အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ မကြာသေးခင်က တည်ထောင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ကြားမှာ ခမောက်ကိစ္စနဲ့ ပတ်သက်ပြီး စကားများနေကြလေရဲ့။
ဒီ ၂ ဖွဲ့က ခေါင်းဆောင်တွေဟာ လွန်ခဲ့တဲ့ လအနည်းငယ်အထိ NLD ဌာနချုပ်မှာ အတူရှိနေခဲ့ကြတာပါ။ သူတို့တွေ ဒီမိုကရေစီ အတွက် အတူ လှုပ်ရှားခဲ့ကြတယ်။ သူတို့ထဲက ထင်ရှားသူတွေ စစ်အစိုးရရဲ့ ထောင်သွင်းအကျဉ်းချမှုကို ခါးခါးသီးသီး ခံခဲ့ကြရတယ်။ သူတို့ဟာ ဒီမိုကရေစီတံခွန် စိုက်ခဲ့ကြသူတွေ ဖြစ်တယ်။
ခမောက်လို့ ပြောလိုက်ရင် ခမောက်ဆောင်းပြီး ပြုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြေးမြင်ကြမှာပါ။ ဒေါ်စုနဲ့ ခမောက်၊ ခမောက်နဲ့ NLD ၊ NLD နဲ့ မဲပြားပေါ်က ခမောက်ဘေးမှာ ကြက်ခြေခတ် ခြစ်ခဲ့ကြတဲ့ မဲဆန္ဒရှင်တွေ၊ ဒီပုံရိပ်တွေက မြန်မာ့ သမိုင်းကနေ ဘယ်သောအခါမှ ဖျောက်ဖျက်ပစ်လို့မရတဲ့ အရာတွေ ဖြစ်ပါတယ်။
“ခမောက်ဘေးမှာ ကြက်ခြေခတ်၊ အဲဒါ အောင်ပွဲမှတ်” ဆိုတာ မမေ့နိုင်တဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် ရွေးကောက်ပွဲ ကာလက ကြွေးကြော်သံ ဖြစ်ပါတယ်။ ဒီခမောက် သင်္ကေတနဲ့ပဲ NLD က ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ပွဲခံခဲ့တာ မို့ ခမောက်က သမိုင်းဝင် အမှတ်အသားပါ။ NLD က ခမောက်ကို ပိုင်ပါတယ်။
NDF က ဇွန်လမှာ ခမောက်သင်္ကေတ အမှတ်တံဆိပ်နဲ့ ပါတီကို မှတ်ပုံတင်တယ်။ ခမောက်ဆိုပေမယ့် NLD ခမောက်နဲ့ ချွတ်စွပ်တူတာတော့ မဟုတ်ပါဘူး။
ဒါကို NLD ထိပ်ပိုင်း ခေါင်းဆောင်တွေက NDF ဟာ သူတို့ရဲ့ အမှတ်သင်္ကေတကို “ခိုးယူတယ်” လို့ ပြောပါတယ်။
NLD နဲ့ NDF ခေါင်းဆောင်တွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တဦးနဲ့တဦး အပြန်အလှန် ပြောကြတာတွေကို ကြည့်ရအောင်ပါ။
ဦးဉာဏ်ဝင်း (NLD ပြောရေးဆိုခွင့်ရှိသူ) ။ ။ သူတို့ပါတီ အမှတ်သင်္ကေတက ကျနော်တို့ဟာကို တုထားတာ။
ဦးခင်မောင်ဆွေ (NDF ကို ဦးဆောင် တည်ထောင်သူ) ။ ။ ခမောက်က NLD ရဲ့ ကိုယ်ပိုင်ပစ္စည်းမဟုတ်သလို NLD အတွက် မူပိုင် လုပ်ထားတာလည်း မဟုတ်ပါဘူး။
ဦးဉာဏ်ဝင်း ။ ။ ခမောက်ဟာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ရဲ့ သင်္ကေတ၊ ဒါကို ယူသုံးတာ၊ ထင်ယောင် ထင်မှား ပြုလုပ်တာဟာ အတုအပ ပြုလုပ်တာပဲ၊ ဥပဒေအရကို ငြိစွန်းတယ် ၊ ဒါ့ကြောင့် တရားဝင် ကန့်ကွက်ရခြင်း ဖြစ်ပါတယ်။
ဦးခင်မောင်ဆွေ ။ ။ NLD ကို တုပခြင်း မပြုသလို ဂုဏ်ဆောင်ခြင်းလည်း မပြုလုပ်ရပါ။ သီးခြား အမှတ် တံဆိပ်ဖြစ်ပါတယ်။ အခု တံဆိပ်ရဲ့ ခမောက်ပေါ်မှာလည်း ကြယ် ၂ လုံးပါပြီး ၁၉၉၀ ခုနှစ်မှာ အသုံးပြုခဲ့သော ခမောက်တံဆိပ်မှာ ကြယ်မပါပါဘူး။
ဦးအုန်းကြိုင် (NLD ဗဟိုအလုပ်အမှုဆောင်) ။ ။ NDF တံဆိပ်က ကြယ် ၂ လုံးအောက်မှာ ခမောက်ပါတဲ့ တံဆိပ်ပါ။ ဒါပေမယ့် ခမောက်က ခမောက်ပဲလေ။ ပြီးတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ခမောက်က အားလုံးအသိအမှတ်ပြုခဲ့ကြတဲ့ NLD ရဲ့ ကိုယ်ပိုင် အမှတ်အသား ဖြစ်ပါတယ်။
ဒေါက်တာ သန်းငြိမ်း (NDF ခေါင်းဆောင်) ။ ။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD အနေနဲ့ ခမောက်ကို ပါတီ အမှတ်သင်္ကေတ အဖြစ် ရွေးဖို့ ဦးခင်မောင်ဆွေက အကြံပြုခဲ့တာပါ။
ဦးဉာဏ်ဝင်း ။ ။ NDF ကို ခမောက်တံဆိပ် သုံးခွင့် မပေးဖို့ ကျနော်တို့ ရွေးကောက်ပွဲကော်မရှင်ရုံးကို စာတင်ထားပါတယ်။
ဒေါက်တာ သန်းငြိမ်း ။ ။ ကျနော်တို့ ကတော့ ကော်မရှင်ဥပဒေအရ တင်ခွင့်ရှိတယ်လို့ ယူဆလို့ တင်တာပဲ ၊ သူတို့က လည်းပဲ သူတို့ ကန့်ကွက်လို့ရတယ် ထင်လို့ ကန့်ကွက်တာပဲလေ ၊ ဒါကို ဆုံးဖြတ်မှာက ကော်မရှင်က ဆုံးဖြတ်ရမှာပါ။
မိတ်ဆွေဟောင်းတွေက အချင်းချင်း တိုက်ပွဲဆင်နေကြပြီး ဘုံရန်သူကတော့ တရားသူကြီးနဲ့ ခုံသမာဓိအဖွဲ့ ဖြစ်နေပါပြီ။
ခမောက်နဲ့ပတ်သက်ပြီး စကားများနေကြပေမယ့် တကယ်က ခမောက်ကိစ္စ မဟုတ်ပါဘူး။ စစ်အစိုးရက ကျင်းပမယ့် ရွေးကောက်ပွဲကို ၀င်ရေး မ၀င်ရေးဆိုတဲ့ အပေါ်မှာ ရှုမြင်ပုံနဲ့ ဒီအပေါ်မှာထားတဲ့ နိုင်ငံရေးသဘောထားက ခမောက်ပြဿနာရဲ့ အရင်းခံပါ။ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးဟာ NLD က ရွေးကောက်ပွဲမ၀င်ဘူး၊ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ဘူးလို့ မဲခွဲ မဆုံးဖြတ်ခင် ပါတီတွင်းမှာ ဂိုဏ်းဂဏကွဲစေခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။
ရွေးကောက်ပွဲ မ၀င်ရေးအုပ်စုက ရွေးကောက်ပွဲ ဥပဒေတွေက ဖိနှိပ်ချုပ်ချယ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ရွေးကောက်ပွဲကနေ ဖယ်ထုတ်ထားတာမို့ လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီနည်းမကျဘူး၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးရမယ် စတဲ့ သဘောထားတွေကို ကိုင်စွဲကြတယ်။
အခြားတဘက်ကတော့ ရွေးကောက်ပွဲဟာ တကယ်တမ်း ဒီမိုကရေစီနည်းကျ ဖြစ်မှာမဟုတ်ဘူးဆိုတာကို နားလည်ပေမယ့် ရွေးကောက်ပွဲကို အနာဂတ်လွှတ်တော်မှာ ဒီမိုကရေစီ အခင်းအကျင်း ဖန်တီးနိုင်ဖို့ အခွင့်အလမ်းတခုအနေနဲ့ မြင်ကြတယ်။ NDF အဖွဲ့ဝင်တွေက အဲဒီလို မြင်တဲ့သူတွေထဲမှာ ပါတယ်။
ရလဒ်ကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး NLD ကွဲတယ်။ တခြား ဒီမိုကရေစီအင်အားစုတွေလည်း ကွဲကြတယ်။ ကြည့်ရတာ အတိုက်အခံအတွက် အဆိုးဆုံး ရန်သူက အတိုက်အခံထဲက သူတို့နဲ့ သဘောထားချင်းမတူတဲ့ အင်အားစုတွေလို ဖြစ်နေတယ်။ စစ်အစိုးရကတော့ အခုလို အတိုက်အခံရဲ့ ရုပ်ပျက်ဆင်းပျက်အဖြစ်ကို အရသာ တွေ့နေတော့မှာပဲ။
ပြည်သူတွေ တကယ်မြင်လိုတာက စစ်အစိုးကို ထိထိရောက်ရောက် တုံ့ပြန်နိုင်မယ့် စုစည်းတဲ့ ဒီမိုကရေစီ အတိုက်အခံ အင်အားစုပါ။
ဒါပေမယ့် ခမောက်ပြဿနာက ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ အတိုက်အခံအင်အားစုရဲ့ မညီညွတ်မှုကိုပြတဲ့ လက္ခဏာပါပဲ။
A Fight over a Bamboo Hat by Kyaw Zwa Moe ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါတယ်။
Comments (9)

written by သုံးသပ်သူ, July 21, 2010
စစ်တပ်မာ အမြင် ကွဲလွဲဒါတွေ ရှိပေမယ့်လို့ သေနတ်လေး ထောင်လိုက်ယင် ခေါင်းငြုံ ကရတာဘဲ ... ဒါကြောင့် စစ်အစိုးရတွေ စည်းလုံးတယ် ဘာညာ ပြောကြတာပေါ့။
ပါတီတြွေ ကတော့ မတူဘူး လုံးလုံး ကွဲတယ် ... မကြိုက်ရင် ထွက် အမြင်တူသူတွေ အချင်းချင်း ဂိုဏ်းဂနကွဲတွေ ထောင် ဒီထဲကမှ ထပ်ပြီး အမြင်ကွဲတဲ့ သူတွေက ထပ်ပြီး ပါတီ ကွဲတွေ ခွဲထွက် ... ဒါတွေကြောင့် မစည်းလုံးကြဘူး လို့ပြောကြတာလေ။
ပြည်သူတွေအနေနဲ့ ကိုယ်ဖိရင်ဖိ လိုက်ချင် စိတ်ရှိဖို့ ပါတီကော င်းကောင်းတစ်ခု လိုကိုလိုအပ်တ ယ်လို့မြင်တယ် ဒါမှ
လည်း freedom ဆိုတာကို သတ် ပုံမှန်မှန်လေး ရေးနိုင်မှာ ဖြစ်တယ် ... ပြောချင်တာကတော့ ၂၀၁၀ မှာ ဖြစ်ရမယ် ဘယ်နှစ်ခုနစ်မှာ ဖြစ်ရမယ်ဆိုပြီး တွန်းနေဖို့အစား ပြည်သူတွေ အားကိုးလော က်တဲ့ ပါတီကော င်းကောင်း တစ်ခု
ထည်ထောင်ဖြစ်ဖို့က မြန်မာနိုင်ငံတွက် နှင်းခွဲမီး ဘဲ ဖြစ်တယ်။
သုံးသပ်သူ

written by မောင်ပြည်သူ, July 21, 2010
မြန်မာ ပြည် သူတစ် ရပ်လုံးလူ တိုင်းလူတိုင်းအမျိုး သားေ ရး အ သိနှင့်နိုင်ငံရေး သတိ ရှိနေကြပါက ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အ လံသ င်္ကေတအ စွဲများ ရှိစရာမလိုပါ။လူတ စ်ဦး၊အဖွဲ့အ စည်းတ စ်ခုေ ကာင်း မေ ကာင်းကိုပြည်သူတစ်ရပ် လုံးကသာဆုံးဖြ တ်ချက်ပေးသွားမည် သာဖြစ် သည်။ယခုခ က်နေသည်ကအများစုပြ ည်သူမှာ အြေ ကာ က်တရားလွှမ်းမိုး ထား၍သော်လည်းကောင်း၊စားဝတ်နေေ ရးဦးစားပေးနေ ရခြင်းသော်လည်းကောင်း၊ နှစ်ပေါင်းများစွာ အစိုးရ၏ ဘက်ပေါင်းစုံ နိုင်ငံရေး အသိ အမှောင်ချထားခြင်း ကြောင့်သော် လည်းကောင်း ယောင်ဝါးဝါး ဖြစ်နေသည့် အချိန်ဖြစ်သည်။ ထို့ကြောင်း နိုင်ငံရေး အင်အား စုများကို ပန်ကြား လိုသည်မှာ ရွေးကောက်ပွဲဝင် အနိုင်ရရေး ဦးတည်ချက် အစစ်မှာလက်ရှိ အစိုးရထ က်ပြည်သူလူထု အကျိုးကို ဆပိုး သယ်ပိုး လိုခြင်းသာ ဖြစ်သင့်ပါသည်။ ၁၉၉၀ ရွေးကောက်ပွဲ အခြေ အနေနှင့် ယခု အခြေအနေ လုံးဝ မတူသည်ကို သတိထားကြ ရန် လိုပေသည်။ ၉၀ကနိုင်ငံရေး ပါတီအများစုကစ ည်းရုံး ညီ ညွတ်မှု ရှိကြပြီးပြ ည်သူလူထုစိတ် ထဲတွင်လည်း မ ဆ လ ဆ န့်ကျင် ရေးပူပူ နွေးနွေးဖြစ် ထားေ သာကြောင့် မဆ လက လွဲအခြားပါတီကို ရွေးရန် စိတ်ဓာတ် ၉၀ရာခိုင်နှုန်း ခန့်ရှိပြီး ထိုစဉ်က NLDနှင့်ပါတီ ထိပ်ပို င်းခေါင်းဆောင်များ၏ မှန်က န်ရိုး သားသောလုပ်ရပ်ကြောင့်NLDမဲအ များဆုံးရရှိ အောင်ပွဲခံခဲ့ခြ င်းဖြ စ်သည်။ ယခုခေတ် ကာလ တွင်ပြည်သူရွေးချယ်မှု၊ န၀တ၏ လှည့်စား မှုကြားရလဒ် မည်သို့ဖြစ်လာမည်ကို ခန့်မှန်း မရပါ။ အချုပ် ဆိုရလျှင်ြ ပည်သူ့ အကျိုး ရှေးရှု၍ အတို က်အခံ ပါတီများ ယခု အချိန်တွင် ဆောင်ရွက် သင့်သ ည်မှာ အများပြည်သူကြား အမျိုးသားရေး အသိ၊ နိုင်ငံရေး သတိ ရှိကြစေရန် ဆော်သြ စည်းရုံးရ န်ဖြစ်သည်။ အချင်းချင်း သင့်သင့်မြ တ်မြတ် စည်းစည်း ရုံးရုံးနှင့် ရည်မှန်းချက် ပန်းတိုင်သို့ တစိုက်မတ်မတ် ချီတက်ကြရန်သာ ဖြစ်သည်။ ရွေးချယ်မှု အာဏာ ကြို ပည်သူကိုသာ ပေးအပ်လိုက်ပါ။ မှန်မှန် ကန်ကန်သာ ရွေးချယ်ခွင့်ပေးလျှင်ြ ပည်သူလူထု မျှော်ကိုးသော အစိုးရ သစ်တစ်ရပ် ပေါ်ထွန်းလာမည်မှာ မလွဲပေ။
written by Myat Min, July 20, 2010
စည်းလုံးမှုရှိရင် အပြင်ရန် ဘယ်လောက်ြ ကီးကြီးများများ ကြောက်စရာ မလိုဘူး။ စစ်တပ်ကြို ကည့်ရင် သူတို့က အချင်းချင်း အရမ်း စည်းလုံးတယ်။
သူတို့ရဲ့ စည်းလုံးမှုကြောင့် နှစ်ပေါင်းများစွာ အတိုက်ခံ ပါတီတွေ၊ ပြည်တွင်ြး ပည်ပဖိအားတွေ အမျိုးမျိုး ပေးပေမဲ့ အေးဆေးပဲ။ ပန်းပန်လျက်ဘဲ။
လက်နက်ကိုင် အဖွဲ့စည်းတွေ၊ ပါတီတွေ(ဥပမာ - NLD)ကျပြန်တော့ တဖွဲ့ပြီး တဖွဲ့ အလဲလဲ၊ အကွဲကွဲ၊ အပြဲပြဲေ တွဖြစ် ကုန်ကြ တယ်။
ဘာကြောင့်လဲ ဆိုတော့ တဦးနဲ့တဦး လေးစားမှု၊ အမိန့်နာခံမှု၊ ရိုသေမှု၊ စည်းလုံးမှု မရှိလို့ဘဲ။ အဖွဲ့စည်းတွေ၊ ပါတီတွေက သူတို့ရဲ့ ဟာကွက် အားနည်းချက်ကို မမြင်ကြဘူး။(

စစ်အစိုးရက အဲဒီအားနည်းချက် ပျော့ကွက်ကို သိတယ်၊ြ မင်တယ်။ အဲဒီအခါမှာ မက်လုံး တချို့နဲ့အတူ သွေးခွဲ စကားလေး တွေ ထည့်ပေးလိုက်တော့တာဘဲ။

အလွယ်ေ လးဘဲ။ ရေတိမ် နစ်ကုန်ကြ တော့တယ်။ ဥပမာ ကိုးကန့် လက်နက်ကိုင် အဖွဲ့ အချင်းချင်း သတ်ဖြတ်မှု၊ ကရင်လူမျိုး အချင်းချင်း တိုက်ပွဲ၊ NLDနှင့် NDF ခမောက် လုပွဲ။
အားပေးချ င်တာက ရည်ရွက်ချက် တခု အတွက် စည်းလုံးပါ။ အချင်းချင်း လေးစားပြီး အမိန့်နာခံမှု ရှိပါ။ အတွင်းရန် မရှိဖို့ မေတ္တာ ရှေ့ထားပြီး လုပ်ဆောင်ကြပါ။
နိုင်ငံရေး လေ့လာသူတဦး

written byွှThurabhikkhu, July 20, 2010
မြန်မာပြည်က ဒီမိုကရေစီ သမား အများစုဟာ ဒီမိုကရေစီ အကြောင်း ပြောနေကြပေမဲ့ တကယ်တမ်းကြတော့ ကိုယ် အာဏာရဖို့ ဦးတည်နေကြတာပါ။ ဒါကြောင့် ဘာမဟုတ်တြဲ့ ပသနာလေးေ တွနဲ့ အခြင်းခြင်း စကားများ ရန်ဖြစ်နေကြတာပါ။ ခမောက် တံဆိပ် သုံးပီး ရွေးကောက်ပွဲ ဝင်လို့ သူတို့ နိုင်သွားခဲ့ယင် ဆိုတဲ့ အတွေး NLD လူကြီးတွေရဲ့ စိတ်ထဲမှာ ရှိနေပုံ ရပါတယ်။ ဒါကြောင့် ခမောက် တံဆိပ်ကို လုနေကြတာပါ။ တကယ်တမ်း တိုင်းပြည် ကောင်းစားရေး၊ တနည်း စစ်တပ် အုပ်ချုပ်မှုမှ လွတ်မြောက်ရေး ဦးတည်ပြီြး ကိုးစား နေကြတယ် ဆိုယင် အမှတ် တံဆိပ်နဲ့ စကား လုံးဝ မများသ င့်ပါဘူး။ တရား မျှတမှု မရှိဘူး ထင်လို့ ရွေးကောက်ပွဲ မဝင်လေ န.အ.ဖ က ကြိုက်လေဖြ စ်ပါလိမ့်မယ်။
တရားသည်ြ ဖစ်စေ၊ မတရားသည်ြ ဖစ်စေ ရွေးကောက်ပွဲ ဝင်ပီး ရသမျှ လွှတ်တော် အမတ်များနဲ့ လာမဲ့ အစိုးရ အဖွဲ့အစည်းမှာ ပါဝင် ဆောင်ရွက်ခွင့် ရယင် အကျိုး မယုတ်လောက်ပါဘူး။ (ရသမျှ အခွင့်ရေးယူပြီး ကိုယ်ကျိုး မဖက်ဘူး ဆိုလျှင်ပေါ့)
NLD အနေနဲ့ လည်း ပါတီ ခေါင်းဆောင်များ မပါဝင်လို့ ရွေးကောက်ပွဲ မဝင်တာ မှန်ကန်တဲ့ လုပ်ရပ်ပါပဲ။ သို့သော် ရွေးကောက်ပွဲ ဝင်သော NDF ကို အပြစ် မမြင်သင့်ပေ။ ဒီမိုကရေစီ သဘော တရား အရ သဘောထား ကွဲလွဲသင့်ပါသည်။
အချင်းချင်း စိတ်ဝမ်း ကွဲပြားမှုများ ဖယ်ရှားကာ ညီညွတ်စွာဖြင့် စစ်အုပ်ချုပ်ရေးကို
တော်လှန်ြ ကပါစို့........။
မှတ်ချက်။ ။ကျွန်ပ် NLD ပါတီဝင်တစ်ဦး ဖြစ်သည်။ NLD နှင့် NDF တို့ကို မဲပေးပါဆိုလျှင် ကြားနေမဲသာ ပေးပါမည်

written by wine, July 19, 2010
အင်း.. ပြောစရာကြီးကြို ဖစ်နေသလိုပဲ။ ဒါပေမယ့် စဉ်းစာြး ကည့်ပါ။ ကွဲစရာရှိလို့ ကွဲကြတာ မဆန်းပါဘူး။ ဘယ်အင်အားစုမဆို ကွဲစရာရှိ ကွဲကြတာ ချည်းပါ။ ကမ္ဘာမှာရော မြန်မာမှာရော ပြန်ကြည့်ြ ကည့်ပါ။ သမိုင်းတ စ်လျှောက် ရုန်းကန်မှုမျိုးစုံမှာလည်း ကွဲတာပါပဲ။ စစ်တပ်လ ည်းကွဲတာပဲ။ ဒါပေမယ့် အစိုးရလိုမျိုး အာဏာ လက်ကိုင်ရှိတဲ့ အဖွဲ့တွေကတော့ အလုပ်ဖြုတ်ပစ်တာ၊ အကျယ်ချုပ်ထားတာ၊ ထောင်ချပစ်တာ လိုမျိုးလုပ်လို့ ရတယ်။ ဒီလိုလုပ်တော့ အမြင်ကွဲ သူတွေကိုလည်း နှိမ်ပြီးဖြစ်သွားတယ်။ ဒီတော့ ကွဲတယ် ဆိုပေမယ့် မမြင်သာဘူး။ အရသာေ တွ့တယ် ဆိုတဲ့ စကားမှာလည်း နှစ်ဖက်ရှိသပေါ့။ ဗိုလ်ခင်ညွန့်တို့ ဗိုလ်ထွန်းကြည်တို့တုန်းကတော့ အတိုက်အခံတွေ အရသာတွြေ့ ကတယ်ထင်ပါတယ်။ အပြန်အ လှန်ပေါ့။
ဒီတော့ ကွဲတယ် ဆိုပြီး အပြစ်ချည်း မပြောပဲ ဘာကြောင့် ကွဲတာလည်း၊ ဘယ်လို ကွဲတာလည်း၊ စသည်ဖြင့် နောက်ခံ အကြောင်းအရာက ပိုအရေးပါတ ယ်ထင်တယ်။ တကယ်တမ်းမှာ ဘယ်သူက ဘာ၊ ဘယ်သူ မှန်တယ် ဘယ်သူ မှားတယ် ဆိုတာ ထင်ရှားဖို့ သိပ်မေ စာင့်ရပါဘူး။ အင်တာဗျူးတွေမှာ စကားပြောရင်း လုပ်ရင်းကိုင်ရင်း တဖြည်းဖြည်းေ ပ်ါလာ ပါလိမ့်မယ်။ ပြည်သူေ တွကတော့ စေတနာ အမှန်ကို မြင်တတ်မယ် ထင်တယ်။

written by aungsu, July 18, 2010
ဘုံရန်သူ ကိုတိုက်ကြပါ ကျွှန်တော်တိြု့ ပည်သူတွေက ခမောက်ကို ထောက်ခံနေတာ မဟုတ်ပါဘူး။ အောင်ဆန်းစုကြ ည်ကိုသာ မြတ်နိုး ချစ်ခင် ကြည်ညိုကြ တာပါ။
written by thanda win, July 17, 2010
အင်တာနက်ထဲမှာ မြန်မာပြည် အကြောင်း ဖတ်ရတာ စနေမ ယိမ်း ကနေသလိုပဲ။ ပြည်သူဆိုပြိဲး မျက်စိ တဖက်ကို အဖြူရောင် အုပ်ထားတဲ့ လူနဲ့၊ စစ်တပ်ဆိုပြိဲး မျက်စိ တဖက်ကို အမဲရောင် အုပ်ထားတဲ့လူနဲ့၊ ထွက်လာတဲ့ လေသံကတော့ တသံထဲပဲ၊ ငါနဲ့မတူ ငါ့ရန်သူတဲ့။ အခုမှ မဲပေးရမယ့် ကလေးတွေတော့ မျက်စိ တဖက်ကို ဘာ အရောင်နဲ့ အုပ်ရမလဲလို့ တော်တော် စဉ်းစားကြရမယ်။
written by မျိုးလွင်, July 17, 2010
နိုင်ငံရေး သမားများ ဒီမိုကရေစီ အတွက်၊ တရား မျှတမှု အတွက် တိုက်ပွဲဝင်ေ နကြပေမယ့် စည်းလုံး ညီညွတ်မှု မရှိကြဘူး၊ ဒါကြောင့် အောင်မြင်မှုကို အချိန်တိုတိုနဲ့ မလှမ်း နိုင်ကြဘူး။ စစ်အာဏာရှင်တွေ ဘက်က မိမိ အာဏာ တည်မြဲဖို့ အတွက်၊ ကိုယ်ကျိုး စီးပွားအတွက် ရှေ့တန်း တင်ပေမယ့် စစ်တပ်ဆိုတော့ စည်းလုံးမှု ရှိနေတယ် ဒါကြောင့် စစ်အာဏာရှင်တွေ ဘက်က အမြဲ အသာစီး ရနေတယ်။ အတွင်းထဲမှာ စည်းလုံးမှု ပျက်ပြား နေရင်တောင် အပြင် အရပ်သား မသိစေဘူး။ လိုက်လျောညီထွေ အလျှော့တင်းလေး လုပ်ပြီး ချက်ခြင်း ပြန် စုစည်းတယ် ဒါသူတို့ အားသာချက်ပဲ့၊ ဒီမိုကရေစီ ဘိုးတော်များကတော့ အသေးမွှားလေး ကိုလည်း ခွင့် မလွှတ်နိုင်ကြ၊ မညှိနှိုင်းကြ လျှော့ပေးတာ မရှိ၊ တင်းဖို့ချည်းပဲ့ ဖြစ်လိုက်ရင်လည်း ဟိုးလေးတကျော် ဒါကြောင့် အောင်မြင်မှု ပန်းတိုင်သည် ဝေး..ဝေး.. .. ဝေး. .. ...လျက်သာ ဝေးကွာေ နပါတော့သည်။
Write comment
| < Prev | Next > |
|---|

အဆာဟိလေးဆို သူနဲ့ လိုက်မှာဗျ