မြန်မာ-မြောက်ကိုးရီးယား ဆက်သွယ်မှု

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ရှိ နိုင်ငံတကာ အဆင့်မြင့်လေ့လာရေးကျောင်း (School of Advanced International Studies - SAIS) မှာ ဧပြီလ ၁၁ ရက်နေ့က “မြန်မာနှင့် ကိုရီးယား နှစ်နိုင်ငံ - အန္တရာယ်များနှင့် အခွင့်အလမ်းများ” (Myanmar and the two Koreas - Dangers and Opportunities) ဆွေးနွေးပွဲကို ကျင်းပသွားပါတယ်။ တက်ရောက်ဖို့ စာရင်းပေးသွင်းပြီးဖြစ်ပေမယ့် ကျန်းမာရေးကြောင့် မတက်ရောက်နိုင်ခဲ့ပါ။

အဲဒီ ဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေကို သူငယ်ချင်းတွေ ပြောပြတာရယ်။ အသံလွှင့်ဌာနတွေက ကြားတာရယ် ပေါင်းစပ်ပြီး ထောက်လှမ်းရေး ခန့်မှန်းခြေ (Intelligence Estimate) ရေးဆွဲကြည့်လိုက်တော့ ဦးဆောင်ဆွေးနွေးသူ (Penalists) တွေက ယခင် ကျနော်တို့ရှိစဉ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ချပေးခဲ့တဲ့ မဟာဗျူဟာ  (Strategy) အတိုင်း ဖြစ်နေတယ်လို့ သတိပြုမိပါတယ်။

ဦးဆောင်ဆွေးနွေးသူ အများစုဟာ တတိယအုပ်စု (Third Force) ဖွဲ့ဖို့ ပစ်မှတ်ရွေးစဉ်က ဒုတိယတန်းစား စည်းရုံးထားတဲ့ မြန်မာပညာတတ် ၂ ဦးနဲ့ တတိယတန်းစား  နိုင်ငံခြားသား ပညာရှင်တွေကို စာရင်းမှာ တွေ့ခဲ့ရတာကြောင့် မြန်မာအစိုးရအတွက် စည်ရုံး (Lobby) လုပ်ပေးတဲ့ ပွဲလို့တောင် ပြောလို့ရမလိုဖြစ်နေပါတယ်။ တတိယအုပ်စုတွေအနေနဲ့ မြန်မာနိုင်ငံသားတွေ ကောင်းရာကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ တကယ်ပဲ ငါလုပ်နေသလားဆိုတာ အရင် ဆန်းစစ်ဖို့လိုပါတယ်။ ပညာရှိ သတိဖြစ်ခဲဖြစ်လို့ပါ။

စစ်အစိုးရဟာ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ ပြည်ပက Unocal (Chevron) အပါအဝင် နိုင်ငံခြားကုမ္ပဏီ ထောက်ပံ့ငွေတွေကို သွယ်ဝိုက်၍ တဖုံ ဗြောင်နည်းနဲ့တဖုံ ရယူခဲ့ပါတယ်။ အဲဒီနောက် ပစ်မှတ်ထားခံရတဲ့ လူတန်းစားတွေကို အသုံးချပြီး သံတမန်ရေးထိုးစစ် (Offensive Diplomacy) မဟာဗျူဟာချ တိုက်ပွဲဝင်ခဲ့တာပါ။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို လျှော့မတွက်မိဖို့တော့ တတိယအုပ်စုတွေကို သတိပေးချင်ပါတယ်။ ကျတော်တို့ကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လှည့်စားခြင်းကို ခံခဲ့ရတဲ့သူတွေဖြစ်လို့ နေတာပါ။

တိုင်းရင်းသား ငြိမ်းချမ်းရေးကိစ္စ၊ နိုင်ငံတကာ သံတမန်ရေးကိစ္စတွေမှာ လှည့်စားမှုတွေ အများကြီးလုပ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ လှည့်စားမှုတွေ လုပ်ခဲ့တာတွေ အနည်းငယ်တင်ပြလိုပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အမေရိကန်မကောင်းကြောင်း ပါးစပ်ကပြောနေပေမယ့် အမေရိကန်ရဲ့ ထောက်ခံမှုကို ဘယ်နည်းနဲ့မဆို ရယူလိုသူပါ။ တဖက်ကလည်း အမေရိကန်ရဲ့ထောက်ခံမှုကို ရနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ မနာလိုဝန်တိုမှုတွေ များခဲ့သူတယောက်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ထိုးနှက်ဖို့လည်း အမြဲတမ်း ကြံစည်နေသူပါ။

တာဝန်ထမ်းဆောင်စဉ်က ကျနော်တို့အနေနဲ့ နိုင်ငံတကာမှာရှိနေကြတဲ့ သံတမန်များ၊ ပညာရှင်များ၊ နိုင်ငံရေးသမားများနဲ့ ဆက်ဆံပြောဆိုတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်း ဘယ်သောအခါမှ မပြောမိဖို့ သတိထားကြရပါတယ်။ အလားတူ အစိုးရကောင်းကြောင်းကိုလည်း ဘယ်တော့မှ မပြောပါ။ ဒါကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမေရိကန်အစိုးရအပေါ် ထားတဲ့ Maintain Policy အတိုင်း ဆောင်ရွက်ရတာပါ။
၂၀၀၃ ခုနှစ်က မြောက်ကိုးရီးယား-မြန်မာ လျှို့ဝှက်ဆက်သွယ်တာကို သိသွားလို့ အမေရိကန် အထက်လွှတ်တော် အမတ်တဦးက မေးတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဗြောင်လိမ်ခိုင်းထားတဲ့အတိုင်း အဲဒီတုန်းက သံအမတ်ကြီး ဦးလင်းမြိုင်ကိုယ်တိုင် အမတ်မင်းရုံးခန်းမှာ “မဟုတ်ပါဘူး” လို့ ကျနော့်ရှေ့တင် လိမ်ခဲ့ရတာ မျက်မြင်ပါ။ ဒါ့အပြင် အမေရိကန်အစိုးရက ပိုမိုခိုင်မာအောင် မဆက်သွယ်ပါဘူးဆိုတာကို တရားဝင် စာတောင်းတော့လည်း နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်ကို တရားဝင်စာနဲ့ ဗြောင်လိမ်ခိုင်းခဲ့တာတွေဟာ ငြင်းလို့မရပါဘူး။ အခုလည်း တတိယအုပ်စုတွေအနေနဲ့ မြန်မာ-မြောက်ကိုးရီးယား နျူကလီးယား အပါဝင် စစ်ရေးပူးပေါင်းမှုတွေကို မဟုတ်သယောင်ယောင် အသံပေးနေတာ တွေ့ရတော့ သူခိုးကို ဓားရိုးမကမ်းမိဖို့ သတိပေးချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး အိပ်မက်ဟာ ကျနော်တို့ရှိစဉ်ကတည်းက ကြားနေရတာပါ။  မြောက်ကိုးရီးယားလို နျူကလီးယားလက်နက် ပိုင်ဆိုင်ရင် ဘယ်သူကိုမှ ဂရုစိုက်စရာမလိုဘူးဆိုတာ အမြဲတမ်း ကြားနေရတဲ့ စကားပါ။ အဲဒီတုန်းကတော့ ငွေမရှိလို့ စိတ်ကူးပဲ ယဉ်ခဲ့ရတာပါ။ သဘာဝဓာတ်ငွေ့က ငွေတွေလည်းရရော ဒီအိပ်မက်ကို အကောင်ထည်ဖော်ဖို့ ကြိုးစားတော့တာပါပဲ။ ဗိုလ်မှူးစိုင်းသိန်းဝင်းတို့အဖွဲ့တွေဟာ ဒီအတွက် အစောပိုင်းကတည်းက စီမံချက်နဲ့ မွေးထားသူတွေပါ။

ကျနော်တို့ရှိစဉ်က ရုရှားနဲ့လျှို့ဝှက်လုပ်တာ ဒီကိစ္စ ပေါ်သွားတော့ နိုင်ငံခြားရေး ဒု ဝန်ကြီး ဦးခင်မောင်ဝင်းကို ခေါ်ပြီး ကျန်းမာရေးနဲ့ လျှပ်စစ်ဓာတ်အားအတွက်ပါဆိုပြီး နိုင်ငံတကာကို ဗြောင်လိမ်ခိုင်းခဲ့တာပါ။ နောက်ပိုင်း ရုရှားနဲ့အဆင်မပြေဖြစ်ပြီးနောက် မြောက်ကိုးရီးယားဆီက နျူကလီးယားနည်းပညာရဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ၂၀၀၈ ခုနှစ်ထဲမှာ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဒု ဗိုလ်ချုပ်ကြီး တင်အေးတို့ကို လွှတ်ပြီး ညှိနှိုင်းခဲ့ပါတယ်။

၂၀၀၉ ခုနှစ် အစောပိုင်းမှာ  ဗိုလ်ချုပ်ကြီးရွှေမန်းရဲ့ မြောက်ကိုးရီးယားခရီးစဉ် အစီရင်ခံစာပေါက်ကြားပြီး ဟိုးလေးတကြော် ဖြစ်သွားတော့ သူတို့ အရှိန်အနည်းငယ် သတ်ခဲ့ကြတယ်။ နောက်ပိုင်း ဗိုလ်မှူး စိုင်းသိန်းဝင်းက အထောက်ထားတွေနဲ့ ပြည်ပကို ထွက်လာတော့ လုံးဝဖုံးဖိလို့မရတဲ့ အခြေအနေဆိုက်ခဲ့ရတယ်။ ၂၀၁၀ ပြည့်နှစ်အတွင်း မြောက်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံလာဖို့ ဖိတ်ခေါ်ပြီး စစ်ရေးဆိုင်ရာနဲ့ နျူကလီးယားကိစ္စတွေကို ထိပ်တန်းလျှို့ဝှက် သတ်မှတ်ပြီး နည်းလမ်းအသစ်တွေနဲ့လုပ်ဖို့ ညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။

ကျနော်တင်ပြချင်တာက တတိယအုပ်စုတွေအနေနဲ့ မြန်မာအစိုးရနဲ့ပတ်သက်လို့ တခြားကိစ္စတွေထက် မြန်မာ-မြောက်ကိုးရီးယား နျူကလီးယားအပါဝင် စစ်ရေးပူးပေါင်းမှုကို မြန်မာနိုင်ငံသားများအကျိုး ရှေးရှုပြီး အစိုးရဘက်ကနေ မလိမ်ညာပေးဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်။ ဗိုလ်မှူး စိုင်းသိန်းဝင်း မမှန်တာ၊ ချဲ့ကားပြောတာ လုံးဝမရှိပါ။ တကယ် မြန်မာနိုင်ငံအတွက် ကျရောက်လာမည့် ဘေးအန္တရာယ်ကြီးတခုကို ကိုယ်ကျိုးစွန့်ပြီး ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရအနေနဲ့ ခဏငြိမ်နေတဲ့ သဘောဆိုတာကို မမေ့ဖို့ သတိပေးချင်ပါတယ်။ အခု SAIS ဆွေးနွေးပွဲဟာ အမေရိကန်နဲ့ နိုင်ငံတကာကို သွေးတိုးစမ်းတဲ့သဘော ဖြစ်ပါတယ်။ လျှို့ဝှက်ဆက်သွယ်မှုတွေ ရှိနေဆဲပါ။ အတည်ပြုနိုင်တဲ့နေ့မှာ ကျနော်ထုတ်ပြောပါမယ်။ လက်ရှိအနေထားမှာ ဗိုလ်ချုပ်မှူးကြီးရဲ့ သြဇာတည်ရှိနေဆဲပါ။ လမ်းပြမြေပုံ (၇) ဆင့်ပြီးသွားပေမယ့် သူလိုချင်တဲ့ အသိမှတ်ပြုမှုကို ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက မရသေးလို့ နည်းပေါင်းစုံနဲ့ ကြိုးစားခိုင်းနေပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကို ပစ်မှတ်ထားပါတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့် မွေးမြူခဲ့တဲ့ တတိယအုပ်စုဝင် ပစ်မှတ်တွေကို ပြန်လည်ချဉ်းကပ်ခိုင်းနေတယ်ဆိုတဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။

တတိယအုပ်စုလို့ ကိုယ်ကိုကိုယ် ခံယူထားသူများအနေဖြင့် ဘယ်လိုနည်းနဲ့ပဲ ထောက်ပံ့ငွေများ ရသည်ဖြစ်စေ ပြည်သူလူထုအကျိုးကို ရှေးရှုစေလိုပါတယ်။ အစိုးရက ဘယ်လိုနည်းနဲ့ ထောက်ပံ့သည်ဖြစ်စေ ပြည်သူလူထုငွေဆိုတာကို မမေ့ဖို့လိုပါတယ်။ ဒါကြောင့် အစိုးရနဲ့ ဒီမိုကရေစီ အင်အားစုတွေကြားမှာ နိုင်ငံကောင်းကျိုးကို ဦးထိပ်ပန်ဆင်ပြီး မျှမျှတတ ဘက်မလိုက်ဖို့ လိုပါတယ်။ အစိုးရဘက်က ရှေ့နေမလိုက်မိဖို့ပါ။ သတိပြုပါ။ တချိန်က ကျနော်တို့ကိုယ်တိုင် တတိယ အုပ်စုတွေကို ထိတွေ့ဆက်ဆံ ကိုင်တွယ်ခဲ့ဖူးလို့ သတိပေးတာပါ။ နောက်ဆုံး သတိပေးချင်တာကတော့ ပညာရှိများ ငွေအတွက် မဟုတ်ဘဲ တိုင်းပြည်အတွက်လို့ ယုံယုံကြည်ကြည် လုပ်မယ်ဆိုရင် မြန်မာအစိုးရရဲ့ လှည့်စားမှုတွေကို ပညာရှိများ မခံရအောင် လုပ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။     ။
Comments (7)Add Comment
0
ရှုပ်ထွေးတဲံ့လှည့် ကွက်..
written by ထွန်းကျော်, September 16, 2011
ဦးသန်းရျွှေရဲ့ အာဏာဟာ ယနေ့ တိုင် လွှမ်းမိုးမှုတွေ ရှိနေဆဲ.. ဆိုတာအ မှန်ပါပဲ။ြ ကားရသလောက်ကတော့ နူကလီးယားစီ မံကိန်း ဟာလွန်ခဲ့ တဲ့ နှစ်ပေါင်း(၃၀)ကျော် ဦးနေ၀င်းရဲ့  လမ်းစဉ်ခေ တ်က တည်းက စတင်ခဲ့တာလို့ လည်းကြားမိပါတယ်။ ဘယ်လို ပဲဖြစ်ပါစေ.ကျားကိုေ တာင်ပံတ တ်ပေးသလို မဖြစ်စေချင်ပါဘူး။
0
...
written by Tu Wen Fook, May 13, 2011
I appreciated very much to your remarks on Burmese 3rd forces. I myself a Burmese, we have no memory or regret to ourselves of being cheated many times by the military people from Ne Win era uptil now. You look at Khin Nyunt who graduated during 7-7-62 period, they promised that after joining the military they will fight back the militarism in Burma, it didn't materialise uptil now. Even Win Then who is now very very rich. You see, Burmese are opportunists, they know how to make friends to powerful people and use them for their benefits, not for the majority people. These Burmese military people must change their mentality totally by themselves by sacrifising themselves.
0
May Buddha bless Myanmar...
written by kane, May 12, 2011
I don't understand why these people are so rude, are they real human being? Why you guy are looking for one life rich? Don't you look for your next life if you are Buddhism government and people. but I don't understand why, they put the name of Myanmar is Buddhist country but government is really Buddhism? May I ask you ( the Junta and group ) Are you sure you are Buddhism? why you people are not looking for our nation and looking for your power is still be...? But I would like to tell you ( Junta & group ) that if you really love the our people ( about 60 million people ) you no need to use the gun you just use the love, and kind on people, people will be love you back too, that is the way Our Buddha teach us. As I think some of myanmar citizen too. May Buddha bless Myanmar, it's time to Change Myanmar, No matter me or Junta is right but what is right...
0
RE: သူတို့ဘယ်သူတွေလဲ??
written by Maung Ba, May 10, 2011
1. Tin Maung Maung Than, senior fellow and coordinator, editor, Institute of
Southeast Asian Studies (ISEAS) Working Papers; associate-editor,
Contemporary Southeast Asia, ISEAS

2. U Khin Zaw Win, consultant and author
0
သူတို့ဘယ်သူတွေလဲ??
written by phonekyaw, May 07, 2011
သူတို့က ဘယ်သူတွေလဲ။ တတိယ အင်အားစုဆိုတဲ့ လူတွေကို ပြောတာပါ။ အစည်းအဝေးတက်တဲ့ နာမည်တွေကို သိချင်ပါတယ်။ ဒါမှ လေ့လာသူတွေ ပိုပြီးသတိထားမိပါ။ ဖြစ်နိုင်ရင် နာမည်အတိအကျတပ် စေချင်ပါတယ် ဗိုလ်မှုးခင်ဗျား။
0
Thanks....
written by eel, May 06, 2011
Thanks to MR.AUNG LIN HTUT. Until now alot of peoples are Under Estimating regarding this Junta. Several times they are Deceived, cheated but no Memory. Many people are waiting for selling themselves,too. Very cheap. Anyway Good reminder.
0
Bravo!
written by Myo Thant, May 05, 2011
Bravo!!!

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်