အပစ်ရပ် ကရင်နီအဖွဲ့အတွင်း နယ်ခြားစောင့်တပ် ကိစ္စ သဘောထားကွဲ

နယ်ခြားစောင့်တပ် အသွင် ပြောင်းလဲရေးနှင့် ပတ်သက်ပြီး စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲထားသော ကယားပြည်နယ် အထူးဒေသ (၂) (ကလလတ) အဖွဲ့အတွင်း သဘောထား ကွဲပြားနေကြာင်း အဖွဲ့နှင့် နီးစပ်သူ တဦးက ပြောသည်။

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) KNPLF ၏ ဥက္ကဋ္ဌ ဦးစန္ဒာနှင့် အတွင်းရေးမှူး ဗိုလ်မှူး ရွှေဝါတို့က နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံနိုင်ကြောင်း ယင်း ကလလတ နှင့် နီးစပ်သူကပြောသည်။ အလားတူ ကလလတ အဖွဲ့မှ ဗိုလ်မှူးအများစုကလည်း ၎င်း နယ်ခြား စောင့်တပ် ပြောင်းရေးကို လက်မခံနိုင်ကြောင်းသိရသည်။

ထို နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးနှင့်ပတ်သက်ပြီး ကလလတ အနေဖြင့် လာမည့်အောက်တိုဘာ လ ၂၇ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ရမည် ဖြစ်ကြောင်း စစ်အစိုးရက ဖိအားပေးနေသည်။

သို့သော် ကလလတ ဒု ဥက္ကဋ္ဌ ဗိုလ်မှူးထွန်းကျော် ဦးဆောင်သောလူနည်းစုအဖွဲ့က နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်ခံပြီး ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရန် သဘောထားရှိနေကြောင်း အဆိုပါ ကလလတနှင့် နီးစပ်သူ ကပြောဆိုသည်။

၎င်းက“ ကလလတ အတွင်းမှာ ပြဿနာဖြစ်နေတယ်၊ အခုရက်ပိုင်း ဗိုလ်မှူးထွန်းကျော် က လူထုစည်းရုံးရေး ဆင်းနေတယ်၊ လူထုကတော့ ဒီ နယ်ခြားစောင့်တပ် အသွင်ကူး ပြောင်းရေး ကို လက်မခံနိုင်ဘူး”ဟု ဧရာဝတီ ကို ပြောသည်။

လတ်တလောအခြေအနေတွင် မြန်မာစစ်အစိုးရနှင့် ကလလတ တို့သည် ကယားပြည်နယ်ရှိ ဖားဆောင်မြို့ နှင့် ကျောက်ညှပ်မြို့ နှစ်မြို့အကြား ကားလမ်းဖောက်လုပ်ရေးနှင့် ပတ်သက်ပြီး သဘောထားတင်းမာ နေ သည် ဟုလည်း ဆိုသည်။

အဆိုပါ ကားလမ်းသည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၅ ထိန်းချုပ်ရာ နယ်မြေသို့ ထိုးစစ်ဆင်ရန် လိုအပ်သည့် ရိက္ခာနှင့် လက်နက်ခဲယမ်းမီးကျောက်များ သယ်ဆောင်ရာ မဟာဗျူဟာ အရ အရေးပါသည့် လမ်းဖြစ်ကြောင်း ၎င်း က ပြောဆိုသည်။

ကလလတ အနေဖြင့် ၎င်းတို့ နယ်မြေကို အသုံးပြုပြီး KNLA ကိုထိုးစစ်ဆင်ဖို့ အတွက်လက်မခံနိုင်ကြောင်း ငြင်းဆိုထားသည်ဟု ဆိုသည်။

ကလလတ အဖွဲ့သည် ၁၉၉၄ ခုနှစ်၊ မေလတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ကလလတ အဖွဲ့သည် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)အဖွဲ့မှ ခွဲထွက်ခဲ့သည်။
Comments (2)Add Comment
0
respond this post
written by Lydia32Lester, January 09, 2011
Following my own monitoring, millions of people in the world receive the home loans at various creditors. So, there is good chances to find a financial loan in any country.
0
နွားကွဲရင် ကျားဆွဲမယ်
written by မြန်မာပြည်သူ, October 22, 2009
နွားကွဲရင် ကျားကဆွဲဘို့ အသင့်ဘဲ ဆိုတာ သတိမူပါ။ KNU သာဓက ကိုကြည့်ပါ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်