အတွင်းက စ ပြောင်းမှသာ

နှစ်သစ်ကူး အားလပ်ရက်ယူရန် ပြင်ဆင်နေစဉ် မိတ်ဆွေတဦး ကျနော့် ရုံးတွင်းသို့ ၀င်ရောက်လာသည်။ သူက မြန်မာပြည်အရေး လေ့လာစောင့်ကြည့်နေသူ တဦးဖြစ်ပြီး ပြည်တွင်းတွင်လည်း အဆက်အသွယ် များလှသူဖြစ်သည်။

မကြာခဏ ဆိုသလို သူ ဧရာဝတီ မဂ္ဂဇင်းရုံးစိုက်ရာ နေရာသို့ ရောက်လာတတ်သည်။ ပြီးတော့ သူ မြင်သမျှကို မချွင်းမချန် တုတ်ထိုးအိုးပေါက် ပြောတတ်သည်။ သူ၏ တိုက်ရိုက်ကျလှသည့် ဝေဖန်ချက်များကို ကျနော် လေးစားမိသည်။ သူက ဧရာဝတီ မဂ္ဂဇင်းတွင် ဖော်ပြသည့် သတင်းများကိုလည်း ဝေဖန် တတ်ပြန်သည်။

ကျနော်တို့ ဧရာဝတီအဖွဲ့သားများအနေနှင့် ၂၀၀၉ ခုနှစ် တနှစ်လုံး အနားမရနိုင်အောင် အလုပ်များနေခဲ့ကြသည်။ ပြောရမည်ဆိုလျှင် ခေတ်သစ်မြန်မာ့သမိုင်းအတွက် အရေးပါသည့် နှစ်တနှစ်ဟု ဆိုရပေလိမ့်မည်။ ကျနော်တို့ အနေနှင့် သတင်းများကို တတ်နိုင်သမျှ အစုံအစိ ဖော်ပြနိုင်ခဲ့သည်ဟူ၍ ထင်နေမိသည်။

အချိန်နှင့် တပြေးညီ၊ နေ့စဉ်နှင့်အမျှ သတင်းများကို တိကျစွာ၊ နက်နက်ရှိုင်းရှိုင်း လိုက်၍ တင်ပြနိုင်ခဲ့သည် ဟုလည်း ထင်သည်။ ထုတ်လုပ်နိုင်စွမ်းလည်း တိုးတက်လာခဲ့သည်။ နှစ်ပတ်တကြိမ် မြန်မာဘာသာဖြင့် အီး-မဂ္ဂဇင်း (e-zine) ကို ထုတ်ဝေနေသည့်အပြင် သောကြာစကားဝိုင်းကို အသံဖိုင် (podcast) ဖြင့် ထုတ်လွှင့်ပေးနိုင်ခဲ့သည်။

ရန်ပုံငွေ ထောက်ပံ့နေသူများထံမှ လည်ပင်းရှည်အောင် စောင့်ဆိုင်းနေရသည့်ကြားက ဘဏ္ဍာရေး လည်ပတ်မှု အခက်အခဲ အကြီးအကျယ် ရင်ဆိုင်နေရသည့်ကြားက ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။ ပြည်ပတွင် အခြေစိုက်သည့် အကျိုးအမြတ် မယူသော မဂ္ဂဇင်း တစောင် ဖြစ်သည့် အားလျော်စွာ၊ အခါမလပ် ရန်ပုံငွေရှာဖွေ နေရသကဲ့သို့ ပြည်တွင်း ပြည်ပ သတင်းထောက်များ ပိုမိုတိုးချဲ့ ခန့်ထားနိုင်ရေးအတွက်လည်း လုပ်ဆောင်နေကြရသည်။

ကျနော်တို့ဘက်က ယူဆချက်ကို အထက်ပါအတိုင်း ရှင်းပြပြီးသည့်အခါတွင် မိတ်ဆွေက လက်မခံချင် ခံချင်နှင့် “၂၀၀၉ ခုနှစ်မှာ မြန်မာပြည်အရေးကို ခင်ဗျားတို့ ဖော်ပြနိုင်ခဲ့ကြတာ သာမန်အဆင့်ထက် ပိုတယ်” ဟု ပြောလာသည်။

ဆက်လက်၍ သူက “ဒေါ်အောင်ဆန်းစုကြည် တရားခွင်ကိစ္စ တွေနဲ့ အမေရိကန် အရူး ရေကူးသမား ကိစ္စတွေကတော့ အတိအကျပဲ။ ပြီးတော့ မြောက်ကိုရီးယား - မြန်မာ ဆက်ဆံရေးသတင်း၊ နျူကလီးယား ပြဿနာ၊ လျှို့ဝှက် မြေအောက် ဥမင်တွေကိစ္စနဲ့ ကိုးကန့်ပဋိပက္ခသတင်းတွေကတော့ အကောင်းဆုံးပဲ” ဟု ဆိုသည်။

ကျနော် ကျေနပ်သွားသည်။ စိတ်ပြေလျော့မှုလည်း ရသွားသည်။ သူက ကျနော်တို့၏ လုပ်ငန်းကို ချီးကျူးနေသည် မဟုတ်ပါလား။ ကျနော်ကတော့ သူ၏ထင်မြင်ယူဆချက်ကို လေးစားသည်။ အမှန်ဆိုရလျှင် သူက အပြစ်အနာကို ရှာကြံ ပြောတတ်သူလည်း ဖြစ်သည်။

“၂၀၁၀ မှာ ဘာဖြစ်လာမယ် ထင်သလဲ” ဟု ကျနော် သူ့ကို မေးကြည့်သည်။ သူက မကြာသေးမီကပင် မြန်မာပြည်၏ အရေးပါသည့်သူများနှင့် တွေ့ဆုံလာသည့်အတွက်ကြောင့် သိချင်စိတ်စောနေသည်။ လာမည့်နှစ်တွင် မည်သို့ ဖြစ်နိုင်မည် ကို ထိုသူများအား ခန့်မှန်းခိုင်းကြည့်ခဲ့သေးသည်။ အများစုက အဆိုးမြင် ရှိနေကြသည်။

“အခု စစ်အစိုးရက ရွေးကောက်ပွဲကျင်းပရင်တောင် ဘာမှ အပြောင်းအလဲ ဖြစ်မှာ မဟုတ်ဘူး” ဟု သူက အချိန်မဆိုင်းဘဲ စိတ်လိုလက်ရ ပြန်ဖြေသည်။

“တချို့ကတော့ လာမယ့် ရွေးကောက်ပွဲတခုပဲ နည်းလမ်း ရှိတော့တယ်လို့ ပြောနေကြပါလား” ဟု ကျနော်က တန်ပြန် မေးခွန်းထုတ်လိုက်သည်။

အနည်းဆုံး ပြုပြင်ပြောင်းလဲရေး လိုလားသည့် စစ်အရာရှိများ၊ အရပ်ဘက် ၀န်ထမ်းများသည်ပင် စစ်ဗိုလ်ချုပ်များက အပြောင်းအလဲအတွက် အဟန့်အတားအဖြစ် ရှိနေကြသည်ဟု လက်ခံကြကြောင်း သူက ညည်းညူသည်။

“သူတို့က သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့စနစ်ရဲ့ သားကောင်တွေ ဖြစ်နေကြတယ်။ ထွက်လမ်းကို မတွေ့နိုင်ကြဘူး” ဟု သူ ဆက်ပြောသည်။

မကြာသေးမီက ၂၀၀၁ ခုနှစ် နိုဗဲလ်ဆုရှင် စီးပွားရေးပညာရှင် ဂျိုးဇက်ဖ် စတစ်ဂလစ် မြန်မာနိုင်ငံသို့ ရောက်ခဲ့သည့် အကြောင်း ကျနော်တို့ နှစ်ယောက်သားဆက်ပြောဖြစ်သည်။ ကျနော် မှတ်သားမိသလောက် စတစ်ဂလစ်နှင့် ကုလသမဂ္ဂ အရာရှိများ၊ စစ်အစိုးရ ခေါင်းဆောင်များ တွေ့ဆုံပြီးနောက်ပိုင်း သူတို့၏ သတင်းစာရှင်းလင်းပွဲတွင် အားတက်သရော ပြောဆိုခဲ့ကြသေးသည် မဟုတ်ပါလား။

ကျနော့်မိတ်ဆွေက ပြုံးရင်း “ကျွဲပါး စောင်းတီးသလိုပဲ ဖြစ်မှာပါ။ ကျွဲဆိုတာ အနုပညာမှ မခံစားတတ်တာ” ဟု ပြောသည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အဓိက အဟန့်အတားဆိုတာ ကျနော်တို့ အားလုံးသိတာပဲ” ဟု သူက ဆက်ပြောသည်။ "

“ဒီကိစ္စ အပေါ် ဘယ်သူကမှ အငြင်းမပွားကြဘူး။ ဒါပေမယ့် ကျနော်တို့ ရိုးရိုးသားသား ၀န်ခံရမယ်ဆိုရင် ကျနော်တို့ အမှားတွေ၊ အ၀ိဇ္ဇာဖြစ်တဲ့ ကိစ္စတွေကိုလည်း ၀န်ခံကြဖို့လိုတယ်။ ဒါမှမဟုတ်ရင် ကျနော်တို့ ကိုယ်တိုင်လည်း အပြောင်း အလဲအတွက် အဟန့်အတားတွေ ဖြစ်နေလိမ့်မယ်” ဟုလည်း သူက ပြောသည်။

အပြောင်းအလဲဖြစ်ရန် အဟန့်အတားများက မည်သည့်အရာများနည်း။ သူက ကျနော့်ကို ရည်ညွှန်းပြောနေသည်လား။ စဉ်းစားစရာ ဖြစ်လာသည်။ ကျနော်က သေချာစေရန် တိုက်ရိုက်မေးခွန်း ပြန်ထုတ်လိုက်သည်။

“သတိထားနော်၊ လာမယ့် ရွေးကောက်ပွဲကြောင့် မြန်မာပြည်မှာ ဘာအပြောင်းအလဲမှ ဖြစ်မလာပါဘူးလို့ ခင်ဗျား ပြောရင်  ဒါကိုလက်မခံနိုင်တဲ့ နိုင်ငံတကာ အလှူရှင်တွေ၊ ရွေးကောက်ပွဲဆိုတာကို သတင်းကောင်းလို လုပ်ပြောနေတဲ့သူတွေ အများကြီး ရှိတယ်။ ခင်ဗျားကိုယ်ခင်ဗျား ပြည်ပက အထီးကျန် အန္တရာယ်ပုံကြီးထဲ ပစ်ထည့်လိုက်သလို ဖြစ်သွားမယ်” ဟု သူက သတိပေးသည်။

ဆက်လက်၍ သူက “အတိုက်အခံ ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေတောင် သူတို့ အတ္တမာနတွေရဲ့ အကျဉ်းသားတွေ ဖြစ်ကုန်ကြပြီ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလိုပဲ၊ သူတို့က ပိုနေမြဲ ကျားနေမြဲ အနေအထားကို ဆက် ထိန်းထားချင်တဲ့သူတွေပဲ။ သူတို့ကြားချင်တာကိုပဲ နားထောင်ကြတော့တယ်” ဟု ပြောသည်။

“အခုဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေကို ကြည့်လိုက်၊ ၈၀ ကျော်၊ ၉၀ ကျော်တွေ ဖြစ်နေကြပြီ။ သူတို့ကိုယ်တိုင်က အပြောင်းအလဲအတွက် အဟန့်အတား ဖြစ်နေလားလို့ ခင်ဗျား သူတို့ကို မေးဖူးလား။ သူတို့ အားလုံး စေတနာကောင်းနဲ့ လုပ်နေကြတယ်ဆိုတာ ကျနော် မငြင်းပါဘူး။ ဒါပေမယ့် သူတို့က တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းနေရာ မကျဘူးလား။ အခုတော့ ပါတီကို ပြန်ပြီး အရေးပါ အသက်ဝင်လာအောင် လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန် ပြန်ကျလာ ပြန်ပြီ” ဟု သူက ဆိုသည်။  

“ပြည်ပက လူတွေကော ပါလား” ဟု ကျနော် ပြန်မေးလိုက်သည်။ အမှန်တော့ သူပြောနေသည့် အကြောင်းအရာက ကျနော့်ကို သို့မဟုတ် ဧရာဝတီ မဂ္ဂဇင်းကို ရည်ညွှန်းပြောဆို နေသလားဟု စပ်စုလိုစိတ်ဖြင့် မေးလိုက်ခြင်း ဖြစ်သည်။

သူက ပြုံး၍ “အဲဒီလိုလူတွေက နေရာတိုင်းမှာရှိနိုင်တယ်။ ခင်ဗျားနဲ့ နီးစပ်တဲ့သူတွေလည်း ပါလိမ့်မယ်။ နောက်ဆုံး ခင်ဗျားကိုယ်တိုင် တောင် ပါချင်ပါနေလိမ့်မယ်” ဟု ပြန်ဖြေသည်။

သူက ခဏနားကာ “မြန်မာပြည်အရေး လုပ်နေသူတွေ အားလုံးက သူတို့ကိုယ်တိုင် မှန်ထဲမှာ ပြန် ကြည့်သင့်တယ်။ အပြောင်းအလဲကို ဘယ်လို ထိရောက်အောင် လုပ်နိုင်မလဲဆိုတဲ့ မေးခွန်းထုတ်သင့်တယ်။ အလုပ်ပြီးမြောက်ဖို့ ဆိုရင် သူတို့ကိုယ်တိုင် ဘာတွေပြောင်းလဲရမလဲ ဆိုတဲ့ မေးခွန်းထုတ်သင့်တယ်။ အခုအချိန်က ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင် ပြန်စစ်ဆေးရတော့မယ့် အချိန်ပဲ” ဟု ပြောသည်။

ကိုယ့်ကိုယ်ကိုယ် ကျွမ်းကျင်သူအဖြစ် ခန့်ထားပြောဆိုနေကြသူများကို သူ ရေတွက်ကြည့်နေသည်။ နိုင်ငံခြားသား ပညာရှင်များ၊ အကူအညီပေးရေး အဖွဲ့များလည်း ပါသည်။ ကုလသမဂ္ဂ အထူး သံကိုယ်စားလှယ် အီဗရာဟင် ဂန်ဘာရီလို လူလည်း ပါသည်။ သူတို့အားလုံး မိမိဘာသာ ပြန်စိစစ်သင့်ပြီဟု ပြောသည်။ ထိုသူများက အဖြေ၏ အစိတ်အပိုင်းတခု မဟုတ်တော့ဘဲ ပြဿနာ၏ အစိတ်အပိုင်းတခု ဖြစ်နေပြီဟု သူက ဆိုသည်။

ထို့နောက် ကုလားထိုင်ကို နောက်မှီချလိုက်ရင်း သူ သက်ပြင်းချသည်။

“နောက်ဆုံးတော့ ကျနော်တို့ကိုယ်တိုင်တောင် မပြောင်းလဲနိုင်ရင် တခြားသူတွေဆီက ပြောင်းလဲမှုကို ဘယ်လိုမျှော်လင့်လို့ ရမှာလဲ” ဟု သူ ပြောသည်။

“ဒါဖြင့် အပြောင်းအလဲက အတွင်းက စရမှာပေါ့ ဟုတ်လား။ ဆိုလိုတာက ကျနော်တို့ကိုယ်တိုင်ရဲ့ စိတ်နှလုံးတွေ ပြောင်းလဲကြရမှာလား” ဟု သူ အလေးအနက်ထားလိုသည့် အချက်ကို ယူကာ ကျနော်က မေးလိုက်သည်။

“ဟုတ်တယ်၊ သေချာတာပေါ့။ အခုအချိန်က ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူတွေ အားလုံး လွတ်မြောက် ရမယ့် အချိန်ပဲ။ ကျနော်တို့ ကိုယ်တိုင်လည်း ပါတယ်” ဟု သူ ပြန်ဖြေသည်။

အောင်ဇော်ရေးသားသည့် Change Must Come From Within ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
Comments (6)Add Comment
0
ပြတ်သားဖို.တော.လိုနေပါပြီ။
written by မောင်ကြီး, January 08, 2010
ကိုယ့်အတွင်းက စပြောင်းဖို. လို.တယ် ဆိုတာ လက်ခံပါတယ်။
NLD ဗဟို ကော်မတီဝင် တွေ၇ဲ. ပိုနေမြဲ ကျားနေမြဲ စိတ်ဓာတ်ကိုလည်း စိတ်ပျက်မိပါတယ်။
အတွင်းက ပြောင်း စေချင်တယ်ဆိုတာ အတိုက်အခံဒီမိုကေ၇စီတွေ ဘက်က ပိုပျော.ပျောင်း စေချင်တာလား??
ပိုတင်းမာ ပြတ်သား စေချင်တာလား??
ဒီထက် နည်းနည်း ၇ှင်းလင်းေ၇းသား စေချင်ပါတယ်။

ကျနော်. အမြင်ကတော့ အတိုက်အခံ အင်အားစုဘက်က ပျော့ပျောင်းတာ၊ တင်းမာတာ ဆိုတာထက် အခြေနေ အချိန် အခါကို ဗြူဟာ ကျကျ မမြင်တတ်၊ မတွေးတ တ်လို.ပဲလို. ထင်မိပါတယ်။
ပျော.ပျောင်း၇မယ်. အချိန် မှာ လက်သီး လက်မောင်း တန်းပြ၊
၇ဲ၇င့် ပြတ်သား ဦးဆောင်မှု ပေး၇မယ်. အချိန် NLD ဗဟိုကော်မတီဝင် တွေ ဒေါ်စုမ၇ှိ၇င် ဘာမှ မလုပ်တတ်၊ မလုပ်၇ဲပါဘူး။
NLD ဗဟိုေ က်ာမတီဝင် တွေ ဦးဆောင်မှု မပေးနိုင်၇င် ဦးဆောင်တဲ. နေ၇ာ မယူပါနဲ.၊ တိုင်းပြည် နာပါတယ်။
Plan A မစွံ၇င် Plan B ဆိုတာ လဲ၇ှိပုံ မပေါ်ပါဘူး။
အသုးံ မကျပါဘူး ဆိုတဲ. ဒီ နအဖ တောင် Road Map ဆိုပြီး လုပ်၇ကောင်းမှန်း သိသေးတယ်။

တွေ.ဆုံ ဆွေးနွေးေ၇း ဆိုပြီး အေ၇း ဆိုနေလာလိုက်တာ နှစ်ပေါင်း၂၀ ကျော်ခဲ.ပါပြီ။ ဒီ လောက်ဆို၇င် ဒီကောင် ဘာကောင်ကြီးလဲ ဆိုတာ သိဖို.ကောင်းပါပြီ။ မတွေ.ဆုံချင်တဲ.လူကို တွေ.ပါ၇စေ တွေ.ပါ၇စေ ဆိုပြီး အော်နေ လို. မ၇ပါဘူး။
ချူဆေး လေးတော. လိုပါတယ်။
မတွေ. တွေ.ချင် လာအောင် လုပ် လို. ၇၇င်၇ ၊
မတွေ. ပဲ မနေနို င်အောင် လုပ်လို. ၇၇င်၇၊
ဒီလိုမှ မ၇တော.ဘူးဆို၇င် ကဲ ဘာဆက်လုပ်ကြမလဲ။

ပြည်သူတွေ၇ဲ. သေနတ်ပြောင်းတွေ ပို ပေါက်ကွဲလာမှ၊
ဒါမှမဟုတ် ပြည်သူကို ချိန်တဲ. သေနတ်တွေ အာဏာ၇ှင်ဘက် ပြောင်း ချိန်မှသာ တော်လှန်ေ၇းတွေ အောင်မြင်ခဲ. ကြတာပါ။
0
...
written by မင်းဒင်, January 07, 2010
“အတိုက်အခံ ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေတောင် သူတို့ အတ္တမာနတွေရဲ့ အကျဉ်းသားတွေ ဖြစ်ကုန်ကြပြီ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလိုပဲ၊ သူတို့က ပိုနေမြဲ ကျားနေမြဲ အနေအထားကို ဆက် ထိန်းထားချင်တဲ့သူတွေပဲ။ သူတို့ကြားချင်တာကိုပဲ နားထောင်ကြတော့တယ်”

တော်တော် ကောင်းတဲ့ ဒုတ်ထိုး အိုးပေါက် ဆန်းစစ်ချက်ပါပဲ ။
အမှန်လည်း အမှန်ပဲ ။ ကြည့်မြင်တတ်ပြီးရင် ကိုယ့် အစွဲကိုယ် ချွတ်ကြဘို့ အရေးကြီးပါသဗျာ ။

မင်းဒင်
0
i can't understand
written by ko sai , January 07, 2010
need to repair or rethink to?
Did/do we kill someone..did/do we force someone to get
our goal without his/her well...did/do we broke our promises or law..
did/do we stole someone's possession by arms...
did/do we die or arrest because of any criminal act...did we..
did we... did we......?
Amay Suh wanted,even till now,to be with them for the good of country.
But what are they doing?What seat is they want Amay suh to sit?
Hey..i agree with u that politicians and political groups(they called themself and their small surroundings) from forgein coutries
need to rethink about themself.There are really valueable,essential political groups and men among them.
The point is why our leaders and we(people) must rethink.
We thinked what is our final goal from the start of journey.
I fell so sorry about that.We are not playing or joking.
It is full of wrong philo.


0
Dooms Day Incoming
written by Kane, January 07, 2010
ဗမာလူမျိုးသည် လာမည့် နှစ် ၃၀၀ မှ ၅၀၀ အတွင်း မျိုးတုန်းမည်ဖြစ်သည်။ သစ်တောထွက် ပစ္စည်းများ အလွန်အကျွံထုတ်ယူခြင်း၊ Global Warming တို့၏နောက်ဆက်တွဲ သဘာဝ ဘေးအန္တရာယ်များ၊ Defense Budget အား GDP ၏ ၅၀% အောက်မကျအောင် သုံးစွဲနေချိန်၌ ၀.၅% အောက်မှမတက်သည့် Budget ကြောင့်ညံ့ဖျင်းလှသည့် Health Care System ၏အကျိုးဆက်ကြောင့် ပျမ်းမျှသက်တမ်း တိုတိုလာခြင်း နှင့် နှစ်စဉ်အလုံးအရင်းနှင့် ပြည်ပသို့ ထွက်ခွာနေကြ၍ အခြားနိုင်ငံသား ခံယူသည့် မြန်မာများ နှစ်စဉ် အဆများစွာ တိုးတက်လာခြင်း (Mass Exodus) တို့ကြောင့် ဗမာလူမျိုးသည် လာမည့် နှစ် ၃၀၀ မှ ၅၀၀ အတွင်းမျိုးတုန်း မည်ဖြစ်သည်။
0
မှန်လိုက်လေဗျာ...
written by Mg Thuya, January 06, 2010
ဒီဆောင်းပါးကို ကျနော် အပြည့်အ၀ ထောက်ခံပါတယ်။
“အတိုက်အခံ ခေါင်းဆောင်တွေနဲ့ တက်ကြွ လှုပ်ရှားသူတွေတောင် သူတို့ အတ္တမာနတွေရဲ့ အကျဉ်းသားတွေ ဖြစ်ကုန်ကြပြီ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလိုပဲ၊ သူတို့က ပိုနေမြဲ ကျားနေမြဲ အနေအထားကို ဆက် ထိန်းထားချင်တဲ့သူတွေပဲ။ သူတို့ကြားချင်တာကိုပဲ နားထောင်ကြတော့တယ်” ဆိုတဲ့အပိုဒ်ကို ပြည်ပရောက် အတိုက်အခံ ဆိုသူတွေ အားလုံး သတိပြုစေလိုပါတယ်။
ကျနော်အားလုံးကို အနူးအညွတ် တောင်းပန်ချင်တာကတော့ နှစ်ဖက်စလုံးရဲ့ အတ္တမာနတွေရဲ့ဒဏ်ကို ကျနော်တို့ ပြည်သူပြည်သားတွေက လက်တွေ့ကျကျ ခံစားနေရလို့ပါပဲ။ ရှင်းအောင်ပြောရရင်တော့ အခြေခံလူတန်းစားတွေ ငတ်ကုန်ကြပြီ၊ အဲဒါက လက်တွေ့အမှန်တရား စစ်စစ်။ အဲဒီလိုတွေဖြစ်ရတာ သူ့ကြောင့် ငါ့ကြောင့်လို့ ငြင်းကြ ခုန်ကြ ဂုဏ်ဖော်ကြ ယုတ်မာကြရင်းနဲ့ အနှစ်(၂၀)ကျော် အတွင်းမှာ ထောင်နဲ့သောင်းနဲ့ချီတဲ့ မိသားစုပေါင်းများစွာ ဘ၀တွေပျက်ခဲ့ရပါပြီ။
နိုင်ငံတော်ကို ချောက်ထဲမကျအောင် ကယ်ခဲ့တယ်ဆိုသော သူများကိုလည်းကောင်း။ အနာဂါတ်မှာ ပြည့်ဝသော ဒီမိုကရေစီစနစ်နှင့် လူအခွင့်အရေးအပြည့်ရသောနိုင်ငံတော်ဖြစ်အောင် ကြိုးစားနေပါတယ် ဆိုသူများကို လည်းကောင်း အနူးအညွတ်တောင်းပန်ပါတယ်၊ အတ္တမာနတွေ လျော့ကြပါခင်ဗျာ.. မြန်မာပြည်မှာ ငတ်လို့သေတဲ့ မသာတွေရှိနေပါပြီ၊ မြန်မာပြည်မှာ ပြည့်တန်ဆာလုပ်ပြီး မိဘကိုလုပ်ကျွေးနေရသူ တွေ တောရော မြို့ပါ ကြောက်စရာကောင်းအောင် တိုးပွားနေပါပြီ။
ခင်ဗျားတို့ ပြည်သူ့အကျိုးအတွက် လုပ်နေကြတာဆိုရင်၊ ပြည်သူတွေရဲ့ မျက်ဝန်းအစုံကို ခပ်ရဲရဲ စိုက်ကြည့်နိုင်သေး ရဲ့လားလို့ ကိုယ့်ကိုကိုယ် သုံးသပ်ကြည့်ကြပါ ခင်ဗျာ။ ။
0
ဘယ်လိုမှ မငြင်းနိုင်တဲ့ အချက်လို့ထင်တယ်
written by Han Zaw, January 06, 2010
သိပ်မှန်တယ်လို့ပြောရင် အများက ကြိုက်ပါ့မလား မပြောတတ်ဘူး၊ ဒါပေမဲ့ အပြောင်းအလဲတစ်ခုကို အမှန်တကယ်
လိုလားတယ်ဆိုရင် သူ့ဖက်ကိုချည်းပဲတောင်းနေလို့ ဖြစ်နိုင်ချေနည်းနေမှာ အသေအချာပါပဲ၊ ကျနော်တို့ဖက်ကရော
သူတို့လိုချင်တာတွေ ဘာတွေပြန်ပေးနိုင်မလဲ၊ ဆိုလိုတာက အဓိကရည်ရွယ်ချက် ပန်းတိုင်ကို အရောက်သွားဖို့ရာမှာ
ကိုယ့်ဖက်က မလိုချင်တာတွေပဲ သူ့ဖက်ကိုပေးနေရင် သူ့ဖက်ကလည်း ကိုယ့်လိုပဲ ကိုယ်မလိုချင်တာတွေ ပြန်ပေးနေ
မှာ အသေအခြာပါပဲ၊ ဒါကြောင့် ကိုယ်လိုချင်တာကိုရချင်ရင် သူလိုချင်တာတွေကိုလည်း ပြန်ပေးနိုင်အောင် ကျနော်
တို့တစ်တွေ ကိုယ့်ကိုယ်ကို အရင်အပြစ်ရှာဆန်းစစ်ကြရမှာ အသေအချာပါပဲ၊ အဓိက က ကိုယ့်ရည်ရွယ်ချက် ပန်းတိုင်ကို ရောက်ဖို့ပဲမဟုတ်လားဗျာ၊ အနှစ် ၂၀ တောင်စောင့်ခဲ့ကြပြီးမှ နောက်ထပ်အချိန်တွေကို နှမြောနေလို့
သိပ်မဟုတ်ဘူး ထင်တယ်၊ အပေးအယူ- -အပေးအယူ--------

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်