အောက်တိုဘာလ ၁၈ ရက်နေ့က နေပြည်တော်တွင် စတင်သည့် ၎င်း ပြိုင်ပွဲများ ကျင်းပမည့်နေရာ၊ အချိန်၊ ပြဇတ်အမည်များ အပါအ၀င်ပြိုင်ပွဲ သတင်းအချက်အလက်များ အသား ပေး ဖော်ပြထားသော အဆိုပါ သတင်းလွှာတွင် ယခုကဲ့သို့ “သားကောင်း ရတာနာ”ဟူ၍ ပြိုင်ပွဲဝင် ပြဇာတ်အမည် ပြောင်းလဲပါရှိသော ကြောင့် စစ်ဗိုလ်ချုပ်များစိတ်ဆိုး ဒေါသထွက်နေခြင်းဖြစ်သည်ဟု နေပြည်တော် ၀န်ထမ်း အသိုင်းအ၀ိုင်းကြား တွင် ပြောဆိုနေကြသည်။ယင်းသတင်းလွှာကို ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးစီးသော အဆို အက အရေး အတီး ပြိုင်ပွဲ ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးနှင့်လှုံ့ဆော်ရေး ဆပ်ကော်မတီက ဦးစီးထုတ်ဝေခြင်းဖြစ်ပြီး ပြိုင်ပွဲများအား လာရောက် ကြည့်ရှုသည့် စစ်ဗိုလ်ချုပ်များနှင့် ပရိသတ်များကို အခမဲ့ဝေငှခြင်းဖြစ်ကြောင်း သိရှိရသည်။
“သတင်းလွှာက အခမဲ့ဝေတာ၊ သားကောင်း ရတာနာ ဆိုတဲ့ အရေးအသားပါလာတော့ ဗိုလ်ချုပ်တွေနဲ့ ၀န်ထမ်း အသိုင်းအ၀ိုင်းမှာ တော်တော် ဂယက်ရိုက်သွားတယ်”ဟု နေပြည်တော် အလုပ်သမားဝန်ကြီးဌာန မှ အရာရှိ တဦးက ပြောသည်။
တပ်မတော်သားများကို “သားကောင်းရတနာ” အစား “သားကောင်းရတာနာ” ဟု ဖော်ပြခြင်းသည် မှားယွင်း ရေးသားခြင်းဖြစ်နိုင်သော်လည်း သတင်းလွှာ ထုတ်ဝေကြသည့် အစိုးရ၀န်ထမ်းများ အရေးယူခံရဖွယ် ရှိ သည်ဟုလည်း ၀န်ထမ်းများအကြား ပြောဆိုနေကြသည်။
“သားကောင်း ရတာနာ လို့ မှားရေးမိတာလား၊ တမင်ရေးတာလားဆိုတာတော့ သတင်းလွှာထုတ်တဲ့ဝန်ထမ်း တွေပဲသိမှာပါ။ ဒါပေမယ့် ဒီရေးသားချက်ကြောင့် အရေးယူတာတွေဖြစ်လာနိုင်ပါတယ်၊ ဒါက ဗိုလ်ချုပ်တွေရဲ့ ဒေါသကို ဆွပေးသလိုဖြစ်သွားတယ်” ဟု နေပြည်တော်ဝန်ထမ်း တဦးက ပြောသည်။
လွန်ခဲ့သည့် ၁၉၉၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်ထုတ် ကြေးမုံ သတင်းစာ၌ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ဓာတ်ပုံ အထက်တွင် “ကမ္ဘာကျော် လူလိမ်ကြီးများ”ဟူသော စာလုံးများပါသည့် စာတန်းတခု မှား ယွင်း ပါရှိသွားသဖြင့် ယင်းသတင်းစာတိုက်မှ တာဝန်ရှိသူများဖြစ်သော ဦးလှဟန်နှင့် ဦးသာဝင်းတို့ ၂ ဦး သည် စစ်ကြောရေးစခန်းတွင် ခေါ်ယူစစ်ဆေးခံခဲ့ရာမှ ကွယ်လွန်သွားသည့်ဖြစ်ရပ်ရှိခဲ့ဖူးကြောင်း သိရသည်။
နေပြည်တော်တွင် ကျင်းပသည့် ယခု အဆို အက အရေး အတီး ပြိုင်ပွဲများကို စစ်အစိုးရဗိုလ်ချုပ်များအားလုံး မဖြစ်မနေ သွားရောက်ကြည့်ရှုရမည်ဟုညွှန်ကြားထားသကဲ့သို့ နေပြည်တော်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများကို လည်း မဖြစ်မနေလာရောက်ကြည့်ရှုရန် အမိန့်ထုတ်ထားသည့်အတွက်ဒေသခံများမှာ စိတ်ပါ သည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ သွားရောက်ကြည့်ရှုနေရသည်ဟုလည်း အထက်ပါ နေပြည်တော်ဝန်ထမ်း က ဆိုသည်။
စစ်အစိုးရက ယင်း အဆို အက အရေး အတီး ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပနေပြီး ယခုနှစ်ကျင်းပသောပြိုင်ပွဲ တွင် ၀င်ရောက် ယှဉ်ပြိုင်မည့်သူနည်းပါးသည့်အတွက် ယခင်နှစ်များက ပြိုင်ပွဲဝင်ဖူးသူများကို လိုက်လံရှာဖွေ ကာ ပြိုင်ပွဲဝင် ခိုင်းကြောင်း သိရှိရသည်။
ယခု ၁၇ ကြိမ်မြောက် အဆို အက အရေး အတီး ပြိုင်ပွဲများကို နေပြည်တော် ပျဉ်းမနား ဒေသရှိ စိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့် အမှတ် ၇ တည်းခိုရေးစခန်းများတွင် အောက်တိုဘာလ ၁၈ ရက်နေ့မှစတင်ပြီး ကျင်းပလျက်ရှိသည်။
Set as favorite
Bookmark
Email this
Hits: 64136
Comments (12)

written by CrawfordRACHEL, July 21, 2011
One knows that today's life is not very cheap, but different people require cash for different issues and not every one gets enough cash. So to get some business loans and sba loan will be good way out.
written by စောပရာကြော်, October 26, 2009
သိပ်တော်တဲ့ ထောပနာပဲဗျာ။ ရေးသား မြောက်စားတဲ့ လူတွေ ဘေးကင်းပါစေဗျာ။ အပြင်ကနေ မြောက်စားတဲ့ ထောပနာတွေကို သူတို့  မသိချင် ယောင်ဆောင်လို့  ရပေမယ့် အခုလိုကြတော့ သူတို့ ရဲ့  နှာခေါင်း ပွပွတွေ နီနေမှာတော့ မြင်ယောင်သေး သဗျို့ ။
written by yuyuwin2009, October 23, 2009
these world are write by good idea person who want to know all the millions of people who are living in golden Myanmar except that myanmar gov who kill monks, nuns and real martyrs.
written by Zero, October 23, 2009
ရ တာ နာ လို့  ရတာနာ လို့  ရေးတာ ဘဲ ချိတ်ချိုးတာ လဲ ဗိုလ် ချူပ် တွေ ရဲ့ ... ရတနာ လို့ ရေးတာ မှ wrong spelling ဖြစ်မှာ.. ဟွန့် .. ဒါပေမဲ့ တွေး တွေး ပြီး ရယ် ချင်တယ်.. ခွီး ခွီး ခွီး..
written by နီလာစိန်, October 22, 2009
အန်မတန်မှ ဂုဏ်ယူထိုက်တဲ့ အယ်ဒီတာပါ။
စစ်အစိုးရကို ဆန့်ကျင်တဲ့ နေရာမှာ ပုံစံမျိုးစုံနဲ့ ဆန့်ကျင်လို့ ရပါတယ်။
ဒီစာကလဲ ဆန့်ကျင်ကြောင်း ပြတဲ့ သဘောပါပဲ။
ဆဲမှ စစ်အစိုးရကို ဆန့်ကျင်တာ မဟုတ်ပါဘူး။
မိမိတတ်နိုင်တဲ့ အတိုင်းအတာ ထဲကနေ ပညာရှိ နည်းနဲ့ ထိုးနှက် လိုက်တာကို ဂုဏ်ယူ လေးစားပါတယ်။
ကျေးဇူးလဲ တင်ပါတယ်။
စစ်အစိုးရကို ဆန့်ကျင်တဲ့ နေရာမှာ ပုံစံမျိုးစုံနဲ့ ဆန့်ကျင်လို့ ရပါတယ်။
ဒီစာကလဲ ဆန့်ကျင်ကြောင်း ပြတဲ့ သဘောပါပဲ။
ဆဲမှ စစ်အစိုးရကို ဆန့်ကျင်တာ မဟုတ်ပါဘူး။
မိမိတတ်နိုင်တဲ့ အတိုင်းအတာ ထဲကနေ ပညာရှိ နည်းနဲ့ ထိုးနှက် လိုက်တာကို ဂုဏ်ယူ လေးစားပါတယ်။
ကျေးဇူးလဲ တင်ပါတယ်။
written by ဦးဇင်း, October 21, 2009
ရတနာ ဆိုတာ လောကအားဖြင့် မြင့်မြတ်သော အရာကို ခေါ်ဆိုကြသလို လောကုတ်တရာအားဖြင့် မြင့်မြတ်သော အသိအမြင် ခေါ်ဆိုကြတယ် အခု ရာတာနာ သားရတာကို နစ်နာတယ်လို့ သိရတယ် နားလည်ရတယ် နောက်ဆုံးပြော ဒီသား ရတာကို နာတယ် ဆိုတယ်။
written by Jeab, October 21, 2009
This is not the wrong spelling. That is absolutely right. May not be by the government staff. That spelling was changed by the GOD.
written by Ko J J, October 21, 2009
မီဒီယာကို မီဒီယာနဲ့ တိုက်မဲ့သူတွေ ဒီတခါတော့ ရတာ နာသွားရှာပြီ....
written by Hnin Nu, October 21, 2009
အော် .. သူတို့ အလှည့်ကျတော့ အဲသလောက်တောင် စိတ်တော် ဆိုးသတဲ့လား ကွယ်။
သူများကျတော့ ဟိုးအရင်ကတည်းက ဗိုလ်မြကို ငမြတဲ့။ အန်တီစုကို ဒေါ်စုကြည်တဲ့။ အလိုတော်ရိတွေ တဲ့။ ပုဆိန်ရိုးတဲ့။ အစုံပဲ။ ပြောလိုက်ြ ကတာများ။
နောက်ပြီးတော့ သတင်းစာတွေထဲမှာ ဆရာတော်ြ ကီးတွေရဲ့ မေတ္တာေ ရှ့ထားတာတွေ လူမိုက်လူဆိုး ဘာဖြစ်တယ် ညာဖြစ်တယ် သြ၀ါဒတွေ အဆုံးအမ အဆို အမိန့်တွေ ပလူပျံနေတာများ။ သတင်းစာထဲမှာပဲ ရှိတယ်။
တကယ်တမ်း စဉ်းစားကြည့်ရင် သားကောင်း ရတာနာကြိးတွေက သူများတွေကို ရွဲ့ပြော နေသလိုလို ဘာလိုလိုနဲ့ တကယ့် တကယ်ကျတော့ သူတို့ကိုယ် သူတို့ ပြန်ပြောနေတာ မသိကြရှာဘူး။ ဟားဟား
သူများကျတော့ ဟိုးအရင်ကတည်းက ဗိုလ်မြကို ငမြတဲ့။ အန်တီစုကို ဒေါ်စုကြည်တဲ့။ အလိုတော်ရိတွေ တဲ့။ ပုဆိန်ရိုးတဲ့။ အစုံပဲ။ ပြောလိုက်ြ ကတာများ။
နောက်ပြီးတော့ သတင်းစာတွေထဲမှာ ဆရာတော်ြ ကီးတွေရဲ့ မေတ္တာေ ရှ့ထားတာတွေ လူမိုက်လူဆိုး ဘာဖြစ်တယ် ညာဖြစ်တယ် သြ၀ါဒတွေ အဆုံးအမ အဆို အမိန့်တွေ ပလူပျံနေတာများ။ သတင်းစာထဲမှာပဲ ရှိတယ်။
တကယ်တမ်း စဉ်းစားကြည့်ရင် သားကောင်း ရတာနာကြိးတွေက သူများတွေကို ရွဲ့ပြော နေသလိုလို ဘာလိုလိုနဲ့ တကယ့် တကယ်ကျတော့ သူတို့ကိုယ် သူတို့ ပြန်ပြောနေတာ မသိကြရှာဘူး။ ဟားဟား
Write comment
| < Prev | Next > |
|---|







