ကမ္ဘာ့လူငယ် ခေါင်းဆောင် ဇိုယာဖန်းနှင့် စကားစမြည်

ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) တွင် နိုင်ငံတကာ ဆက်ဆံရေး တာဝန်ခံအဖြစ် ဆောင်ရွက်နေသူ ဇိုယာဖန်းကို မကြာသေးခင်က World Economic ForumကYoung Global leader အရွေးချယ် ခံခဲ့ရခြင်းနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ကိုထွေးက ဆက်သွယ် မေးမြန်းထား သည်များကို ဖော်ပြလိုက်ပါသည်။

အသက်၂၉ နှစ် ရှိ ဇိုယာဖန်းသည် နှစ်ပေါင်း ၆၀ ကျော် မြန်မာစစ်အစိုးရကိုတော်လှန်တိုက်ခိုက်နေသည့် ကရင်တိုင်းသား အဖွဲ့ တဖွဲ့ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး(KNU) အထွေထွေ အတွင်းရေးမှူးဟောင်း ဖဒိုမန်းရှာ(ကွယ်လွန်)၏ သမီးဖြစ်သည်။

ဖဒိုမန်းရှာသည် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထိုင်းမြန်မာ နယ်စပ် တနေရာတွင် အမည်မသိ သေနတ် သမားများ၏ လုပ်ကြံမှုကြောင့် ကွယ်လွန် ခဲ့ရခြင်း ဖြစ်သည်။

ဇိုယာဖန်းသည် လက်ရှိတွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ နေထိုင်လျက် မြန်မာ့ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး ဆိုင်ရာများကို လှုပ်ရှား ဆောင်ရွက်နေပြီး Little Daughter: A memoir of survival in Burma and the west အမည်ရှိ သူ၏ ဘ၀ ဖြတ်သန်းမှု အတွေ့ အကြုံများကို ရေးသား ထားသော စာအုပ် တအုပ်ကိုလည်း ထုတ်ဝေထားသည်။

မေး။  ။ World Economic Forumကပေးတဲ့ Young Global leader အရွေးချယ်ခံရတဲ့ အတွက် ဘယ်လိုခံစားရပါလဲ။ ဘာပြောချင်လဲ။

ဖြေ။  ။ ကျမပျော်ရွှင်ပြီးတော့ ကျေနပ်မိပါတယ်၊ ဒါက ကျမရဲ့အောင်မြင်တဲ့ လှုပ်ရှားမှုတွေကို ဖော်ပြတာလည်း ဖြစ်နိုင်တယ်၊ ပြီးတော့  ကျမရဲ့လှုပ်ရှားမှုတွေက အဓိကအားဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထု အားလုံး အတွက်ပေါ့နော် ဒီမိုကရေစီရေးရော၊ လူ့ အခွင့် အရေးရော တိုင်းရင်းသား လူမျိုးစုတွေအားလုံးအတွက် ဖြစ်လို့ ကျမ၀မ်းသာမိ ပါတယ်။

ပြည်တွင်းမှာ နေလို့မရလို့သာ လောလောဆယ် ဗြိတိန်မှာ အခြေစိုက်နေပေမယ့် မြန်မာပြည်အရေးကို Burma Campaign UK နဲ့ လှုပ်ရှားနေပါတယ်၊ ပြည်ပမှာရောက်နေတဲ့ လူငယ်တယောက်အနေနဲ့ပေါ့နော် ကျမရဲ့တိုင်းပြည်ကို ဘယ်တော့မှ မမေ့ပါဘူး၊ အဲဒါကြောင့် အခြား လူတွေနဲ့ တွဲလုပ်ပြီးတော့ လုပ်ရင်းနဲ့ အောင်မြင်မှုတွေ ပိုရလာတယ်လို့ ကျမ ပြောချင်ပါတယ်။

မေး။  ။ ဆုချီးမြှင့်ခြင်းခံရတဲ့ အတွက် မြန်မာ့နိုင်ငံရေးကို ဘယ်လို အကျိုးရလဒ်တွေ ရလာနိုင်လဲ။

ဖြေ။  ။ ပထမအဆင့်အနေနဲ့ မြန်မာပြည်အကြောင်းကို တခါမှ မသိဘူးတဲ့လူတွေက မြန်မာပြည်အရေးကို ပိုသိလာမယ်၊ ပိုနားလည် လာမယ်၊ ဒီ Young Global leader ဆုကနေ တဆင့်ပေါ့၊ အဲဒါဘာဖြစ်လဲဆိုတော့ အစည်းအဝေးတွေမှာ တက်ရောက်လာတဲ့ နိုင်ငံရေး ခေါင်းဆောင်ရော၊ စီးပွားရေး ခေါင်းဆောင်တွေနဲ့ သွားတွေ့ပြီးတော့ မြန်မာပြည် အကြောင်းကို ပြောပြခွင့်ရမယ်၊ တင်ပြခွင့်ရမယ်၊ ဆွေးနွေးခွင့်ရမယ်၊ ဒါကြောင့် မြန်မာပြည်အရေးကို သူတို့ ပိုပြီးတော့မှ သိလာမယ်။

ဒုတိယ အဆင့်ကတော့ သိလာရင် သူတို့ ဘာတွေ ကူညီရမလဲဆိုတာကို ဆုံးဖြတ်မယ်၊ သူတို့ လုပ်ပေးနိုင်တဲ့ အပိုင်းကတော့ ဒုက္ခသည်တွေကို လူသားခြင်း စာနာထောက်ပံ့မှု အကူ အညီ ပေးလို့ရတယ်၊ သူတို့ရဲ့ အစိုးရအသီးသီးကို  စစ်အစိုးရအပေါ်မှာ ထိရောက်တဲ့ ဖိအားပေးမှုတွေ လုပ်ပေးဖို့  တောင်းဆိုပေးလို့ရတယ်၊ ပြီးတော့ ကျမတို့ရဲ့ လှုပ်ရှားမှုတွေကို ကူညီပေးလို့ရတယ်။

မေး။  ။ မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ မြန်မာအမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ ဘာပြောစရာရှိလဲ။
လက်ရှိ နယူးယောက်မှာ လုပ်နေတဲ့ သူတို့ရဲ့လှုပ်ရှားမှုအပေါ် ဘယ်လိုထင်လဲ။

ဖြေ။  ။ ကျမအမြင်ဆိုရင် အရင်တုန်းကထက်စာရင် မြန်မာပြည်မှာ အမျိုးသမီးတွေက အခုဆိုရင် တော်တော်လေး ပြောင်းလဲလာပြီ၊ အရင်တုန်းက ဆိုရင် ကျမတို့က ခံရတဲ့သူတွေ အနေနဲ့ပဲ၊ ဒါပေမယ့် အခုကျတော့ အမျိုးသမီးတွေက ခံရတဲ့သူတွေ မဟုတ်တော့ဘူး၊ သူတို့က ထပြီးတော့ စကားပြောလာတယ်၊ စစ်အစိုးရကို သူတို့ ပြန်ပြီးတော့ အရေးယူနိုင်အောင် နိုင်ငံတကာကိုလည်း သူတို့ အသိပေးပြီ၊ ဥပမာ နယူးယောက်မှာလုပ်တဲ့ဟာက တကယ့်ကို ကောင်းတဲ့ပွဲပဲ။

စစ်အစိုးရ လုပ်တဲ့ဟာက တကယ်ကို နိုင်ငံတကာက ဥပဒေကို ချိုးဖောက်နေတယ်၊ လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်၊ ပြီးတော့ ပြည်တွင်းထဲမှာရှိတဲ့ တိုင်းရင်းသား လူနည်းစုတွေကိုလည်း တိုက်ခိုက်နေတယ်။

အရှေ့ပိုင်းဒေသမှာရှိတဲ့ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်တွေမှာ စစ်အင်အားသုံးပြီးတော့ ပြည်သူလူထုကို နှိပ်စက်နေတယ်၊ အိုးအိမ်ရွာတွေကို သူတို့ ဖျက်ဆီးတယ်၊ မီးရှို့တယ်၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်နေတယ်၊ လူထုကို ပေါ်တာ အဖြစ်ဆွဲတယ်၊ အတင်းအဓမ္မ အလုပ်လုပ်ခိုင်းတယ်၊ သတ်တယ်၊ ဖြတ်တယ်၊ ပစ်ခတ်တယ်၊ အဲဒါတွေက နိုင်ငံတကာရဲ့ လူ့အခွင့် အရေးကို ချိုးဖောက်နေတာ၊ အဲဒါကြောင့် အခု အမျိုးသမီးအဖွဲ့ချုပ်( မြန်မာနိုင်ငံ)နဲ့ Nobel Women Initiative အဖွဲ့ ဖွဲ့ပြီးတော့ စစ်အစိုးရကို နိုင်ငံတကာကနေ ထိရောက်စွာ အရေးယူဖို့ ကြိုးပမ်းလုပ်နေတာကို ကျမက တကယ်ကို သဘောကျတယ်၊ အားလည်း အားပေးတယ်။

မေး။  ။ မြန်မာပြည်က လူငယ်ထု အမျိုးသမီးထုက နိုင်ငံရေးမှာ ပါဝင် လှုပ်ရှားမှု နည်းနေတာနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။

ဖြေ။  ။ အဲဒါက ကျမတို့ အရင်ကတည်းက မြန်မာပြည်ရဲ့ သဘာဝပေါ့နော်၊ ယဉ်ကျေးမှုပေါ့နော်၊ အမျိုးသမီးတွေက အများအားဖြင့် အိမ်မှာပဲ နေတယ်၊ သားသမီးတွေကို ထိန်းကျောင်းတယ်၊ အိမ်အလုပ်တွေပဲ လုပ်တယ်၊ ဒါပေမယ့် အခုကျတော့ အခြေအနေက ပြောင်းလဲလာပြီ၊ အမျိုးသမီးတွေက နိုင်ငံရေးဘက်မှာ လှုပ်ရှားမှုတွေရှိသလို နည်းတော့ နည်းသေးပါတယ်၊ ဒါပေမယ့် လူမှုရေး ဘက်မှာ အများကြီး ရှိပါတယ်၊ အမျိုးသမီးကဏ္ဍမှာရော၊ လူငယ်ကဏ္ဍမှာရော တော်တော်များများ ရှိပါတယ်။

ရှမ်းပြည်နယ်တို့၊ ကရင်ပြည်နယ်မှာတို့ မှာ ဖြစ်ပျက်နေတဲ့ ဖြစ်ပျက်မှုတွေ တကယ့် သတင်းတွေကို နိုင်ငံတကာမှာ ရောက်အောင် ထုတ်နေတဲ့ အဖွဲ့ အစည်းတွေက အများအားဖြင့် အမျိုးသမီး အဖွဲ့အစည်းတွေပါ၊ အဲဒါတွေကို အမျိုးသမီးတွေက ဖော်ပြနိုင်ခဲ့တယ်၊ ဥပမာ- Shan Women Action Network၊ ကရင် အမျိုးသမီးအဖွဲ့။ အဲဒါကြောင့် ကျမအမြင်မှာ ဒီလိုမျိုး တဖြည်းဖြည်း ပြောင်းလဲမှု တွေ့ရတော့ နောက်ပိုင်းမှာ အမျိုးသမီးပါဝင်မှု ပိုများလာမယ်လို့ ကျမ မြင်ပါတယ်။

မေး။  ။ ပြည်တွင်း၊ ပြည်ပ မှာရှိတဲ့ မြန်မာ လူငယ်တွေကို ဘာပြောချင်လဲ၊ ဘာအကြံဉာဏ်တွေ ပေးချင်လဲ။

ဖြေ။  ။ ကျမ အဓိက ပြောချင်တာကတော့ အခုလက်ရှိ ကျမတို့ မြန်မာပြည်အခြေအနေကို ပြန်ကြည့်ရမယ်ဆိုရင် အခြေအနေက မပြောင်းလဲသေးတော့ ပိုပြီးတော့ ဆိုးလာတယ်၊ လူထုက အရမ်းဒုက္ခခံရတယ်၊ ဆင်းရဲတယ်၊ အဲသလိုပြန်ကြည့်ရတဲ့ အခါမှာ ပြည်တွင်းမှာရှိတဲ့ လူငယ်တွေရော ပြည်ပမှာရှိတဲ့ လူငယ်တွေရော လူကြီးတွေနဲ့ အတူတွဲပြီးတော့ တိုင်းပြည်ရဲ့ ပြောင်းလဲမှု တခုခု ဖြစ်လာနိုင်အောင် ကျမတို့ အကုန်လုံး ပူးပေါင်း လုပ်ဆောင်ရမှာ၊ ကချင်၊ ကရင်၊ ရှမ်းဖြစ်ဖြစ် အားလုံးပေါင်းပြီးတော့ ကျန်တဲ့လူမျိုးစု တွေနဲ့ ပေါင်းပြီးတော့ ကျမတို့လုပ်ဆောင်ရမယ်၊ စစ်အာဏာရှင်ကို အမြန်ဆုံးကျဆုံးသွားအောင် လုပ်ဆောင်ရမယ်။

ဒီအတိုင်းဆိုရင် တိုင်းပြည်က ဒီထက်ပိုပြီးတော့ပျက်စီးနိုင်တယ်၊ မျက်စိတွေ၊ နားတွေ ဖွင့်ပြီးတော့ တိုင်းပြည်အတွက် အကျိုးရှိမယ့် အရာ တခုခု လုပ်ပေးပါလို့ ကျမက တောင်းဆိုချင်ပါတယ်။

မေး။  ။ နိုင်ငံတကာကလူငယ်တွေနဲ့ မြန်မာလူငယ်တွေကြားထဲမှာဘယ်လိုကွာဟ ချက်တွေရှိလဲ။

ဖြေ။  ။ ပြည်တွင်းထဲမှာရှိတဲ့ လူငယ်တွေရော တိုင်းရင်းသားနယ်မြေမှာရှိတဲ့ လူငယ်တွေရော အများအားဖြင့် သူတို့မှာ အခွင့်အရေး တွေ မရှိပါဘူး၊ ဖြစ်နိုင်တဲ့ လူငယ်တွေ အများကြီးရှိပါတယ်၊ လုပ်ချင်တဲ့ ဆန္ဒတွေရှိတယ်၊ ဒါပေမယ့် အခွင့်အရေးမရှိတော့ သူတို့ဘာမှ သိပ်မလုပ်နိုင်ဘူး၊ တချို့ဆိုရင် ဒုက္ခသည် စခန်းမှာမွေးပြီးတော့ ကြီးလာတယ်၊ ကြီးလာလည်း ဒုက္ခသည်စခန်းမှာ နှစ် ၂၀ ကျော်လောက်ရှိပြီ ရှေ့ရေးအတွက် သူတို့ ဘာလုပ်ရမယ်ဆိုတာလည်း မသိဘူး၊ ကျမတို့တိုင်းပြည်က လူငယ်တွေအတွက် အခွင့်အရေး သိပ်မရှိပေမယ့် ကြိုးစားတဲ့သူတွေအတွက်အောင်မြင်မှုရနေတယ်ဆိုတာကို မြင်ရတယ်။

မေး။  ။ အာဖရိကတိုက် တန်ဇန်းနီးယားနိုင်ငံမှာ ဆုရတဲ့သူတွေအားလုံး မေလ ပထမ အပတ်မှာ ဆုံရင်ဘာပြောဖို့ စီစဉ်ထားပါ သလဲ။

ဖြေ။  ။ အဓိက ကျမ ပြောချင်တာကတော့ အခု မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီမှာ တက်ရောက်လာမယ့်သူတွေ၊ ခေါင်းဆောင်တွေက မြန်မာပြည်အကြောင်းကို သိပ်ပြီးတော့ သိကြမှာ မဟုတ်ဘူး။

မေး။  ။ အနာဂတ်မှာ ဘာတွေလုပ်ဖို့ ရည်ရွယ်ထားပါသလဲ။

ဖြေ။  ။ ပထမပိုင်းက မြန်မာပြည်လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး တို့အတွက်  Burma Campaign UK ကနေ နိုင်ငံတကာ လှုပ်ရှားမှုတွေ လုပ်မှာပါ။

ဒုတိယပိုင်းကတော့ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေနဲ့ ပတ်သက်တယ်။ ကျမ အဖေ၊ အမေအတွက် ကျမတို့ ညီအစ်ကို မောင်နှမတွေ ထူထောင်ထားတဲ့ ဖန်း ဖောင်ဒေးရှင်း ဆိုတဲ့ လူမှုရေးအသင်းကို ကျမတို့က ကရင်ပြည်နယ်မှာ လောလောဆယ် လုပ်ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ ရှိတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး နဲ့ ပညာရေးအတွက် လုပ်ပေးဖို့၊ ပြီးတော့ ကရင်တိုင်းရင်းသားတို့ရဲ့ ယဉ်ကျေးမှုကို ပြန်လည် ထိန်းသိမ်း မြှင့်တင်နိုင်ဖို့ ရှိသလို ရှေ့ဆက်ပြီး  လုပ်ဆောင်သွားမှာ ဖြစ်တယ်။ ပြီးတော့ တဆက်တည်းမှာပဲ ဗြိတိန်မှာ ရောက်နေတဲ့ ကရင် ဒုက္ခသည် ၅၀၀ ၀န်းကျင်အတွက် ကျမက ဗြိတိန်မှာ ရှိတဲ့ Karen Community Association ဆိုတဲ့ ကရင်အဖွဲ့အစည်းကနေ ဖွံဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ရှိပါတယ်။ အဲဒါကတော့ ကျမရဲ့အခြေခံ အလုပ်အကိုင်တွေပေါ့နော်။

မြန်မာပြည်မှာ လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဥရောပနိုင်ငံတွေက အသိအမှတ် မပြုဖို့၊ မထောက်ခံဖို့ ကျမတို့ ရှေ့ဆက်ပြီး တော့ လှုပ်ရှားမှုတွေ ဆက်လုပ်မယ်။ ဥရောပသမဂ္ဂကနေ စစ်အာဏာရှင်တွေကို ဒီထက်ပိုပြီး ပိတ်ဆို့မှုတွေ လုပ်နိုင်ဖို့ တောင်း ဆိုတယ်။ ပြီးတော့ တဆက်တည်းမှာပဲ နိုင်ငံတကာက မြန်မာစစ်အစိုးရကို လက်နက်ရောင်းချပေးတာတွေကို ရပ်ဆိုင်းဖို့၊ ပြည်တွင်းမှာ ရှိတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီပေးဖို့အတွက် ကျမတို့က ဗြိတိန် အစိုးရကို တောင်းဆိုတယ်။ ပြီးတော့ ဥရောပကော်မရှင်ကိုလည်း တောင်းဆိုတယ်၊ လှုပ်ရှားမှုတွေ ဆက်လုပ်မယ်။

ပြီးတော့ ကျမတို့ လှုပ်ရှားမှုနောက်တခုက ကမ္ဘာ့ကုလသမဂ္ဂကနေ တဆင့် ကော်မရှင်တခုကို ဖွဲ့ပြီးတော့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့ အရေးယူမှု လုပ်ဖို့ တောင်းဆိုတယ်။ အဲဒါကတော့ Crime against Humanity (လူသားတွေအပေါ် ရာဇ၀တ်မှု ကျူးလွန်တာကို ဆန့်ကျင်တဲ့) အဖွဲ့ ပေါ့။     ။
Comments (20)Add Comment
0
ဝမ်းမြောက် ဂုဏ်ယူ လေးစား
written by sa aung, March 16, 2010
ဆုရတဲ့သူရဲ့  အရည် အချင်းကိုလည်း လေးစား ဂုဏ်ယူယုံက လွဲ လို့  အခြား မရှိပါ။ ကျွန်တော်တော့ ဂုဏ်ယူ လေးစားမိတယ် နန့်ဇိုယာဖန်း ခင်ဗျား
0
To the commetor
written by Youth from somewhere, March 14, 2010
I agree with you guys in some part. But please let us look in the positive way. We Burmese people are always look at things in nagative eyes. Even we are living in other coutries, we still apart of this situation. I do give my respect to the great youth or student leaders (inside Burma) who have gaven their times and life for the change of Burma. But anyway I believe that we should proud of her. Because the world will know more about Burma through her. Zoya has done a lot of great job that you and I might not know. This is not because of her father and difinately not because of her ethnicity. But it is because of ability.
she is a young global leader, Low-rated comment [Show]
she is not a Burma youth leader, Low-rated comment [Show]
what is supposed to be youth leader to her?, Low-rated comment [Show]
THA SIT T' HGAY , Low-rated comment [Show]
0
ဘာလဲဟ.. လူငယ်ခေါင်းဆောင်ဆိ တာ...
written by Burmese, March 10, 2010
လူငယ်ခေါင်းဆောင် ဆိုတော့ သူဘာများ ပေးဆပ်ခဲ့လဲ?
သူဟာ မြန်မာပြည်နဲ့ ပါတ်သတ်လို့ ရတာဆိုရင် မြန်မာပြည်ရဲ့ ဘယ်နေရာထိ ထဲထဲဝင်ဝင် သိသလဲ၊ပေးဆပ်ခဲ့လဲ?
သူဟာ မြန်မာ လူငယ်ထုကို ဘယ်လောက်ထိ ဦးဆောင်မှုပေးခဲ့လဲ?
သူဟာ ပညာအရည်အချင်း ဘယ်လောက်ထိ ပေါက်မြောက်ခဲ့လဲ?
လူငယ်အများစုက သူ့ ကိုသိကြသလား?
သူဟာ လက်ရှိ ဘယ်ဒေသ၊ဘယ်နေရာ နေနေသလဲ?
သူဟာ နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေးမှာ ဘယ်လောက်အထိ သိတတ်၊နားလည်ထားသလဲ?
သူရဲ့ ဇာတိ၊ဇစ်မြစ်ကဘာလဲ(ဖဒိုမန်းရှာ ရဲ့သမီးဖြစ်တာနဲ့ ရသလား)?
သူ့ ကြောင့် မြန်မာ့လူငယ်ထုအကြောင်းကို ကမ္ဘာကသိသွားသလား?
ပြောရမယ်ဆိုမေးခွန်းတွေ အများကြီးပါ။.... .နည်းနည်းတော့ ကသိကအောင်ဖြစ်တယ်ဗျာ ဒီဆုနဲ့ ပါတ်သတ်လို့ ။ ဗမာပြည်တွင်းမှာ သူ့ ထပ် ဗမာလူထု ၊လူငယ်ထု ပေးဆပ်ခဲ့တဲ့ လူငယ်တွေ ဒုနဲ့ ဒေးပါ၊ ထောင်ကျနေတာ သက်ပါပဲ။
ကျုပ်လည်း စစ်တပ်ကို ကလော်တုပ်ခဲ့တာပဲ၊ ဒီဆုပေးတဲ့သူကိုလည်း ကလော်တုတ်ချင်တယ်။ ဒီကောင်မလေးနဲ့ တော့ မသက်ဆိုင်ပါ။
0
ဂုဏ်ယူပါတယ်
written by ကျော်အဲ, March 10, 2010
လူ့ဘ၀ရောက်နေပြီး ဆိုမှတော့ တာဝန်တစ်ခုခုတော့ ယူရမှာပေါ့။ ဒါမှ လူ့ဘ၀ဖြစ်ရပ်ကျိုး နပ်မှာပေါ့။ ရတဲ့တာဝန်ကို ကျေပွန်စွာနဲ့ အများအကျိုး ဆောင်နိုင်ပါစေ။ ဒီထက်ကြီးတဲ့ တာဝန်ကိုလည်း ထပ်ကြိုးစားပါဦး။ နိုင်ငံ့အကျိုးကို ထမ်းဆောင်နိုင်ပါစေ။
Question, Low-rated comment [Show]
0
Cheers!!!
written by Aung, March 09, 2010
I knew her very well..She is a respective girl with agreat activity. Apprecite what she has contributed so far for our motherland.

Cheers!!!!
Something is better than nothing!!!, Low-rated comment [Show]
Negative and positive, Low-rated comment [Show]
0
True Youth Leader of Burma
written by Ko Ko, March 09, 2010
Zoya Phan is a high profile exiled political activist from Burma. She is part of the Karen ethnic group from Burma. She is International Coordinator at the human rights organisation Burma Campaign UK[1], and in April 2009 published her autobiography, Little Daughter.[2][3] It is published by Simon and Schuster.
When she was 14 Burmese army soldiers attacked her village, and she and her family were forced to flee for their lives, ending up in refugee camps in Thailand.

Zoya is one of the leading Burmese human rights activists in Europe. She has met with the British Prime Minister Gordon Brown, and other senior politicians from around the world.

Zoya Phan first came to prominence in 2005, when she started volunteering with the Burma Campaign UK. In 2006 and 2007, she received standing ovations speaking at the Conservative Party conference.[6] She is a regular media commentator on Burma.

Following the assassination of her father, Zoya and her family set up the Phan Foundation which aims to fight poverty, promote education and human rights, and protect the culture of the Karen people of Burma.[7]

Zoya Phan is also coordinator of the European Karen Network, Secretary of the Karen Community Association (UK)[8], and serves of the board of the Austrian Burma Centre.[9] In addition, she is currently a TED Fellow.
0
...
written by snow, March 09, 2010
အရမ်းကို ၀မ်းသာပါတယ်
ကိုယ့်အမျိုး စစ်စစ်ဖြစ်နေ ဆိုတော့ပိုပြီး ၀မ်သာမိတယ်... ဂုဏ်ယူပါတယ်. .ညီမလေး ဇိုရန်ဖန်
0
ိလုပ်နိုင်ပါမလား
written by စိတ်, March 09, 2010
ကိုမင်းကိုနိုင်တို့ လိုမျိုး..မြန်မာပြည်ထဲမှာ နေပြီး.. .တိုင်းပြည်အတွက်လုပ်ရမယ်ဆို.. .လုပ်နိုင်ပါမလား..
ဆိုတဲ့. .မေးခွန်းလေး.. .မေးကြည့်ပေးပါးလား... ..smilies/grin.gif
ပြည်တွင်းနဲ့ပြည်ပမှာပါ... ပွဲလန့်တုံး ဖျာခင်းသူတွေ...တဖြေးဖြေးများလာတာဘာကြောင့်များလဲဗျာ...
သေချာစဉ်စားကြည့်ရင်.. .အာဏာရှုး နအဖကို.. သွယ်ဝိုက်သော်နည်းနဲ့.. .သက်စိုးရှည်အောင် လုပ်နေသလိုဘာပဲ... .
0
...
written by Ma PAN, March 09, 2010
Congratulations Zoyar Phan!
Doing global awareness for how Burmese people and ethnic minorities are suffering in Burma is good to do as a presentation in coming global young leader meeting but all the previous global young leaders and world leaders are already known about Burma Junta because they are leaders who interested about global politic and social issues around the world.
Therefore, for our new generation, there will be better if you can come out your solid strategic action plan or request how they can involved or help to change, shape and step up program such as brain storming forum in coming global young leader meeting. We really need the leader like you for our continuous fighting to Junta before and after election 2010.
0
good choice
written by win maw , March 08, 2010
ပေးလိုက်တဲ့ ဆုက အမှန်ဆုံးပါပဲ
ဘယ်လိုလုပ် သူက လူငယ်ခေါင်းဆောင် ဖြစ်ရတာလဲ, Low-rated comment [Show]
0
ဂုဏ်ယူ
written by boman, March 07, 2010
ဒီဆုဟာ ပထမဆုံး ဗမာပြည် အတွက် ဇိုရာဖန်း ရယူပေးနှိင်တဲ့ အတွက် ဂုဏ်ယူလျက်ပါ။
0
should be in KNU and armed struggle
written by revoultion, March 06, 2010
As a daughter of hardliner leader Pado ManShar, she should be in KUN and in armed struggle.
Most of the son and daughter of revolutionary leaders are always in abroad and they have a lot of chance for their future while the generations of ordinary soldiers are still in armed struggle sacrificing their lives.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်