ဦးဝင်းတင်သည် ၁၉ နှစ်ကြာ အကျဉ်းကျခံခဲ့ရပြီး ဦးခင်မောင်ဆွေသည် ၁၄ နှစ်ကြာ အကျဉ်းကျခံခဲ့ရသူ ဖြစ်သည်။ ဦးဝင်းတင်က ပါတီမှတ်ပုံတင်ရေးကို ကန့်ကွက်လျက်ရှိပြီး ဦးခင်မောင်ဆွေက ပါတီမှတ်ပုံတင်သင့်သည်ဟု ယူဆနေသည်။
ဦးခင်မောင်ဆွေ
မေး။ ။ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးနဲ့ ပတ်သက်၍ အဓိက အကြောင်းပြချက် သုံးခုကို ပြောပြပါ။ဖြေ ။ ။ တစ်အချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ အဖွဲ့ဝင်တင် မကဘူး ပြည်သူလုထုကြီးကပါ လေးစားပြီး အားကိုးနေတဲ့ ပုဂ္ဂိုလ်ဆိုတော့ သူ့ကိုတော့ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ ခွဲထုတ်မယ် ဆိုတဲ့ ရည်ရွယ်ချက် လုံးဝ မရှိဘူး။ ထုတ်လို့လည်း မရဘူး။ ဒေါ်အောင်ဆန်းစုကြည် မပါဘဲနဲ့ မြန်မာပြည်နိုင်ငံရေးကို ဖြတ်သန်းမယ် ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ လက်တွေ့ပဲ။ မှတ်ပုံတင်ရေးဟာ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီးတော့ ၆လ တန်သည်ဖြစ်စေ၊ ၇ လ တန်သည် ဖြစ်စေ ကြားထဲမှာ ပြန်ထွက်လာတဲ့ အခါမှာ နိုင်ငံရေးပါတီရဲ့ အ၀န်းအ၀ိုင်းထဲမှာ ဆက်ရှိနေစေချင်တဲ့ သဘောရှိတယ်။ မလွဲမသွေ ကျနော်တို့ဟာ ပါတီတရပ် လိုတယ်။
နှစ်အချက်က တော့ အခုနေခါမှာ ပါတီနိုင်ငံရေး လမ်းကြောင်းက သွားမှသာလျှင် အခြေခံဥပဒေ ပြင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး အစရှိတဲ့ဟာတွေကို ဥပဒေ အတွင်းကနေ ဖော်ဆောင် နိုင်မှသာလျှင် ဒါဟာ ဖြစ်နိုင်တဲ့ သဘောရှိတယ်။ မကြိုက်တဲ့ ဥပဒေတွေကို မကြိုက်ဘူး အော်နေလို့ မရဘဲနဲ့ ဥပဒေတွေကို ပြင်နိုင်တဲ့ လမ်းကြောင်းက ဥပဒေတွင်း တိုက်ပွဲကသာလျှင် ဖြစ်နိုင်တော့မယ်လို့ ယုံကြည်လို့ ဖြစ်တယ်။
သုံးအချက်ကတော့ အဲဒီလို ဖြစ်နေတဲ့ အနေအထားမှာ ပြန့်ကျဲ နေတဲ့ ဒီမိုကရေစီ အင်အားစုတွေကို စုစည်းမယ်ဆိုတဲ့ အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ကို ပြောင်းပြန်လှန် ပြီးတော့ ပြန့်ကျဲသွားအောင် မလုပ်နိုင်ဘူး။ တချိန်တည်းမှာပဲ လူငယ်မျိုးဆက်တွေက ဒီမိုကရေစီ နိုင်ငံရေးကို သယ်ဆောင်ဖို့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး အစဉ်ကို ခွစီးနိုင်အောင် ပါတီထဲက ရှိနေဖို့လိုတယ် ဆိုတဲ့ အမြင် သုံးရပ်နဲ့ ကျနော်တို့ဟာ ပါတီကို မှတ်ပုံတင်သင့်တယ် ဆိုတဲ့ သဘောထားကို လက်ခံထားတာ ဖြစ်ပါတယ်။
ပါတီဖျက်တယ် ဆိုတာက ဘယ်အခါမဆို ဖျက်လို့ရတယ်။ ရွေးကောက်ပွဲ ၀င်ခါနီးမှာလည်း ကပ်ဖျက်လို့ရတယ်။ လွှတ်တော်ထဲကို ရောက်ခါနီးမှာလည်း ဖျက်လို့ရတယ်။ ပါတီဖျက်တာက လွယ်ပါတယ်။ ပါတီထောင်ဖို့သာ ခက်တယ်။ နိုင်ငံရေး တိုက်ပွဲကို အစီအစဉ် ရှိရှိသွားချင်တယ် ဆိုရင်တော့ ပါတီရပ်တည်ရေးက လိုနေတယ်။ ပါတီ မရှိတော့ဘူးဆိုရင် ဘာလုပ်မလဲဆိုတာ ရေရေရာရာ မရှိဘဲနဲ့တော့ ပါတီဖျက်ရေးကို သမိုင်း တရားခံ အဖြစ်မခံနိုင်ဘူး ဆိုတဲ့ သဘော ကျနော်ရပ်တည် တာပဲ ဖြစ်ပါတယ်။
မေး ။ ။ အကယ်၍များ NLD ပါတီဟာ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ် ဆိုလို့ရှိရင် NLD ပါတီဘာ ဖြစ်လာနိုင်မလဲ။ အကယ်၍များ NLD ပါတီ မယှဉ်ပြိုင်တော့ဘူး ဆိုရင် NLD ပါတီ ဘာဖြစ်လာနိုင်မလဲ။
ဖြေ ။ ။ ၀င်ပြိုင်မယ် ဆိုရင်တော့ ဒီအတိုက်ခံ အင်အားစုတွေဟာ ထင်ထင်ရှားရှား ပေါ်လာမှာပဲ။ နိုင်ငံရေးမှာ အတိုက် အခံ မရှိဘဲနဲ့ လုပ်မယ် ဆိုလို့ရှိရင် တပါတီ ကြီးစိုးပြီးတော့ ပါလီမန်ထဲမှာ အများစု အနိုင်ကျင့်တာကို ခံရမှာ။ အတိုက်ခံ မရှိတဲ့ နိုင်ငံရေးဟာ မှားနိုင်စရာတွေ အများကြီးတယ်။ အဲဒီတော့ ပြည်သူအတွက်၊ နိုင်ငံအတွက် စဉ်းစားမယ်ဆိုရင် အတိုက်ခံ နိုင်ငံရေး အုပ်စုက လွှတ်တော်ထဲမှာ ရှိမှသာလျှင် လုပ်သွားနိုင်တဲ့ အခွင့် အရေးရမှာ မို့လို့ NLD ပါတီဟာ ပါတီရပ်တည်ရေး အပြီးမှာ ရွေးကောက်ပွဲဝင် မယ်ဆိုရင် အများက ဆုံးဖြတ်မယ်ဆိုရင် ၀င်ဖို့၊ အများက မဆုံးဖြတ်ဘူးဆိုရင် မ၀င်ဖို့ဘဲပေါ့။
မ၀င်လို့ရှိ ရင်ဘာဖြစ်မလဲ ဆိုတော့ မ၀င်လို့ရှိရင် ၈၈ အရေးတော်ပုံကြီးနဲ့ အတူမွေးဖွားလာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို ဒီမိုကရေစီ နိုင်ငံရေး ပေါ်မှာ သစ္စာရှိတဲ့ ပါတီမျိုးဟာ နောက်တခါ ပြန်ရဖို့ မလွယ်တော့ပါဘူး။ ပြန့်ကျဲနေတဲ့ ဒီမိုကရေစီ အင်အားစုတွေကို ပြန်ရရှိနိုင်ဖို့ သိပ် မလွယ်တော့ဘူး။ နောက်ပြီး ပြည်သူတွေဟာ ဘယ်သူ့ကို အားကိုးရမလဲ ဆိုပြီးတော့ မဲပေးတဲ့ အခါမှာလည်းပဲ စဉ်းစား ချင့်ချိန်နိုင်တဲ့ အင်အား တနေရာတည်းမှာ ရောက်နိုင်မှာ မဟုတ်ဘူး။ အခုနေခါမှာတော့ NLD ဟာ ရွေးကောက်ပွဲ ၀င်မယ် မ၀င်ဘူး ဆိုတာကို မဆုံးဖြတ်ရသေးပါဘူး။ မေးလို့သာ ဖြေတာ ဖြစ်ပါတယ်။
မေး ။ ။ အကယ်၍ NLDပါတီ ၀င်ရောက်ယှဉ်ပြိုင်မယ် ဆိုရင် ၁၉၉၀ တုန်းကလိုပဲ အပြတ်အသတ် နိုင်ပါဦးမလား။
ဖြေ ။ ။ အပြတ်အသတ်ကတော့ ရချင်မှ ရမယ်။ ဒါပေမယ့် ဒီအားပြိုင် နိုင်ငံရေးကို လွှတ်တော်ထဲမှာ တရားဝင် လုပ်နိုင်တဲ့ အနေအထားမျိုးတော့ ရနိုင်ခြေ ရှိနေသေးတယ်လို့ပဲ ပြောရပါမယ်။
မေး ။ ။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ နောက်ပိုင်း ဖြစ်ပေါ်လာနိုင်မယ့် မြန်မာနိုင်ငံရဲ့ အခင်းအကျင်းကို ဘယ်လို မြင်ထားတာ ရှိလဲ။
ဖြေ ။ ။ စစ်တပ်က လွှမ်းမိုး ချုပ်ကိုင်တာကတော့ ဆက်ရှိနေမှာပဲ။ ရှိနေပေမယ့်လည်း ရှိနေတဲ့ အရပ်သားအစိုးရ ထဲမှာ ဌာနတွေ ခွဲကိုင်မယ့် ပုဂ္ဂိုလ်တွေဟာ ဟိုတုန်းကလို တယောက်တည်း ကနေပြီးတော့ ချုပ်ကိုင်တဲ့ အာဏာအောက်မှာ ရှိမှာ မဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံခြားရေး၊ စီးပွား ကုန်သွယ်ရေး အစရှိတဲ့ ဟာတွေမှာ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း လူတွေလက်ထဲကို အကုန်လုံး ထိုးသိပ်ရနိုင်တဲ့ အခွင့် အရေးတွေ ရမှာမဟုတ်တော့ဘူး။ နောက်ပြီး အခုလက်ရှိ ရှိနေတဲ့ ရွေးကောက်ပွဲ ဥပဒေတွေ အပါအ၀င်၊ ပါတီ ဥပဒေ အပါအ၀င်၊ ၅(ည)တို့ (၁၀) က၊ ခ အပါအ၀င် ပြည်သူတွေ အဖို့ မသင့်လျော်တဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်ခွင့်ဟာ အများစုမှာ ရှိနေပါတယ်။
အဲဒီတော့ အများစု ဆန္ဒနဲ့ ဆုံးဖြတ်နိုင် ခွင့်ရှိတဲ့ ကိစ္စကို လွှတ်တော်ထဲမှာ အများစု ဆုံးဖြတ်သွားနိုင်မယ် ဆိုရင် တဖြည်းဖြည်းနဲ့ တဆင့်ပြီး တဆင့် ဥပဒေတွေကို ပြင်နိုင်ခွင့်တွေ ရမှာ ဖြစ်တယ်။ အခြေခံ ဥပဒေ ပြင်ရင်တော့ ၇၅ရာခိုင်နှုန်း plus နဲ့ သွားရမှာပေါ့လေ။ ဒါကတော့ အဆင့်ဆင့် အများကြီး ကျန်တာပေါ့လေ။ ဒီထဲမှာ ရှိနေတဲ့ ပြည်သူလူထုရဲ့ ခံစားနေရတဲ့ လူမှု ဒုက္ခတွေ၊ လူ့အခွင့်အရေး မညီမျှမှုတွေကို လွှတ်တော်ကနေပြီး အတိုင်းအတာ တခု အထိ ဖြည်းဖြည်းချင်း ဆောင်ရွက်သွား နိုင်ခွင့်တွေ ရလာလိမ့်မယ်။ ဒါကို လက်တွေ့ကျမှပဲ တိတိကျကျ သိရမှာပေါ့။
နောက်ပြီးတော့ နိုင်ငံတကာဟာ ဒီမှာ အပြောင်း အလဲတခုကို သူတို့ ကိုယ်တိုင် ၀င်ပြီးတော့ မလုပ်နိုင်ဘူး ဆိုတာ သူတို့ သိနေတယ်။ ဆိုတဲ့ အခါကျတော့ ချက်ချင်း ဒီမိုကရေစီ ရမယ့် အခွင့် အရေးဟာ မရှိတော့ဘူး။ မရှိတော့တဲ့ အခြေအနေမှာ ချက်ချင်း ၀ုန်ဒိုင်း ဒီမိုကရေစီ ရနိုင်ပါတယ်လို့ ထင်မှားနေမယ် ဆိုလို့ရှိရင် သွားမယ့် နိုင်ငံရေး လမ်းကြောင်းဟာ မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ ပြည်သူလုထုမှာ သွေးထက် သံယို မရှိဘဲနဲ့ အကျအရှုံး အနည်းဆုံးနဲ့ သွားနိုင်တဲ့ လမ်းကြောင်းကို ရွေးခြင်းကသာ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ တာဝန်ဖြစ်တယ်လို့ ကျနော်တို့က ယူဆတယ်။
ဦးဝင်းတင်
မေး ။ ။ အကယ်၍ NLD မပါလို့ရှိရင်၊ ရွေးကောက်ပွဲ ၀င်မပြိုင်ဘူး ဆိုလို့ရှိရင် NLD ပါတီ ဘာဖြစ်မလဲ။ နောက်ပြီးတော့ အဆိုးရွားဆုံး ဘာအခြေအနေတွေကို NLD ကြုံရမလဲ။ဖြေ ။ ။ ကျနော်တို့ ပါတီ မ၀င်ဘူးဆိုရင် သူတို့လုပ်နိုင်တာက ၂မျိုးရှိတယ်။ တမျိုးက ကျနော်တို့ကို မှတ်ပုံမတင် တဲ့ပါတီ၊ ပျက်ပြယ်သွားတဲ့ ပါတီပေါ့။ တည်ဆဲ အစိုးရမှာ မှတ်ပုံတင်ထားတဲ့ တည်ဆဲ ပါတီက ကျနော်တို့ကို အစိုးရ အသိမှတ်မပြုတဲ့ ဖျက်သိမ်းထားတဲ့ ပါတီအနေနဲ့ ဖြစ်နိုင်တယ်။ နောက်တခုက ကျနော်တို့ကို မတရားသင်း ကြေညာနိုင်တယ်။ အဲဒီတော့ NLD ပါတီက အပြင်ရောက်ရင် ဘာမှ မထူးဘူး ဒီအတိုင်းပဲ။ ကျနော်တို့က ပါတီ မရှိတော့ဘူး။ ပါတီတံဆိပ်မရှိတော့ဘူး။ ပါတီနာမည် မရှိတော့ဘူး။ ပါတီ အလံမရှိတော့ဘူး စသည်ဖြင့်ပေါ့။ သို့သော် အဲဒီလို လုပ်တဲ့အခါမှာ ဘာဖြစ်လဲဆိုရင် ကျနော်တို့ အကျိုး ဘက်ကြည့်မယ်ဆိုရင် ကျနော်တို့ သိက္ခာက အများကြီးတက်သွား လိမ့်မယ်။ စစ်အစိုးရ ခိုင်းတိုင်း ကျနော်တို့ လုပ်နေတာ မဟုတ်ဘူး။ စစ်အစိုးရရဲ့ မတရားတဲ့ ဥပဒေကို ကျနော်တို့ ရင်ဆိုင်တယ်။ မတရားတဲ့ ကန့်သတ်ချက်တွေ၊ သတ်မှတ်ချက်တွေကို ကျနော်တို့ လက်မခံဘူး ဆိုတဲ့ အနေနဲ့ ကျနော်တို့ ရှိမယ်။ ပြည်သူကြားမှာ ကျနော်တို့ လှုပ်ရှားနိုင်မယ်။
နောက်တခုက ပြည်သူ့အင်အားစုတွေနဲ့ ကျနော်တို့ အများကြီး တွဲလုပ်နိုင်မယ်။ နိုင်ငံရေးပါတီ ဆိုတာက ပါတီ တရပ်မှာ နိုင်ငံရေး မရှိလည်း ကိစ္စမရှိပါဘူး။ ပါတီတရပ်ဟာ နိုင်ငံရေး မရှိဘူးဆိုရင် ခေါင်းပြတ်ဖြစ်သွားမယ်။ သို့သော် နိုင်ငံရေးလုပ်မယ် ဆိုရင် ပါတီမရှိလည်း အရေး မကြီးဘူး ဆိုတဲ့ အနေနဲ့ ကျနော်တို့ ရပ်တည်နေတာကိုး။ ဆိုတော့ ပြည်သူရဲ့ အရေးအရာ ကိစ္စတွေကို ကျနော်တို့ လုပ်သွားနိုင်မယ်။ ဒီလိုလုပ်တာ ဦးနုလည်း လုပ်ခဲ့ဖူးပြီ။ ဟိုတုန်းက ဗိုလ်ချုပ်အောင်ဆန်းတို့လည်း လုပ်ခဲ့ဖူးပြီ။ အခုလောလောဆယ်လည်း တိုင်းရင်းသားတွေ လုပ်နေတယ်။ မတရားအသင်းလာ မကြေညာနဲ့။ ပြည်သူကြားမှာ ကျနော်တို့ လှုပ်ရှားနိုင်သေးတယ်။ ဒါက ကျနော်တို့ ဘက်က အကျိုးပေါ့။
မေး ။ ။ ၁၉၉၀ ရွေးကောက်ပွဲလိုပဲ NLD ၀င်ပြိုင်ရင် နိုင်ပါ့ဦးမလား။ နောက်ပြီတော့ အပြတ်အသတ်ကော ရနိုင်ဦးပါ့မလား။
ဖြေ ။ ။ ဘယ်ရမလဲ။ ဒါကတော့ ရှင်းပါတယ်။ အခုဟာက ကျနော်ပြောနေတာ ရွေးကောက်ပွဲကိစ္စကို သူတို့ မျှော်လင့်နေကြတယ်။ ကျနော်တို့က ရွေးကောက်ပွဲနိုင်ပြီးရင် လွှတ်တော်ထဲ ရောက်သွားရင် ၂၀၀၈ခုနှစ် အခြေခံဥပဒေ ဘောင်ထဲမှာ လုပ်နေရမယ် ဖြစ်တဲ့အတွက် အစိုးရ မဖွဲ့နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခြေခံဥပဒေ အသစ်က ဘယ်သူမှ အစိုးရမဖွဲ့နိုင်ဘူး။ လွှတ်တော် ထဲမှာပဲ ရှိရမှာပဲ။ အကယ်လို့များ NLDက တယောက် နှစ်ယောက် ၀န်ကြီးခေါ်ခန့်ရင် တောင်မှ NLD ကထွက်ရမှာပဲ။ အဲဒီလူတွေ NLDက ထွက်ရမှာ။ ဒါဟာ အခြေခံ ဥပဒေ အရပဲ။
မေး ။ ။ ရွေးကောက်ပွဲ အပြီး ဖြစ်လာနိုင်မယ့် နိုင်ငံရေး အခြေအနေကို အဘ ဘယ်လိုမျိုး မြင်ထားသလဲ။
ဖြေ ။ ။ ဖြစ်နိုင်တာ နှစ်ခုပဲရှိတယ်။ စစ်တပ်ဘက်က ကြည့်ရင် သူတို့ လူတွေ နိုင်လာမယ်။ သူတို့ လက်သင့်ရာ ခေါ်နိုင်တဲ့ ပါတီတွေ နိုင်လာမယ်။ သူတို့ကို ကြောက်လန့်နေတဲ့ တိုင်းရင်းသား ပါတီလေးတွေက ပြည်နယ်တွေမှာ နိုင်လာမယ်။ နောက်ပြီး သူတို့ကိုယ်တိုင် ကြံ့ခိုင်ရေးလို ဟာတွေမျိုး အဖွဲ့ကို ပါတီကြီးလည်း ဖွဲ့မယ်။ ပါတီလေးတွေလည်း ဖွဲ့လို့ဦးမယ်။ ပါတီလေးတွေ ဆိုတာ ပြည်နယ်အလိုက် တိုင်းအလိုက် အမတ်နေရာတွေ ရအောင် လုပ်ဦးမယ် ဆိုတဲ့ အခါကျတော့ သူတို့ရဲ့ အနေအထားက ၁၉၉၀ ကနဲ့ မတူဘဲနဲ့ သူတို့ရဲ့ လူတွေ သူတို့ရဲ့ သားမြေးတွေ သူတို့ကိုယ်တိုင်က တိုင်းမှူးတွေ၊ ၀န်ကြီးတွေ၊ တော်လှန်ရေး ကောင်စီဝင်တွေ၊ ဒုဗိုလ်ချုပ်ကြီးတွေ ဖြစ်ပြီးတော့ သူတို့ ကိုယ်တိုင် ၀င်ပါမယ့် ရွေးကောက်ပွဲ ဖြစ်တဲ့ အတွက်ကြောင့် သူတို့ရဲ့ အလားအလာဟာ အများကြီး မြင့်လာမယ်။ ဆိုတော့ လွှတ်တော်ထဲမှာ နေရာ ရရှိမှုကလည်း များလာမယ်။
ကျနော်တို့ ပြည်သူတွေဘက် ကြည့်တဲ့ အခါမှာကျတော့ NLD ရှိမယ်၊ နောက်တခါ ဒီမိုကရေစီကို လိုလားတယ်ဆိုတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်နေတဲ့ ကိုသုဝေတို့လို့ ပါတီတွေရှိမယ်။ ဒီလူတွေက နည်းနည်းပဲရမယ်။ သိပ်မရနိုင်ဘူး။ မရနိုင်ဘူးဆိုတာက ငွေရေး ကြေးရေး အားဖြင့် မတတ်နိုင်ဘူး။ နယ်မြေအတွင်း လွတ်လပ်စွာ စည်းရုံးပိုင်ခွင့် ဆိုတာ မတတ်နိုင်ဘူး။
အဲဒီတော့ ကြားလူတွေက ဘယ်လို ထွက်လာမလဲ ဆိုရင် ခုနက စစ်ဗိုလ်ကြီးတွေ အသိုင်းအ၀ိုင်းက ၊ တိုင်းမှူးတွေ၊ ၀န်ကြီးတွေ၊ ဗိုလ်မှူးတွေ ဆိုတာက တခု။ ဒီတလွှာ အပြင်ကို နောက် တလွှာ ဆိုလို့ရှိရင် အစိုးရ အဖွဲ့တို့ ဘာတို့က တလွှာ။ နောက်တလွှာက သူတို့တွေ အားပေးနေတဲ့ ကြံ့ခိုင်ရေးတို့၊ စွမ်းအားရှင်တို့ ဆိုတဲ့ ဟာတွေက တပြည်လုံး အတိုင်းအတာနဲ့လည်း ရှိမယ်၊ တိုင်းတို့ ပြည်နယ်တို့ အလိုက်လည်း ရှိမယ်။ ပါတီသေးလေးတွေ ရှိမယ်၊ ပါတီကြီးတွေလည်း ရှိမယ်။ တိုင်းရင်းသား ပါတီတို့၊ နောက်တခါ ဦးတေဇတို့လို စီးပွားရေး လုပ်ငန်းရှင်တွေ၊ ငွေကြေးတတ်နိုင်တဲ့ လူတွေ၊ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်မယ့် လူတွေကလည်း အများကြီးရှိတဲ့ အခါကျတော့ အလွှာက ဘယ်လိုထွက်လာမလဲ ဆိုရင် စစ်တပ်ကို သက်သက် ဦးဆောင်မယ့် ဗိုလ်ချုပ်တွေ၊ တိုင်းမှူးတွေ၊ ၀န်ကြီးတွေ လုပ်မယ့်လူတွေက တလွှာဖြစ်မယ်။ နောက်တလွှာက သူတို့နဲ့ အလွန်ကို ရင်းနှီးတဲ့ ဦးတေဇတို့လို စီးပွားရေး အလွန်တောင့်တင်းတဲ့ အင်းအားစုတွေက တလွှာဖြစ်မယ်။ နောက်တခါ ဒီမိုကရေစီ ဘက်မှာ ရပ်တည်တယ် ဆိုတဲ့ ကိုသုဝေတို့ ဆိုတဲ့ဟာတွေက တလွှာရှိမယ်။ ဒါ့အပြင် တသီးပုဂ္ဂလတွေရှိမယ်။
ပြီးတော့ ဘာဖြစ်လာမလဲ ဆိုရင် လွှတ်တော်က တပိုင်းပေါ်မယ်၊ နှစ်ခုပေါင်းတဲ့ ပြည်သူ့ လွှတ်တော်က တပိုင်း ပေါ်မယ်၊ လူမျိုးစု လွှတ်တော်တွေက တပိုင်းပေါ်မယ်၊ ပြည်ထောင်စု လွှတ်တော်က ရှိမယ် စသည်ဖြင့်ပေါ့။ စစ်အစိုးရရဲ့ အခြေခံဥပဒေ အရ ဆိုရင် စစ်တပ်က ရွေးတဲ့ ဒုသမ္မတ တယောက်၊ လူမျိုးစု လွှတ်တော်တွေက ရွေးတဲ့ ဒုသမ္မတ တယောက်၊ ပြည်သူ့ လွှတ်တော်က ရွေးတဲ့ ဒုသမ္မတ တယောက်။ ဒီရွေးတဲ့ ဒုသမ္မတသုံးယောက် ကနေ တယောက်က သမ္မတလုပ်၊ နှစ်ယောက် ဒုသမ္မတလုပ်။ အစိုးရဖွဲ့မယ် ဆိုတဲ့ အခါကျတော့ ဒီအစိုးရထဲမှာ ဘယ်လိုမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တို့၊ NLD တို့ ဘယ်သူမှ ပါမှာ မဟုတ်ဘူး။ သူတို့ကနေပြီးတော့ မျက်စိကျလို့ ခေါ်ခန့်မယ် ဆိုရင်လည်း အဲဒီလူတွေက ပါတီကနေ ထွက်ရမယ်။
Comments (20)

written by saya chit, March 30, 2010
The door is narrowly opened & we have to digest the strategies & tactics to pass it. But every decision we have made will be reflected to the future of 57 millions. My own suggestion is that NLD leaves the election is totally wrong as there are only one horse is left in the race. If NLD involve in election there will be some opportunity to change the future of our people such as reviewing legislation, corruption & so on.....
If they consider the reputation of NLD, leave the election is OK. But if they really really think for our own people 57.5 millions, ...........................????
If they consider the reputation of NLD, leave the election is OK. But if they really really think for our own people 57.5 millions, ...........................????
written by phone naing, March 30, 2010
NlD have our mind and our heart ,Every time, every minute and always .
written by Clement, March 29, 2010
NLD ရှိတာနဲ့ မရှိတာ ထူးမှ မထူးပဲ၊ ဦးဝင်းတင်ေ၇ာ ဦးခင်မောင်ဆွေေ၇ာ မှားတယ်။ NLD ရှိတုန်းကလည်း ဘာမှ မလုပ်ပေးနိုင်ဘူး မရှိတော့ကော ဘာထူးမှာလဲ။
written by Nid, March 29, 2010
Both of them are right in their ways. We need to understand what platform are they walking?
It is big challenge for everyone too, REVOLUTION or EVOLUTION.
It is big challenge for everyone too, REVOLUTION or EVOLUTION.
written by Thazin Pyu, March 29, 2010
ဦးခင်မောင်ဆွေ ရဲ့ လမ်းစဉ် က သီအိုရီအရ NLD ကို အလုပ် လုပ်နိုင်မယ့် လွှတ်တော်ထဲကို ခေါ်သွင်း သွားမယ် အင်အားကို စုစည်း ထားမယ် အတိုက်အခံ အနေနဲ့ တိုက်ပွဲ ၀င်သွားမယ် ဆိုတာ ဖြစ်နိုင်ပါ့မလား--- လက်တွေ့မှာ ဂုဏ်သိက္ခာ ဟူသမျှ စွန့်လွှတ်ထားရပြီး ဖြစ်တဲ့ အရာရာ အရှုံးပေးပြီး စစ်အစိုးရ ရှေ့မှောက် ဒူးထောက် နေရတဲ့ ဦးကျိုးနေတဲ့ ထန်းပင်ကြီးလို ဘာမှ ဂုဏ်သိက္ခာ မရှိတော့တဲ့ ခေါင်းဆောင်တွေကို ပြည်သူတွေ ဘယ်လို အားကိုးရမလဲ--
နိုင်ငံရေး ဆိုတာ နေရာရဖို့ အတွက်လား နိုင်ငံရေးသိက္ခာဆိုတာ ဘာလဲ--- ခေါင်းဆောင် ဆိုတာဘာလဲ--- ဒေါ်စု လို ခေါင်းဆောင်ကို ထုတ်ပယ် လိုက်ရပြီး တဲ့နောက် လူကြီးမင်းတို့ဟာ ခေါင်းဖြတ်ခံထားရတဲ့လူ လို ဖြစ်သွား ကြမယ် ဆိုတာကို နာလည် ထားကြရပါမယ်။
နိုင်ငံရေး ဆိုတာ နေရာရဖို့ အတွက်လား နိုင်ငံရေးသိက္ခာဆိုတာ ဘာလဲ--- ခေါင်းဆောင် ဆိုတာဘာလဲ--- ဒေါ်စု လို ခေါင်းဆောင်ကို ထုတ်ပယ် လိုက်ရပြီး တဲ့နောက် လူကြီးမင်းတို့ဟာ ခေါင်းဖြတ်ခံထားရတဲ့လူ လို ဖြစ်သွား ကြမယ် ဆိုတာကို နာလည် ထားကြရပါမယ်။
written by Zaw Myo Lwin, March 28, 2010
စုလစ် မွန်းချွန်းတွေ အပြည့်နဲ့ လှတပတ လွှတ်တော်ကြီးထဲကျမှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို မဲခွဲ တောင်းဆိုကြမယ် ပေါ့။ ဒီလိုနည်းနဲ့ပဲ မဲဆွယ်စရာ ရှိတော့တယ် ဆိုရင်လဲ ပြည်သူတွေ အင်အယ်လ်ဒီကို မဲတွေ တလှေကြီး ပေးလိုက်ပါလေ။
written by titan, March 28, 2010
ba ba u win tin,u r a wise.u r right.u think deeply about this election.should be too.because the present condition is so important.thank u so much for standing right in front of us.
written by lin, March 27, 2010
အနှစ် ၂၀ လုံးလုံးလဲ ဘာမှ လုပ်နိုင်ခဲ့တဲ့ ပါတီ မဟုတ်... (ေ၇ွှဂုံတိုင်ကြေငြာချက်က လွဲလို့)
ေ၇ွးကောက်ပွဲ မှတ်ပုံတင်လည်း ပါတီ ဆိုင်းဘုတ်နဲ့ တံဆိပ်တုန်းပဲ ၇ှင်မှာ....
နိုင်ငံေ၇း ကတော့ သေနေဦးမှာပဲ...
ဒီတော့ ပါတီ ဂုဏ် သိက္ခာ ၇ှိ၇ှိ နဲ့ အဖျက်ခံတာ ပိုကောင်းပါတယ်...
နအဖ၇ဲ့ေ၇ွးကောက်ပွဲ အတုလည်း ပိုပြီး တ၇ားမ၀င် ဖြစ်သွားစေမယ်လေ....
ေ၇ွးကောက်ပွဲ မှတ်ပုံတင်လည်း ပါတီ ဆိုင်းဘုတ်နဲ့ တံဆိပ်တုန်းပဲ ၇ှင်မှာ....
နိုင်ငံေ၇း ကတော့ သေနေဦးမှာပဲ...
ဒီတော့ ပါတီ ဂုဏ် သိက္ခာ ၇ှိ၇ှိ နဲ့ အဖျက်ခံတာ ပိုကောင်းပါတယ်...
နအဖ၇ဲ့ေ၇ွးကောက်ပွဲ အတုလည်း ပိုပြီး တ၇ားမ၀င် ဖြစ်သွားစေမယ်လေ....
written by ထက်အောင်, March 27, 2010
ဝန်ကြီး မှန်းနေတာလားဗျာ။ အမေရိကန် သမ္မတ စနစ်ကို ကြည့်လေ။ ဒီမိုကရက် သမ္မတ တက်လာပေမဲ့ ဒီမိုကရက်တစ်ပါတီထဲက ဘယ်နှယောက်များ ၀န်ကြီး ဖြစ်လို့လဲ။ ဖွဲ့စည်းပုံဟာ လုံးလုံး ကောင်းတာ မဟုတ်ပေမဲ့ something is better than nothing လို့တော့ ယူဆပါတယ်။
written by , March 27, 2010
ဒီ အိုင်ဒီယာ နဲ့သာ ဆက်သွားပါ။ ကိုယ့်အကျိုးနဲ့၊ ပါတီအကျိုးနဲ့ တိုင်းပြည် အကျိုးနဲ့ ဦးဝင်းတင် ဘာကို ဦးစားပေးမလဲ လို့ မေးချင်တယ်။ ကောင်းပါတယ် နိုင်ငံရေး သမား ပီသတယ် လို့ဘဲ ဆိုရလေမလား။
written by Blue Flower, March 27, 2010
I supported U Win Tin's idea.
It is right.
There is no chance to REPAIR 2008 Constitution from inside.
We should to demolish it before it is appeared.
Don't waste the time.
Dare to fight, dare to face.
Dare to reject 2008 Constitution and 2010 UNJUST Election Laws.
WHO DARE WIN.
It is right.
There is no chance to REPAIR 2008 Constitution from inside.
We should to demolish it before it is appeared.
Don't waste the time.
Dare to fight, dare to face.
Dare to reject 2008 Constitution and 2010 UNJUST Election Laws.
WHO DARE WIN.
written by Tun Tun Naing, March 27, 2010
ပါတီ မှတ်ပုံတင်ရေး မတင်ရေးနှင့် ပတ်သက်၍ ခေါင်းဆောင်နှစ်ဦးတို့၏ အမြင်နှင့် ယုံကြည်ချက် တို့ကို ဖတ်ရှုပြီးနောက် အောက်ပါအတိုင်း မှတ်ချက်ပြုချင်ပါသည်။
၁။ ဦးခင်မောင်ဆွေသည် "ပါတီရှိမှ နိုင်ငံရေး ရှိမည်"ဟု ယုံကြည်နေသည့် ပါတီ နိုင်ငံရေး သမား ဖြစ်သည်။
၂။ ဦးဝင်းတင်သည် "နိုင်ငံရေး လုပ်မယ် ဆိုရင် ပါတီ ရှိဖို့၊ မရှိဖို့ထက် ပြည်သူနဲ့ တသားရှိပြီး ပြည်သူ့ အင်အားစုတွေနဲ့ လက်တွဲနိုင်ဖို့က အရေး ကြီးသည်"ဟု ယုံကြည်နေသည့် ပြည်သူ့ နိုင်ငံရေးသမား ဖြစ်သည်။
၁။ ဦးခင်မောင်ဆွေသည် "ပါတီရှိမှ နိုင်ငံရေး ရှိမည်"ဟု ယုံကြည်နေသည့် ပါတီ နိုင်ငံရေး သမား ဖြစ်သည်။
၂။ ဦးဝင်းတင်သည် "နိုင်ငံရေး လုပ်မယ် ဆိုရင် ပါတီ ရှိဖို့၊ မရှိဖို့ထက် ပြည်သူနဲ့ တသားရှိပြီး ပြည်သူ့ အင်အားစုတွေနဲ့ လက်တွဲနိုင်ဖို့က အရေး ကြီးသည်"ဟု ယုံကြည်နေသည့် ပြည်သူ့ နိုင်ငံရေးသမား ဖြစ်သည်။
written by myanmar pyi thar, March 27, 2010
Interesting Interview.
Both have their valid reason.
(1) let's imagine if NLD never expel DASSK in 1990 and as a result, not able to participate in 1990 election and no landslide victory, what would happed to Burma till now. It took Junta 20 years to erase 1990 result. (of course we must taken Senior Gen Saw Maung's encouraging promise into consideration. This 2010, do we have such promise. It's very big question. Everyone recognise that NLD will not win landslide this time, so what is point to register and perticipate in election. Here Swe's point that register does not mean participate in election is good but hard to convince)
(2) If NLD not register and not able to use the name of NLD this year, what will happen to those people, it's hard also to unite the people who does not have ownership to their activities.
(3) My opinion is we should not be straight forward in these issues. Counter the crook with crook. If the opponent is crook or dishonest, we mustr be cunning. So instead of deciding on single issues, Mar 29 meeting should concentrate on strategy or plan. What Junta want is for NLD to decide register or not to register, because in both cases, Junta wins
Both have their valid reason.
(1) let's imagine if NLD never expel DASSK in 1990 and as a result, not able to participate in 1990 election and no landslide victory, what would happed to Burma till now. It took Junta 20 years to erase 1990 result. (of course we must taken Senior Gen Saw Maung's encouraging promise into consideration. This 2010, do we have such promise. It's very big question. Everyone recognise that NLD will not win landslide this time, so what is point to register and perticipate in election. Here Swe's point that register does not mean participate in election is good but hard to convince)
(2) If NLD not register and not able to use the name of NLD this year, what will happen to those people, it's hard also to unite the people who does not have ownership to their activities.
(3) My opinion is we should not be straight forward in these issues. Counter the crook with crook. If the opponent is crook or dishonest, we mustr be cunning. So instead of deciding on single issues, Mar 29 meeting should concentrate on strategy or plan. What Junta want is for NLD to decide register or not to register, because in both cases, Junta wins
written by lilyphyu, March 26, 2010
I think U Win Tin can anticipate the potential reality! All his anticipation will come true 100%. 2010 election is really nonsense.
U Khin Mg Swe, pls reconsider all your applicable answers! It is just applicable answers. Far from the reality.
U Khin Mg Swe, pls reconsider all your applicable answers! It is just applicable answers. Far from the reality.
written by htay tint, March 26, 2010
ကို့ အတွေးနဲ့ ကိုယ်ကတော့ အုန်းမှုတ်ခွက် အောက်က ဖါးတွေလိုဘဲ ဟုတ်နေကြတာဘဲ ။ အုပ်စု တောင့်ပြီး သေနပ် ကိုင်ထားတဲ့ ဦးခင်ညွန့် တအုပ်လုံး ထောင်ထဲက မထွက်သေးဘုးနော် ။ ညောင်တပင် မှာလည်း ဝစီပိတ် ငုတ်တုတ်ထိုင် သင်တန်းလဲ မြင်ပြီးပြီ ငါးစာနောက် လိုက်ပြီး ငါးမျှားတန်ဆွဲမယ် ။ ခိုင်မာနေတဲ့ အာဏာရှင် သစ်ပင်ကြီးပေါ် ဒီမိုကရေစီ မျိုးစေ့ချမယ် ။ အန်အယ်ဒီက ဒုတိယ ဒီမိုကရေစီ ပင်လုံ ငါးစာနဲ့ လုမျိုးစု အတွင်း အပြင် အားလုံးကို ဦးဆောင် ကြေညာချက်ထုတ် အစည်း အဝေး ဖိတ်လို့  မရရင် သဘောထား တောင်းစာပို့ ပြီးမေး မှတ်ပုံတင်သင့် မသင့် ဝင် မဝင် သဘောထား သေဖေါ် သေဖက် တိုက်ဖေါ် တိုက်ဖက် ညှိုရမဲ့ အချိန်မှာ ဖျံ ၂ ကောင် အချင်းချင်း ကွဲတာနဲ ကြောင်ပါးက အား မစိုက်ဘဲ ဝါးတော့မယ် ။
written by aungthi, March 26, 2010
ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက် အပေါ် ဦးခင်မောင်ဆွေက “သူ မှတ်ပုံမတင်ချင်ဘူး လို့ဘဲ ပြောတာကိုး၊ မှတ်ပုံ မတင်ချင်ဘူး ဆိုတာ မှတ်ပုံ မတင်ချင်ဘူး ဆိုတာရဲ့ နောက်မှာ အများဆန္ဒ လက်ခံမယ်ဆိုတာ ပါတဲ့အခါရောက်တော့ ဘယ်လို ပုံစံသွားမယ်ဆိုတာ သဲသဲကွဲကွဲ မသိရသေးဘူး” ဟု ပြောဆိုသည်။
သဲသဲကွဲကွဲ မသိရသေးဘူး ဆိုတာ ဘာကို ရည်ညွှန်းပါသလဲ နားမလည်ပါ ၊ သူမ ဆန္ဒအရဆို မှတ်ပုံ မတင် ပါဘူးလို့ ပြောထားပြီးသား ဖြစ်ပါတယ်။ ငါ့ကို ခေါင်းဆောင်လို့ မသတ်မှတ်ပဲ ငါ့အမိန့် ငါ့ ဆုံးဖြတ်ချက်ကို မလိုက်နာကြ တော့ဘူး ဆိုရင် အများ ဆန္ဒနဲ့ ရှေ့ဆက်ကြပါ၊ ငါ့ကို ဘေးဖယ်ထုတ် ထားခဲ့ကြပါလို့ ပြောတာနှင့် မတူဘူးလား
နောင်တစ်ချိန် လွတ်မြောက်လာ ခဲ့ရင်တောင် မူလနေရာ ပြန်ပေးကြစေဦးတော့ သူ၏ ခေါင်းဆောင် မှုကို အယုံအကြည် မရှိသော အဖွဲ့ ၊ သူမဆန္ဒအရ ဆိုရင်မရှိနိုင် တော့သော အဖွဲ့က ပေးသော ခုံတွင် မည်သည့်မျက်နှာ နှင့် ထိုင်ရမည်နည်း (ဒီတခါပါတီကနေ ထုတ်မှာ အရင် တခါနှင့် အခြေ အနေချင်း မတူဘူး ဆိုတာကိုတော့ သတိပြုကြပါ)
သဲသဲကွဲကွဲ မသိရသေးဘူး ဆိုတာ ဘာကို ရည်ညွှန်းပါသလဲ နားမလည်ပါ ၊ သူမ ဆန္ဒအရဆို မှတ်ပုံ မတင် ပါဘူးလို့ ပြောထားပြီးသား ဖြစ်ပါတယ်။ ငါ့ကို ခေါင်းဆောင်လို့ မသတ်မှတ်ပဲ ငါ့အမိန့် ငါ့ ဆုံးဖြတ်ချက်ကို မလိုက်နာကြ တော့ဘူး ဆိုရင် အများ ဆန္ဒနဲ့ ရှေ့ဆက်ကြပါ၊ ငါ့ကို ဘေးဖယ်ထုတ် ထားခဲ့ကြပါလို့ ပြောတာနှင့် မတူဘူးလား
နောင်တစ်ချိန် လွတ်မြောက်လာ ခဲ့ရင်တောင် မူလနေရာ ပြန်ပေးကြစေဦးတော့ သူ၏ ခေါင်းဆောင် မှုကို အယုံအကြည် မရှိသော အဖွဲ့ ၊ သူမဆန္ဒအရ ဆိုရင်မရှိနိုင် တော့သော အဖွဲ့က ပေးသော ခုံတွင် မည်သည့်မျက်နှာ နှင့် ထိုင်ရမည်နည်း (ဒီတခါပါတီကနေ ထုတ်မှာ အရင် တခါနှင့် အခြေ အနေချင်း မတူဘူး ဆိုတာကိုတော့ သတိပြုကြပါ)
Write comment
| < Prev | Next > |
|---|








တွေ့ရတယ်၊ နိုင်ငံရေး သမား ပီသပါပေတယ်၊ လူထု ကျွှန်ဖြစ်နေတာတွေ၊ ကျွှန်သက် ရှည်နေတာတွေက ရှင်ရက်နဲ့ သေနေတာ မဟုတ်လား၊ တစ်ယောက်ထဲ မဟုတ်ဘူး၊ တတိုင်းပြည်လုံး ရှင်လျှက်နဲ့ သေနေကြပြီလေ၊ အာဏာရှင်သူခိုး ဗိုလ်ချုပ်တွေနဲ့ အပေါင်းအပါ အချောင်သမားတွေက
တတိုင်းပြည်လုံးရှိတဲ့ အမွှေအနှစ် တွေကို သုံးဖြုန်း ယူငင်ပြီးမှ အခွံကြီးသာ ကျန်မဲ့ နိုင်ငံတော်ကို ပြသနာပေါင်းစုနဲ့ ထားပြီး၊ စင်္ကာံပူလို နိုင်ငံမျိုးကို အထုတ်ပိုက်ပြီးပြေးမှာကိုရော ထည့်သွင်း မစဉ်းစားဘူးလား၊ ရွေးကောက်ပွဲ ၀င်ပြီးကာမှ အနိုင်လည်း မရ လူထု တံတွေးခွက်မှာ မျှော်ပါမဲ့
အရေးကြို ကိုမြင်နေမိလို့ သိက္ခာရှိရှိ ပါတီမှတ်ပုံ မတင်တာကို မှားတယ် လို့ဆိုတဲ့ သူတွေကသာ အကြီးအကျယ် မှားနေတာကို ပြန်သုံးသပ်စေ
ချင်ပါတယ်၊ NLD အနေနဲ့ ပါတီကို အဖျက်သိမ်းခံရပေမဲ့ လုပ်စရာ မကျန်တော့ဘူး ဆိုတာ မဖြစ်နိုင်ပါဘူး၊