ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြသည်။ ဗြိတိသျှထံမှ အကြွင်းမဲ့ လွတ်လပ်ရေး ရယူနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ရှေ့ အနာဂတ် အပေါ် ဆွေးနွေး သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ထိုအချိန်က ဘုရင်ခံ အမှုဆောင် ကောင်စီဟု လူသိများကြသည့် ဗဟိုအစိုးရ ကိုယ်စားလှယ်များက ရှမ်း၊ ချင်း၊ ကချင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ တိုင်းရင်းသားများ တန်းတူရေးကို အာမခံသည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံကို အာဏာခွဲဝေမှုရှိသည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတခုအဖြစ် ဖွဲ့စည်းသွား မည်ဟု ကတိပြုခဲ့ပြီး ခွဲထွက်ခွင့်ကိုပင် အာမခံခဲ့သေးသည်။ 

ထိုအချိန်မှစ၍ ဤနေ့ရက်ကို ပြည်ထောင်စုနေ့ဟု အထိမ်းအမှတ်တခုအဖြစ် သတ်မှတ်ကာ နှစ်စဉ်ဆင်နွှဲကျင်းပလာခဲ့ ကြသည်။ လူများစုဖြစ်သော မြန်မာနှင့် တိုင်းရင်းသား လူမျိုးစု လူနည်းစုများအကြား အပြန်အလှန် ယုံကြည်မှုကြောင့် ရရှိလာသည့် အကျိုးစီးပွားများ ခွဲဝေခံစားနိုင်မှုကို အလေးပေးဖော်ပြသည့် “ပင်လုံစိတ်ဓာတ်” ကို ဤနေ့ဤရက်တွင် ပြန်လည် သတိရစေသည်။

သို့သော်လည်း ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိချိန်မှစ၍ သမိုင်းဝင် ဤစာချုပ်ကို လုံးဝ ပစ်ပယ်ထားခဲ့ ကြသည်။ ရန်ကုန်ရှိ ဗဟိုအစိုးရက အာဏာကို ဗဟိုမှချုပ်ကိုင်ထားရေးနှင့် ပြည်နယ်များနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း များတွင်သာ တည်စေရေးကို အလေးပေးဆောင်ရွက်ခဲ့ရာ တိုင်းရင်းသားများအဖို့ လုံးဝ အာဏာလက်မဲ့ ဖြစ်ခဲ့ကြရသည်။ 

ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြန်မာစစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင် နေထိုင်သည့် တိုင်းရင်း သားလူမျိုးစုများမဆို “ပြည်ထောင်စုစိတ်ဓာတ်” ကို ကိုင်စွဲကြရန် တိုက်တွန်း နှိုးဆော်ခဲ့သည်။

“အမိမြေ၏ နယ်မြေတည်တံ့မှု၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ နောက်တကြိမ် မဆုံးရှုံးရလေအောင် ကာကွယ်ကြပါ” ဟုလည်း ဆိုခဲ့သေးသည်။ 

အဆက်ဆက်သော စစ် ခေါင်းဆောင်များက ပင်လုံသဘောတူ စာချုပ်အတိုင်း ကတိပြုထားသည့် ဖက်ဒရယ်စနစ်ဖြင့် သွားလျှင် တိုင်းပြည်ပြိုကွဲရလိမ့်မည်ဟု ယူဆထားခဲ့ကြသည်။ အမှန်ဆိုရလျှင် ၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာ သိမ်းချိန်မှစ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေနည်းအရ ဖက်ဒရယ် ပြည်ထောင်စုအဖြစ် မပြုပြင် မဖွဲ့စည်းနိုင်စေရေးအတွက် ကာကွယ်တားဆီးခဲ့သည်။ 

"လမ်းပြမြေပုံ" အရ ကျင်းပပေးမည့် ယခု နှစ် ရွေးကောက်ပွဲ အပြီးတွင်လည်း  နိုင်ငံ၏ လွှတ်တော်နှင့် ပြည်နယ်နှင့်တိုင်း လွှတ်တော်များ ပေါ်ပေါက်လာလိမ့်မည်  ဖြစ်သည်။ တိုင်းရင်းသားများ၏ လိုအင်ဆန္ဒများကို ဥပဒေကြောင်းအရ ဖြည့်ဆည်း နိုင်လိမ့်မည်ဟု ဆိုသည်။ သို့အတွက်ကြောင့် ရွေးကောက်ပွဲ ကျင်းပပေးမည့်အရေး ထပ်တလဲလဲ ကတိပြုနေပြီး တချိန်တည်းမှာပင် တိုင်းရင်းသား အပစ်ရပ် အင်အားစုများကိုလည်း လက်နက်ဖြုတ်သိမ်းရန်နှင့် မြန်မာစစ်တပ် အုပ်ချုပ်မှုအောက်တွင် နယ်ခြား စောင့်တပ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေး တောင်းဆိုနေသည်။

တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများကမူ ဤအစီအစဉ်ကို ငြင်းပယ်နေကြသည်။ ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အသစ်အရ အစစ်အမှန် အာဏာသည် စစ်တပ်က ၂၅ ရာခိုင်နှုန်း ကိုယ်စားလှယ်နေရာ ရယူထားပြီးဖြစ် သောကြောင့် သူတို့ အတွက် မည်သို့မျှ အကျိုးအမြတ်ရစရာမရှိဟု ယူဆကြသည်။

တိုင်းရင်းသားခေါင်းဆောင်များက ၂၀၀၈ ခုနှစ်က အတုအယောင် ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အပေါ်တွင် ယုံကြည်မှုမရှိ ကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

တချိန်တည်းမှာပင် မြန်မာစစ်အစိုးရက အဓိကကျသည့် တိုင်းရင်းသားခေါင်းဆောင် အများအပြားကို နာမည်ဆိုးဖြင့် ကျော် ကြားလှသည့် ထောင်များအတွင်း ထည့်သွင်းထားပြန်သည်။ ရှမ်းပြည်နယ် ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ စ၀်ဆေထင်၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ခွန်ထွန်းဦးနှင့် အတွင်းရေးမှူး စိုင်းညွန့်လွင်တို့လည်း အပါအ၀င် ဖြစ်သည်။   ထိုသူများသည် နိုင်ငံတော်သစ္စာဖောက်မှု အပါအ၀င် စွပ်စွဲချက်များဖြင့် ထောင်ဒဏ် ၇၅ နှစ်မှ ၁၀၆ နှစ်တိုင် အပြစ်ပေး ခံထားကြရသူများ ဖြစ်သည်။

ပို၍ဆိုးသည်မှာ တိုင်းရင်းသားဒေသများတွင်  မြန်မာစစ်အစိုးရက အရပ်သားပြည်သူများအပေါ် ဖိနှိပ်ညှဉ်းပမ်းနေမှုများ ရပ် ဆိုင်းသွားခြင်း မရှိဘဲ ဆက်လက်ကျူးလွန်နေကြခြင်း ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် တရားဝင်ဒုက္ခသည် စခန်းများတွင် ဒုက္ခသည် ၁၄၀၀၀၀ ကျော် ခိုလှုံနေထိုင်နေကြရသည်။ ပြည်တွင်း၌ ထွက်ပြေးပုန်းအောင်း တိမ်းရှောင်၍ ရှင်သန်ရေး ရုန်းကန်နေ ကြရသည့် ဒုက္ခသည်များလည်း ရှိနေသေးသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လကလည်း ကိုးကန့်တပ်များထံ ထိုးစစ်များ ပြန်လည်စတင်ခဲ့ရာ ဒုက္ခသည် ၃၇၀၀၀ ကျော် တရုတ်နိုင်ငံ အတွင်းသို့ ထွက်ပြေးခဲ့ကြရပြန်သည်။ နိုင်ငံ၏ ဒေသ အနှံ့အပြားတွင် လက်နက်ကိုင်တိုက်ပွဲများ ပြန်ဖြစ်ပေါ်ရန် တင်းမာနေမှုကြောင့်  နောက်ထပ် အစုအပြုံလိုက် ထွက်ပြေးမှုများ မြင်တွေ့ရရန်လည်း အကြောင်းရှိသည်။

ဤအချက်များကို ကြည့်လျှင် ပြည်ထောင်စုနေ့ကို ၀မ်းမြောက်စွာ ဆင်နွှဲကျင်းပရန်အကြောင်းမရှိလှပါ။ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်း များစွာက ချိုးဖောက်ခဲ့သည့် ကတိက၀တ်များ၏ သမိုင်းကို ပြန်ပြောင်းဆင်ခြင်ရန်သာ ရှိတော့သည်။

မြန်မာနိုင်ငံ၏ ယနေ့အခြေအနေကို ပြန်ကြည့်သည့်အခါ မိမိတို့မြင်တွေ့ရသည်မှာ ညီညွတ်မှု မဟုတ်သကဲ့သို့ အင်အား ကြီးထွားနေသော အခြေအနေလည်း မဟုတ်ပါ။ အချင်းချင်း စစ်ခင်းနေရပြီး အမြဲတစေ ပူဆွေးဝမ်းနည်းနေကြရသည့် နိုင်ငံတခုသာ ဖြစ်သည်။

တိုင်းရင်းသားလူမျိုးစုများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ ခံစား ရရှိနိုင်မှသာလျှင် မြန်မာနိုင်ငံအဖို့ တည်ငြိမ်သည့်၊ ညီညွတ်သည့်နိုင်ငံတော်တခုအဖြစ် ပြန်လည်တည်ဆောက်နိုင်ဖွယ် ရှိပေတော့သည်။

Broken Promises and a Broken Nation ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။
Comments (7)Add Comment
0
ပြည်ထောင်စု စိတ်ဓါတ်
written by Ko Htay, March 12, 2010
ပြည်ထောင်စုနေ့ကို သိနေယုံ သတိရနေယြုံ ဖင့်မပြီးပါ။ အာဂါတ၊ အတ္တ၊ မာန်မာန များ ကင်းရှင်းပြီး တကဲ့ ပြည်ထောင်စုကို ညီညွတ်မျှတ ကြီးပွါး တိုးတက်လိုသော စိတ်ဆန္ဒရှိနေမှ ညီညွတ်လိုစိတ်ရှိမှသာ ပြည်ထောင်စု စိတ်ဓါတ် ဖြစ်မည်။
သင်၊ ကျွနုပ်တို့ ကိုယ်တိုင်ကော ငါစွဲ အသင်းစွဲ အတ္တစွဲ တကယ် ကင်းစွာဖြင့် ပြည်ထောင်စု စိတ်ဓါတ်ရှိခဲ့၊ ရှိနေပါပြီလား။
ပြည်တွင်း ပြည်ပ အာဏာပိုင်၊ အာဏာမဲ့၊ အာဏာပြိုင် အဖွဲ့များ မှာကော ????? ????
0
...
written by ယူရိ, March 10, 2010
သစ္စာတွေ အကြိမ်ကြိမ် ပျက်ခဲ့တဲ့ တို့နိုင်ငံကို ပြုပြင်ဖို့တော့ မလွယ်လှပါဘူး ။
စည်းလုံးဖို့ ခက်ခဲ့နေတဲ့ တိုင်းရင်းသား အမြင်မတူတာကိုပြောင်းလဲ ဖို့ဖြစ်နိုင်ချေ နည်းနေတာ ကိုက အားလုံးရဲ့ အားနည်းချက်တွေပါပဲ။
တစ်ခါတစ်လေ တော့ တို့ တိုင်းရင်းသားတွေရဲ့ ရင်သွေးစကားကို အလေးအနက်ထားစေချင်တယ်။
0
သန်းခေါင်ယံ အိမ်မက်၊
written by မန်းကိုကို, February 18, 2010
ရာစု၊ ထောင်စုနှစ်တွေ ကျော်လွန် ခဲ့ပြီးပါပြီ။
အသက်၊ သွေး၊ ချွှေး နဲ့ မျက်ရည်ပ င်လယ်တွေလည်း ဝေပြီး ခဲ့ကြပါပြီ။
ဝမ်းနည်းစရာ၊ ခံပြင်း ဒေါသ ထွက်စရာ၊ အံသြ တုန်လှုပ် စရာတွေနဲ့ ရှက်ရွံ့စရာတွေလည်း
မရေတွက်နိုင်လောက်အောင်ပဲ ဖြတ်သန်း ခဲ့ပြီးကြပါပြီ။

ဒေါသ၊ မောဟ နဲ့ လောဘမီးေ တွကတော့ လောင်ကြွမ်းနေကြဆဲပါ။

အတ္တနဲ့ မာနကို ဦးထိပ်ထားရုံမက ရှေ့တန်းပါတင်ခဲ့ကြ၊ တင်နေကြဆဲ၊ တင်နေကြအုံးမှာပါ။
ကမ္ဘာပေါ်မှာအလှဆုံးတိုင်းပြည်၊ အယဉ်ကျေး ဆုံလူမျိုး တွေဆိုပြီး ကိုယ့်သိဒ္ဓိ ကိုယ်တင် အဟုတ်
ကြီးထင်မိတာ၊ ကိုယ်လူမျိုး၊ ကိုယ့်ဘာသာနဲ့ ကိုယ့်နေ ရာကလွဲရင် ကျန်တာတွေဟာ ဖွဲနဲ့
ဆန်ကွဲလို့ မပြောပေမယ့် ပြောတာထက် ဆိုးလော က်အောင် ထင်မြင် ခွဲခြားဆက်ဆံနေမိတာ
တွေဟာ အဆုံးမမြင် တံလျှပ်ကိုရေထ င်နေကြ သလိုပါပဲ။

ပြီးခဲ့တာတွေကိြုေ ပာင်းလဲလို့မရေ တာ့ပါဘူး။
ငိုကြွေး၊ ပူဆွေး၊ မြည်တွန်မှုတွေဟာ ဒဏ်ရာတွေကို မသက်သာ စေပါဘူး။
0
...
written byွှ့သက်, February 18, 2010
" ပျက်ခဲ့သည့်သစ္စာနှင
0
...
written by Ko Ko, February 17, 2010
“ပျက်ခဲ့သည့်သစ္စာ ပြိုကွဲလေသည့် နိုင်ငံတော်”

သိပ်ကောင်းပြီး အရမ်း မှန်တဲ့ ခေါင်းစဉ်လေးပါဗျာ။
ပါးစပ်က ဘုရား ဘုရား လက်က ကားရား ကားရား၊ တိုင်းပြည် အာဏာကို နှစ်ပေါင်း များစွာ အလွဲသုံးစား ပြုပြီး လက်နက်ကြီး များနဲ့ လက်နက်မဲ့ တိုင်းသူ ပြည်သားများ၊ တိုင်းစွန် ပြည်ဖျားက ဥမကွဲသိုက်မပျက် ကိုယ်စီ မိသားစုများနဲ့ အတူ အေးချမ်းစွာ လူနေမှု စရိုက်ကို ထူထောင်လြို ကတဲ့ စည်းလုံး ညီညွှတ်မှုကို ပါးစပ်က မပြောဘဲ လက်တွေ့ အကောင် အထည်ဖေါ် အစဉ်မျှော်ကိုး လိုလား တဲ့ တိုင်းရင်သားများ အပေါ် ရမ်းကား ချင်တိုင်း ရမ်းကားနေတဲ့ အစိုးရ အကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးတောင် ပေါ့ဗျာ။

ကြားဖူးခဲ့တဲ့ တော်လှန်ရေး သီချင်းစာသားများ အတိုင်းကိုပဲ ပြန်ဖောက်သည် ချချင်ပါတော့တယ်။

“သူပစ်ခွာလို့၊ သူပစ်ခွာလို့ အခြေအနေတွေ တစ်မျိုး ပြောင်းလဲခဲ့ပြီ၊ ဒီလို အချိန်မှာ လူအမြင် မခံတဲ့ မျက်ရည်တွေ တိတ်တခိုးလေး ကျနေ၊ ရင်နာတာကို မနာသလို နေပြတဲ့ ကြားထဲ ဘာမှ မတတ်နိုင်ဘူး၊ ခွင့်လွတ်လို က်ရပြီ၊ စွန့်လွတ်လိုက်ရပြီ၊ လက်လျှော့လိုက်ရပြီ.. အိုး မေမြိုမိုး အစိုးမရတော့ပြီ”
(ဗြိတိသျ အစိုးရကပဲ ပစ်ခွါပစ်ခွါ၊ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ခေါင်းဆောင်ကြီးများကပဲ လုပ်ကြံ ခံရခံရ၊ တောင်တန်း ပြည်မက တိုင်းသူ ပြည်သားများ စိတ်တူ ကိုယ်တူ မျှော်မှန်း လက်တွဲ ဖော်ဆောင် လိုခဲ့ကြတဲ့ ပြည်ထောင်စု ပုံစံရဲ့အခြေ အနေကလည်း တစ်မျိုး ပြောင်းလဲခဲ့ပြီ မဟုတ်ပါလား)

“လမကုန်ခင် ငွေကုန်တော့လေ သူတောင်းစားတွေ မှိုလို ပေါက်နေ မှိုလို ပေါက်နေ၊ စစ်သားမယား သနပ်ခါး မလိမ်းဖြစ်အောင် သူ့လင်တော်မောင် မွဲတယ်.. သြော် ဆင်းရဲတဲ့ ဗမာပြည် အစိုးရ”
(ဗမာပြည် အစိုးရ၊ တေးရေး တေးဆို- စိုင်းမှူး)

“အောင်သံတွေ ရဲရဲတောက် တိုက်မယ်ဆိုတဲ့ ဗမာ့တပ်မတော် အိမ်ကို ၀င်ရင် ရှိရှိသမျှ ခိုးယူနေကြတယ်၊ ပြည်သူရဲ့ သူခိုး သတ်ပြီး ဖြတ်ပြီး ပြနေလေကြပြီ၊ ထဘီစုတ်လည်း သူတို့ခိုးသေးတယ်။
အောင်လံ တလူလူ လွင့်ဖို့အတွက် တိုက်မယ် ဆိုတဲ့ ဗမာ့တပ်မတော် ရွာကို ၀င်ရင် တွေ့တွေ့သမျှ လုယူနေကြတယ်၊ ပြည်သူရဲ့ ဓားပြ မုဒိမ်းကျင့် မီးရှို့ လုပ်ချင်သလို လုပ်နေ ဆပ် မကြေနိုင်တဲ့ ရန် ကြွေးတောင်းရမယ်။
(ဗမာ့တပ်မတော်၊ ရေးဆို စိုင်းမှူး - http://www.youtube.com/watch?v=ijLUkGHih5Q)
0

written by မန်းကိုကို, February 16, 2010
ဗမာပြည်ရဲ့ (တိုင်းရင်းသားတွေနဲ့ ပတ်သက်တာတွေ အပါအဝင်) တကယ့်ကို ဖြစ်ပျက်နေတဲ့၊ ဂရုပြုဖို့ လိုနေတဲ့ အခြေခံ ပြဿနာတွေကို မှန်မှန်ဖေါ်ပြပေးတာ အံ့လဲသြ၊ ကျေးဇူးလဲ တင် ပါတယ်ဗျာ။

တိုင်းရင်းသားတွေ အရေး ရောက်ရင် ဗမာတွေ မျက်ကန်း မျိုးချစ်သလို လူမျိုးကြီး စိတ်ဓါတ်က ပေါ်လာပြီး မျက်စိမှိတ် ငြင်းကြတော့တာပါပဲ။

ဗမာတွေနဲ့ ပတ်သက်ပြီး ပြောရတာလဲ အကြောင်း ရှိပါတယ်။
ဆောင်းပါးထဲ ပါသလို ပါပဲ၊ “ပျက်ခဲ့သည့်သစ္စာ” ပေါ့ဗျာ။

သမ္မတတွေ ဖြစ်ခဲ့တဲ့ စဝ်ရွှေသိုက်တို့၊ မန်းဝင်းမောင်တို့ကို ကြည့်ရင် နဲနဲ ရေးရေးလေး မြင်နိုင်ပါတယ်။ ဘယ်ကဗျာ .. နိုင်ငံတော် သမ္မတ တစ်ယောက် ထောင်ထဲ သေသွားရတာ ကြားလို့မှ
မတော်။

ကျုပ်တို့တစ်တွေ အမှန်ကို အမှန်အတိုင်း ပွင့်ပွင့် လင်းလင်း ပြောဆို
ဆွေးနွေးပြီး အဖြေရှာဖို့ပါ။ မဟုတ်ရင်တော့ အခြေခံဥပဒေ အသစ် ပြန်ဆွဲလဲ ပြဿနာ မပြီးနိုင်ကြမှ ဘဲဥ အစ ပြန်ရှာသလို လုပ်နေရ ပါလိမ့်မယ်။

ခုလဲကြည့်ပါ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေး၊ အကြံပြုဆောင်းပါး တွေကို ကြည့်လိုက်ရင် ဖတ်သူ အရေအတွက်က သတင်းတွေနဲ့ စာရင် အင်မတန် အားလျော့စရာပါ။
နိုင်ငံရေး နိုးကြားမှု နည်းပါးလှတဲ့ လူတွေနဲ့ တည်ဆောက် ထားတဲ့ ကျုပ်တို့ ဗမာပြည် ဒီမိုကရေစီ အပြည့်အဝ ရဖို့ ဆိုတာကတော့ ဝေးနေသေးတယ် လို့ သုံးသပ်ရပါကြောင်း …..
0
....
written by Burmese, February 16, 2010
တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေး တွေကို မလေးစား သရွေ့ ပြည်တွင်းစစ် ဘယ်တော့မှ မငြိမ်း နိုင်ပါဘူး။ ပါးစပ်ကနေ လေးစားလို့ တော့ မရပါ လက်တွေ့ ရော စာရွက်တွေ ပေါ်မှာ လေးစားဖို့ လိုပါပြီ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်