ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။

ပြည်ပအခြေစိုက် RFA ရေဒီယိုမှ ထုတ်လွှင့်သည့် သတင်းတပုဒ်တွင် စာပေစိစစ်ရေး၏ ဒု - ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဒီမိုကရေစီ စနစ်တွင် စာပေစိစစ်ရေး ရှိစရာ မလိုတော့ကြောင်း ပြောကြားလိုက်ခြင်းပင်။

စာပေစိစစ်ရေး ဌာန၏ အကြီးအမှူးတဦး ကိုယ်တိုင်က ထိုသို့ ပြောဆိုလိုက်သည်ကို စာနယ်ဇင်းသမားများအဖို့ ဝမ်းပန်းတသာ လက်ကမ်းကြိုဆိုရမည် မဟုတ်လော။

စာပေစိစစ်ရေး ဆိုသည်မှာ ဒီမိုကရေစီ အရေးတွင် အဟန့်အတားဖြစ်နေသည်မှာ အမှန်ပင်ဖြစ်သည်။ ခေတ်ပြောင်းနေပြီ ဆိုသည့် ယနေ့ကာလတွင် တိုင်းပြည်နှင့် လူမျိုးအကျိုး ရှေ့ရှုသည့် စတုတ္ထမဏ္ဍိုင် နေရာတွင် ရှိနေရမည့် စာနယ်ဇင်း ကဏ္ဍသည် စာပေစိစစ်ရေးကြောင့် အသက်ငင် နေရသည့် အနေအထား မဖြစ်သင့်ပေ။

မြန်မာပြည်သူလူထု၏ မျက်စိ၊ နားများကို ပိတ်ဖုံးစေသည့် စာပေစိစစ်ရေးကို ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် စစ်တပ်က နိုင်ငံတော် အာဏာသိမ်းယူခဲ့သည့် ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် စတင် အသက်သွင်းခဲ့သည်။ ၎င်းနောက် စာပေ ကင်ပေတိုင်ဟု နာမည်ဆိုးနှင့် ကြော်ကြားလာခဲ့သည်အထိ စစ်အာဏာရှင်စနစ်ကို ကျားကန်ပေးသော ထောက်တိုင်ဖြစ်လာ ခဲ့သည်။

၁၉၆၂ ခုနှစ်မတိုင်ခင် မြန်မာပြည် ပါလီမန်ဒီမိုကရေစီ ခေတ်အခါကမူ စာနယ်ဇင်းများ အားကောင်းမောင်းသန် ဖြစ်ခဲ့သည်။ ပုဂ္ဂလိကပိုင် စာနယ်ဇင်း ဖွံ့ဖြိုးမှုက အရှေ့တောင်အာရှ နိုင်ငံများအကြား ဂုဏ်ယူဝံ့ကြွားစေခဲ့သည်။ ထိုကာလတွင် အစိုးရခေါင်းဆောင် များကလည်း ပုဂ္ဂလိက စာနယ်ဇင်းများအား တရားဥပဒေနှင့် ကန့်သတ် ထားသည်ကိုပင် သတင်းစာသမား များက ရေးသမျှအပေါ် တာဝန်ယူရဲသည့် စိတ်ဓာတ်အပြည့်ဖြင့် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့၍ အမှန်တရားကို ဖော်ထုတ် ရေးသားခဲ့ကြသည်။

ယခုအချိန်သည် ၁၉၆၂ ခုနှစ် အရှေ့ပိုင်း ကာလများကကဲ့သို့ စာပေစိစစ်ရေးကို ဖျက်သိမ်းပြီး ရွှေရောင်လွှမ်းသော မြန်မာ့ စာနယ်ဇင်းခေတ်ကို ပြန်လည်ထူထောင်သင့်သည့် အချိန်ဖြစ်သည်။ ထိုသို့ ထူထောင်နိုင် လိမ့်မည်ဟုလည်း မျှော်လင့်ပါသည်။

သို့ရာတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းက မီဒီယာကို ထိန်းကျောင်းမည့် ဥပဒေတရပ် ပြဌာန်းမည်ဟု လွှတ်တော်တွင်း ပြောဆိုခဲ့သည်။ ထိုဥပဒေထဲတွင် မည်သည့်အချက်များ ပါမည်ကို မသိရသေးသော်လည်း ပုဂ္ဂလိက စာနယ်ဇင်းကြီးထွားလာမှုကို ဟန့်တားမည့် အချက်များ ပါဝင်လာမည်ကို စာနယ်ဇင်းသမားများက စိုးရိမ်နေ ကြသည်။

လွှတ်တော်အတွင်း၌ ကိုယ်စားလှယ်တချို့ တင်ပြတောင်းဆိုသော စာနယ်ဇင်းလွတ်လပ်ခွင့် ကိစ္စနှင့် ပတ်သက်၍ ဖြေကြားရာ တွင်လည်း ဦးကျော်ဆန်းက စာနယ်ဇင်းလွတ်လပ်ခွင့် ပေးလိုက်ပါက အကျိုးထက် အပြစ်က ပိုများမည် ဖြစ်ကြောင်း သွယ်ဝိုက် ပြောဆို၍ ငြင်းဆန်ခဲ့သည်ကို ထောက်ချင့်ခြင်းဖြင့် ပြန်ကြားရေးဝန်ကြီး၏ အယူအဆ အတွေးအခေါ်တို့သည် ခေတ်နောက်ပြန် ဆွဲနေသည်ဟု မိမိတို့က ယူဆသည်။

အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် စင်ကာပူ၊ ထိုင်း၊ မလေးရှား အစရှိသည့် နိုင်ငံများတွင် ပုဂ္ဂလိကပိုင် သတင်းဌာနများ အားကောင်းမောင်းသန်နှင့် လှုပ်ရှားနေသည်ကို ဝန်ကြီးအနေဖြင့် သတိမမူမိ၍လော။

အဆိုပါနိုင်ငံများတွင် အစိုးရကလည်း ဝါဒဖြန့်ချိရေးနှင့် သတင်းထုတ်ပြန်ရေးအတွက် နိုင်ငံပိုင် မီဒီယာများကို အသုံးချနေ သကဲ့သို့ ပုဂ္ဂလိကပိုင် မီဒီယာများ၏ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြု အာမခံထားသည်ကို သတိပြုသင့်သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းတွင် ပြောကြားသကဲ့သို့ ပွင့်လင်းလွတ်လပ်သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်မည် ဆိုလျှင် လွတ်လပ်မျှတပြီး တာဝန်ယူစိတ် အပြည့်အဝ ရှိသည့် ပုဂ္ဂလိကပိုင် နေ့စဉ် သတင်းစာများကို ခွင့်ပြုရပေလိမ့်မည်။

လွတ်လပ်သည့် စာနယ်ဇင်းဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ကြေးမုံပြင်ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် ဖြစ်ပေါ်နေသည့် ကောင်းခြင်း၊ ဆိုးခြင်း အခြေအနေများကို ထိုကြေးမုံပြင်က အမှန်အတိုင်း ထင်ဟပ်ပေးပေလိမ့်မည်။

ထို့အပြင် လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပျက်နေသမျှကို ရှုထောင့်အမျိုးမျိုးမှ တင်ပြနိုင်သောကြောင့် စာဖတ်သူ လူထု၏ အတွေးအမြင် ဖွံ့ဖြိုးမှုကိုလည်း အထောက်အကူ ပြုစေရာ အမျိုးသား ပညာရေးကိုလည်း အထောက်အပံ့ဖြစ်စေသည်။

ဤနေရာတွင် မိမိတို့ ဧရာဝတီမှ အခိုင်အမာ ပြောလိုသည်မှာ စာပေစိစစ်ရေးသာမက ရုပ်ရှင်၊ ဂီတနှင့် ပန်းချီအစရှိသော အနုပညာများကို စိစစ် ဖြတ်တောက် နေခြင်းများကိုလည်း ရပ်ဆိုင်းသင့်သည်။

အချုပ်ဆိုရသော် စာနယ်ဇင်း၊ ရုပ်ရှင်၊ ဂီတနှင့် အနုပညာ စိစစ်ရေး များကို ဖျက်သိမ်းပြီးမှသာ လွတ်လပ်ပွင့်လင်းပြီး  ရင့်ကျက် တိုးတက်သည့် ဒီမိုကရက်တစ် လူ့ဘောင်အဖွဲ့အစည်းတရပ်ကို အုတ်မြစ်ချပေးမည့် ယဉ်ကျေးမှုတရပ် ပေါ်ထွန်းလာမည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
Comments (2)Add Comment
0
...
written by Nay San Thu, October 11, 2011
The Govr't must do if they are really heading to Democracy .
0
လုပ်စရာရှိတာလုပ်လိ က်
written by Burmese, October 10, 2011
စာပေစိစစ်ရေးဌာနတင်မက ၀န်ကြီး ဂျပု ကျော်ဆန်းကို ပါဖြုတ်ပစ်လိုက်။ လေထိုးထားတဲ့ရုပ်၊ ကျက်သရေကို တစ်စက်မှမရှိတာ။ ဟို ငနာ ဇော်မင်းတစ်ကောင်ရှိသေးတယ်၊ ချီးဘရိန်း နဲ့ ကောင်တွေ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်