မေး။ ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ရေလှူတဲ့ ရေကား တွေမှာ သူတို့ အလံတွေ ထူခိုင်း တယ်လို့ ကြားတယ်၊ ကိုကျော်သူ တို့ကော အဲဒီလို အဖြစ် မျိုးတွေ ကြုံရလား။ ဖြေ။ ။ ကျနော် တို့တော့ မသိသေးဘူး။ ဒလဘက် သွားကြတယ်။ အဲဒါ ဘာကြား မလဲတော့ မသိသေးဘူး။ ပဲခူးဘက် သွားတုန်း ကတော့ အဲဒီလို မလုပ်သေးဘူး။ ကျနော်တို့က နာရေး ကူညီမှု အသင်း (ရန်ကုန်) ဆိုတဲ့ ဗီနိုင်းချပ် ကြီးတွေ ချိတ်သွားတာ။ ကြံ့ဖွံ့အလံ ထောင်လို့လည်း မရဘူး။ ထောင်ခွင့်လည်း မပေးနိုင်ဘူး။
မေး။ ။ အခု ရန်ကုန်မှာ မိုးလည်း စရွာနေပြီဆိုတော့ ရေလှူတဲ့အလုပ် ဆက်လုပ်နေရတုန်းပဲလား။ ရေလှူတဲ့နေရာမှာ ဘယ်လို အခက်အခဲတွေ တွေ့ရလဲ။
ဖြေ။ ။ ရန်ကုန်တိုင်းထဲမှာ အကုန် သူ့ဟာနဲ့ သူတော့ ဆိုးနေကြတာပဲ။ ဟိုနေ့က ပဲခူးဘက်သွားတယ်။ နောက် ဝေါ ဘက် ၊ သက္ကလ ရွာတွေဘက် သွားတယ်။ မိုးရွာပေမယ့် ကြာကြာ ရွာတာမှ မဟုတ်တာ။ ရေလှူတဲ့ နေရာမှာလည်း အခက်အခဲတွေ ရှိတယ်။ ရေဒုက္ခသည်တွေက ကျနော်တို့ ရေသွားလှူရင်တောင်မှ သူတို့မှာ ထည့်စရာ ပုံးတို့၊ ခွက်တို့တောင် သိပ်မရှိကြဘူး။ ကျနော်ကတော့ ရေအုတ်ကန်လုပ်ဖို့ စဉ်းစားထားတယ်။ ရွာတရွာမှာ လမ်းဘယ်နှလမ်းရှိလဲ ကြည့်မယ်။ အုတ်ကန်လေး သွားပြီး လုပ်ပေးမယ်။ အဲဒီလမ်းက လူတွေ ရေကိုမျှပြီး သုံးကြပေါ့။ မိုးရွာတယ်ဆိုလည်း ဒီအုတ်ကန်က ရေခံထားပြီးသား ဖြစ်သွား တာပေါ့။ အဲဒီလို ကျနော်က စဉ်းစားနေတာ။ တချို့နယ်တွေက အ၀ီစိတွင်း တူးလို့မရတာတွေ ရှိတယ်။ တချို့ဆို ရေတွင်းတူးတာတောင်မှ ရေချိုမထွက်ဘူး။ ရေငန်ထွက်တဲ့ အပိုင်းတွေဖြစ်နေတယ်။ အဲဒီလိုဆိုတော့ နည်းနည်းတော့ အခက်အခဲ ဖြစ်တယ်။
မေး။ ။ ရေအခက်အခဲ ဖြစ်တဲ့ရွာတွေမှာ အဆိုးရွားဆုံး အနေအထား ဘယ်လောက်ထိ ရှိနေလဲ။
ဖြေ။ ။ အဲဒါကျနော် မလိုက်သွားတော့ မသိဘူး။ နာရေး အသင်းကလည်း တော်တော်သင်္ဂြိုဟ်ပေးရတာတွေ များနေတော့ ဒီဘက်ကလည်း လက်လွှတ်လို့မရဘူး။ ဟိုဘက်ကို ကျနော့် အမျိုးသမီး လိုက်သွားတယ်။ နောက်တခုက ကျနော်ပါရင် ပုံစံက တမျိုးဖြစ်လိမ့်မယ်လေ။ ရေဘေးဒုက္ခသည်တွေဆီ ရောက်သွားရင် ဌာနဆိုင်ရာက ကျော်သူပါလာတယ်ဆိုရင် တမျိုးဖြစ်သွား နိုင်တယ်။ ဒါနဲ့ ကျနော် မလိုက်တော့တာ။
ကျနော်တို့က ဝေါမြို့နယ်တို့၊ ပဲခူးဘက်တို့မှာ သွားလှူတဲ့အခါ ပဲခူးမြို့ပေါ်က ရေအလှူရှင်ရှိတယ်။ သူ့အိမ်မှာသွားပြီး ကျနော်တို့က ပိုက်ကိုတပ်၊ စက်နဲ့စုပ်ပြီး ရေပုံးတွေထဲ ထည့်တယ်။ ဂါလန် ၂၅၀၀ ထည့်ပြီး တခေါက်သွား၊ တနေ့ကို ၂ ခေါက်၊ ဂါလန် ၅၀၀၀ အနည်းဆုံး လုပ်ပေးနေတယ်။ ဒီ ရေ အလှူရှင်ကလည်း သူ့အိမ်ကရေတွင်း၊ ရေကန် လျော့တဲ့အထိတော့ ဘယ်လှူနိုင်မလဲ။ အတိုင်း အတာက ပြဿနာတက်တယ်။ ရန်ကုန်မှာတောင် ကျနော်တို့ အိမ်တွေဘက်ရေက မလာတော့ဘူး။ ဂျိုးဖြူရေကမလာတော့ဘူး။ ကျနော်တို့ အားလုံးဒုက္ခရောက်သလို၊ ပြည်သူအားလုံးလည်း ဒုက္ခ ရောက်နေကြတယ်။
အဝီစိတွင်းတူးဖို့တော့ စ စုံစမ်းခိုင်းထားတယ်။ ပဲခူးဘက်မှာတော့ တနေရာရပြီ။ အဲဒီနေရာမှာ ဘာမှမရှိဘူး ဆိုတော့ အဲဒီနေရာမှာပဲ အဝီစိတွင်း တူးပေးဖို့ရှိတယ်။ နောက် ကျနော်တို့ ဒလဘက်ကိုရေဝေဖို့ သွားရင်းနဲ့ စုံစမ်းဖို့ပြောထားတယ်။ ဒလဘက်မှာ ဘယ်သူ သြဇာအာဏာညောင်းလဲ။ ဆရာတော်ကြီးတွေဆီ ချဉ်းကပ်ပြီး၊ ဆရာတော်ကြီးတွေကနေ ဦးစီးပြီး ဘယ်အရပ် ဘယ်လမ်းမှာ ဘာလုပ်ပေးပါဆိုတဲ့ ဆရာတော်ကြီးတွေ သြ၀ါဒခံပြီးပဲ လုပ်တော့မယ်။ ဒီ့ပြင် ဘယ်အဖွဲ့အစည်း ကိုမှ သွားပြီး သြ၀ါဒလည်း မခံနိုင်ဘူး။ အလှူရှင်တွေက ကျနော်တို့ကို ယုံကြည်ပြီးလှူထားတဲ့ဟာ၊ ဒုက္ခသည်တွေ လက်ထဲကို ရောက်အောင်တော့ လုပ်ပေးရမှာပဲ။
မေး။ ။ အခုလို ရေအခက်အခဲက ခါတိုင်းနှစ်တွေလည်းဖြစ်တယ်လို့ သိရတယ်။ ဒီနှစ်နဲ့ ဘယ်လိုကွာပါသလဲ။
ဖြေ။ ။ ခါတိုင်းနှစ်က ဒီလောက်မဖြစ်ဘူး။ ၇ မိုင်ဆိုလည်း ၇ မိုင်မှာရေပြတ်သွားတာမျိုး၊ မလာတော့တာ ဒါတွေက ရှိတယ်။ ရေရှည်တော့ မဟုတ်ဘူး ခဏတဖြုတ်ဖြစ်တာ။ ဒီနှစ်က ပိုလည်းပူတော့ ပိုပြီးဆိုးကုန်တာပေါ့။ ရေကန်တွေလည်းခန်း၊ ရေတွင်းတွေလည်း ကုန် အဲဒီလိုဖြစ်ကုန်တာ။
မေး။ ။ ရေပြဿနာဖြစ်ရတဲ့ အဓိကနေရာတွေက ရေကန်နဲ့ ရေတွင်းတွေကို ပိုပြီး အားပြုသုံးနေရတဲ့နေရာတွေက ဖြစ်တာလား။
ဖြေ။ ။ တချို့နယ်တွေက အ၀ီစိတွင်းတွေမရှိဘူး။ သောက်ရေကန်ဆို သောက်ရေကန် အဲဒီက ခပ်ကြ။ ကန်ကရေ ကုန်တော့ သွားရော။ တချို့နေရာတွေဆို ကျနော် ကြားတာ ဘယ်အဖွဲ့အစည်းက ငါးမွေးမယ်ဆိုပြီး ကန်ကို သိမ်းလိုက်တယ်။ ဒီလို သိမ်းလိုက်တဲ့အတွက် ရာသီဥတု ပူတဲ့အခါကျတော့ ငါးမမွေးဖြစ်ဘူး။ အဲဒီတော့ သောက်ရေလည်း မရတော့ဘူး။ အဲဒီလိုတွေဖြစ်ကုန်တာ။
မေး။ ။ ရေ အခက်အခဲကြောင့် ရောဂါဖြစ်တာတို့၊ သေကြေပျက်စီးတာတို့ ဘယ်လောက်အထိ ဆိုးဆိုးရွားရွားဖြစ်လဲ။
ဖြေ။ ။ နယ်တွေတော့မသိဘူး။ ကျွန်တော်တို့ နာရေးကူညီမှုအသင်းဆို အပူဒဏ်ကြောင့်ဆုံးတာ တနေ့တနေ့ကို ၇၈ လောင်းလောက် အတွက်ကို လိုက်လုပ်ပေးနေရတယ်။ အရင်နှစ်တွေ တုန်းကဆို တနေ့ကို ၄၀ ကျော် ၄၅ လောင်း လောက်ပဲရှိတယ်။ အခုဆို ၇၀ ကျော် ၈၀ နီးပါး ကပ်နေပြီ။ ပိုလာတဲ့ အရေအတွက်က ရာသီဥတုကြောင့်လို့ ကျနော်တို့ တွက်လို့ရတယ်။ အရွယ်အားဖြင့် ကတော့ မျှတယ်။ အထူးသဖြင့်လူကြီးပိုင်း ပိုသေကြတယ်။ ကိုဗလ (မင်းသားသုမောင်) ဆိုလည်း အသည်းရောဂါရှိတာက ရှိတာပဲ၊ အပူဒဏ်ကြောင့် ဆိုးသွားပြီး မခံနိုင်ဘဲဆုံးတာ။ ပန်းချီ သန်းမြင့်အောင်ဆိုလည်း အပူကြောင့် ဆုံးတာပဲ။
မေး။ ။ အခြေခံ လူတန်းစားတွေကတော့ ပိုသေကြမယ်ထင်တယ်။
ဖြေ။ ။ လောလောဆယ် ဒီမှာဖြစ်တာ ကြုံရ တာကတော့ ဦးနှောက် သွေးကြော ပြတ်ပြီး ဆုံးကြတာ ကြားတယ်။ အငှားယာဉ် မောင်းတဲ့ သူတွေ၊ ဆိုက်ကား သမားတွေ ဖြစ်ကြတယ်။ ခရီးသည်တင် ယာဉ်မောင်း တယောက် ဆိုရင် ကားဂိတ် ရောက်တဲ့ အချိန်မှာ သူ ရေခဲရေ သောက်တယ်။ နောက်ကား ရှိလို့ စပယ်ရာက သွားဖို့ ပြောတဲ့ အခါ ကျတော့ ကားက မသွားဘူး။ အဲဒါနဲ့ သွားကြည့်တော့ ကားပေါ် မှာတင် အသက် ပျောက်နေတယ်။ နောက် ဆိုက်ကား ဆရာတို့ ဘာတို့ဆို ပူတော့ မျက်နှာသုတ် ပုဝါကို ရေစွတ်ပြီး ပခုံးပေါ် တင်ထားတယ်။ အဲဒါနဲ့ ဦးနှောက်ကြော ပြတ်ပြီး ဆုံးတာ။ မေး။ ။ အခုလို ကူညီတဲ့ အလုပ်တွေ လုပ်နေတဲ့ အထဲမှာ အခက်ခဲဆုံးက ဘာဖြစ်မလဲ။
ဖြေ။ ။ အခက်အခဲကတော့ နာရေးနဲ့ ပတ်သက်ရင် သင်္ဂြိုဟ်ပေးဖို့ အအေးခန်း အခက်အခဲပဲ။ အအေးခန်းငှားမယ် ဆိုလည်း အအေးခန်းမှာ အလောင်းတွေက ပြည့်လျှံနေပြီ။ နေ့လယ် ၁၂ နာရီကျော်လောက်မှ အအေးခန်းမှာ ထားခွင့်ရှိတယ်။ အားရင်တောင်မှ အလောင်းတွေက တော်တော်လေးများလို့ အနံ့အသက်လည်း မကောင်းတော့ဘူး။ ဆေးရုံအအေးခန်းတွေ ဆိုလည်း အနံ့အသက်တွေက မကောင်းဘူး။ ကျန်းမာရေးအရ ပတ်ဝန်းကျင်အတွက်လည်း မကောင်းဘူး။
ရေလှူတဲ့ အပိုင်းကတော့ အခုလောလောဆယ် အခက်အခဲမရှိသေးဘူး။ ကျနော်တို့ ဂါလန် ၂၅၀၀ ဆန့်တဲ့ ရေပုံးတွေ ၀ယ်တယ်။ ဒလဘက်က ရွာတွေကို သွားမယ်ဆို ဒလ မြို့ပေါ်က ရေအလှူရှင်ရှိတယ်။ ဒီအတိုင်း ကားနဲ့ သွားပြီး ရေအလှူရှင်အိမ်မှာ ရေထည့်ပြီး ရွာတွေကို ဝေတာပေါ့။ ဒလဘက်က ရေအလှူရှင်မရှိဘူးဆို ရန်ကုန်ကနေ သယ်ရမယ်၊ အဲဒါဆိုရင်တော့ သွားရေးလာရေး နည်းနည်းကြန့်ကြာမယ်၊ နည်းနည်းလည်းပင်ပန်းမယ်။ အဲဒါတွေတော့ ရှိတယ်။
ပဲခူးဘက်ဆိုလည်း ပဲခူးဒေသခံက ကျနော်တို့ ကို အကူအညီပေးတယ်။ လူမှုရေး သမားတွေနဲ့ လူမှုရေး စိတ်ဓာတ် ရှိတဲ့သူတွေ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ သူတို့ပဲ လုပ်ပေးကြပါတယ်။
မေး။ ။ နာဂစ်တုန်းက တဦးချင်းအလှူရှင်တွေ၊ လူမှုရေး လုပ်ချင်တဲ့ စေတနာ့ဝန်ထမ်းတွေ အများကြီးပဲ ရှိခဲ့တယ်လေ။ အခု ရေလှူတဲ့ အခုအချိန်မှာကော တဦးချင်း အလှူရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေ အများကြီးရှိလာလား။
ဖြေ။ ။ များပါတယ်။ ဒါပေမယ့် ဒီတခါ တော်တော် တင်းတင်းကျပ်ကျပ် လုပ်ရတယ်။ နာဂစ်ကနေ ကျနော်တို့ အတွေ့အကြုံ တွေ အများကြီးရခဲ့တယ်။ စေတနာ့ဝန်ထမ်းပဲဖြစ်ဖြစ်၊ ရိုးရိုးသာမန်လူပဲ ဖြစ်ဖြစ် အရေးကြီးတာ သူတို့ စိတ်ဓာတ်ပဲလေ။ နာဂစ်တုန်းကဆို နယ်တွေသွားတယ်၊ ကျနော်တို့ မလိုက်နိုင်တဲ့ နယ်တွေဆို ဒီတိုင်း လွှဲပြီး လွှတ်လိုက်ရတယ်။ အဲဒီမှာ အလှူရှင်ရဲ့အလှူငွေတွေ၊ နောက် မမြင်ဘူးတဲ့ အစားအစာ၊ မမြင်ဘူးတဲ့ အ၀တ်အထည်၊ မသုံးဘူးတဲ့ ပိုက်ဆံတွေ သုံးရတော့ စာရိတ္တ ပျက်ပြားတာတွေ မြင်ခဲ့တယ်၊ တွေ့ခဲ့တယ်။ အဲဒါကြောင့် အဲဒီလို မဖြစ်အောင် တင်းတင်းကျပ်ကျပ် ကျနော်တို့ လုပ်ထားတယ်။
မေး။ ။ ရေရှည်အတွက် ကန်တွေဆောက်မယ် လို့လည်းပြောတယ်၊ အ၀ီစိတွင်းတွေ တူးမယ်လို့လည်း ပြောတယ်။ နောက်နှစ်တွေလည်း ဒီထက် ပူချင် ပူလာနိုင်မယ့် အလားအလာတွေ ရှိနေတယ်ဆိုတော့ ကိုကျော်သူတို့ ဘယ်လောက်ထိ စီမံကိန်းချထားတာ ရှိလဲ။
ဖြေ။ ။ စီမံကိန်းက ကျနော်တို့ ချလို့မရဘူး၊ အစိုးရက လုပ်ရမှာ။ ကျနော်တို့လည်း ရေရှည် ဒီဟာကြီးကို လိုက်လုပ် မပေးနိုင်ဘူး။ နာရေးကိစ္စတို့၊ ဆေးခန်းကိစ္စတို့ ကျနော်တို့ လုပ်နေရတယ်။ နိုင်ငံတော် အနေနဲ့ တတ်သိ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး အမြန်ဆုံး ကွင်းဆင်း အကောင်အထည်ဖော်ဖို့ လိုတယ်လို့ ကျနော်မြင်တယ်။ အပင်စိုက်သင့်ရင်စိုက်၊ တလမ်းကို ရေတွင်း ဘယ်နှတွင်းတူး ဆိုတာမျိုး လုပ်ရမယ်။ ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့ မရဘူး။
ကျနော်တို့ကတော့ ကြုံရင်ကြုံသလို လုပ်ပေးနေတာပဲ။ လှိုင် မီးဘေးတုန်းက ၀ါးတရာ မီးဘေး စခန်းကိုသွားပြီး အ၀ီစိတွင်းတွေ တူးပေးရတယ်၊ အိုးခွက်တွေ၊ အ၀တ်အစားတွေ သွားလှူရတယ်။ နဂစ်ဆိုလည်း နာဂစ်အလျောက် လုပ်နေရတာပဲ။ သဘာဝ ဘေးဒဏ်ပေါ် မူတည်ပြီး ကျနော်တို့ လုပ်ပေးနိုင်သလောက်ပဲ လုပ်ပေးကြတာပါ။
Comments (44)

written by ကျော်လင်းမြတ်, June 28, 2010
ဦး ကျော်သူ ၏ ကောင်းသော အကြောင်းတရား အားလုံး တို့ သည် နိဗာန် သို့ အထောက်အပံ့ ကောင်းများ ဖြစ်ကြ မည်မှာ မလွှဲမသွေ ပင်ဖြစ်ပါသည်။
သာဓု သာဓု သာဓု
ကျွန်တော်လဲ ရည်ရွယ်ချက် ရှိပါတယ် အခုငယ်သေးပြီး ဘဝ ကို မရပ်တည်နှိင် သေးပါဘူး
ကံရှိ ခဲ့မယ် ဆိုယင် ဦးကျော်သူ နှင့် တွဲပြီး ကောင်းမွန်သော ဒါန တွေကို လုပ်ချင်ပါတယ်။
သာဓု သာဓု သာဓု
ကျွန်တော်လဲ ရည်ရွယ်ချက် ရှိပါတယ် အခုငယ်သေးပြီး ဘဝ ကို မရပ်တည်နှိင် သေးပါဘူး
ကံရှိ ခဲ့မယ် ဆိုယင် ဦးကျော်သူ နှင့် တွဲပြီး ကောင်းမွန်သော ဒါန တွေကို လုပ်ချင်ပါတယ်။
written by khin, June 24, 2010
U Kyaw Thu
Do you make your own healthy plan regularly? Pls take good care about yourself. People still need you.
I have Two special woman in my life (1) my mother (passed away on April 28,2010) (2) Daw Aung Sun Su Kyi
Four kind of special man, (1) father (2) my husband (3) Bogyoke AUng San And (4) you.
Do you make your own healthy plan regularly? Pls take good care about yourself. People still need you.
I have Two special woman in my life (1) my mother (passed away on April 28,2010) (2) Daw Aung Sun Su Kyi
Four kind of special man, (1) father (2) my husband (3) Bogyoke AUng San And (4) you.
written by khin, June 24, 2010
U Kyaw Thu and wife
Wish you and members to be healthy, wealthy and live longer.
Best Wishes and Regards,
Wish you and members to be healthy, wealthy and live longer.
Best Wishes and Regards,
written by heavybeauty, June 06, 2010
ကိုကျော်သူ ခလုပ်မထိ ဆူးမညိဘဲ အသက် ရာကျော် ရှည်ပါစေ။ အဖွဲ.သားများ အားလုံး အတွက်လည်း ဆုတောင်း မေတ္တာပို.သလျက်ပါ။
written by suu, May 23, 2010
ဥိးကျော်သူ နဲ့ တကွ အဖွဲ့ သား အားလုံးရဲ့ စိတ်ဓာတ် နဲ့ လုပ်ရပ် ကို အစဉ် လေးစားလျှက်ပါ။ အနှောက် အယှက် ကင်းကင်းနဲ့ မြန်မာပြ ည်သူ လူထု အတွက် လူမှုရေး လုပ်ငန်းတွေ စဉ်ဆက် မပြတ် ဆောင်ရွက် နိုင်ပါစေ။
written by radar, May 22, 2010
အနုပညာ အသိုင်းအဝိုင်းမှ အင်တာဗျူး များတွင် ကျေးဇူးရှင် ပရိတ်သတ်ကြီးအား အမှာ စကားများ အရ တက်နိုင်သရွေ့ လက်တွေ့ အကောင်အထည် ဖေါ်ကြဖို့ လိုပါသည် ကိုယ့်စကား ကိုယ် တန်ဘိုး ထားခြင်းဖြင့် (ကိုကျော်သူ စကားအရ ကိုယ့်သမိုင်းကို ရေးနေကြပါသည်)
written by မင်းတာရာ, May 22, 2010
အံ့သြတယ်
လေးစားတယ်
ဂုဏ်ယူတယ်
ထိုင်ပြီး ရှစ်ခိုးလိုက်တယ်
သာဓု သာဓု သာဓု။
လေးစားတယ်
ဂုဏ်ယူတယ်
ထိုင်ပြီး ရှစ်ခိုးလိုက်တယ်
သာဓု သာဓု သာဓု။
written by jo jo, May 22, 2010
thanks u kyaw thu.so thank very much for public.u will nice ur next life.
written by ဇွဲကပင်သား, May 22, 2010
တချိန်က ကျော်သူခေတ် တခေတ်ရှိခဲ့တယ်လို့ တောင် ပြောလို့ ရပါတယ်။ အနည်းဆုံး ကျော်သူလွယ်အိတ်၊ ကျော်သူစတိုင် ကျော်သူဆိုဒ် စသည်ဖြင့်တောင် ရှိခဲ့ပါတယ်။ အနုပညာရှင်တဦးရဲ့  ပရိတ်သတ်အပေါ် သြဇာသက်ရောက်မှုကို ပြခဲ့တာပါပဲ။ အဲသည်လို ကိုယ့်ကိုချစ်ခဲ့တဲ့ ပရိသတ်တွေကို သူတို့ ကို အစိုးရတယ်ဆိုတဲ့ အစိုးရဆိုတဲ့အဖွဲ့ ကြီးက ဘာဆိုဘာမှ လုပ်မပေးနိုင်ချိန်မှာ၊ အသွင်တူ အိမ်သူသက်ထားနဲ့ အတူ ကိုကျော်သူတို့  လုပ်ပေးနေတာကိုကြည့်ပြီး အပေါ်က ပြောခဲ့တဲ့သူတွေရဲ့ ချီးကျူး ထောပဏာစကားတွေကို အဆပေါင်းများစွာနဲ့  ထပ်မြှောက်ပေးပါရစေ။ ကိုယ်ဦးစီးနေတဲ့ နာရေးအသင်းကို ဦးဆောင်နေတဲ့ ရာထူးကလွဲရင်၊ တခြားဘာအာဏာမှ မရှိပဲ ပြည်သူ့ အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးနေတဲ့ ကိုကျော်သူကိုကြည့်ပြီး၊ တာဝန်မဲ့တဲ့ အုပ်ချုပ်သူတွေ ရှက်တတ်ရင် သေဖို့ တောင် ကောင်းနေပါပြီလို့ ပြောပါရစေ။
written by Moe Kyaw, May 21, 2010
လေးစားပါတယ်
ပြည်သူ လူထုရဲ. ကောင်းကျိုးကို ဆောင်ရွက်ေ ပးနေတဲ့ ကိုကျော်သူ
ပြည်သူ လူထုရဲ. ကောင်းကျိုးကို ဆောင်ရွက်ေ ပးနေတဲ့ ကိုကျော်သူ
written by Kyaw Gyi, May 21, 2010
ကိုကျော်သူ
နာရေးကူညီမှု ပါတီဆိုပြီး ထောင်လိုက်တော့ဗျာ။။
နိုင်သွားရင် ကြံဖွတ်ပါတီက လူတွေကိုပါ ပျော်ပျော်ပါးပါးကြီး အခမဲ့ အသုဘ ချပေးကြတာပေါ့။
နာရေးကူညီမှု ပါတီဆိုပြီး ထောင်လိုက်တော့ဗျာ။။
နိုင်သွားရင် ကြံဖွတ်ပါတီက လူတွေကိုပါ ပျော်ပျော်ပါးပါးကြီး အခမဲ့ အသုဘ ချပေးကြတာပေါ့။
written by နဲဗား, May 21, 2010
ဦးကျော်သူခင်ဗျား..
ခင်ဗျားဟာ အရင့်အမာ ထဲကပဲဖြစ်မယ်လို့ထင်ပါတယ်..
အတုခိုးခွင့်ပြုပါခင်ဗျား..
ခင်ဗျားဟာ အရင့်အမာ ထဲကပဲဖြစ်မယ်လို့ထင်ပါတယ်..
အတုခိုးခွင့်ပြုပါခင်ဗျား..
written by lwin htwe, May 21, 2010
်သူတော်ကောင်း(အများချစ်ခင်လေးစားသူ) အသက်တိုသည်။
သူယုတ်မာ(သိတဲ့အတိုင်း)အသက်ရှည်သည်။
ကိုကျော်သူ ကျမ်းမာေ၇းကိုဂရုစိုက်ပါ။
သူယုတ်မာ(သိတဲ့အတိုင်း)အသက်ရှည်သည်။
ကိုကျော်သူ ကျမ်းမာေ၇းကိုဂရုစိုက်ပါ။
written by NEEO, May 21, 2010
တခဏတာ လူ့ဘဝမှာကျင်လည်ကျက်စား လူအများ.. ...........
သိဥာဏ်ဆင့်ပွားမြတ်တရားမှ ဒါန သီလ ဘာဝနာပေါင်းထူ လက်တွဲကူ.......
ထိုလူအမ်ားနိဗ္ဗာန္သြား............
သိဥာဏ်ဆင့်ပွား လောဘသားများ ယခုဘဝကောင်းစားထား...
ငါစွဲငါ့မူအလံထူ ကိုယ်ချင်းစာမထား လူအများ.....
ကုသိုလ်မယူလောဘမူ သေလျှင်ခံစား ငရဲသား.......
(ကိုကျော်သူ ၏ကုသိုလ် ကို ထာဝရ သာဓုခေါ်ပါတယ်ဗျာ......သာဓု သာဓု သာဓု....)
သိဥာဏ်ဆင့်ပွားမြတ်တရားမှ ဒါန သီလ ဘာဝနာပေါင်းထူ လက်တွဲကူ.......
ထိုလူအမ်ားနိဗ္ဗာန္သြား............
သိဥာဏ်ဆင့်ပွား လောဘသားများ ယခုဘဝကောင်းစားထား...
ငါစွဲငါ့မူအလံထူ ကိုယ်ချင်းစာမထား လူအများ.....
ကုသိုလ်မယူလောဘမူ သေလျှင်ခံစား ငရဲသား.......
(ကိုကျော်သူ ၏ကုသိုလ် ကို ထာဝရ သာဓုခေါ်ပါတယ်ဗျာ......သာဓု သာဓု သာဓု....)
written by lynn, May 21, 2010
လှတာ မြင်ရင် တချိန်လုံး မြင်ချင်နေတယ်
ကောင်းတဲ့ အသံလေးတွေဆိုရင်လည်း
တချိန်လုံ ကြားချင်နေမိတယ်
သူ့လိုလူ တွေအများကြီး လိုအပ်တယ်။ ကိုကျော်သူ ကျန်းမာပါစေ
ချမ်းသာပါစေ
ဖြစ်ချင်တာတွေ လုပ်ခွင့်ရချိန်မှာ
အရာခပ်သိမ်း လုပ်နိုင်ပါစေ
ကောင်းတဲ့ အသံလေးတွေဆိုရင်လည်း
တချိန်လုံ ကြားချင်နေမိတယ်
သူ့လိုလူ တွေအများကြီး လိုအပ်တယ်။ ကိုကျော်သူ ကျန်းမာပါစေ
ချမ်းသာပါစေ
ဖြစ်ချင်တာတွေ လုပ်ခွင့်ရချိန်မှာ
အရာခပ်သိမ်း လုပ်နိုင်ပါစေ
written by Mon Yi, May 21, 2010
I really suprise what you did. I often think to do the social things like you. But still not yet clear image. I have to try myself.
written by မြန်မာပြည်သား, May 21, 2010
အရမ်းလေးစားပါတယ်ဗျာ။ ဦကျော်သူ အသက်ရာကျော်ရှည်ပြီး အနှာင့်အယှက်ကင်းစွာနဲ့ ပြည်သူ့အကျိုးကို ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေဗျာ။
written by greenchili, May 21, 2010
ပြည်သူလူထုအတွက် ကြိုးစားအားထုတ်ပေးသော ဦးကျော်သူမိသားစု တွေ့ရှိနေရသော အခက်အခဲ အနှောက်ယှက်များ
နဲ့ ကင်းဝေးပါစေ။
နဲ့ ကင်းဝေးပါစေ။
written by U p n wara, May 21, 2010
ဦးကျော်သူ နဲ့  ဦးအေးမြင့် နှစ်ယောက်တွဲ ထိုင်နေပုံကြည့်ပြီး ၀မ်းသာမှူအပြည့်နဲ့  ဂုဏ်ယူဆုတောင်း မေတ္တာပို့ ပါတယ်။
သက်ရှည် အနာကင်းမဲ့ ပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် အများအကျိုး ဆထက်တိုးလို့ ထမ်းဆောင်နိုင်ပါစေ။
သာဓု အလီလီ အကြိမ်ကြိမ် ခေါ်လိုက်ပါတယ်။
သက်ရှည် အနာကင်းမဲ့ ပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် အများအကျိုး ဆထက်တိုးလို့ ထမ်းဆောင်နိုင်ပါစေ။
သာဓု အလီလီ အကြိမ်ကြိမ် ခေါ်လိုက်ပါတယ်။
written by leang han, May 21, 2010
ဦးကျော်သူရဲ့ လုပ်ငန်းများ အားလုံး ဖျက်စီးသူများ လက်တွင်းမှ လွတ်ကင်းပြီး အောင်မြင် သထက် အောင်မြင်ပါစေဗျာ။
written by Joseph Kyaw, May 21, 2010
Ko Kyaw Thu,
Thanks for doing all this.You are great person..
Thanks for doing all this.You are great person..
written by Thazin Pyu, May 21, 2010
လူမှာ စိတ်ဓါတ်(၂)မျိုး ရှိတယ် ဗီဇစိတ်ရယ် ပြုပြင်ယူတဲ့ စိတ်ရယ် ပြုပြင်ယူလို့ ရတယ် ဆိုပေမယ့် အပြင်ပိုင်းဘဲ ရပါတယ်
အတွင်းစိတ် စိတ်ရင်း အမှန် ဖြူစင်ဖို့ ဆိုတာက ဗီဇပါလာတဲ့ ပင်ကို ဖြူစင်မှ ဖြစ်ပါတယ် ဒါကြောင့် စစ်ဗိုလ်တွေ အပေါ်ယံ အားဖြင့် ကိုကျော်သူကို လိုက်လို့ ဟန်ဆောင် လုပ်ပြေ နကြမေမယ့် ဘယ်တော့မှ ကိုကျော်သူ ဖြစ်လာမှာ မဟုတ်ဘူး
ကိုကျော်သူ လို အနုပညာ လောကမှ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ လူတစ်ယောက်က ကိုယ်ပိုင် ဘ၀ တစ်ခုလုံး စွန့်လွှတ်ခဲ့ပြီး မိမိဘ၀ တစ်ခုလုံး သာမန် ပြည်သူ တွေလက်ထဲ ၀ကွက် အပ်ထား လိုက်တဲ့ ဒီဆောင်ရွက် ချက်တွေဟာ ပါရမီ ဆယ်ပါး ဖြည့်ဆည်း နေတဲ့ ပုဂ္ဂိုလ် ထူးတွေရဲ့ အလွန် မြင့်မြတ်တဲ့ ဆောင်ရွက်ချက်မျိုး ဖြစ်ပါတယ်။ သာဓုပါ ကိုကျော်သူ-- သာဓု -သာဓု-- သာဓု---
အတွင်းစိတ် စိတ်ရင်း အမှန် ဖြူစင်ဖို့ ဆိုတာက ဗီဇပါလာတဲ့ ပင်ကို ဖြူစင်မှ ဖြစ်ပါတယ် ဒါကြောင့် စစ်ဗိုလ်တွေ အပေါ်ယံ အားဖြင့် ကိုကျော်သူကို လိုက်လို့ ဟန်ဆောင် လုပ်ပြေ နကြမေမယ့် ဘယ်တော့မှ ကိုကျော်သူ ဖြစ်လာမှာ မဟုတ်ဘူး
ကိုကျော်သူ လို အနုပညာ လောကမှ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ လူတစ်ယောက်က ကိုယ်ပိုင် ဘ၀ တစ်ခုလုံး စွန့်လွှတ်ခဲ့ပြီး မိမိဘ၀ တစ်ခုလုံး သာမန် ပြည်သူ တွေလက်ထဲ ၀ကွက် အပ်ထား လိုက်တဲ့ ဒီဆောင်ရွက် ချက်တွေဟာ ပါရမီ ဆယ်ပါး ဖြည့်ဆည်း နေတဲ့ ပုဂ္ဂိုလ် ထူးတွေရဲ့ အလွန် မြင့်မြတ်တဲ့ ဆောင်ရွက်ချက်မျိုး ဖြစ်ပါတယ်။ သာဓုပါ ကိုကျော်သူ-- သာဓု -သာဓု-- သာဓု---
written by phyu phyu, May 21, 2010
ဝန်နဲ့ အင်အား မမျှအောင် ကြိုးစား လုပ်ဆောင်နေသော ဦးကျော်သူ ကို အင်မတန် အတိုင်းထက် အလွန် ကျေးဇူးတင် သလို အရမ်းကို လေးစား ဂုဏ်ယူပါတယ်၊ ဒီလို လူတွေ အများကြီးကို လိုအပ်နေပါတယ် ၊ ၀ိုင်းဝန်း ကူညီပေး ကြပါ။။။။။
written by အောင်အောင်, May 20, 2010
ကိုကျော်သူ ... လေးစား ပါတယ် အခုလို လူအများ ဒုက္ခ ရောက်နေတာကို ကိုကျော်သူ အပါအ၀င် အားလုံးသော လူငယ်တွေ ကူုညီနေတာကို ကျေးဇူး တင်ပါတယ်
written by In Tar Tun, May 20, 2010
ကျေးဇူး တင်ပါတယ်. ပရိတ်သတ်ကို ချစ်တယ် ကျေးဇူးပြန်ဆပ်တယ်ဆိုတာ ဦးကျော်သူလို လူမျိုးကို ခေါ်တာ. တခြားသူတွေက ပါးစပ်ပဲ ရှိတာ လက်တွေ့မှာတော့ မပြောချင်ဘူး ဆက်လုပ်ပါ ဦးကျော်သူ အားပေး နေတယ်နော့် မလျော့သော အားမာန်တွေနဲ့ ဆက်သွားပါ. သမိုင်းမှာ မော်ကွန်း တင်ကျန်နေမှာပါ. ဂုဏ်ယူပါတယ်. လေးစားပါတယ်။ ဆိုတဲ့ စကားထက် ကောင်းတာ ရှိယင် ပြောချင်ပါတယ်. လေးစားပါတယ် ဦးကျော်သူ. ပရိတ်သတ်ကို တကယ် ချစ်တယ် ဆိုတာ လုပ်ရပ်တွေကို ကြည့်ယင် သိနိုင်ပါတယ်
written by War, May 20, 2010
ယုံကြည်မှု ဆိုတာ အမိန့် ပေးပြီးတောင်းလို့ မရဘူး၊၊ ထိုသူရဲ့ လုပ်ရပ်ကနေ ပြည်သူ လူထုက အကဲဖြတ်သွားတာ၊၊
ဂုဏ်ယူပါတယ် ယုံကြည်ပါတယ်၊၊ အားကိုးပါတယ် ကိုကျော်သူ၊၊
ကိုကျော်သူတို့ မိသားစု ကျန်းမာ၊ ချမ်းသာကြပါစေ၊၊
ထိုကုသိုလ် အပေါင်းကြောင့် ဘ၀ဆက်တိုင်း အေးချမ်း ပြည့်စုံ ပျော်ရွင်ပါစေ ကိုကျော်သူ၊၊
ဂုဏ်ယူပါတယ် ယုံကြည်ပါတယ်၊၊ အားကိုးပါတယ် ကိုကျော်သူ၊၊
ကိုကျော်သူတို့ မိသားစု ကျန်းမာ၊ ချမ်းသာကြပါစေ၊၊
ထိုကုသိုလ် အပေါင်းကြောင့် ဘ၀ဆက်တိုင်း အေးချမ်း ပြည့်စုံ ပျော်ရွင်ပါစေ ကိုကျော်သူ၊၊
written by mgmgzaw, May 20, 2010
You are Our Saviour.We need more people like you,U Kyaw Thu.
Everybody wrote their own History before they die.
You are the best person of our burmese people.
We wish to you all the best you, your family and your supporters.
Everybody wrote their own History before they die.
You are the best person of our burmese people.
We wish to you all the best you, your family and your supporters.
written by မျိုးလွင်, May 20, 2010
ကြက်ဆူဆီပင် တွေကနေ နိုင်တော်(GDP) ဘယ်လောက်ရပြီလဲ၊ ပြည်ပသွင်း လောင်စာဆီ နေရာမှာ ဘယ်လောက် အစားထိုး နိုင်ပြီလဲ။ဟုတ်တယ် ... နအဖ စစ်အဖွဲ့ဟာ ပြည်သူလူထု အတွက်ဆို ထိထိ ရောက်ရောက် လုပ်ပေးတာ မရှိဘူး။ ဆိုင်းဘုတ် တင် တာ လောက်ပဲ လက်တွေ့ ဘာမှ မလာဘူး။
written by oakarnge, May 20, 2010
ကျန်းမာ ချမ်းသာစွာဖြင့်... တိုင်းပြည်အကျိုး ဒီ့ထက်မက အန္တရာယ်ကင်းစွာ ထမ်းဆောင်နိုင်ပါေ စကြောင်း ဆန္ဒပြု ပါတယ်ခင်ဗျာ..။
ကျန်းမာရေး ဂရုစိုက်ပါခင်ဗျာ..။
ကျန်းမာရေး ဂရုစိုက်ပါခင်ဗျာ..။
written by NAY MOE, May 20, 2010
ရေ အတွက် ခက် ခဲ နေ တဲ. ပြည် သူ တွေ အတွက် ကို ကျော် သူ နှင်. အဖွဲ. သား အား လုံး နတ် လူ သာဓု ခေါ် မှာ ပါ။
written by Austin, May 20, 2010
ပြည်သူ လူထုရဲ. ကောင်းကျိုးကို ဆောင်ရွက်ေ ပးနေတဲ့ ကိုကျော်သူ ခလုပ်မထိ ဆူးမညိဘဲ ဘေးဘယာ ဝေးကွာပြီး အသက် ရာကျော် ရှည်ပါစေ။ အဖွဲ.သားများ အားလုံး အတွက်လည်း ဆုတောင်း မေတ္တာပို.သလျက်ပါ။
written by အောင်မင်းခန့်, May 20, 2010
ကိုယ်ကျော်သူ ကိုကျနော် အလေးပြု ပါရစေ ....
written by ကောင်းမြင်, May 20, 2010
ကိုယ်ချမ်းသာဖို့။ ရာထူးရဖို့။ တန်ခိုး အာနုဘော် ကြီးဖို့ လုပ်နေချိန်မှာ တချိန်က အနုပညာနယ်ပယ်မှာ နာမည်ရ အောင်မြင် ကျော်ကြားနေသူက လူတကာ မလုပ်နိုင်တဲ့ အလုပ်ကို တကယ် တာဝန်ရှိသူ အစိုး၇တွေရဲ့ အငြိုအငြင်ခံ။ စောင့်ကြည့်ခံပီး လုပ်ရဲတဲ့ ကိုကျော်သူအား မြန်မာပြည်ရဲ့ လူမူ့ ရေး သူရဲကောင်း အဖြစ် သတ်မှတ်လိုက်ပါတယ်
written by Burmese, May 20, 2010
ကိုကျော်သူရေ... လေးစားပြီးရင်း လေးစားရင်း ပါပဲ...။ ကိုကျော်သူရဲ့ နာမည် ထိုးထားတဲ့ နတ်နန်း တစ်နေရာ စာတော့ နတ်ပြည်မှာ ရှိပြီးလောက်ပြီ ထင်တယ်ဗျာ... .။ ဆက်လုပ် ကိုကျော်သူ...ရေ...။
written by Nay Min, May 20, 2010
မွန်မြတ်ပါ တယ်ကိုကျော်သူ...
မြန်မာပြည်သား ဟို.... လူများလည်း ကိုကျော်သူတို.ကဲ့သို. အသိ တရားရြှိ ကပါစေ၊၊
မြန်မာပြည်သား ဟို.... လူများလည်း ကိုကျော်သူတို.ကဲ့သို. အသိ တရားရြှိ ကပါစေ၊၊
written by Arr^^gA^^LAung, May 20, 2010
ဦးမောင်
သာဓု... သာဓု ... သာဓု ဗျာ
ငွေတွေ ရွှေတွေ ကျိကျိတက် ချမ်းသာသူတွေ လူမှုရေး လုပ်ငန်းတွေ လုပ်ကောင်း လုပ်လိမ့်မယ်။
ပြည်သူတွေရဲ့ စိတ်ထဲမှာ အဲ့ဒီလိုလူတွေက မစွဲနိုင်ဘူး။
အသိအမှတ်ြ ပုခံချင်လို့ လူသိချင်လို့ ထင်ပေါ်ကျော်ကြားချင်လို့ ဦးမောင် လုပ်တာ မဟုတ်ဘူး ဆိုတာ သိတယ်။
အကယ်ဒမီ ကျော်သူ ဆိုတဲ့ မျက်နှာကြီးက မြန်မာနိုင်ငံက ဖန်သားပြင်ပိတ်ကားထက်မှာ ရှင်သန်နေတာ ကြာပြီလေ။
လုပ်ခွင့်ရတုန်း လုပ်ရတာ .... လုပ်သင့်တယ် လိုတောင် မတွေးမိဘူး လုပ်ကို လုပ်ရမယ့် ကိစ္စ
သန်မန်ထက် တိုးလို့ ချစ်ကြတယ်။
လုပ်ဖို့ ရှိနေတဲ့ အရည်အချင်းနဲ့ လုပ်နိုင်တဲ့ အခြေအေ နတွေကြောင့် သူတို့ ဘာတက်နိုင်မှာလဲ ။
သာဓု... သာဓု ... သာဓု ဗျာ
ငွေတွေ ရွှေတွေ ကျိကျိတက် ချမ်းသာသူတွေ လူမှုရေး လုပ်ငန်းတွေ လုပ်ကောင်း လုပ်လိမ့်မယ်။
ပြည်သူတွေရဲ့ စိတ်ထဲမှာ အဲ့ဒီလိုလူတွေက မစွဲနိုင်ဘူး။
အသိအမှတ်ြ ပုခံချင်လို့ လူသိချင်လို့ ထင်ပေါ်ကျော်ကြားချင်လို့ ဦးမောင် လုပ်တာ မဟုတ်ဘူး ဆိုတာ သိတယ်။
အကယ်ဒမီ ကျော်သူ ဆိုတဲ့ မျက်နှာကြီးက မြန်မာနိုင်ငံက ဖန်သားပြင်ပိတ်ကားထက်မှာ ရှင်သန်နေတာ ကြာပြီလေ။
လုပ်ခွင့်ရတုန်း လုပ်ရတာ .... လုပ်သင့်တယ် လိုတောင် မတွေးမိဘူး လုပ်ကို လုပ်ရမယ့် ကိစ္စ
သန်မန်ထက် တိုးလို့ ချစ်ကြတယ်။
လုပ်ဖို့ ရှိနေတဲ့ အရည်အချင်းနဲ့ လုပ်နိုင်တဲ့ အခြေအေ နတွေကြောင့် သူတို့ ဘာတက်နိုင်မှာလဲ ။
Write comment
| < Prev | Next > |
|---|








Even though they are not able to do so, they should say ‘Bravo’ for him.
But I am wondering whether they dare say so !!!