ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘယ်လိုဆုံးဖြတ်မှာတုန်း

ဒီမိုကရေစီ အင်အားစုများ အကြားတွင် ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပြီး မြန်မာပြည်အတွက် တခုခုတော့ ကောင်းမည်ဟု အကျယ် အပြန့် တွေးထင် ယုံကြည်နေကြသည်။ သို့သော်လည်း စစ်အစိုးရက ယခုရွေးကောက်ပွဲကို မည်သို့ မည်ပုံ ခင်းကျင်းလိမ့်မည်ဟု ဤသို့ အကောင်းမြင် နေသူများက သိရှိထားကြပါသလောဟု မေးမြန်းရန် ရှိနေသည်။

တိုင်းနှင့် ပြည်နယ်များအတွက် ၀န်ကြီးချုပ် ၁၄ ဦးကို သမ္မတဖြစ်သူက ရွေးချယ်ပေးလိမ့်မည် ဖြစ်ပြီး ၎င်းသမ္မတကပင် ၀န်ကြီးအဖွဲ့ဝင် ၀န်ကြီးများကို ရွေးချယ်ခန့်အပ်လိမ့်ဦးမည် ဖြစ်သည်။ ရွေးချယ်ခံရသည်ဖြစ်စေ၊ ကောက်ယူခန့်အပ်ခံရ သည်ပင် ဖြစ်စေ ဤလွှတ်တော်အမတ်များက ကက်ဘိနက်ဝန်ကြီးအဖွဲ့အပေါ် မည်သို့မျှ သြဇာသက်ရောက်နိုင်လိမ့်မည် မဟုတ်။ ထို့အပြင် ဤလွှတ်တော်ကို ရံဖန်ရံခါမှသာ ကျင်းပမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များက စာရွက်ပေါ်ပါ အချက်များ ဖတ်ပြနေကြလိမ့်ဦးမည် ဖြစ်သည်။

ဤရွေးကောက်ပွဲလုပ်ငန်းစဉ်ကြီး တခုလုံးတွင် ဖြစ်နိုင်ခြေရှိသော ကိစ္စမှာ သမ္မတရွေးကောက်ပွဲတခုမျှသာ ပြောစရာ ရှိနေ သည်။ ယခုအခြေအနေအတိုင်းဆိုလျှင် စစ်အစိုးရ၏ တတိယအာဏာအရှိဆုံး ခေါင်းဆောင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းသာ ဤနေရာအတွက် ဖြစ်နိုင်ခြေ များနေသည်။

၂၀၀၈ ခုနှစ်က ကဲ့သို့ပင် တဖက်သတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြု၍ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဆီ လှမ်းလာခဲ့သလို ယခု ရွေးကောက်ပွဲသည်လည်း ပြီးနေသည့်ကိစ္စတခုသာဟု ဆိုနိုင်သည်။

ရွေးကောက်ပွဲနောက်ပိုင်းတွင် အခြေအနေ မည်သို့ဖြစ်လာမည်က မသေချာ မရေရာလှပါ။ စစ်အစိုးရလိုချင်နေသည့် ပန်း တိုင် တရားဝင်မှုကို ရရှိပြီးနောက်တွင် မည်သို့မည်ပုံ ဆက်ဖြစ်ကြမည်ကို မည်သူကမျှ မသိနိုင်ပါ။

စစ်အစိုးရ၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စနစ်ပြောင်းရန် ပြောထားသော်လည်း၊ ဤစနစ်ကိုမောင်းနှင်နေ သည့် လူများကို ပြောင်းလဲရန် ဆန္ဒရှိပုံမရပါ။

ဤသို့လှည့်ကွက်များက မြန်မာ့နိုင်ငံရေးတွင် အသစ်အဆန်းကိစ္စ မဟုတ်ပါ။ ဥပမာဖော်ပြရသော် ၁၉၇၄ ခုနှစ်က ဗိုလ်ချုပ် နေ၀င်းဦးဆောင်သည့် တော်လှန်ရေးကောင်စီက ရွေးကောက်ပွဲများဖြင့် တရားဝင်တင်မြှောက်ခံရသည့် အစိုးရဖြစ်လာခဲ့ သော်လည်း ပြည်သူလူထုအများစု၏ဆန္ဒကို ဆန့်ကျင်ကျောခိုင်းခဲ့ကြပါသည်။

၁၉၇၄ ခုနှစ် ရွေးကောက်ပွဲက လက်ရှိ အုပ်ချုပ်နေသည့် စစ်ကောင်စီကို ပုံမပျက် ဆက်လက်ကျန်ရှိနေစေပြီး မြို့နယ် ဥက္ကဋ္ဌများနှင့် မြို့နယ်ကောင်စီလူကြီးများက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာခဲ့ကြပါသည်။

ဒီမိုကရေစီနည်းကျ ဆိုရှယ်လစ်ဝါဒဟု သူတို့ဘာသာ ကြွေးကြော်သံထုတ်ခဲ့ကြသော်လည်း အမှန်မှာ ခြစားမှုကို တရားဝင် အဖွဲ့အစည်းစနစ်အတွင်း စနစ်တကျ သွပ်သွင်းခဲ့ကြခြင်းသာ ဖြစ်ပါသည်။ အစိုးရက လူကြိုက်မများလှပါ။ ပါတီခေါင်း ဆောင်များနှင့် ရွေးချယ်ခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အကြား၌ပင် ရေပန်းမစားလှပါ။

ဗိုလ်ချုပ်သန်းရွှေက ယခုအခါ ဤလမ်းအတိုင်း လိုက်နေပြန်ပါသည်။ ပါဝင်ကြမည့် ကစားသမားများနှင့် အချိန်ကာလ ပြောင်းခဲ့ပြီ ဆိုသော်လည်း အခြေခံ လှည့်ကွက်များနှင့် ရည်ရွယ်ချက်များမှာ တသွေမတိမ်းတူညီနေသေးသည်။
လူထုက မည်သို့သဘောထားရှိသည်ဆိုသည်ကို ဗိုလ်ချုပ်သန်းရွှေနှင့် တခြား စစ်ဗိုလ်ချုပ်များက ထည့်သွင်းစဉ်းစား လိမ့်မည် မဟုတ်ပါ။ စဉ်းစားလျှင်သော်မှ နောက်ဆုံးမှာ ရှိလိမ့်မည် ဖြစ်သည်။ သူတို့၏အစီအစဉ်နှင့် လုပ်ငန်းများတွင် လည်း နိုင်ငံသားပြည်သူအများ၏ ပူးပေါင်းဆောင်ရွက်မှုကို ဖိတ်ခေါ်လိမ့်မည် မဟုတ်ပါ။

သို့သော်လည်း စစ်ဗိုလ်ချုပ်များတွင် သူတို့၏ ကြိုးဆွဲရာကမည့် ရုပ်သေးများ၊ လက်ဝေခံများ၊ သူတို့စေစားရာအတိုင်း ဆောင်ရွက်ပေးကြမည့် ကြေးစားများ ရှိနေကြပါသည်။

ဗိုလ်ချုပ်နေ၀င်းက ၁၉၈၇ ခုနှစ်တွင် သူလုပ်ခဲ့သည့် အမှားကို သူပြန်၍ သဘောပေါက်နားလည်ခဲ့သည်။ သူ့ကို လက် အောက်ခံ ငယ်သားများက ကောင်းစွာလှည့်ဖျားနေခဲ့ကြသည်ကို နောက်ဆုံး သူကောင်းကောင်း သဘောပေါက်ခဲ့ရသည်။ သူ၏ အမှားကို သဘောပေါက်လာသလို၊ အခြေအနေကို သူက ပြန်၍ ဖန်တီးရလိမ့်မည်ဟူသော ယူဆချက်ဖြင့် ဦးနေ၀င်း က သူ၏ လက်ထောက်ဗိုလ်ပါ အများကို စွန့်ခွာခဲ့သည်။ သူက ဒီမိုကရေစီဘက် ပြန်၍လှည့်ပြောင်းခဲ့သည်။

သို့သော်လည်း ဤတကြိမ်တွင်တော့ သူ၏ လက်အောက်ဗိုလ်ပါများက သူပြောင်းမည့် အစီအစဉ်အတိုင်း မလိုက်နာကြ တော့ပြီ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလည်း ပြိုလဲကျဆုံးခဲ့ရပြီး စစ်တပ်က အာဏာသိမ်းယူခဲ့ရသည်။

ဖိနှိပ်မှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့ပြီး ပြည်သူလူထုက စိတ်ကုန်ခမ်းခဲ့ရသည်။ နောက်ဆုံး ၁၉၈၈ အရေးတော်ပုံ ဖြစ်ပေါ်ခဲ့ပြီး ဗိုလ်ချုပ်သန်းရွှေက ထင်မှတ်မထားဘဲ ထိပ်ပိုင်းနေရာ အာဏာရလာခဲ့သည်။ နောက်ပိုင်းတွင် တိုင်းပြည်ကို ပြန်လည် ကယ်တင်နိုင်ရေးအတွက် ကြိုးပမ်းချက်များ အားလုံးလည်း အလဟဿ ဖြစ်ခဲ့ရတော့သည်။

ဦးနေ၀င်းက သူ၏မအောင်မြင် ကျဆုံးရမည့် အစီအစဉ်ကို ၁၉၇၄ ခုနှစ်က စတင်ခဲ့ပြီး ၁၉၈၇ ခုနှစ် ကျမှသာ သူ၏အမှား ကို သဘောပေါက်နားလည်ခဲ့ရသည်။ သူက သူ၏ ရဲမက်ဗိုလ်ပါများနှင့် သူ၏ ပါတီကို စွန့်ပစ်ခဲ့သည်။ ထိုပါတီဝင်ရဲဘော် များက လမ်းလွဲချော် ရေလိုက်လွဲနေခဲ့ကြပြီး အပြောင်းအလဲများနှင့်အညီ လိုက်လံပြောင်းလဲရန် မလိုက်နိုင် ဖြစ်ခဲ့ကြသည်။

မူပြောင်း လူမပြောင်းဆိုသည့် သူ၏ ကြိုးပမ်းချက်က စကတည်းက ကျဆုံးနေခဲ့သည့်ကိစ္စသာ ဖြစ်သည်။ လက်အောက် ငယ်သားများက သူ့ကို ၀ိုင်းလိမ်ခဲ့ကြသည်။ သူတို့၏ ရာထူးနေရာ ဆုံးရှုံးရမည်ဟူသော စိုးရိမ်စိတ်ဖြင့် ၀ိုင်း၍လိမ်ခဲ့ကြ သည်။

ဗိုလ်ချုပ်သန်းရွှေကလည်း လက်ရှိ အခြေအနေမှန်ကို သဘောမပေါက်နိုင်ဘဲ ဖြစ်နေသည်။ သူ၏အာဏာကို ပို၍တွက်ဆ နေပြီး ဦးနေ၀င်းမှားခဲ့သည့်အမှားမျိုး ဆက်လက်မှားရန် ပြင်ဆင်နေပြန်သည်။

လက်ရှိ အုပ်ချုပ်နေသည့် စစ်ကောင်စီက စီးပွားရေး ၁၃ ရာခိုင်နှုန်း တိုးတက်မှုကို အမှန်ဟု ယူဆနေသည်။ ယခုအခါ သဘာဝ ဓာတ်ငွေ့ရောင်းရငွေ ဒေါ်လာ ၄ ဘီလီယံကျော်က သူတို့၏ ဘဏ်စာရင်းများထဲ ရှိနေပြီး မည်သည့်ကိစ္စကိုမျှ အရေးစိုက်စရာ မလိုကြပေ။ ဗိုလ်ချုပ်များက ယခုသူတို့ကြွယ်ဝချမ်းသာလာကြသည့် ဓနဥစ္စာများဖြင့် စည်းစိမ်ခံနိုင်ရန်သာ စဉ်းစားနေ ကြသည်။

ဓနဥစ္စာကြွယ်ဝနေသလို၊ မည်သူကမှလည်း သူ၏ အာဏာကို မခြိမ်းခြောက်နိုင်သည့်အတွက်ကြောင့် ဗိုလ်ချုပ်သန်းရွှေက တရုတ်နိုင်ငံကိုလည်း ကျောပေါ်မှ ခါချလိုလာသည်။

ယခုအခါ အမေရိကန်သမ္မတ အိုဘားမားက ဆွေးနွေးရန် ကမ်းလှမ်းလာသည့်အချိန်၊ မြန်မာနိုင်ငံအပေါ် မူဝါဒအသစ် ချမှတ်ကျင့်သုံးလာသည့် အချိန်တွင် တရုတ်ပြည်အတွက် သူပေးထားရသည့် အဖိုးစားနားကို ဗိုလ်ချုပ်သန်းရွှေ က ပြန်သဘောပေါက်လာပုံရသည်။ တရုတ်ကလည်း အာဏာရှင် မင်းဆိုးမင်းညစ်နိုင်ငံများနှင့် စီးပွားလုပ်၍ အကျိုးအမြတ် ခပ်မြက်မြက်ကို ရှာဖွေခံစားနေသော နိုင်ငံလည်း ဖြစ်သည်။

ဗိုလ်ချုပ်သန်းရွှေက သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းမှတဆင့် ရုရှားနိုင်ငံကို ချဉ်းကပ်သည်။ အရာရှိငယ်များစွာကို ရုရှားသို့ စေလွှတ်၍ ယခင်ကွန်မြူနစ်နိုင်ငံဟောင်းတွင် ပညာရှာစေသည်။ သို့သော်လည်း ယခုအချိန်တိုင် သိသိသာသာ အောင်မြင်မှုများ မတွေ့ရှိရသေးပေ။

အမေရိကန်ပြည်ထောင်စုနှင့် မိတ်ဆွေပြန်ဖြစ်ရန် ဆိုသည်မှာ လွန်ခဲ့သည့် နှစ်နှစ်တာကတည်းက မက်လာခဲ့သည့်အိပ်မက် ဖြစ်သည်။ ယနေ့တွင်တော့ လက်တွေ့ဖြစ်လာခဲ့ချေပြီ။ ရေရှည်မိတ်ဆွေဖြစ်ရေးအတွက် အချက်တခုသာ ကျန်ရှိ နေသည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပူးပေါင်းဆောင်ရွက်မှု ရရှိရေးပင် ဖြစ်သည်။  

မကြာသေးမီကာလအထိ ဗိုလ်ချုပ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်၏ အမည်ဆိုလျှင် မကြားချင်ဖြစ်နေခဲ့သည်။ သို့ သော်လည်း ယနေ့အချိန်တွင်တော့ သူ့အတွက် ထွက်ရပ်လမ်း အခွင့်အရေးမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင်သာ မူတည်နေကြောင်း သူသိနေသည်။

သို့သော်လည်း အမှန်တကယ် ပြုပြင်ပြောင်းလဲမှုများ မဆောင်ရွက်ဘဲနှင့် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပူးပေါင်းဆောင်ရွက် မှု ရရှိလိမ့်မည် မဟုတ်ပါ။ နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရမည်ဖြစ်ပြီး၊ မပြေလည်သေးသည့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကိုလည်း ဖြေရှင်းပေးရန် လိုအပ်နေပါသေးသည်။ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အသစ်ပေါ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုထောက်ခံချက်ပေးရန် လိုအပ်နေပါသေးသည်။

လွန်ခဲ့သည့်နှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် မလိုမုန်းထားရှိနေသည့်စိတ်များ ရှိနေခဲ့သောကြောင့်လည်း ဗိုလ်ချုပ်သန်းရွှေနှင့် စိတ်တူကိုယ်တူ သူ၏နောက်လိုက်များက တွန့်ဆုတ်နေကြပါသေးသည်။ ယခုအခါ ဗိုလ်ချုပ်သန်းရွှေ က ဒီမိုကရေစီခေါင်းဆောင်နှင့် ပြန်လည်သင့်မြတ်စေရန်ဆိုလျှင် ထိုသူများ၏ ထောက်ခံမှုကိုလည်း ရအောင်ယူနိုင်ဖို့ လို အပ်နေပါသေးသည်။

စစ်အစိုးရအတွင်း ဗိုလ်ချုပ်သန်းရွှေကိုယ်တိုင် မျိုးစေ့ပျိုးထားသည့် အမုန်းတရား အာဃာတက ဤသို့လမ်းကြောင်းပြောင်း လဲရေးအတွက် အခက်အခဲ ဖြစ်နေရစေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပူးပေါင်းဆောင်ရွက်မှု မည်မျှအရေးပါကြောင်း၊ သို့မှသာ မည်သို့ မည်ပုံ ရှေ့ဆက်လှမ်းနိုင်မည် ဆိုသည်ကို သူ၏လူများအား သူကိုယ်တိုင်နားချရတော့မည့် အချိန် ဖြစ်နေ သည်။ သို့သော်လည်း စိုးရိမ်ပူပန်နေကြသည့်ကိစ္စမှာ အကယ်၍သာ ဒီမိုကရေစီထွန်းကားလာပါက ကိုယ်ကျိုးစီးပွားများ မည်သို့ ဆက်လက်ထိန်းသိမ်းကြပါမည်နည်းဟူသော မေးခွန်းပင် ဖြစ်သည်။ သူတို့၏ အခွင့်အာဏာများ ဆုံးရှုံးကြရတော့ မည် ဖြစ်သည်။

ယခုအချိန်သည် ဗိုလ်ချုပ်သန်းရွှေအဖို့ အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ရမည့် အရေးကြီးသော အချိန်ပင် ဖြစ်သည်။ လက်ရှိ ပိုနေမြဲ ကျားနေမြဲ အခြေအနေကို လွန်ဆန်၍ သူကိုယ်တိုင်ဖန်တီးခဲ့သည့် လမ်းကို ပြန်ပြောင်းရတော့မည့်အချိန် လည်း ဖြစ်သည်။ ကြုံရမည့် အခက်အခဲများက လွယ်ကူမည်တော့ မဟုတ်ပါ။ လုံးဝအသစ်ဖြစ်သော အမြင်သစ်မျိုးဖြင့် မှန်းမျှော် ခြေလှမ်းရန်လည်း လိုအပ်နေပါသေးသည်။

အကယ်၍ ယခုရွေးကောက်ပွဲကို အမှန်တကယ် ဒီမိုကရေစီနည်းကျ ဆောင်ရွက်လိုသည်ဆိုပါက ဗိုလ်ချုပ်သန်းရွှေအဖို့ အချိန်များစွာ ရှိပါသေးသည်။ ဒီမိုကရေစီအစိုးရများထံမှလည်း အမှန်တကယ် အကူအညီများ ရရှိနိုင်ပါသေးသည်။

ဤသို့ ပြောင်းလဲပေးခြင်းအားဖြင့်သာ သူက သူရဲကောင်းတဦးအဖြစ် ဆက်လက် ရပ်တည်နိုင်လိမ့်မည် ဖြစ်သည်။ ယခင် အာဏာရှင်ဟောင်း ဦးနေ၀င်းကြုံတွေ့ခဲ့ရသည့် အဖြစ်မျိုးကို ရှောင်လွှဲနိုင်လိမ့်မည် ဖြစ်သည်။ အကယ်၍ ခြစားနေသည့် သူ၏ စစ်ဗိုလ်ချုပ်များကိုသာ အားထားနေပါက ဦးနေ၀င်းကြုံခဲ့ရသည့် ကြမ္မာဆိုးမျိုး အမှန်တကယ် ကြုံတွေ့ရခြိမ့်မည် ဖြစ် သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီဖြင့် ဗိုလ်ချုပ်သန်းရွှေက အမှန်တကယ် တိုင်းပြည်ကို ကယ်တင်သူလည်း ဖြစ် ကောင်း ဖြစ်နိုင်ပါသေးသည်။ ဗိုလ်ချုပ်သန်းရွှေ သြဇာမြဲနေစဉ် အချိန်အတွင်း၌ အမှန်တကယ် ဒီမိုကရေစီအစိုးရတရပ်ကို စတင်ဆောင်ရွက်ရန် ဖြစ်နိုင်ခြေ ရှိနေပါသေးသည်။ အကယ်၍ နောက်ပေါက်ဗိုလ်ချုပ်များ အာဏာလုကြပါက တိုင်းပြည် လည်း ပြိုကွဲ၍ မတည်ငြိမ်မှုများလည်း ပြန်လည်ဖြစ်ပေါ် ပျံ့ပွားနိုင်ဖွယ် ရှိနေပါသည်။

ပထမအချက် ဗိုလ်ချုပ်သန်းရွှေက စတင်ခြေလှမ်းရမည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစကားပြောရေးပင် ဖြစ်ပါသည်။ ထို့နောက်တွင် တိုးတက်ဖြစ်ပေါ်မှုများက အလိုအလျောက် ဆက်ပါလာလိမ့်မည် ဖြစ်ပေသည်။

ဗမာကြီးရေးသားသည့် Decision Time for Than Shwe ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
Comments (3)Add Comment
0
No
written by mmm, December 25, 2009
မဖြစ်နိုင်......
အရာရှိ အကြီးအငယ် အားလုံး၏ နေအိမ်များကို ကြ ည့်လိုက်ပါ။ ဆင်းရဲသား လူတန်းစား၊ လူလတ်တန်းစားလူတန်းစားများ၏ နေအိမ် များနှင့် တူပါသလော။ ထိုအခြေအ နေမျိုးမှ မည်သူ ခွာဆင်းနို င်ပါမည်နည်း။ ဆက်လက်၍ ကြက် ဆူများ စီမံချက်နှင့်ပြည့်မီကျော် လွန်အောင် စိုက်ပျိုးထားရှိသည်။ တပ်ဖွဲ့ဝင်တ စ်ဦး တစ်လတ စ်သောင်း ပုံမှန်ထောက်ပံ့နိုင်သည်။ မိသားစုအလုပ်အကိုင်များ ရှာဖွေပေးနိုင်သည်.. ..ဆိုသည်များကို လိမ်ညာခြင်းဖြင့် လက်ရှိအခြေ အနေများကို ထိန်းသိမ်းနေကြ လိမ့်မည်။ သို့ဆိုလျှင် အများနှင့် ဗိုလ်ချုပ်တ စ်ယောက် မည်သူ့တို့ဆန္ဒကို မည်သူက မျက်ကွယ်ပြုနိုင်မည်နည်း...။
0
I will not agree with your topice ?
written by Khin Yadanar , December 25, 2009
I think , U Than Shwe has no right to decide 2010 election , the people must decide for it . The election will held by the people decisions otherwise it will not name as Election of Myanmar .
0
မဖြစ်နိုင်ပါ
written by 99Fighter, December 25, 2009
ချုပ်ချုပ်ကြီး က အမှား တွေ လုပ်ထားတာ များလွန်းလို့ အန်တီစု ရင် မဆိုင်ရဲတာ နားလည်ပေး လိုက်ပါ။ သွပ်သွပ်သွပ်၊ စစ်ဗိုလ်ချုပ် တွေ အားလုံး ရူးသွပ်

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်