ဆုံးဖြတ်ချက် မချမီ ရက်သတ္တပတ် အနည်းငယ်အထိ NLD ခေါင်းဆောင်တချို့က ရွေးကောက်ပွဲဝင်ရန် စဉ်းစားခဲ့ကြကြောင်း သိရသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအနေအထားတွင် သူ့အနေဖြင့် ပါတီမှတ်ပုံတင်ခြင်းကို သဘောမတူ နိုင်ကြောင်း ၂၉ ရက်နေ့ မတိုင်မီက သူ၏ ရှေ့နေ ဦးဉာဏ်ဝင်းမှတဆင့် ပြောခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ ပြောဆိုလိုက်သည့် နောက်ပိုင်း ပါတီခေါင်းဆောင်များအတွင်း သဘောထား သိသာစွာပြောင်းလဲခဲ့သည်။
NLD ၏ ရွေးကောက်ပွဲမ၀င်ရေး ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်မှုအမျိုးမျိုး ရှိခဲ့သည်။ ပြည်တွင်း ပြည်ပရှိ တက်ကြွလှုပ်ရှားသူများ နှင့် နိုင်ငံရေး အင်အားစုများအပါအ၀င် မြန်မာ လူထုအကြား NLD ၏ ဆုံးဖြတ်ချက်ကို အားပေးမှုများရှိသကဲ့သို့ စိတ်ပျက်မှု များလည်းရှိသည်။
NLD အနေနှင့် မယုံကြည်နိုင်လောက်အောင်ပင် ပါတီကို အထိနာစေသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်လည်း ဖြစ်နိုင်သည်။ NLD အထိနာခဲ့သည်မှာ ယခုမှ မဟုတ်ပါ။ စစ်အစိုးရက NLD အပြတ်အသတ် အနိုင်ရခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လည်း လျစ်လျူရှုခဲ့သည်မှာ အများအသိပင်ဖြစ်သည်။ သို့သော် NLD အနေနှင့် ပါတီဖျက်သိမ်းရမည့် အခြေအနေနှင့် ရင်ဆိုင် ရသည်မှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ်ဖြစ်သည်။
ရွေးကောက်ပွဲ ဥပဒေအသစ်အရ ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်သည့် မည့်သည့်ပါတီမဆို ဖျက်သိမ်းခံရမည်ဖြစ်သည်။ ဆယ်စုနှစ် နှစ်ခုကျော် ကြာခဲ့သည့် မြန်မာ့ဒီမိုကရေစီ ဖော်ဆောင်ရေးလမ်းကြောင်းအရ အနာဂတ် မြန်မာ့ နိုင်ငံရေးတွင် NLD မပါဘဲ စိတ်ကူးကြည့်၍ မဖြစ်နိုင်သလောက် ရှိသည်။
သို့သော် ယခင်ကလည်း NLD အနေနှင့် ပါတီ မူဝါဒထက် မည်သည့်အရာကိုမှ ရှေ့တန်း မတင်ခဲ့သည့် အခြေအနေများရှိခဲ့ သည်။
“အခုလို အကျင့်ပျက် ခြစားပြီး တရားမျှတမှုမရှိတဲ့ ဥပဒေစနစ်အောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောင်ကျနေတဲ့ ပါတီ ၀င်တွေကို ကျနော်တို့ ပါတီကနေ ထုတ်မပစ်နိုင်ပါဘူး၊ သူတို့မပါဘဲနဲ့ ပါတီဟာ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး"ဟု NLD ပါတီကို တည်ထောင်ခဲ့သူ တဦးဖြစ်သည့် ဦးဝင်းတင်က မတ်လ ၃၀ ရက်နေ့ထုတ် ၀ါရှင်တန်ပို့စ် သတင်းစာတွင် ရေးသားထား သည်။
အဆိုပါ ရပ်တည်ချက်သည် လေးစားလောက်ဖွယ် ဖြစ်နိုင်ပါသည်။ သို့သော် ပါတီ အမှုဆောင်အဖွဲ့ဝင် ၁၁၃ ယောက်၏ တညီ တညွတ်တည်း မဲခွဲဆုံးဖြတ်ချက်က တရားဝင်ဖွဲ့စည်း ရပ်တည်လာခဲ့သော နိုင်ငံရေး အင်အားစု တခုကို ဖျက်သိမ်းပစ်တော့ မည်မှာလည်း ၀မ်းနည်းစရာ ဖြစ်သည်။
၁၉၉၀ ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့သော NLD မပါဘဲနှင့် မဲပေးရမည့် ပြည်သူလူထုမှာ စစ်အစိုးရ ထိန်းချုပ်ထားသော လာမည့် ရွေးကောက်ပွဲတွင် ရွေးချယ်စရာ အနည်းငယ်သာ ရှိတော့မည်။
NLD အနေနှင့် ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့လျှင်ရော ဘာဖြစ်လာမည်နည်း။ စစ်အစိုးရ၏ သိသိသိသာသာ ဖိနှိပ်မှုများကြား က ပင် NLD အနေဖြင့် ရွေးကောက်ပွဲတွင် နိုင်ရန် အခွင့်အခါကောင်း ရလိမ့်မည်ဟု ယုံကြည်ပါသည်။ အဘယ့်ကြောင့် ဆို သော် တနိုင်ငံလုံးရှိ မဲဆန္ဒရှင်များက NLDအား ယခင်ကကဲ့သို့ပင် ရှင်သန်နေသည်ကို ယခုထိတိုင် မြင်တွေ့ချင်ကြသည့် အတွက်ကြောင့်ဖြစ်သည်။
ယခုကဲ့သို့ NLD က ရွေးကောက်ပွဲ မ၀င်ရေး ဆုံးဖြတ်လိုက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို နိုင်ငံရေးတွင် မပါဝင်နိုင်ရန် ပြုလုပ်ထားသည့် စစ်ဗိုလ်ချုပ်များအတွက် ၀မ်းသာစရာဖြစ်ပေမည်။
လတ်တလော သိချင်ကြသည်မှာ NLD အနေနှင့် နောက်တဆင့် ဘာဆက်လုပ်ရန် အစီအစဉ်များ ရှိသနည်း။ မြေအောက် အဖွဲ့အစည်း ဖြစ်သွားမည်လား၊ ပါတီ ဖျက်သိမ်းမခံရစေရန် ဒေါ်အောင်ဆန်းစုကြည်က စွမ်းဆောင်နိုင်မည်လား၊ ဒေါ်အောင်ဆန်းစုကြည်၏ နောက်ထပ် လှုပ်ရှားမှုက ဘာဖြစ်မည်လဲ ဆိုသည့် အချက်များပင်ဖြစ်သည်။
စစ်အစိုးရကို ဥပဒေဘောင်အတွင်းမှ ဆန့်ကျင်တော်လှန်ရင်း ၂၂ နှစ်ကြာ ရပ်တည် ထိန်းထားနိုင်ခဲ့သော မဟာဗျူဟာကို ယခု NLD က စွန့်လွှတ်လိုက်ပေပြီ။ NLD အနေဖြင့် မည်သို့ ရှေ့ဆက်မည်ကို ကြည့်ရပေတော့မည်။ မည်သို့ပင် ဖြစ်စေ စစ်အစိုးရ အတွက်မူ အကွက်ချထားသည့်အတိုင်း အရာရာ အလုပ်ဖြစ်သွားလေပြီ။ NLD ကို မြန်မာ့နိုင်ငံရေး ပုံရိပ်ထဲမှ ဆွဲထုတ်ပစ်ရန် သာ ကျန်တော့သည်။
နောက်ဆုံး မေးစရာရှိသည်က NLD ၏ ဆုံးဖြတ်ချက်သည် စစ်အုပ်ချုပ်မှုကို တရားဝင် ဖြစ်လာစေရေးဆိုသည့် စစ်အစိုးရ၏ ပြင်းပြသော ရည်မှန်းချက်ကို ပြိုလဲသွားစေမည်လားဟူသည့် မေးခွန်းပင်ဖြစ်သည်။
အကယ်၍ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် စစ်အစိုးရ၏ ရွေးကောက်ပွဲကို လက်ခံလိုက်လျှင် ရွေးကောက်ပွဲ မ၀င်ရေး ဆုံးဖြတ်ခဲ့သော NLD ပါတီ၏ အခန်းကဏ္ဍသည်လည်း အဆုံးသတ်ကောင်း သတ်သွားလိမ့်မည်။ သို့သော် NLD ၏ ရွေးကောက်ပွဲမ၀င်ရေး ဆုံးဖြတ်ချက်သည် ထည့်သွင်းစဉ်းစားစရာ ကိစ္စတခု ဖြစ်လာပါက ထိုဆုံးဖြတ်ချက်သည် NLD ၏ ကြီးမားသော အောင်ပွဲတရပ်အဖြစ် သက်သေပြနိုင်ပေလိမ့်မည်။
End of the Road? အယ်ဒီတာ့ အာဘော်ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
Set as favorite
Bookmark
Email this
Hits: 4642
Comments (21)

written by အောင်ကြီး, August 27, 2010
"ညစ်ပတ်တာ လူတွေ သိအောင် မလုပ်ရင် NLD က ဘာလုပ်ရမှာလဲ။" ဆိုတဲ့ ပုဂ္ဂိုလ်ရေ .. စစ်တပ် ညစ်ပတ်တာ တကမ္ဘာလုံး သိနေတာပဲ ဘာထပ်ပြီး သိအောင် လုပ်စရာ လိုသေးလို့လဲ ..
written by ကိုဝဏ, July 08, 2010
အစိုးရရဲ့ တဖက်စောင်းနင်း လုပ်ရက်တွေကြောင့် NLD က ၀င်မပြိုင်တော့ဘူးလို့ ဆုံးဖြတ်တာ NLD အဖွဲ့အတွက် သီးသန့် ဆိုရင်တော့ မှန်တာပေါ့... ......( ဒါပေမယ့်..... ...... )
ပြည်သူတွေရဲ့ နှစ် ၂၀ ကျော် NLD နဲ့ ပတ်သက်ပီး အားကိုးခဲ့တဲ့ / အထင်ကြီးခဲ့တဲ့ ဒီမိုကရေစီ အိပ်မက်ကလေး ကို ( ရွေးကောက်ပွဲ မ၀င်တော့ဘူး) ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ရိုက်ချိုး လိုက်တာကတော့ ကြေကွဲဝ မ်းနည်းစရာပါ...
အခုတော့ NLD ကြောင့် ပြည်သူတွေ မက်ခဲ့တဲ့ နှစ် ၂၀ ကျော် အိပ်မက်ကေ လးကတော့ အလဟသ ဖြုန်းတီးခံ ခဲ့ရပါပြီ......... .ပြည်သူေ တွကတော့ အမိမဲ့သား ရေနည်းငါး ဘ၀နဲ့ မျှော်လင့်ချ က်တောင် မရှိနိုင်တော့တဲ့ (ဒုံရင်း) ဘ၀ ကို ပြန်ရောက်သွားပါပြီ...
ပြည်သူေ တွက အန်အယ်လ်ဒီ အာဏာ မရနိုင်ပေမယ့် ပြည်သူဘက်က ရှိမယ့် အင်အားရှိတဲ့ ( အတိုက်အခံ) ပါတီအဖြစ်နဲ့ အနည်းဆုံြး မင်ချင်ခဲ့တာပါ..... ပြည်သူတွေကို တကယ် စာနာရင်တော့ ရွေးကောက်ပွဲ ၀င်သင့် တာပေါ့ဗျာ......

written by အေးသာအောင်, April 22, 2010
မည်သူမှ ရွေးကောက်ပွဲ မ၀င်ကြဖို့နှင့် ရွေးကောက်ပွဲကို သပိတ် မှောက်ကြဖို့ အားလုံး တိုက်တွန်း ရအုံးမည် ။
written by charlie, April 14, 2010
Guys which side you're on? Please don't say
that's there's no side , That would be a military.
that's there's no side , That would be a military.
written by ko, April 13, 2010
ကိုယ့် ခြေထောက်ပေါ် ရပ်ဖို့ ကြိုးစားနေသူ တစ်ယောက် အနေနဲ့ ဘဝမှာ စီးပွားရေးပဲ ဖြစ်ဖြစ်.. လူမှု့ရေးပဲ ဖြစ်ဖြစ်.. မျှမျှ တတနဲ့
အောင်မြင်အောင် စွမ်းဆောင်နိုင်သူတိုင်းကို လေးစားပါတယ်..
ဒါပေမဲ့ ကိုယ်လက်ထဲ မိုက်ရှိလို့ ပြောချင်ရာ ပြောမယ်
ဆိုတဲ့ ရပ်ကွက်ထဲက ကြံ့ဖွံလိုတော့ မလုပ်စေချင်ပါ..
အောင်မြင်အောင် စွမ်းဆောင်နိုင်သူတိုင်းကို လေးစားပါတယ်..
ဒါပေမဲ့ ကိုယ်လက်ထဲ မိုက်ရှိလို့ ပြောချင်ရာ ပြောမယ်
ဆိုတဲ့ ရပ်ကွက်ထဲက ကြံ့ဖွံလိုတော့ မလုပ်စေချင်ပါ..
written by Khin Maung Cho, April 04, 2010
NLD made decision with 133 vote.
Its means,NLD didn't consider 6o millions peoples hope on NLD.
Now,regime is sit,smile and happy.
With the critical period,leaders of NLD can maintain legitimacy of party.Now they done party disappear with their own mind.
So where is Democracy ?
They didn't consider other peoples wish and desire and hope.
At the same time,regime will not detain U Win Tin,without U Win Tin NLD will not crash.
Now NLD go to regime trap.
Poor NLD.

written by Myo Chit, April 04, 2010
I support 100% on NLD Decision as Military Junta will cheat all in their power on this election.
They are not that dumb to let NLD win again this time. They will cheat and do all dirty things as they always did.
They are not that dumb to let NLD win again this time. They will cheat and do all dirty things as they always did.
written by nay min, April 03, 2010
ရွေးကောက်ပွဲ ကို NLD ပါသည် ဖြစ်စေ မပါသည်ဖြစ်စေ အရေး မကြီူးပါ။ ကိစ္စတခုကို ခေါင်းထဲ ထည့်ထားသင့်သည် မှာ
နအဖ သည် စကား သက်သက်နှင့် ဘယ်တော့မှ ဂရုမစိုက် လက်ပါမှ ကြောက်တတ်သည်။ ထို့ကြောင့် ဒီမိုကရေစီ ရ၇ှိရေး ဟု ကြွေးကြော် နေကြ သူများ လက်ပါဖို့ ကြီုစားသင့်သည်။ လက်ပါ နှိင်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများကို နအဖ အကြီမ်ကြီမ် အခါခါ တွေ့ဆုံ ဆွေးနွေးနေ ရသည်ကို ဥပမာယူသင့် သည်။ လေဖမ်း တရားနာလျှင် တရားမရပဲ ကားယား ကားယားသာ ဖြစ်လီမ့်မည်။

written by ??????????, April 03, 2010
ဆုံးဖြတ်ချက် မှန်ပါတယ်။ ဂေါင်းငုံ.မခံကြနဲ.။ ယခုကဲ့သို့ NLD က ရွေးကောက်ပွဲ မ၀င်ရေး ဆုံးဖြတ်လိုက် ခြင်းသည် ဒေါ်အောင်ဆန်းစု ကြည်နှင့် NLD ကို နိုင်ငံရေးတွင် မပါဝင်နိုင်ရန် ပြုလုပ်ထားသည့် စစ်ဗိုလ်ချုပ်များ အတွက် ၀မ်းသာစရာ ဖြစ်ပေမည်လို. ရေးထားတာတွေ. ရတယ်။ ညစ်ပတ်တာ လူတွေသိအောင် မလုပ်ရင် NLD က ဘာလုပ်ရမှာလဲ။ မတရားမှုကို လုံးဝ လက်မခံတာ မှန်တယ်။ NLD ကဲ့သို. တတိုင်း ပြည်လုံး မတရားတဲ့ ရွေးကောက်ပွဲကို သပိတ် မှောက်ကြ။ မဲရုံကို မသွားကြပါနဲ.။ အချင်းချင်း စားခွက်လုပွဲမှာ တရားခံ အဖြစ် မခံကြနဲ.။
written by ????????, April 03, 2010
Bo-pyaung is 100% right.
All democracy loving Burmese should stay home if they intended to vote for NLD.
I am surre NLD did the right decision.
Whether the NLD is registered party or not, it would still be in our heart, in people's heart.
Ridiculous election law could not wipe out NLD from our heart. NLD would always be with Burmese people, so is Daw ASSK. Long live Our Lady.

written by တိုးတက်အောင်, April 02, 2010
နအဖ က ဒီချုပ် သဘောထား ကွဲပြီး ပါတီ နှစ်ခြမ်း ကွဲမယ်လို့ မျှော်လင့်ခဲ့မှာပါ။ လူ အများစုက ဒီချုပ် တရားဝင် မဖြစ်ရင် ရပ်တည်လို့ မရမှာကို စိုးရိမ်နေတယ်။ တရားဝင် ဖြစ်ပြီး နအဖရဲ့ လွှတ်တော်မှာ အမတ် အနည်းငယ်နဲ့ မတရားတဲ့ အခြေခံ ဥပဒေ အောက်မှာ ဆန့်ငင် ဆန့်ငင် ဖြစ်မှာ ကြိုမြင်တဲ့ ဒေါ်စု နဲ့ ခေါင်းဆောင်ပိုင်းက ရှောင်လိုက် နိုင်ပါတယ်။
နအဖ က ၂၀၁၀မှာ အရင် ၁၉၉၀ တုန်းကလို ဘယ်လို ကြောင်းပြချက် နဲ့မှ အဖြစ် မခံပါဘူး။ သူတို့ တွက်ကိန်းက ဒေါ်စုနဲ့ ခေါင်းဆောင် တစ်ချို့ ဘေးရောက်ပြီး ၀င်ပြိုင်ဖို့ ဆုံးဖြတ်တဲ့ လူများလည်း အနိုင်ရဖို့ လမ်း မမြင်ပါ။ အနည်းစု လောက်သာ လူကြား ကောင်းအောင် လမ်းဖွင့်ပေး ထားပြီး လွှတ်တော်မှာ ဖိအား ပေးခံရမှာဖြစ်တယ်။
အခုအတိုင်းက ရွေးကောက်ပွဲ ဆက်လုပ်ရင် နိုင်ငံ တစ်ကာနဲ့ ပြည်တွင်း ပြည်ပ ဖိအားပေးတာ ခံရမယ်။ ဇွတ်လုပ်လို့ ရလာမယ့် ရလဒ်နဲ့ အချိန် ဆွဲရင် ဖြစ်လာမယ့် အကျိုး နှစ်ခု ချင့်ချိန်ပြီး ရွေးကောက်ပွဲရက်ရွေ့ နိုင်ကြောင်းပါ။ ဒီနေရာမှာ ပြည်တွင်း ပြည်ပ နိုင်ငံရေး မိုးလေ၀သ အခြေ အနေေ တွကလည်း အရေး ပါတဲ့အပြောင်း အလဲတွေ ဖြစ်လာနိုင်ပါတယ်။

written by Thatoe, April 02, 2010
Do you think that military government will held fair election if NLD register and participate ? Absolutely "NO" . This election is just their trick . To release international pressure . They are going to get back the power with the other name . Do you guys still believe in that stupid junta ?
written by Clement, April 02, 2010
၁၉၉၀ မှာ ကိုယ်က အပေါ်စီးမှာ ရှိနေတဲ့ အချိန်မှာတောင် အောင်မြင်မှုကို မ၇ယူနိုင်ဘူး။
ကိုယ်က အကြပ် ကိုင်လို့ ၇မယ်ထင်ပြီး ညီလာခံက ထွက်ခဲ့တယ်။ ပြတ်သားတယ် ဆိုတဲ့ နံမည်ကောင်းက လွဲပြီး ဘာအကျိုး ၇လဒ် မ၇ခဲ့ဘူး။
အခုတကြိမ်ကော ဘာ၇မှာလဲ၊ နံမည်ေ ကာင်းကတော့ ၇နေပြီ။
ရွေးကောက်ပွဲ လုပ်ပြီး အစိုး၇ ထောက်ခံတဲ့ အဖွဲ့ ကလဲ နိုင်၊ အစိုး၇နဲ့ မဆိုင်တဲ့ အခြားပါတီ တွေလဲ အရွေးခံ၇၇င် ဘယ်လို လုပ်မလဲ။ အဲဒီလို ဆို၇င် အစိုး၇နဲ့ မဆိုင်တဲ့ အခြားပါတီတွေကို အဲဒီ ရွေးကောက်ပွဲက တ၇ားမ၀င်ဘူး ဆိုပြီးတော့ ပြောမှာလား။ ကျွန်တော်တို့ လို နိုင်ငံေ၇း နားမလည်တဲ့ သူတောင် မြင်တယ်။ NLD က အကြံပေးတွေ ဘာလို့ မမြင် တာလဲ၊ ဒါမှမဟုတ် မသိခြင် ယောင်ဆောင် တာလား။
NLD မှာ တလမ်းပဲ ရှိတော့တယ်၊ အတင်းအကြပ် ရွေးကောက်ပွဲ မဖြစ်အောင် လုပ်ဖို့ ပဲ ရှိတော့တယ်။
ဒါကလည်း မဖြစ်နိုင် ပြန်ဘူး၊ မဲဆန္ဒ ထောက်ခံပွဲတောင် ဖြစ်သွားတာပဲ။
written by မောင်တင့်, April 02, 2010
မယုံကြည် နိုင်လောက်အောင် နိုင်ငံရေးတုံး အမှုပါ။ နိုင်ငံရေး ပါတီ ဘ၀မှာ တောင်ဘာမှ သိပ် မလုပ်နိုင်တာ
နောက်ဆို ပိုတောင်ဝေးပေါ့။ မီဒီယာတွေက အော်တာ လောက်ပဲ တတ်နိုင်မှာပါ။ ကိုယ့်၈ိုး ကိုယ်ရူးတဲ့ အလုပ် မျိုးပါဗျာ။
လူ အထင်ကြီးအောင် ကြီးကြီး ကျယ်ကျယ် စကားတွေနဲ့ ဆင်ခြေပေးလို့ မနေပါနဲ့ေ တာဗျာ။
နောက်ဆို ပိုတောင်ဝေးပေါ့။ မီဒီယာတွေက အော်တာ လောက်ပဲ တတ်နိုင်မှာပါ။ ကိုယ့်၈ိုး ကိုယ်ရူးတဲ့ အလုပ် မျိုးပါဗျာ။
လူ အထင်ကြီးအောင် ကြီးကြီး ကျယ်ကျယ် စကားတွေနဲ့ ဆင်ခြေပေးလို့ မနေပါနဲ့ေ တာဗျာ။
written by Shahrukh Kyaw, April 02, 2010
What is our Myanmar people saying , if the end of road we will reach our destination or our goal . Please , you stop saying look like no brave . I think you will understand about Aung San Suu Kyi . Who is really hero or brave person ?She is never fear or she will never give up for our public freedom .She always don't care her personal feeling in other words family life is not her first choice . IF she don't care our public ,she will go and live very peacefully with her families because of she is a millionaire at present . So i want to ask you that , Why she live very poor in house arrest and what for struggle .We,all public can approve that her choice is not wrong .We , all people should support for universal truth .If we fear all the time we will sure alive under the junta's boots .So, i want to say that , HER CHOICE NEVER WRONG .
written by ဘိုပြောင်, April 01, 2010
NLD ရဲ့ဆုံးဖြတ်ချက်ကြောင့် ဘယ်သူ့ကို မဲပေးရမှန်းမသိဘူးတဲ့....
NLD ရဲ့ ရပ်တည်ချက်ကို ထောက်ခံတယ် ဆိုရင် ဘယ်သူ့ကိုမှ မဲမပေးနဲ့ မဲရုံကိုတောင် မသွားနဲ့ ဒါဆို အောင်ပြီ... ဒါပဲ
NLD ရဲ့ ရပ်တည်ချက်ကို ထောက်ခံတယ် ဆိုရင် ဘယ်သူ့ကိုမှ မဲမပေးနဲ့ မဲရုံကိုတောင် မသွားနဲ့ ဒါဆို အောင်ပြီ... ဒါပဲ
written by ဇော်ဂျီ, April 01, 2010
သိသိ သာသာ ဖိနှိပ်မှုများကြား က ပင် NLD အနေဖြင့် ရွေးကောက်ပွဲတွင် နိုင်ရန် အခွင့် အခါကောင်း ရလိမ့်မည်ဟု ယုံကြည်ပါသည်။” လို့ ရေးတဲ့ ဆရာကြီးများ ခင်ဗျား......
နာဂစ် တိုက်တုန်းက UNHCR ရဲ့ အမိုး တာလပါတ်တွေကို ဆန္ဒခံယူပွဲ လုပ်တဲ့ နေရာကို ကာ၊ စခန်းမှာ ကပ် နေတဲ့ ဒုက္ခသည် အဖွားကြီးကို ဘေးကတွဲပေးပြီး ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေကို ထောက်ခံမဲ ပေးခိုင်းတာ ကျွန်တော့် မျက်စိထဲက အခုထိ မထွက်ဘူး။

written by Blue Flower, April 01, 2010
NO.
NLD fight back to the military by their last chance relying on international and especially on her Myanmar people.
NLD is waiting for the strong and united support of her Myanmar people.
People must be ready to show their unity and eagerness of freedom.
People must be FREEDOM FROM FEAR.
If they feel fear, they have to die twice. Not only them but also their next generation has to suffer.
NLD should to call nation-wide peaceful boycott "NO" to accept 2008 UNJUST Constitution and 2010 UNFAIR Election.
This is the last battle what military fear most.
NLD, prepare bravely to lead to the victory.
People, please freedom from fear and OPENLY support NLD.
Why do we have to lose? Why do we have to stay under military's boots?

Write comment
| < Prev | Next > |
|---|