့ ကိုယ့်နိုင် ငံသားတောင် ဘာ ကာကွယ်မှုမှ မပေးဘူး ဆိုယင်ပြ ည်ပ နေတဲ့သူ တွေဆို ပိုလို့တောင် ဝေးရောပေါ့။ြ မန်မာ နိုင်ငံသားဖြစ်ရတာလည်း ဟိုလြူေ ကာက်ရ၊ ဒီလူေ ကြာက်ရနဲ့ မလွယ်ဘာလား။ ကိုယ့် လူမျိုး အ ချင်းချင်းြေ ကာက်ရတာ တော်ေ သးတယ်။ အ ခုတော့ ဘာမ ဟုတ်တဲ့တိုင်းပြ ည် ကသံအ ရာရှိကပြ ည်တွင်းမှာလာစော်ကားနေတာ။ တိုင်းပြ ည်အုပ်ချု ပ်တဲ့သူတွေဘာလု ပ်နေ လို့ လဲ။အင်း.. .ဒုံးပျံကိစ္စ၊ ညူကိ စ္စေ ဆွးနွေး နေလို့နေမှာဘာလေ။ တပ်မ တော်အင်အားရှိမှတိုင်းပြည် အင် အားရှိမယ် မဟုတ်လး။ ထမ င်းမစား ရတဲ့ပြည် သူ တွေတော့ငတ်ပေါ့။
0
...
written by animus, July 30, 2010
မြောက်အိုပါးကို အကြောက် ပိုသွားခြင်း.. smilies/grin.gif
0
...
written by ထွန်းလှ, July 30, 2010
သူတို့  တောင်းတာကို ပေးလိုက်တာပဲ ကောင်းပါတယ် ဦးဟိန်းလတ်ရယ်။ မပေးရင် မကျေနပ်လို့  ဆိုပြီး ခင်ဗျားအိမ်ကို
assassins တွေ လွှတ်ပြီး ဗုံး လာခွဲနေဦးမယ်။
0
ထူးဆန်းတယ်...
written by တင်ကိုကို, July 30, 2010
ကိုယ် ရဲ့ စာ အုပ်တိုက်မှာ လာပြီး မြန်မာပြ ည်က အာဏာပိုင် မည်သူ တစ်ဦး တစ်ယောက်မှ မပါဘဲနဲ့ စာအုပ်တွေ ကို
ပေးလိုက်တာ အံသြမိပါတယ်။ ထူးဆန်းတာ အမှန်ပဲ
0
Governor-general Than Shwe
written by Kyaw, July 30, 2010
I Think Noko has already invaded Burma, but yet to occupy. Our so-called "hero and patriot" Senior General Than Shwe is like a their appointed governor-general, it is the way I see on this case.
0
လက်ရြှိ မန်မာပြည် တွင်းမှာ နေသူများ
written by လောကပါလ, July 30, 2010
ကိုယ့်တိုင်ြး ပည်တွင်းမှာ ပြည်သူလူထုက ဘယ်လို နေရတယ်ဆိုတာ ပြည်ပေ ရာက်နေသူများ မေ့လျှော့ေ နကြ သည်မှာ အလွန်သိသာသည်။ ရေးထားသော ကွန်မန့်များကိုဖတ်ရှု့ ၍ပြော ခြင်းဖြစ်ပေသည်။ ဆိုလို သည်မှာ ပြည်တွင်းေ နပြည်သူ လူထု့၏ ဒုက္ခ အဝဝကို ကိုယ်ချင်း စာစေလိုခြင်ြး ဖစ်သည်။
0
...
written by naiwin, July 30, 2010
ဗိုလ်သန်းရွှေ အကြောင်းကော ရေးပါဦးလား
ုအားလုံး အမှန် နီးပါးတော့ ဖြစ်အောင် ရေးပေါ့
သံဝေဂ ယူချင်လို့ ပါ။
0
Hein Latt and Kim Jon Il
written by Maung Myeik, July 30, 2010
It's very strange. How could an embassy destroy a book published in Burmese in Burma permitted by the Burmese Government. Did the author of the book, Hein Latt, receive compensation under the table or did he comply with it because of fear of death. If I were I would not give in!
0
...
written by ei ei, July 30, 2010
မြောက် ကိုရီးယားးက တယ် စွာပါလား
0
Fear
written by Nay WIn, July 30, 2010
showing Myanmar Fearsmilies/tongue.gif
0
မတရားတာကို ခေါင်းငုံ့ခံနေခြင်း။
written by တောင်ကြီးသား, July 29, 2010
ဘယ်နယ့်ဗျာ.. သံရုံးက ပုဂ္ခိုလ်လာပြီး စာရေးဆရာ အိမ် လာပြီး စာအုပ် လာသိမ်းသွားတာ..တရား နည်းလမ်း မကျဘူး။ မြန်မာတွေ မတရားမှန်း သိသိကြီးနဲ့ ဘာကြောင့် ခေါင်းငုံခံနေရတာလဲဗျာ။ အော်. .မြန်မာတွေ. .မြန်မာတွေ ဘယ်သူက ဘာလုပ်လုပ် ခေါင်းငုံခံေ နရပါ လားနော်။
0
လေကြီးတဲ့ အစိုးရ ဘာလုပ်နေလဲ
written by ကိုကိုနန္ဒာ, July 29, 2010
နေရာ တကာမှာ မျိုးချစ် စိတ်ဓါတ် ကြီးမားကြောင်း တို့မြေကို တလက်မမှ ကျုးကျော် မရကြောင်း အချုပ်ချာ အာဏါ ပိုင်ပါတယ် ဆိုတဲ့ နအဖ အစိုးရ။
အခု ပြည်တွင်းမှာပါ သံရုံး အရာရှိလောက် အဆင့်က ၀င်ရောက် လက်ရဲဇက်ရဲ လုပ်ကိုင်ေ နပြီ ရဲရဲတောက် ဘိုချုပ်ကြီးတွေ ဘယ်ရောက်ေ နကြလဲ...
0
...
written by Observer, July 29, 2010
"ကျနော့် ဘက်ကတောင် ဒီကိစ္စက ဘာမှမဆိုင်ဘူး သူတို့ ခွင့်ပြုပြီးသားဆိုပြီး ဘာမှတောင် မတိုက်တွန်းဘူး၊ မြန်မာအစိုးရဘက်က ပြန်ကြားရေးရော စိစစ်ရေးရော ဘာမှမပြောပါဘူး၊ အမှန်အတိုင်းပြောရရင် အဲ့သည့် ကိုရီးယား တွေကို ပဲကြောက်တာ၊ သူတို့က မထင်ရင်မထင်သလို လုပ်တတ်လို့၊ ဒီ့ပြင် နိုင်ငံဆိုရင်တောင် သိပ်မကြောက်ဘူး၊ ဟိုတိုင် ဒီတောနဲ့ ရှင်းရတာ ရှုပ်တယ်"

ဗိုလ်သန်းရွှေ ကတော့ ဖွတ်ထွက်ပြီး တာတောင် တောင်ပို့မှန်း မသိဘူး၊ ဘုရားမှတ်လို့ ကိုးကွယ်နေတုံး။
0
multiple gov
written by thanda win, July 29, 2010
It seems not only China is ruling our country.
0
...
written by Myself, July 29, 2010
I dont trust his books and his conscience to audience.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်