မြန်မာပြည် ရွေးကောက်ပွဲက လိမ်လည်လှည့်ဖျားမှုပဲ

လူ့အခွင့် အရေးဆိုင်ရာ တက်ကြွ လှုပ်ရှားသူ တဦးဖြစ်တဲ့ တောင်အာဖရိက နိုင်ငံက ခရစ်ယာန် ဂိုဏ်းချုပ် ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန် တူးတူးကို ၂၀၁၀ ရွေးကောက်ပွဲ အပါအ၀င် မြန်မာပြည် အရေးနဲ့ ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ်မေး မြန်းခဲ့ပါတယ်။

ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက ၂၀၁၀ ရွေးကောက် ပွဲကို “လိမ်လည် လှည့်ဖျားမှု” တခု အဖြစ် ပယ်ချခဲ့ကာ“ပြီးခဲ့တဲ့ လွတ်လပ်ပြီး ဒီမိုကရေစီ နည်းကျတဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရခဲ့တဲ့ အဓိက အတိုက်အခံ ခေါင်းဆောင်ကို ဖယ်ထုတ် ထားပြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် တွေကို အာဏာရှင်က စိတ်ကြိုက် ရွေးချယ်ပြီးမှ ကျင်းပတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး ဒီမိုကရေစီ နည်းကျ ကျင်းပ ပါတယ်လို့ ခင်ဗျား ဘယ်လို အခိုင်အမာ ပြောနိုင်မလဲ”လို့ မေးခွန်း ထုတ်လိုက်ပါတယ်။

သူ့လိုပဲ ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ကိုလည်း ဘုန်းတော်ကြီး တူးတူးက သူ့အနေနဲ့ ရန်ကုန်မြို့ကိုသွားပြီး “ညီမငယ်ရေ မင်းကို မြန်မာပြည်ရဲ့ ခေါင်းဆောင်အစစ်အမှန်အဖြစ် လွတ်လွတ်လပ်လပ် ရွေးချယ် တင်မြှောက်တဲ့ အခမ်းအနားကို တက်ရောက်ဖို့ စောင့်မျှော်နေမယ်”ဆိုတဲ့အကြောင်း အားပေးစကား ပြောကြားခဲ့ပါတယ်။

ဘုန်းတော်ကြီး ဒက်စမွန် တူးတူးဟာ တောင်အာဖရိကမှာ ကျင့်သုံးခဲ့တဲ့ လူမျိုးရေးခွဲခြားတဲ့ စနစ်ကို အကြမ်းမဖက်လှုပ်ရှားမှု နဲ့ ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ ခုနှစ်က ငြိမ်းချမ်းရေး နိုဗဲလ် ဆု ချီးမြှင့်ခံရပြီး အဲဒီဆုကို အာဖရိက ရဲ့ ဒုတိယမြောက် ရရှိသူ ဖြစ်ပါတယ်။

မေး။   ။ သမ္မတ အိုဘားမား လက်ထက်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံမယ့် မူဝါဒ ကို ချမှတ်ခဲ့ပါတယ်။ ဒီမူဝါဒအောက်မှာ စစ်အစိုးရနဲ့ တွေ့ဆုံမှုတွေ အကြိမ်ပေါင်းများစွာ ရှိခဲ့ပေမယ့် အခုထိ တိုးတက်တဲ့ အရိပ်  လက္ခဏာ မတွေ့ရသေးပါဘူး။ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ ပိုတိုးလာတာပဲ ရှိပါတယ်။ အဲဒီအမေရိကန်အစိုးရရဲ့ မူဝါဒအပေါ်မှာ ဘုန်းတော်ကြီးရဲ့အမြင် ဘယ်လိုရှိပါသလဲ။

ဖြေ။   ။ အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရကို ကြမ်းကြမ်းတမ်းတမ်း ဒဏ်ခတ်တဲ့မူဝါဒ တလျှောက်လုံး သုံးလာတာမို့  နောက်ပိုင်းမှာ အခုလိုမျိုး ပျော့ပြောင်းတဲ့ မူဝါဒ တခုကို ပြောင်းသုံးလာတာ ဖြစ်နိုင်ပါတယ်။ ကျနော်ကတော့ မူဝါဒ အသစ်ပေါ်မှာ တစုံတရာ သံသယရှိပါတယ်။ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် မှာလည်း ကျနော့်လိုမျိုး သံသယတွေ ရှိနေပါတယ်။ ကျနော်တို့ လိုချင်တာက အပေါင်းလက္ခဏာဆောင်တဲ့ ပြောင်းလဲမှုတွေ မြန်မာပြည်မှာ
ဖြစ်ပေါ်လာဖို့ပါပဲ။ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ပြီး မြန်မာ ပြည်မှာ ဒီမိုကရေစီစံနစ်တခု အမှန်တကယ် တည်ဆောက်ခွင့်ရလာတဲ့အချိန်မှာ ကျနော်တို့ “ဟာလေလူးယာ”လို့ (ခရစ်ယာန် ကျေးဇူးတော် ဓမ္မသီချင်း) ဟစ်ကြွေးပါ့မယ်။ ဒါ ကျနော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ပဲ။

မေး။   ။ မြန်မာစစ်အစိုးရကို ကြမ်းကြမ်းတမ်းတမ်း ဒဏ်ခတ်အရေးယူဖို့ ဘုန်းတော်ကြီးအနေနဲ့ အတော်ကြာကြာ စည်းရုံးလှုပ်ရှား ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တုန်းကလည်း ဘုန်းတော်ကြီးနဲ့ ချက်နိုင်ငံ သမ္မတဟောင်း ဗားကလပ်ဟာဗယ် တို့ ပူးပေါင်းပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို အစီရင်ခံစာတစောင် တင်သွင်းပြီးတော့ စစ်အစိုးရကို အရေးယူဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။ ဒါပေမယ့် မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေကတော့ စစ်အစိုးရနဲ့ ထိတွေ့ပြီး ကုန်သွယ်မှုတွေ ဆက်လုပ်ကြပါတယ်။ အနောက်နိုင်ငံတွေ၊ ကုလ သမဂ္ဂ နဲ့ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေအပါအ၀င် မြန်မာ့အိမ်နီးချင်း နိုင်ငံတွေကို ဘာများ အကြံပြုလိုပါသလဲ။

ဖြေ။   ။ ကျနော်တို့ရဲ့ရည်မှန်းချက်က မြန်မာပြည် ဒီမိုကရေစီ ပြန်လည်ရရှိပြီးတော့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ် ရှင်သန်တိုး တက်လာရေးပဲ။ တောင်အာဖရိကမှာ ဘာတွေဖြစ်ခဲ့သလဲ အားလုံးမှတ်မိကြမယ် ထင်ပါတယ်။ လူမျိုးရေးခွဲခြားတဲ့ စနစ်ကို ကျင့်သုံး တဲ့ အစိုးရက ခေါင်းမာလွန်းတာမို့ အဲ့ဒီအစိုးရကို ဒဏ်ခတ်အရေးယူဖို့ ကျနော်တို့ တောင်းဆိုခဲ့ကြတယ်။ ရေဂင်ရဲ့ အစိုးရအပါအ၀င် အနောက်နိုင်ငံ အစိုးရ အတော်များများက ကျနော်တို့ရဲ့ မေတ္တာရပ်ခံချက်ကို အရေးမစိုက်ခဲ့ကြဘူး။ ဒါပေမယ့် အမေရိကန်အစိုးရ က ဒဏ်ခတ်အရေးယူမှုတွေ လုပ်တဲ့အခါကျတော့ လူမျိုးရေးခွဲခြားတဲ့စနစ် တစတစနဲ့ ပြိုလဲပျက်စီးတာပဲ။ ဒဏ်ခတ်အရေးယူမှုတွေက စိုက်လိုက်မတ်တတ် လုပ်မယ်ဆိုရင် အလုပ်ဖြစ်ပါတယ်။ ဒီနည်းက ဖိနှိပ်မှုတွေအဆုံးသတ်စေမယ့် အကြမ်းမဖက်တဲ့ နည်းလမ်း တခုပဲလေ။ အစိုးရတွေအနေနဲ့လည်း ဘယ်ဘက်ကရပ်မှာလည်းဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ လိုလိမ့်မယ်။ တကယ်လို့ မြန်မာ အတိုက်အခံတွေက စစ်အစိုးရကို ဒဏ်ခတ်အရေးယူဖို့ တောင်းဆိုလာခဲ့ရင် အပြင်ကလူတွေအနေနဲ့“ဒဏ်ခတ်အရေးယူမှု တွေက ကျနော်တို့ ကူညီချင်တဲ့ ပြည်သူတွေကို ထိခိုက်မှာပေါ့လို့” ပြောကောင်းပြောလိမ့်မယ်၊ ဒါပေမယ့် အတိုက်အခံရဲ့ တောင်း ဆိုချက်က ပိုအရေးကြီးတယ်လို့ ကျနော်ယူဆတယ်။

မေး။   ။ စစ်အစိုးရရဲ့ လက်နက်ကိုင် အင်အားစုတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေကြတဲ့အကြောင်း အစီရင်ခံ စာတွေ ပုံမှန်ထွက်နေပါတယ်။ စစ်မက်ဖြစ်ပွားရာနဲ့ တိုင်းရင်းသားဒေသတွေမှာ မုဒိန်းကျင့်တာတွေ၊ ဘာသာရေးအရ ခွဲခြားဖိနှိပ် တာတွေ၊ ကလေးတွေကို စစ်သားအဖြစ် အဓမ္မ စုဆောင်းတာတွေ စတဲ့ ကျူးလွန်မှုတွေကို သိရပါတယ်။ ဒီလို ချိုးဖောက်မှုတွေကို ရပ်တန့်သွားအောင် ဘယ်လိုဖိအားမျိုးတွေ ပိုသုံးနိုင်မယ်လို့ ယူဆပါသလဲ။

ဖြေ။   ။ လူမဆန်တဲ့ စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ပစ်ပါ၊ ပြီးတော့ ဗိုလ်ချုပ်ကြီးတွေကိုလည်း သူတို့ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ တရားစွဲခံရမယ်ဆိုတာကို သံမှိုနဲ့ နက်ထားသလို သိအောင် လုပ်ပါ။

မေး။   ။ စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပပါလိမ့်မယ်၊ ရွေးကောက်ပွဲဥပဒေကိုလည်း ကြေညာသွားပြီး ပါပြီ။ လူအတော်များများကတော့ လာမယ့်ရွေးကောက်ပွဲရဲ့လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အားလုံးပါဝင်နိုင်မှုတွေအပေါ်မှာ သံသယ
ရှိကြပါတယ်။ ဘုန်းတော်ကြီးကရော ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။   ။ ဒီရွေးကောက်ပွဲက လွတ်လပ်တဲ့ ရွေးကောက်ပွဲမှ မဟုတ်တာ၊ အဲဒါ လိမ်လည်လှည့်ဖျားမှု ပဲလေ။ ပြီးခဲ့တဲ့ လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အနိုင်ရခဲ့တဲ့ အဓိက အတိုက်အခံခေါင်းဆောင်ကို ဖယ်ထုတ်ထားပြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေကို အာဏာရှင်က စိတ်ကြိုက်ရွေးချယ်ပြီးမှ ကျင်းပတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျ ကျင်းပပါတယ်လို့ ခင်ဗျား ဘယ်လို အခိုင်အမာ ပြောနိုင်မလဲ။ ဒီဗိုလ်ချုပ်တွေက ဘယ်သောအခါကများ မျှမျှတ တ လုပ်တာ ရှိဘူးလို့လဲ။ ကျနော်ထင်ပါတယ် အခုလိုအခြေအနေမျိုးမှာ မြန်မာပြည်မှာ လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေကို လိုက်ရှာနေမယ့်အစား ငရဲပြည်မှာ နှင်းရှာတာကမှ ပိုဖြစ်နိုင်ဦးမယ်လို့ ထင်တယ်။

မေး။   ။ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်နဲ့ စစ်အစိုးရလက်ထဲမှာ ဒုက္ခရောက်နေကြတဲ့ မြန်မာပြည်က အဖိနှိပ်ခံ သန်းပေါင်းများစွာအတွက် ဘာများပြောချင်ပါသလဲ။ မြန်မာပြည် ဒီမိုကရေစီရေးအတွက် အကြမ်းမဖက် လှုပ်ရှားမှုကို နိုင်ငံတကာမိသားစုက ခိုင်ခိုင်မာမာ ထောက်ခံအားပေးခဲ့ပေမယ့် စစ်အစိုးရကို ဆန့်ကျင်ရာမှာ ထိရောက်မှု မရှိသလို ဖြစ်နေပါ တယ်။ ဘုန်းတော်ကြီးရဲ့တောင်အာဖရိက အကြမ်းမဖက်လှုပ်ရှားမှု အတွေ့အကြုံကို ပြောပြပေးနိုင်မလား။

ဖြေ။   ။ နိုဗဲလ်ဆုရှင် ညီမငယ် နဲ့ မြန်မာပြည်က ညီအစ်ကို မောင်နှမများ ခင်ဗျား၊ ခင်ဗျားတို့ရဲ့သတ္တိနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကို ကျနော်တို့ လေးစားအားကျကြောင်း ပြောလိုပါတယ်။ ခင်ဗျားတို့ ရင်ဆိုင်နေတာ အမှန်နဲ့ အမှား ပြဿနာ ဖြစ်ပါတယ်။ သူတို့မှာ သေနတ်တွေ စစ်တပ်နဲ့ ရဲအင်အားတွေ ရှိပေမယ့် တရားမမျှတမှုရဲ့တရားခံတွေဟာ ရှုံးနိမ့်နေပြီးသားလို့ တောင်အာဖရိကရဲ့ အမှောင်ထု အနက်ရှိုင်းဆုံး ကာလတွေမှာတောင် ကျနော်တို့ ပြည်သူတွေကို ကျနော်တို့ ပြောခဲ့ဖူးပါတယ်။ အဲ့ဒီတရားခံတွေက တရားမမျှတမှု၊ ဖိနှိပ်မှုနဲ့ ယုတ်မာမှု ဘက်ခြမ်းမှာ ရှိကြတာမို့ သူတို့က ရှုံးပြီးသားလို့ ကျနော်တို့ပြောတာပါ။

ခင်ဗျားတို့ကတော့ အမှန်တရားဘက်မှာ ရှိကြတာပါ။ ညီမငယ်ရေ တောင်အာဖရိကမှာ နယ်လ်ဆင်မန်ဒဲလား ထောင်က လွတ်လာ ပြီးတဲ့နောက် အစ်ကိုတို့ရဲ့ခေါင်းဆောင် ဖြစ်လာသလိုပဲ မင်းကို မြန်မာပြည်ရဲ့ ခေါင်းဆောင်အစစ်အမှန်အဖြစ် လွတ်လွတ်လပ်လပ် ရွေးချယ်တင်မြှောက်တဲ့ အခမ်းအနားကို တက်ရောက်ဖို့ တနေ့မှာ အစ်ကိုတို့ ရန်ကုန်ကို လာခဲ့ပါဦးမယ်။ အရှေ့က နေထွက်ပြီး အ နောက်ကိုဝင်နေသရွေ့တရားမမျှတမှုနဲ့ ဖိနှိပ်မှုရဲ့တရားခံတွေဟာ ပြိုလဲ ပျက်သုဉ်းကြရမှာပါ။ ခင်ဗျားတို့ကို ဘုရားသခင် ကောင်း ချီးပေးပါစေ။
မေး
Comments (8)Add Comment
0
...
written by Htin Kyaw, March 21, 2010
I do agree with December Lawn & win.
0
ပြည်သူ.အားကို ရအောင် လုပ်ပါ။
written by ??????????, March 20, 2010
မှန်လိုက်တာဘုန်းဘုန်းရာ။ ကျေးဇူးလဲတင်ပါတယ်။ လူ ယုတ်တွေက တရားမမျှတမှု၊ ဖိနှိပ်မှုနဲ့ ယုတ်မာမှု ဘက်ခြမ်းမှာ ရှိကြတာမို့ သူတို့က ရှုံးပြီးသား ဆိုတာလဲ ပြည်သူအားလုံး စိတ်မှာ စွဲမြဲစေပါတယ်။ NLD ရေ တောင့် ထားပါ။ ပြည်သူက NLD ရဲ.နောက်မှာ ရှိနေတယ်။ မတရားမှုကို ငုံ.ခံမနေကြပါနဲ.။ ကြောက်လဲ မ ကြောက်ပါနဲ.။ ပြည်သူ.အားကို ရအောင်ယူကြပါ။ တိုင်းပြည်ကို ပြစ်မထားပါနဲ.။ မတရားတဲ့ရွေးကောက်ပွဲကို သပိတ်မှောက်ဖို. စည်းရုံး လှုပ်ရှားကြဖို. အချိန်ကျပါပြီ။ နောင် လူငယ်တွေ ကျုပ်တို.လို မခံစားရအောင် ကြိုးစားပါ။
0
...
written by ဒီဇင်ဘာလွမ်း, March 20, 2010
တကယ်ဆိုရင် နအဖ စစ်အစိုးရဆိုတာ ပြစ်မှု ကျူးလွန်ထားခဲ့တဲ့ အစိုးရတစ်ရပ်ပဲ
၁။ ၈၈၈၈ မှာ နုနု ငယ်ငယ် ကျောင်းသား/ကျောင်းသူလေးတွေကို ရက်ရက်စက်စက် သတ်ခဲ့တယ်
၂။ နိုင်ငံရေး အကျဉ်းသားများကို နှိပ်စက် ညှင်းပန်းခဲ့တယ်။
၃။ အမျိုးသမီး တစ်ယောက်ကို ဂုဏ်သိက္ခာအရ စော်ကားခဲ့တယ်။
၎။ မေတ္တာသုတ် ရွတ်ပြီး ငြိမ်းချမ်းစွာ စီတန်း လှည့်လည်နေတဲ့ ဘုရားရဲ့သားတော် သံဃာများကို ရက်ရက်စက်စက် သတ်ဖြတ် နှိမ်နှင်းခဲ့တယ်

မြန်မြာ ပည်သူတွေ ဘယ်လောက်ြ ကာအောင် သည်းခံနေရဦးမှာလဲ
မောင်သာနိုးရဲ့ ကဗျာတွေ ထဲကလိုပဲ
ပြည်သူေ တွမှာ ဆုံးရှုံးစရာ ဆိုလို့ နှောင်ကြိုးပဲ ရှိတော့မယ်ဆိုတဲ့ အချိန်ကြရင် ဦးသန်းရွှေတို့ ဘ၀လှလှ ကူးနိုင်အောင်ပြင်ဆင်ထား နိုင်ပါစေလို့ ..........
မူဆိုလီနီကို ပြည်သူတွေက ခွင့်မလွှတ်ခဲ့ဖူး
ဟစ်တလာကိုလဲ ပြည်သူတွေက အလွတ်မပေးခဲ့ဘူး
ဦးသန်းရွှေလဲ
အိပ်ရာထက်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဘ၀ ကူးရလိမ့်မယ် မမျှော်လင့်ပါနဲ့ .....
0
...
written by titan, March 19, 2010
oh that is why you got the destination,desmon tutu.u can see separately justice and injustice.and then u can say who can win the victory.as u and we thought,she is the only one who ll win the injustice over after all.
0
...
written by Win, March 19, 2010
အရမ်းကို အားတက်ရပါတယ်.. ဒီလိုမျိုး စကားမျိုး အန်အယ်လ်ဒီက ဘဘတွေ တယောက်ပြီး တယောက် ပြောနိုင်တ ယ်ဆိုရင်ဖြင့် ကျနော်တို့ တိုက်ပွဲ တ၀က် နိုင်ပါပြီဗျာ..

အန်အယ်လ်ဒီရေ.. သပိတ်မှောက်ပြီး အန်တုတော့ဗျာ.. ခင်ဗျားတို့ အောင်ပွဲက လက်တကမ်းမှာသာ ရှိပါတယ်..
0
Right Standing!
written by Ba Zaw, March 19, 2010
Ahdama never defeats on Dhamma! Dictatorship must fall one day!Never give up!We must not forget our brothers & sisters who died & gave their lives for democracy!
0
Excellent
written by REALITY, March 18, 2010
မြန်မာပြည်မှာ လွတ်လပ်ပြီး ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲေ တွကို လိုက်ရှာနေမယ့် အစား ငရဲပြည်မှာ နှင်းရှာတာကမှ ပိုဖြစ်နိုင်ဦး မယ်လို့ ထင်တယ်။
အဲ့ဒီ တရားခံတွေက တရားမမျှတမှု၊ ဖိနှိပ်မှုနဲ့ ယုတ်မာမှု ဘက်ခြမ်းမှာ ရှိကြတာမို့ သူတို့က ရှုံးပြီးသား
အရှေ့က နေထွက်ပြီး အ နောက်ကို ၀င်နေသရွေ့တရား မမျှတမှုနဲ့ ဖိနှိပ်မှုရဲ့တရားခံေ တွဟာ ပြိုလဲ ပျက်သု ဉ်းကြရမှာပါ။
0
...
written by mtn, March 18, 2010
I wish ,,,,coming soon.......but i don't know when?????

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်