မြန်မာလူငယ်များ ပညာချွန်နိုင်ကြစေ

အနောက်နိုင်ငံများအနေနှင့် ၁၅ နှစ်တာကာလအတွင်း မြန်မာစစ်အစိုးရအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများကို ပိုမို ထိရောက်မှုရှိစေရန် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်ရာ၌ တိုင်းပြည်အပေါ် ဗိုလ်ကျချယ်လှယ်နေသူများ၏ အကျိုးစီးပွားကို ပိုမိုထိခိုက်စေရန်နှင့် သာမန်ပြည်သူများအပေါ် သက်ရောက်မှု နည်းနိုင်သမျှနည်းစေရန် ရည်ရွယ်၍ ဆောင်ရွက် ကြခြင်း ဖြစ်သည်။

သို့ရာတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော အဖြစ်အပျက် ၂ ခုက ဒဏ်ခတ်အရေးယူမှု၏ ထိရောက်မှုနှင့် ပတ်သက်၍ မေးခွန်း ထုတ်ဖွယ် ဖြစ်လာခဲ့သည်။

သြစတြေးလျနိုင်ငံ ဖက်ဒရယ်တရားရုံးက ဗိုလ်မှူးချုပ် ဇင်ယော်၏ သမီးဖြစ်သူ မဇင်မွန်အေး (အသက်၂၅ နှစ်)အား ပြီးခဲ့သည့် လ၌ ပညာသင်ကြားနေမှုမှ ရပ်ဆိုင်းပြီး ပြည်နှင်ဒဏ်ပေးခဲ့သည်။ စစ်အစိုးရအဖွဲ့ဝင်များနှင့် မိသားစုဝင်များကို သြစတြေးလျနိုင်ငံက နိုင်ငံတွင်းဝင်ရောက်ခွင့် ပိတ်ပင် ထား သဖြင့် ယင်းသို့ ပြစ်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် မေလတုန်းကလည်း စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၏သားဖြစ်သူ ပြည့်ဖြိုးတေဇ က ဥရောပ သမဂ္ဂမှ ချမှတ်ထားသော ဒဏ်ခတ်အရေးယူမှုများ ပယ်ဖျက်ပေးရန် ဦးတိုက်လျှောက်ထားမှုကို ဥရောပ တရားရုံးတခုက ပယ်ချ ခဲ့ သည်။ စင်္ကာပူနိုင်ငံတွင် သာမန်ဘွဲ့ရပြီးပါက ဗြိတိန် သို့မဟုတ် ဥရောပ နိုင်ငံတခုခုတွင် ပညာဆက်လက်သင်ကြားနိုင်ရန် အတွက် ၎င်းအနေနှင့် ယင်းသို့ လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်ရသည်။

စစ်အစိုးရ အပါအ၀င် ၎င်းတို့နှင့်နီးစပ်သောအသိုင်းအ၀ိုင်းက အနောက်နိုင်ငံများနှင့်ပတ်သက်၍ ဆန့်ကျင်ရေးစကား တသွင်သွင် ပြောနေကြ သော်ငြား သားသမီးများကိုမူ အနောက်နိုင်ငံများတွင် ပညာသင်ကြားစေလိုသည်မှာ လူတိုင်းအသိပင် ဖြစ်သည်။ ၎င်းတို့ သည် အကောင်းတကာ့ အကောင်းဆုံးကို လိုတရနေသူများ ဖြစ်သည့်အတွက် ဤသို့ စဉ်းစားသည်မှာ အထူး အံ့အား သင့်ဖွယ် မဟုတ်ပေ။ ရုရှ၊ တရုတ်နှင့် စင်္ကာပူနိုင်ငံများရှိ တက္ကသိုလ်များသည် စစ်ဗျူရိုကရေစီ ယန္တရား လည်ပတ်ရန် လိုအပ်သည့် နည်း ပညာနှင့် အုပ်ချုပ်မှုဆိုင်ရာ အတတ်ပညာများကို ဆည်းပူးရန် ကောင်းမွန်သည့် နေရာများ ဖြစ်သော်လည်း အတော်ဆုံးနှင့် အထက်မြက်ဆုံး လူတန်းစားတွင် ပါဝင်သည်ဟု ကိုယ့်ကိုယ်ကိုယ် ယူဆထားသော ၎င်းတို့၏ သားသမီးများအား အဆင့်အမြင့်ဆုံး ပညာရေးကို ဖြည့်စွမ်းပေးနိုင်သည့် နေရာများ မဟုတ်ကြချေ။

သို့ရာတွင် သာမန်ပြည်သူ အများစုအတွက်မူ အမှန်တကယ် ပညာသင်ကြားခွင့်ရရေးမှာ အိပ်မက်ပမာ ရှိလှသည်။ လန်ဒန် အခြေ စိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျု (International Institute for Strategic Studies) က ၂၀၀၇ ခုနှစ်တွင် ထုတ်ပြန်သော အစီရင်ခံစာအရ မြန်မာနိုင်ငံ၌ တနိုင်ငံလုံးဘတ်ဂျက်၏ ၀.၅ ရာခိုင်နှုန်းကို ပညာရေး ကဏ္ဍ၊ ၀.၄ ရာခိုင်နှုန်း ကို ကျန်းမာရေးကဏ္ဍ တို့တွင် အသုံးပြုသည်ဟု သိရသည်။

ဤပမာဏကို စစ်တပ်အတွက် သုံးစွဲသည့် ၄၀-၆၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ကြည့်ပါက စစ်အစိုးရအနေနှင့် မည်သည့်နေရာများတွင် ဦးစားပေးဆောင်ရွက်နေသည်ကို ရှင်းရှင်းလင်းလင်း သိနိုင်မည် ဖြစ်သည်။ နိုင်ငံတော်က ထောက်ပံ့ထားသော ပညာရေး စနစ် အတွင်း ၎င်းတို့၏ သားသမီးများ ဆက်လက် ပညာသင်ကြားခွင့်ရရေးအတွက် သက်ဆိုင်ရာကျောင်းများက ကျောင်းသားမိဘများ အား ဖိအားပေး၍ အလှူငွေ မကြာခဏ ထည့်ခိုင်းသည့်အပေါ် စစ်အစိုးရက အခါအားလျော်စွာ ထုတ်ဖော် ပြစ်တင်ကြိမ်းမောင်းလေ့ ရှိသော်လည်း ကလေးသူငယ်များ ပညာသင်ကြားခွင့်ဆုံးရှုံးနေရသည်မှာ စစ်အစိုးရကြောင့်ပင်ဖြစ်သည်ဟု ဆိုပါက မှားအံ့မထင်။

ထို့ကြောင့်ပင် ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့နှင့် နီးစပ်သူများ၏ အခွင့်ထူးခံ သားသမီးများ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်များတွင် ပညာ သင်ကြားခွင့် ငြင်းပယ်ခံရသောအခါများ၌ မည်သူမျှ ထူးကဲသည့် သနားညှာတာမှုမျိုး မခံစားရခြင်းဖြစ်သည်။ အမှန်စင်စစ် ဤသို့  ငြင်းပယ်ခံရသည့် အခါမျိုးတွင် ယင်းအခွင့်ထူးခံ သားသမီးများအနေနှင့် မြန်မာပြည်တွင်းရှိ ပညာသင်ကြားခွင့်ပင်မရသည့် သာမန် ကျောင်းသားကျောင်းသူအများစု၏ ဒုက္ခကို အနည်းငယ် မျှဝေခံစား နားလည်သင့်သည်။

မြန်မာနိုင်ငံတွင် အလားအလာရှိသော လူငယ်များ အလျှံအပယ်ရှိနေသော်ငြား ပညာရေး အခွင့်အလမ်းများ ကင်းမဲ့နေသဖြင့် အနာဂတ် ပျောက်နေကြရသည်။ မည်သည့်အတွက်ကြောင့် ကြေးရတတ်အသိုင်းအ၀ိုင်းနှင့် သာမန်ပြည်သူလူထုမှ ပေါက်ဖွား လာသော သားသမီးများအကြား ပညာသင်ကြားခွင့် အခွင့်အလမ်း မတူညီ ဖြစ်နေသင့်သနည်း။

ဤသို့ အခွင့်အလမ်း သာတူညီမျှမရှိခြင်းသည် သာမန်ဖြစ်ရိုးဖြစ်စဉ်ဟု ယူဆလင့်ကစား သင့်တင့်လျောက်ပတ်သော ပညာ သင် ကြားခွင့် မရခြင်းသည် တိုင်းပြည်အတွက် မည်မျှ အကျိုးသက်ရောက်မှုရှိသည်ကိုမူ စဉ်းစားဆင်ခြင်သင့်သည်။ နိုင်ငံရပ်ခြား၌ ပညာ သင်ကြားခြင်းသည် တရားမ၀င် နည်းလမ်းဖြင့် ရရှိထားသည့် စည်းစိမ်များဖြင့် ဇိမ်ခံသည့် ဘ၀နှင့် အတူတူဖြစ်သည်၊ ဤအရာ  သည် ၎င်းတို့၏ မွေးရာပါ အခွင့်အရေးဖြစ်သည်ဟု အထက်တန်းလွှာ သားသမီးများက ယူဆထားပါက မှားယွင်းမည်ဖြစ်သည်။

အကောင်းဆုံးပညာရေးဆိုသည်မှာ ကျောင်းသားကျောင်းသူများ၏ စဉ်းစားနိုင်စွမ်းကို ပြုပြင်ပြောင်းလဲနိုင်ယုံမျှ သာမကဘဲ ၎င်းတို့၏ လူ့အဖွဲ့အစည်းအတွင်း အမှန်တကယ်အပြောင်းအလဲ ဖြစ်လာစေရန် နည်းလမ်းများ စဉ်းစားရာတွင်လည်း များစွာ အထောက်အကူ ပြုသည့်အရာ ဖြစ်သည်။ အကယ်၍ ဗိုလ်ချုပ်ကြီးတဦး၏ သား သို့မဟုတ် သမီးသည် အနောက်နိုင်ငံတခုခု၌ ပညာသင်ကြား၍ ဒီမိုကရေစီတန်ဖိုးများကို နက်နက်ရှိုင်းရှိုင်းသိမြင်လာပါက ဤအရာသည် ကောင်းမွန်သည့်အရာပင် ဖြစ်သည်။ အကယ်၍ ယင်း အသိအမြင် ဗဟုသုတများကို ၎င်းတို့၏ မိတ်ဆွေများနှင့် မိဘများထံ လက်ဆင့်ကမ်းနိုင်ပါက ပို၍ပင်ကောင်းသည်ဟု ဆိုရပေလိမ့်မည်။

တချိန်တည်းမှာပင် မိဘများ၏ အပြစ်အတွက် သားသမီးများကို အပြစ်ပေးခြင်းသည် တရားမျှတမှု ရှိ မရှိ မေးခွန်းထုတ်သင့်သည်။

မဇင်မွန်အေး အမှု၌ သူ့ရှေ့နေက ၎င်း၏အမှုသည် သည် “အပြစ်မရှိသောကိစ္စအတွက် အပြစ်ပေးခံရခြင်းဖြစ်သည်” ဟု စောဒက တက်ခဲ့သည်။ “လူမဆန်သည့် မြန်မာစစ်အစိုးရနှင့် ဖခင် ပတ်သက်မှုရှိသောကြောင့် မဇင်မွန်အေး သည် မိဘများနှင့် ခပ်ခွာခွာ နေထိုင်ခဲ့သည့်အပြင် မိဘများကို ငွေရေးကြေးရေးအရ မှီခိုနေသူလည်း မဟုတ်ပါ”ဟုပင် ရှေ့နေက အခိုင်အမာ ထုချေလွှာ တင်ခဲ့ သေးသည်။

အကယ်၍ ရှေ့နေလျှောက်လဲချက် မှန်ကန်ပါက မဇင်မွန်အေးအား သြစတြေးလျနိုင်ငံမှ ပြည်နှင်ဒဏ်ပေးလိုက်ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးငြင်းခုံရန် ပို၍ပင် ခက်ခဲပေလိမ့်မည်။ သို့သော် အပြစ်ရှိ မရှိနှင့်ပတ်သက်၍ ကောက်ချက်မဆွဲမီ သိထားသင့် သည့် အရာများလည်း ရှိသေးသည်။ ယင်းတို့မှာ တရားရင်ဆိုင်ခွင့် အခွင့်အလမ်း ပေးခဲ့ခြင်းနှင့် မဇင်မွန်အေး အနေဖြင့် အားလုံး လက်ခံလာရန် မစည်းရုံး မဆောင်ရွက်နိုင်ခဲ့ခြင်းတို့ ဖြစ်သည်။

မြန်မာ့ လူ့အဖွဲ့အစည်း အထက်လွှာရှိ အခြားသော လူငယ်များအနေနှင့် ဒီမိုကရေစီလူ့အဖွဲ့အစည်း၏ အကျိုးကျေးဇူးများအား ၎င်းတို့ ခံစားထိုက်ကြောင်းကို အများကလက်ခံလာစေရန် အတတ်နိုင်ဆုံး ကြိုးပမ်းသင့်သည်ဟု လေးလေး နက်နက် အားပေး တိုက်တွန်းလိုသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၌ ပညာတတ်များ များသည်ထက်များများ လိုအပ်နေသောကြောင့်ဖြစ် သည်။ ၎င်းတို့အနေနှင့် ကိုယ့်ထက် အခွင့်အလမ်းနည်းပါးသူများ နိုင်ငံရပ်ခြားပညာတော်သင်ဆုရရန် မည်သို့ ခက်ခက်ခဲခဲ ကြိုးပမ်း အားထုတ်ရသည်ကို သင်ခန်းစာယူ၍ လိုချင်သည့်အရာများ လက်ထဲရောက်လာလိမ့်မည်ဟု မျှော်လင့်နေမည့်အစား လိုချင်သည့် အရာကို ရရန် မည်သို့ကြိုးပမ်းယူရမည်ကို လေ့လာဆည်းပူးသင့်သည်။

အကယ်၍ ကြိုးပမ်းအားထုတ်မှုတွင် အောင်မြင်မှုမရှိဘဲ ရှုံးနိမ့်ခဲ့ရသော်ငြား ၎င်းတို့အနေနှင့် တန်ဖိုးရှိသည့် သင်ခန်းစာတရပ်ကို ထုတ်ယူနိုင်သေးသည်။ ယင်းမှာ ဤသို့ ရှုံးနိမ့်ရခြင်းသည် ၎င်းတို့ကို အိမ်ရှင်အဖြစ်လက်ခံမည့် နိုင်ငံများ၏ ဥပေဒများကြောင့် မဟုတ်ဘဲ စစ်အစိုးရ၏ နိုင်ငံနှင့် လူထုအပေါ် ဖိနှိပ်ချုပ်ချယ်မှုများနှင့် ရက်စက်ကြမ်းကြုတ်သည့် မူဝါဒများကြောင့်သာ ဖြစ်သည် ဆိုသော အချက်ဖြစ်သည်။

Are 'Smart' Sanctions Making Burmese Dumber? ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။
Comments (11)Add Comment
0
did you afrait
written byုkoko, January 29, 2011
လက်စား ချေတာ တွေ ရပ်သင့်ပါပြီ။ ကလေးများ အားလုံး လွတ်လပ်စွာ ပညာ သင်ကြားခွင့် ရှိကြပါစေ

အဲဒိ စာ ရေး တာ ဖား ပြီး ရေး ထား တာ
ကိုယ့် အ လှည် ကျ တော့ ကြောက် နေ လား။
0
ငါ တို့ ကို လဲ အ လှည့် ပေး ပါ
written by ကို ပ ညာ, January 29, 2011
TT C ပြည် လမ်း ကျောင်း က ဆရာ တွေအ ရမ်း ထော တယ် လို့ ကြား တယ်၊အဲဒီကျောင်း မှာလဲ သူ တို့ နဲ့ပတ် သက် တဲ့မြေးတွေ ဆရာ မ တွေကြီးဘဲ ချယ် လှယ် နေ တာဘဲ ကျွန် တော် တို့ လို နယ် ဆရာ တွေ လဲ အဲ ဒီ ကျောင်း ကို ပြောင်းချင် ရင် ဘယ် လို လုပ် ရမ လဲ။
0
...
written by Robbie, September 04, 2010
I think whether the military government is good or bad.. it doesn't deal with the young generation's education regardless of whom their parents are. Kalayar Zaw and Sandi Zaw are both of my friends and they have never done a single thing to hurt other people's lives.
0
it is possible
written by johnmaclaim, July 31, 2010
ဒါ က တော့ လုပ်သင့်တ ယ်လို့ ကျွန်တော် ထင်ပါတယ် ဘာလို့လဲ ဆိုတော့ သူ တို့ သာ သမီးတွေကို နိင်ငံခြားမှာ ပညာ သင် ခိုင်းရုံတ င်မက ငွေ ကြေး ခ၀ါ ချမှူ အတွက် ပါ အသုံး ချလိုတယ် ဆို တာ သတိထား သင့်ပါတယ် မိခင် ဖခင်တို့ နဲ့ ခပ် ခွာခွာ နေတယ် ဆိုတာ ဘယ်လို အကြောင်ြး ပချက် နဲ့လဲ ဆို ခိုင်လုံတဲ့ သက်သေ မပြနိုင်ေ သးပါဘူး... ဒါကြောင့် သူ တို့ သားသမီးဆွေ မျိုးတွေ ကို နိုင်ငံခြား ကို အကြောင်း အမျိုးမျိုးနဲ့ ပို့ လွှတ်တာ တွေ ကို သေချာ စိစစ် သင့် ပါတယ်... သူတို့ပြောသလို ပြည်တွင်းမှာလဲ သူတို့အဆို ခေတ်မှီတဲ့ တက္ကသိုလ်တွေ အများကြီးဘဲ ...လေ ..နော့် .
0
...
written by ထွန်းလှ, July 30, 2010
လက်စား ချေတာတွေ ရပ်သင့်ပါပြီ။ ကလေးများ အားလုံး လွတ်လပ်စွာ ပညာ သင်ကြားခွင့် ရှိကြပါစေ။
cannot agree, Low-rated comment [Show]
0
...
written by ဂျင်ကလိ, July 26, 2010
မီးငယ် တင်ပြထားတာ
ဟုတ်မဟုတ် ထောက်ပြလိုက်ကြပါလား၊
ဒါ လက်တွေ့ ကျတဲ့ Sanction ပဲ။
0
No word to say this!!!
written by sword, July 25, 2010
Actually 50 million peoples are now suffering with degrading their education system destorying by systematically in mordern age , so after school they are now facing with problems for ther jobs and future!!! Nothing is certain after their school and nothing is ready for them after schhool inside country, nobody take care about 55 million peoples .You can see on the roads so many children selling goods , begging and loitering around but nobody can take care!!!
0
စစ် အစိုးရ အသိုင်းအ၀ိုင်းက လူတွေ နာမည်ကြီး တက္ကသိုလ်ေ တွ မှာ ပညာသင်နေတာ အများကြီးပါ
written by Mee Nge, July 23, 2010
စစ် အစိုးရ အသိုင်း အ၀ိုင်းက လူတွေ သြစတြေးလျနဲ့ အမေရိကားမှာ ပညာသင်ေ နတဲ့လူတွေ အများကြီးပါ...
ဦးတေဇ ဆိုရင် သားတွေ တင်မဟုတ်ဘူး တူမ တွေကို ပါေ ကျာင်းထားတာ ကလျာဇော် တဲ့ ခု Sydney မှာ နောက်တ စ်ယောက်က စန္ဒီဇော် တဲ့ New York မှာ ဦးတေဇ သမီးက စင်င်္ကာပူမှာ
ဆိုနီ ဦးဝေလွင် သမီး ဝေသစ်လွင်( University of California, Berkeley, Business Administration) နဲ့ ခင်သစ်လွင်(Chapman Canadian International) ကနေ ကျောင်းပြီးတယ်
ဒေါက်တာ သာမြတ် သမီး ချောစုမြတ်( University of Melbourne, Master of Commerce) တဲ့
အားလုံးလည်း သိမှာပါ သူတို့တက်တဲ့ ကျောင်းတွေ ဘယ်လောက် ဈေးကြီး သလဲ ဆိုတာကို... တိုင်းပြည် ပိုက်ဆံတွေ ၀ိုင်း ယူနေပြီး တော့ သူတို့ တွေက ကျောင်းကောင်း တက်တယ်.. မြန်မာပြည်မှာ တစ်နှစ် တစ်နှစ် စာသင်ခန်းကိုကျောခိုင်းနေရတဲ့ ကလေးတွေ အများကြီးပါ
0
သံသရာမဆုံးခင် ဝဋ်လည်ကြတာပဲ....
written by လူဇော်, July 23, 2010
ဒီလူတွေနဲ့ သူတို့ မိသားစုဝင် အများစုက ဒီဆောင်းပါးပါ အချက်လို ဘယ်သောအခါမှ တွေးကြမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တိုင်းပြည်ကို သူ့အမေလင် ပစ္စည်းလို သဘောထားပြီး အခွံ ဝိုင်းခွာေ နကြတာ။ ဗိုလ်သန်းရွှေကို ပြရုပ်ထားပြီး အုံနဲ့ကျင်းနဲ့ ဝိုင်းခိုးနေကြတာ..... သူတို့မှာ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ဘာ ခံယူချက်မှ မရှိဘူး.... ရသွားမှာတောင် ကြောက်နေကြတာ... သူ နဝတကို မထောက်ခံပါဘူး

ပြောတာ ကတော့.. ဒီ အစိုးရ ယန္တရားကို ထောက်ပံ့ ပေးနေတဲ့ အောက်ဆွဲတွေရဲ့ မျိုးဆက်လိုက် ပါလာတဲ့ လိုချင်တာ ရဖို့ ဘယ်လိုပဲ ပြောရပြောရ လုပ်ရလုပ်ရ ဆိုတဲ့ အကျင့် ပါဘဲ..........

သူတို့ သားသမီး တွေကိုတော့ ပညာ တတ်စေချင်တယ်.. .တိုင်းပြည်ရဲ့ မျိုးဆက်တွေကိုကြ အလိမ် အညာတွေနဲ့ စိတ်ဓါတ်ရော အရည်အချင်းပါ စနစ်တကျ ဖျက်ဆီးထားတယ်... .ကောင်းပါတယ်... တော်လွန်း အားကြီး ကျေးဇူး အလွန် ကြီးပါပေတယ် ကျေးဇူးရှင်တို့ရယ်.....
0
ကာလဝိပါက် နောက်ပိုးတက်
written by ပြည်သူ, July 23, 2010
ဒီကနေ့ ဇူလိုင်၂၂ မှာပဲ ဧရာဝတီ သတင်းမှာ ပါဝင်တဲ့ “ဒုဝ န်ကြီး လက် မှတ်ထိုးမှ သံဃာ များ ပြည်ပ ထွက်ခွင့်ရ” ခေါင်းစဉ်နဲ့ ပြည်ပ ကို ထွက်ပြီး စာသင်မယ့် သံဃာတွေ အပေါ် ကျင့်သုံးနေတဲ့ စစ်အုပ်စုရဲ့ မူဝါဒ သတင်း ကို နှိုင်းယှဉ်ဖ တ်ကြ ည့်ရင် စစ်အုပ်စု နဲ့ သူတို့ရဲ့သားသမီးတွေ အပေါ် ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံများရဲ့ သဘောထားဟာ ဘယ်လိုဖြ စ်သင့်သလဲ ဆိုတာ ပြတ်ပြတ် သားသား သိမြင် သဘောေ ပါက် နိုင်ကြ ပါလိမ့်မယ်။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်