“ကြာပါတယ်ကွာ” ဆိုတဲ့ Jenny….

Jenny သည် ၁၀ နှစ်သမီး အရွယ်၊ ၁၉၉၈ - ၉၉ ဝန်းကျင် ကာလ၌ “၃၈ ဖြာမင်္ဂလာ” မြန်မာ့အသံ ကလေး ရုပ်/ သံ အစီအစဉ်၌် ပုံပြင်ပြောသူ အဖြစ်ပါဝင်ခဲ့ပြီး ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများတွင် အက ဆုတံဆိပ်များ ဆွတ်ခူးထားခဲ့သူ ဖြစ်သည်။

၎င်းအပြင် မယ်ပြိုင်ပွဲ များတွင်လည်း အလှမယ်အဖြစ် ၂၀၀၇ ခုနှုစ် အိုလံပစ် ဂျူနီယာဆု၊ ၂၀၀၈ ခုနှစ် အိုလံပစ်စီနီယာ ဒုတိယဆု၊ ၂၀၀၅ ခုနှစ်တွင် ရန်ကုန်တိုင်းမယ် ဆုနှင့် ယခု မကြာသေးခင်က ပန်းဧကရီ မယ်ဆုတို့ ဆွတ်ခူးရရှိခဲ့သည်။ အမည်ရင်းမှာ ဟန်နွေငြိမ်းဖြစ်ပြီး လက်ရှိ ဂီတလောက၌ Featuring သီဆိုသူအဖြစ် နာမည်ရ နေသူ ဖြစ်သည်။ “ကြာပါတယ်ကွာ” တေးသီချင်းဖြင့် လူငယ်များ၏ ပါးစပ်ဖျားတွင် ရေပန်းစားလျက် ရှိသည့် ၎င်း Jenny ကို ဧရာဝတီ သတင်းထောက် သဲသဲက ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။     ။ Jenny ရဲ့ ကလေးဘဝက စခဲ့တဲ့ အနုပညာ လုပ်ငန်းစဉ်တွေအကြောင်း ပြောပြပေးပါ။

ဖြေ။     ။ ငယ်ငယ်တုန်းကတော့ ကလေး သရုပ်ဆောင် လုပ်ခဲ့တယ်။ ကလေးသရုပ်ဆောင်အဖြစ် မြန်မာ့အသံက ၃၈ ဖြာမင်္ဂလာ အစီအစဉ်မှာ ပုံပြင် ပြောတယ်၊ နောက် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်တဲ့ “အမေဆိုတာ တခါတုန်းက သမီးပါပဲ” ဆိုတဲ့ ကားမှာလည်း ပါဝင်ခဲ့တယ်။ နည်းနည်းကြီးလာတဲ့ အခါကျတော့ အဆိုဘက်ကို ပိုပြီး ဦးစားပေးလုပ်ဖြစ်ပါတယ်။ ကြားထဲမှာတော့ ဆို၊ က၊ ရေး၊ တီး ဝင်ပြိုင်တယ်။ နောက် ကာယ အလှမယ် ပြိုင်ပွဲ တွေ လည်း ဝင်ခဲ့ပါတယ်။

မေး။     ။ မြန်မာ့အသံကလုပ်တဲ့ ၃၈ ဖြာမင်္ဂလာတို့ နောက်မနက်ခင်းပိုင်းမှာလာတဲ့ “ကျန်းမာဖို့ အတူကစားစို့” ဆိုတဲ့အစီအစဉ်တွေမှာ ဘာကြောင့် ပါဝင်ဖြစ်ခဲ့တာလဲ။

ဖြေ။     ။ အဲဒီတုန်းက ရုပ်မြင်သံကြားအတွက် သရုပ်ဆောင် ရွေးပွဲ အပြီးမှာ အရွေးခံရတဲ့ ကလေးတွေ အကုန်လုံးကို ပရိုဂရမ်လေးတခုလုပ်မယ်ဆိုတာနဲ့ ၃၈ ဖြာ မင်္ဂလာအစီအစဉ်မှာ ပုံဝင်ပြောဖြစ်သွားတာပါ။ အဲဒီ တုန်းကဆို အသက် ၁၀ နှစ်၊ ၄ တန်း လောက်ပဲရှိပါသေးတယ်။ “ကျန်းမာဖို့ အတူကစားစို့” အစီအစဉ် မှာကျတော့ လသာ (၂) မှာ တက် နေတော့ ကျောင်းအနေနဲ့ အေရိုးဗစ်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်တာ ဆုရတယ်။ ဆုရတဲ့ ကျောင်းတွေ အနေနဲ့ မြန်မာ့အသံ မှာရိုက်ရတော့ ပါဖြစ်သွားတာပါ။

မေး။     ။ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေမှာလည်း အကနဲ့ ပတ်သက်တဲ့ ဆုတွေ တော်တော်များများ ရထားတယ် ဆိုတာ သိရတယ်။ ဘယ်လိုဆုတွေ ရခဲ့ပါသလဲ။

ဖြေ။     ။ ငယ်ငယ်လေး ကတည်းက အကကို အရမ်းဝါသနာပါခဲ့တယ်။ မေမေက ၄ - ၅ နှစ် လောက် ကတည်းက အိမ်မှာ အကဆရာမ ခေါ်ပြီး မြန်မာအကကို အခြေခံကစ သင်ပေးခဲ့တယ်။ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ကိုတော့ အသက် ၉ နှစ်လောက်ကစပြီး ဝင်ပြိုင်တာပါ။ အသက် ၁၀ နှစ်လောက်မှာစပြီး ဆုရပါတယ်။ အခုဆိုရင် ရွှေတံဆိပ် ၃ ဆု၊ ငွေတံဆိပ် ၂ ဆုနဲ့ ကြေးတံဆိပ် ၁ ဆု ရထားပါတယ်။

မေး။     ။ မြန်မာ အကအပြင် Jenny ဆိုတဲ့ တချို့သီချင်းလေးတွေမှာ ခေတ်ပေါ် နိုင်ငံခြား အကကိုပါ Performance အနေနဲ့ သေသေချာချာ ကနိုင်တာ ကိုတွေ့ရတယ်။ မြန်မာအက က ခေတ်ပေါ် အကတွေ ကရာမှာ အထောက်အကူ ဖြစ်နိုင်ပါသလား။

ဖြေ။     ။ မြန်မာအက ကတော့ ခေါင်း၊ ခါး၊ ခြေ၊ လက် အစုံပါရတယ်လေ။ တချက်ကလေး လွဲလို့မရဘူး။ နည်းနည်း ပိုပြီး ခက်ခဲတယ်လို့ ထင်တယ်။ အလွယ်တကူနဲ့တော့ မရနိုင်ပါဘူး။ မြန်မာအကက ခက်တယ်ဆိုတော့ နိုင်ငံခြား အက တွေက လွယ်လားဆိုတော့လည်းမလွယ်ပါဘူး။ သူ့ဟာနဲ့ သူပါပဲ ။ ခက်တာချင်းကတော့ မကွာပါဘူး။ မြန်မာအကက အင်္ဂလိပ် အက ကတဲ့နေရာမှာ နည်းနည်းတော့ အထောက်အကူ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့  မြန်မာအကကို က ထား တော့ ခါးလေးတွေ ပျော့နေတာရှိမယ် နောက် ခေါင်းရဲ့ အနေအထားလေးတွေက အစပေါ့။ မြန်မာအကက ခုနကပြောခဲ့သလိုပဲ ခေါင်း၊ ခါး၊ ခြေ၊ လက် အကုန်ပါတယ်ဆိုတော့ အင်္ဂလိပ်အက ကတဲ့နေရာမှာသိပ်ပြီး တသီးတခြား  လုပ်နေစရာ၊ လေ့ကျင့်နေစရာမလိုဘူးပေါ့။ အဲဒါကြောင့် ညီမအမြင်ကတော့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

မေး။      ။ အခုလတ်တလော နာမည်ရလာတဲ့ အဆိုပိုင်းကိုလည်း ပြောပါဦး။

ဖြေ။      ။ Jenny အဆိုဘက်ကို လုပ်ဖြစ်သွားတယ်ဆိုတာက အဲဒီအချိန်တုန်းက အဖွဲ့တွေဖွဲ့ပြီး အခွေတွေ ထွက်ကြ တာ အရမ်းကို ခေတ်စားခဲ့တယ်လေ။ ၁၀ တန်းအောင်တော့ သူငယ်ချင်း နှစ်ယောက်ပေါင်းပြီး Jenny နဲ့ July ဆိုပြီး Witch ဆိုတဲ့ အဖွဲ့လေးတဖွဲ့ လုပ်ဖြစ်တယ်။ အစကတော့ အပျော်သဘောနဲ့ သူများလုပ်လို့ လိုက်လုပ်တဲ့ သဘောနဲ့ လုပ်ခဲ့တယ်။ တကယ် အနုပညာလောကကို ရောက်လာတဲ့ အခါကျတော့ ကြိုးစားချင်လာတယ်၊ အောင်မြင်ချင် လာတယ်။ ကိုယ်လုပ်တဲ့အလုပ် တခုက အရာထင်ရမယ်။ ဘယ်အလုပ်ကိုမဆို ဖြစ်ချင်တယ်ဆိုရင် ဖြစ်အောင်လုပ် ဖြစ်ကိုဖြစ်ရမယ် ဆိုတဲ့စိတ်နဲ့ လုပ်ဖြစ်လာခဲ့တာပါ။

မေး။     ။ Jenny ရဲ့ အနုပညာအပေါ် ခံယူချက်နဲ့အမြင်က ဘယ်လိုရှိလဲ။

ဖြေ။     ။ အနုပညာ ဆိုတာကတော့ လူတွေရဲ့စိတ်ကို ညှို့ယူ ဖမ်းစားနိုင်တဲ့ အရာလို့ထင်တယ်။ Jenny လည်း အနုပညာဆိုတာ ဘာလဲဆိုပြီး စမ်းသပ်ချင်လာတယ်၊ လုပ်ကြည့်ချင်လာတယ်၊ တကယ်လုပ်မိတဲ့ အခါမှာ ခက်ခဲ၊ နက်နဲတယ်ဆိုတာ သိလာရတယ်။ အဲဒါကြောင့် Jenny လုပ်နိုင်မယ့် အခြေအနေတခုအထိတော့ ကြိုးစား လုပ်သွား မယ်လို့ ခံယူထားတယ်။

မေး။     ။ Jenny ရဲ့ အနုပညာသက်တမ်း တလျှောက်မှာ ငယ်ငယ်လေးနဲ့ ဆုတွေရခဲ့ပြီး အခုလည်း အောင်မြင်မှု ရနေတယ်ဆိုတာ ဘာကြောင့်လို့ ထင်လဲ။

ဖြေ။     ။ ဘယ်လိုကြောင့်လဲ ဆိုရင် အဓိကကတော့ ကံ၊ ဉာဏ်၊ ဝီရိယပေါ့။ အဲဒီအပေါ်ကိုမှ ကိုယ်က ကြိုးစား အားထုတ်မှုဆိုတဲ့ အရာနဲ့ ထပ်ဖြည့်လိုက်တာပေါ့။ နောက်ပြီး Idea၊ သူများနည်းတူ သမားရိုးကျကြီး အတိုင်း သွားနေ လို့ မရဘူး။ အမြဲတမ်း ဆန်းသစ်တီထွင်မှုဆိုတာ ရှိရမယ်လို့ ထင်တယ်။ ဥပမာ - အကဆိုရင် ကိုယ့်ကို သင်ပေးတဲ့ ဆရာက ဒီကကွက် ဒီလိုကရမယ်ဆိုတဲ့ ပုံသေနည်းနဲ့ သင်ပေးသွားတယ်။ အဲဒါကိုမှ ကိုယ်က ကိုယ့်စိတ်ကူးနဲ့ ဆရာမ သင်ပေးထားတဲ့ မူလည်းမပျက် ထူးခြားမှုဆိုတာလည်း ရှိလာအောင် ဘယ်လိုအနေအထားနဲ့ လုပ်ယူလိုက်မယ်ဆိုရင် ဘာထူးခြားသွားမလဲဆိုတဲ့ အတွေးအခေါ်မျိုးကို အမြဲထားသင့်တယ်။ ဘယ်အလုပ်မဆို ထိုနည်းလည်းကောင်းပါပဲ။

မေး။     ။ Jenny ရဲ့ မိဘတွေရဲ့ ပံ့ပိုးမှုအပိုင်းနဲ့ အုပ်ထိန်းမှု အပိုင်းကို သိပါရစေ။

ဖြေ။     ။ မိဘတွေ အနေနဲ့ကတော့ Jenny ငယ်ငယ်လေးကတည်းက လုပ်ချင်တဲ့ အရာမှန်သမျှကို ပုံပေါ်လာအောင် အကောင်အထည် ဖေါ်ပေးတယ်။ စိတ်ရောကိုယ်ပါ ဝိုင်းဝန်း လုပ်ဆောင်ပေးပါတယ်။ မေမေဆိုရင်လည်း သွားမယ့် နေရာတိုင်းကို လိုက်ပြီး ငွေအား၊ လူအား အကုန်ဘက်စုံ လိုလေးသေးမရှိအောင် လုပ်ပေးကြတော့ ကြိုးစားမှု အပိုင်း သာ Jenny ရဲ့တာဝန်ပါပဲ။

Comments (7)Add Comment
0
အော်
written by soe, February 26, 2010
ဗမာ တဲ့  လူ ပုံေ၇ာ နာမည်ေ၇ာ smilies/cry.gif
0
...
written by Truth, September 15, 2009
မြန်မာ ဆန်ဆန် အ၀က်အစားနဲ့ ပဲဖြစ်ဖြစ်၊ မြန်မာအက ၀က်စုံလေးနဲ့ ပဲဖြစ်ဖြစ် ၀တ်ပြီး ရိုက်ထားတဲ့ ဓါတ်ပုံလေးနဲ့ 
သာဆိုရင် ဒီ အင်တာဗျူးဟာ ပိုပြီး ကျက်သရေ ရှိသွားနိုင်တယ်။
0
ur biggest fan
written by arsati, September 10, 2009
you are the most beautiful i have ever seen in sanchaung.
0
I saw her in the class of Diploma in Social Work in Yangon University at last year.
written by old student, September 08, 2009
She is nice and attractive girl. She attended the class of Social Work which taught by Department law and Department of Psychology. So,I mean she is clever too.
0
အားပေးနေပါတယ်
written by နေမျိုး, September 08, 2009
smilies/wink.gif
အားပေးေ နပါတယ်။ ဘာမှ အပြစ်ပြောစရာ မရှိပါဘူး။ အရင်ကတော့ ဂျေးနီ အဲလိုကြိုးစားတာေ တွကို မသိပါဘူး။ အခုခေတ် အဆိုတော်ဆိုပြီး အထင်သေးခဲ့မိ ပါသေးတယ်။ ဂျေးနီ ငယ်ငယ်လေး ကတည်းကကြိုးစား ခဲ့တာ တွေက
အများကြီးပဲ့ ပိုပြီး ချီးကျူးမိတာက မြန်မာ့ရိုးရာ အက အတတ်ပညာကို သေချာ သင်ပြီးပြိုင်ပွဲ တွေပါဝင် ယှဉ်ပြိုင်ခဲ့တာ
တွေဟာလည်း အရမ်းကို ဂုဏ်ယူစရာ ကောင်းလှပါတယ်။ ဒီထက်မက တိုးတက်ပါစေလို့ ဆုတောင်းပေးပါတယ်။
0
အားပေးတယ်
written by anaggha, September 07, 2009
ဟုတ်တယ်ဗျ..ဂျန်နီ တစ်ယောက် ကတာ သိပ်ကြည့်လို့ ကောင်း..မျက်နှာလေးနဲ့ အပြုံးကလည်း ကလေး ဆန်တယ်လေ၊ အားကျစရာ သိပ်ကောင်းတယ်၊ ငယ်ငယ် ရွယ်ရွယ်နဲ့ ကျိုးစားကြတာ၊ ပြီး..သူက တချို့ ခေတ်ပေါ်မလေးတွေလို ဟိုဟိုဒီဒီ မြင်မကောင်းအောင် ပေါ်တဲ့ အ၀တ်အစား ၀တ်တာလည်း မတွေ့ရဘူး၊ ကြာပါတယ်ကွာ ဆိုတဲ့ သီချင်းမှာ သူဆိုတာရော အမူအရာ လုပ်တာလေးရော သိပ် ကြည့်ကောင်းပါတယ်၊ ခါးလေး ထောက်လိုက်၊ ဟိုဘက် ဒီဘက် နည်းနည်းစီ ယိမ်းလိုက်ပေါ့..တကယ်မိုက်ပါတယ်၊
0
prosperity
written by Aung Mrin Soe, September 06, 2009
I am very proud of these new generations who are successful in their fields.It is very good for our country.Every country need their new generations who can take responsibilities of its future.We,elder people (need) have to help them as much as we can.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်